International Ligue1 World Cup

မက်ဆီက ဂျေဆူးစ်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ အာဂျင်တီးနားဂန္တဝင်

အာဂျင်တီးနားဂန္တဝင် တိုက်စစ်မှူး ဂါဘရီယယ်လ် ဘားတစ္စတူတာက အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင်မှာ နေရာကောင်းမှာ ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအတွက် အဓိကကြယ်ပွင့် ကစားသမားအဖြစ် ရှိနေဆဲဖြစ်ပေမယ့်လည်း ဘားတစ္စတူတာက တစ်နိုင်ငံလုံးက ၎င်းတို့ရဲ့လက်ရွေးစင်အသင်းခေါင်းဆောင်က ‘ဂျေဆူးစ် ခရစ္စ’မဟုတ်ဘူးလို့ လက်ခံထားကြတာကြောင့် တာဝန်ဝန်ထုပ်ဝန်ပိုးကို မျှဝေယူနေကြတာတွေကို မြင်တွေ့ရတာ ပျော်ရွှင်နေတာဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ နှစ်ပေါင်းများစွာ အခြားသော ကစားသမားတွေနဲ့ မတူညီတဲ့ ကစားသမားဖြစ်ကြောင်း ပြသခဲ့ပေမယ့်လည်း အကောင်းဆုံးဆိုတဲ့သူတောင်မှ တစ်ခါတရံ အကူအညီလိုအပ်တယ်လို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းမှာ နောက်ထပ်တစ်ကြိမ် ကြယ်ပွင့်ကစားသမားတွေရဲ့ ဝန်းရံခြင်းကို ခံနေရတာဖြစ်တာကြောင့် အာဂျင်တီးနားအသင်းခေါင်းဆောင်အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရည်မှန်းချက်ကြီးမားတဲ့အသင်းကို ဦးဆောင်ရတဲ့နေရာမှာ ဖိအားတွေ လျော့ပါးနေလိမ့်မယ်လို့ ဘားတစ္စတူတာက ထင်မြင်နေတာဖြစ်ပါတယ်။

အာဂျင်တီးနား ဂန္တဝင်တိုက်စစ်မှူး ဘားတစ္စတူတာက တသက်တာအကောင်းဆုံးကစားသမားဟာ တစ်နိုင်ငံလုံးက ထားရှိနေတဲ့ မျှော်လင့်ချက်အောက်မှာ အလုပ်လုပ်ခဲ့ရတဲ့အကြောင်းကို La Nacion နဲ့ တွေ့ဆုံရာမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ မက်ဆီကိုပဲ လုံးဝကြီး တာဝန်ရှိသူအဖြစ် သတ်မှတ်ခဲ့ကြတာ တော်တော်ကြာခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့မှာ ဂျေဆူးစ် ခရစ္စ ရှိတယ်လို့ ထင်မြင်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ပြစ်တင်ရပါမယ်။ သူက မက်ဆီပါ။ အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် သူက ဂျေဆူးစ် ခရစ္စ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ သူ့ကိုလည်း ပြစ်တင်ခဲ့ကြတယ်။ ကျွန်တော်တို့ အချိန်တော်တော်ကြာတဲ့အထိ ထိခိုက်ပျက်ဆီးမှုတွေဖြစ်အောင် လုပ်ခဲ့ကြတယ်။ အခု အဲဒါက ပြောင်းလဲသွားခဲ့ပြီ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ခုအသင်းဖော်တွေနဲ့ ပိုပြီးတော့ လွတ်လပ်တယ်လို့ ခံစားနေရတာကြောင့်ပါ”

“ဟုတ်တာပေါ့။ ကျွန်တော့်မှာ ဘောလုံးရှိရင် ကျွန်တော် အဲဒါကို မက်ဆီကို ပေးနိုင်တယ်။ ကျွန်တော် သူ့ကို ပေးမယ်။ ကျွန်တော့်မှာ အသင်းဖော် ၂ ယောက်ရှိပြီး ကျွန်တော် ပေးနိုင်မယ်ဆိုရင် မက်ဆီကို ပေးမှာပါ။ ရှေ့မှာ နံရံကြီးရှိပြီး သူက အဲဒီနောက်မှာဆိုမှ ကျွန်တော် တခြားလူကို ဘောလုံးပေးမှာပါ။ ဒီကလေးတွေ နားလည်ထားတာက ဒါပဲ။ ပြီးတော့ သူတို့အားလုံး ကောင်းကောင်း ကစားကြတယ်။ သူတို့တွေ မက်ဆီကို ဘောလုံးမပေးနိုင်ဘူးဆိုရင် သူတို့တွေ တခြားတစ်နေရာမှာ ဘောလုံးပေးပါလိမ့်မယ်။ မက်ဆီကလည်း ရူးနေတာမဟုတ်ဘူးလေ။ သူများတွေက မင်းကို အရာအားလုံး လုပ်နိုင်မယ်လို့ မျှော်လင့်နေကြတာကို ခံစားရတာ ဘယ်လိုလဲဆိုတာ မင်းသိလား”

“ကျွန်တော်တို့ အားလုံး အဲဒါကို အတူတူ လုပ်ကြရင်ရော။ အဲဒါက ကွဲပြားခြားနားသွားတဲ့ပုံပဲ။ ပြီးတော့ မတူညီတဲ့အရာကိုလည်း ခံစားရတယ်။ မက်ဆီကို သူ့အနေနဲ့ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့အတူ အရာအားလုံး မျှဝေခဲ့တဲ့ ဂွါဒီယိုလာရဲ့ ဘာစီလိုနာမှာ ကစားမလား ဒါမှမဟုတ် တစ်ယောက်တည်း ကစားပြီး ဂိုးတွေအကုန်သွင်းမလားလို့ သွားမေးကြည့်။ အဲဒါကြောင့်ပဲ သူ့အနေနဲ့ ဒီလက်ရွေးစင်အသင်းက ကစားသမားတွေအားလုံးရဲ့ ကိုယ်ရည်ကိုယ်သွေးကို မြင်တွေ့ရတာ ပျော်ရွှင်ရမယ်။ ကျွန်တော် သူတို့ကို ချစ်မြတ်နိုးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အာဂ်င္တီးနားဂႏၲဝင္ တိုက္စစ္မႉး ဂါဘရီယယ္လ္ ဘားတစၥတူတာက အာဂ်င္တီးနားအသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္မွာ ေနရာေကာင္းမွာ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအတြက္ အဓိကၾကယ္ပြင့္ ကစားသမားအျဖစ္ ရွိေနဆဲျဖစ္ေပမယ့္လည္း ဘားတစၥတူတာက တစ္ႏိုင္ငံလုံးက ၎တို႔ရဲ႕လက္ေ႐ြးစင္အသင္းေခါင္းေဆာင္က ‘ေဂ်ဆူးစ္ ခရစၥ’မဟုတ္ဘူးလို႔ လက္ခံထားၾကတာေၾကာင့္ တာဝန္ဝန္ထုပ္ဝန္ပိုးကို မွ်ေဝယူေနၾကတာေတြကို ျမင္ေတြ႕ရတာ ေပ်ာ္႐ႊင္ေနတာျဖစ္ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ ႏွစ္ေပါင္းမ်ားစြာ အျခားေသာ ကစားသမားေတြနဲ႔ မတူညီတဲ့ ကစားသမားျဖစ္ေၾကာင္း ျပသခဲ့ေပမယ့္လည္း အေကာင္းဆုံးဆိုတဲ့သူေတာင္မွ တစ္ခါတရံ အကူအညီလိုအပ္တယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မက္ဆီဟာ အာဂ်င္တီးနားအသင္းမွာ ေနာက္ထပ္တစ္ႀကိမ္ ၾကယ္ပြင့္ကစားသမားေတြရဲ႕ ဝန္းရံျခင္းကို ခံေနရတာျဖစ္တာေၾကာင့္ အာဂ်င္တီးနားအသင္းေခါင္းေဆာင္အေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရည္မွန္းခ်က္ႀကီးမားတဲ့အသင္းကို ဦးေဆာင္ရတဲ့ေနရာမွာ ဖိအားေတြ ေလ်ာ့ပါးေနလိမ့္မယ္လို႔ ဘားတစၥတူတာက ထင္ျမင္ေနတာျဖစ္ပါတယ္။

အာဂ်င္တီးနား ဂႏၲဝင္တိုက္စစ္မႉး ဘားတစၥတူတာက တသက္တာအေကာင္းဆုံးကစားသမားဟာ တစ္ႏိုင္ငံလုံးက ထားရွိေနတဲ့ ေမွ်ာ္လင့္ခ်က္ေအာက္မွာ အလုပ္လုပ္ခဲ့ရတဲ့အေၾကာင္းကို La Nacion နဲ႔ ေတြ႕ဆုံရာမွာ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ မက္ဆီကိုပဲ လုံးဝႀကီး တာဝန္ရွိသူအျဖစ္ သတ္မွတ္ခဲ့ၾကတာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ပထမဆုံးအေနနဲ႔ ကြၽန္ေတာ္တို႔မွာ ေဂ်ဆူးစ္ ခရစၥ ရွိတယ္လို႔ ထင္ျမင္ခဲ့တဲ့အတြက္ ကိုယ့္ကိုကိုယ္ ျပစ္တင္ရပါမယ္။ သူက မက္ဆီပါ။ အရမ္းေကာင္းတဲ့ကစားသမားပါ။ ဒါေပမယ့္ သူက ေဂ်ဆူးစ္ ခရစၥ မဟုတ္ပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ သူ႔ကိုလည္း ျပစ္တင္ခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ထိခိုက္ပ်က္ဆီးမႈေတြျဖစ္ေအာင္ လုပ္ခဲ့ၾကတယ္။ အခု အဲဒါက ေျပာင္းလဲသြားခဲ့ၿပီ။ ဘာလို႔လဲဆိုေတာ့ သူ႔အေနနဲ႔ ခုအသင္းေဖာ္ေတြနဲ႔ ပိုၿပီးေတာ့ လြတ္လပ္တယ္လို႔ ခံစားေနရတာေၾကာင့္ပါ”

“ဟုတ္တာေပါ့။ ကြၽန္ေတာ့္မွာ ေဘာလုံးရွိရင္ ကြၽန္ေတာ္ အဲဒါကို မက္ဆီကို ေပးႏိုင္တယ္။ ကြၽန္ေတာ္ သူ႔ကို ေပးမယ္။ ကြၽန္ေတာ့္မွာ အသင္းေဖာ္ ၂ ေယာက္ရွိၿပီး ကြၽန္ေတာ္ ေပးႏိုင္မယ္ဆိုရင္ မက္ဆီကို ေပးမွာပါ။ ေရွ႕မွာ နံရံႀကီးရွိၿပီး သူက အဲဒီေနာက္မွာဆိုမွ ကြၽန္ေတာ္ တျခားလူကို ေဘာလုံးေပးမွာပါ။ ဒီကေလးေတြ နားလည္ထားတာက ဒါပဲ။ ၿပီးေတာ့ သူတို႔အားလုံး ေကာင္းေကာင္း ကစားၾကတယ္။ သူတို႔ေတြ မက္ဆီကို ေဘာလုံးမေပးႏိုင္ဘူးဆိုရင္ သူတို႔ေတြ တျခားတစ္ေနရာမွာ ေဘာလုံးေပးပါလိမ့္မယ္။ မက္ဆီကလည္း ႐ူးေနတာမဟုတ္ဘူးေလ။ သူမ်ားေတြက မင္းကို အရာအားလုံး လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကတာကို ခံစားရတာ ဘယ္လိုလဲဆိုတာ မင္းသိလား”

“ကြၽန္ေတာ္တို႔ အားလုံး အဲဒါကို အတူတူ လုပ္ၾကရင္ေရာ။ အဲဒါက ကြဲျပားျခားနားသြားတဲ့ပုံပဲ။ ၿပီးေတာ့ မတူညီတဲ့အရာကိုလည္း ခံစားရတယ္။ မက္ဆီကို သူ႔အေနနဲ႔ အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔အတူ အရာအားလုံး မွ်ေဝခဲ့တဲ့ ဂြါဒီယိုလာရဲ႕ ဘာစီလိုနာမွာ ကစားမလား ဒါမွမဟုတ္ တစ္ေယာက္တည္း ကစားၿပီး ဂိုးေတြအကုန္သြင္းမလားလို႔ သြားေမးၾကည့္။ အဲဒါေၾကာင့္ပဲ သူ႔အေနနဲ႔ ဒီလက္ေ႐ြးစင္အသင္းက ကစားသမားေတြအားလုံးရဲ႕ ကိုယ္ရည္ကိုယ္ေသြးကို ျမင္ေတြ႕ရတာ ေပ်ာ္႐ႊင္ရမယ္။ ကြၽန္ေတာ္ သူတို႔ကို ခ်စ္ျမတ္ႏိုးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.