Analysis Article Premier League

ဒီတစ်ပတ်မှာ အဆင့် ၂၀ က မန်ယူကို ဆယ်တင်ပေးမယ့် အသင်း ရှိဦးမလား

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာရော ပွဲစဉ် ၂ မှာပါ နှစ်ပွဲဆက်တိုက် တစ်ဂိုးမှ ကိုယ်တိုင်သွင်းတာ မရှိဖူးဘဲ ရှုံးနိမ့်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၁၉၃၆ နောက်ပိုင်း နောက်ဆုံးအဝေးကွင်းရှုံးပွဲ ၇ ပွဲအထိ ဆက်ခဲ့တဲ့ အဆိုးရွားဆုံး စံချိန်ကို ကြုံတွေ့ခဲ့ရသလို နှစ် ၃၀ အကြာမှာ တစ်ပတ်လည်ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂၀ အထိ ရောက်ရှိသွားခဲ့ရတာလည်းဖြစ်ပါတယ်။

အသင်းကြီးတစ်သင်းအနေနဲ့ ဘရန့်ဖို့ဒ်လိုအသင်းကို ပထမပိုင်းမှာတင်ပဲ လေးဂိုးပြတ် ရှုံးနိမ့်ဖို့ဆိုတာက လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘဲ တစ်ယောက်နဲ့ တစ်ယောက် အသင်းတွင်းမှာ စည်းမကိုက် ဝါးမကိုက် အိုးနင်းခွက်နင်းကိစ္စရပ်တွေ များပြားနေခဲ့သလို နားလည်မှု မရှိဘဲ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကလည်း အောက်ဆုံးဆီကို ကျဆင်းနေခဲ့တာပါ။

နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ခေါင်းကြီး မက်ဂွိုင်းယားနဲ့တွဲပြီး နာမည်ပျက်ဖို့ ရောက်လာတာလားလို့ မေးရမလိုဖြစ်ခဲ့ပြီး အရပ် ၅ ပေ ၉ လက်မသာ ရှိတဲ့ အာဂျင်တီးနားနောက်ခံလူဟာ ဘရန့်ဖို့ဒ်တိုက်စစ်သမားတွေအပြင် တည်ကန်ဘောတွေမှာလည်း အရပ်အမောင်းမြင့်မားသူ ခံစစ်သမားတွေရဲ့ အကြိမ်ကြိမ် အနိုင်ကျင့်မှုကိုပါ ခံခဲ့ရပြီး ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အဲရစ် တန်ဟတ်ရဲ့ လူစားလဲသွင်းမှုတွေဖြစ်တဲ့ မာလာစီယာ၊ ဗာရွန်း၊ မက်တော်မီနေး၊ အီလန်ဂါနဲ့ ဗန်ဒဘိခ်တို့ကလည်း အသင်းကို ဘာမှ မကူညီနိုင်ခဲ့ဘဲ အရှက်ပြေ သိက္ခာဆည်ဂိုးကိုတောင် ဘရန့်ဖို့ဒ်ကွန်မြူနတီ အားကစားကွင်းမှာ မသွင်းယူနိုင်ခဲ့သလို ဒီရာသီမှာ ယူနိုက်တက် ကစားသမားတွေရဲ့ သွင်းဂိုးက တစ်ဂိုးမှ မရှိသေးဘဲ ရဂိုးဆိုလို့ ဘရိုက်တန်ကွင်းလယ်လူ အလက်ဆစ် မက္ကယ်လစ္စတာရဲ့ Own Goal တစ်ဂိုးသာ ရှိနေခဲ့တာပါ။

ဒါကြောင့် နှစ်ပွဲကစားအပြီးမှာ တစ်မှတ်မှ မရသေးတဲ့ သရဲနီတွေဟာ ရဂိုး ၁ ဂိုး၊ ပေးဂိုး ၆ ဂိုး၊ ဂိုးကွာခြားချက် (-၅)နဲ့ တခြားနှစ်ပွဲရှုံးထားတဲ့ အပေါင်းအဖော် အသင်းတွေဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့အောက် သုံးဂိုးအကွာနဲ့ ရပ်တည်နေခဲ့တာဖြစ်ပြီး သူတို့ကြားမှာတော့ တစ်ပွဲကစား တစ်ပွဲရှုံးထားတဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းက ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ဝက်စ်ဟမ်းက ဂိုးကွာခြားချက် (-၃)နဲ့ အဆင့် ၁၉၊ ပဲလေ့စ်က (-၂)နဲ့ အဆင့် ၁၈၊ အဲဗာတန်ကလည်း (-၂)နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပြီးခဲ့ချိန်မှာ ယူနိုက်တက်တို့အနေနဲ့ ဒီတစ်ပတ်မှာ ဇယားအောက်ဆုံးက လွတ်နိုင်ဖို့ မေတ္တာ၊ သံယောဇဉ်နဲ့ ဝဋ်ကြွေးရှိရင်းစွဲ ပရိသတ်တွေက ဆုတောင်းနေကြချိန်မှာ ရပ်တည်မှု အပြောင်းအလဲဖြစ်နိုင်မလား ကြည့်ကြရမှာပါ။

လာမယ့် တနင်္လာနေ့ည ပွဲစဉ်အဖြစ် ကစားမယ့် လီဗာပူးလ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်တို့ တွေ့ဆုံမှုမှာတော့ အဖွင့်ပွဲမှာ နိုင်ပွဲမရတဲ့ နှစ်သင်း တွေ့ကြမှာဖြစ်ပြီး နည်းပြ ယာဂန် ကလော့ပ်ရဲ့ ကြိုးကြာနီတွေအနေနဲ့ အန်းဖီးလ်မှာ ပေါက်ကွဲသွားမယ့် အသွင်ကို ဆောင်နေခဲ့သလို ဒီနေ့ပွဲကိုမှ မနိုင်ရင် ထိပ်ဆုံးက မန်စီးတီးပရိသတ်တွေရဲ့ ဂုဏ်သိက္ခာအရ အနှိမ်ခံရဖို့ ရှိနေလို့ သုံးမှတ်ရအောင် ကြိုးစားရမှာလည်းဖြစ်နေပါတယ်။

တကယ်လို့သာ ဒီပွဲမှာ လီဗာပူးလ်တို့အနေနဲ့ ပဲလေ့စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့မယ်ဆိုရင် နှစ်ပွဲရှုံး၊ ဂိုးကွာခြားချက် (-၅)ဖြစ်သွားနိုင်ပြီး တစ်ဂိုးမှ ရမထားသေးတာကြောင့် ဘယ်သူက သွင်းပေးပေး ရဂိုးသာနေတဲ့ ယူနိုက်တက်တို့က အဆင့် ၁၉ ကို ရောက်လာနိုင်သလို ဝက်စ်ဟမ်းတို့ကတော့ အဆင့် ၁၈ ကို ပြန်ရောက်သွားနိုင်တာပါ။

အန်းဖီးလ်က ရလဒ်က လေးဂိုး-တစ်ဂိုးဆိုရင်တော့ ပဲလေ့စ်တို့အနေနဲ့ ဗေဒင်ဆရာ မပါဘဲ C နဲ့ မှည့်မိတဲ့ နာမည်ကြောင့် M နဲ့ ပေါင်းတဲ့ မန်ချက်စတာယူနိုက်တက်အထက်မှာ ရပ်တည်မှာဖြစ်ပြီး သရဲနီပရိသတ်တွေအနေနဲ့ ဒီတစ်ပတ် ပွဲအကုန် ကစားပြီးချိန်မှာ အဆင့် ၂၀ မှာ ကျောက်မချရဖို့ လေးဂိုး-တစ်ဂိုးမဟုတ်တဲ့ သုံးဂိုး-ဂိုးမရှိနဲ့ ဒီထက်ပို ဂိုးပြတ်မယ့် ရလဒ်တွေကို ဆုတောင်းမျှော်လင့်ရမှာဖြစ်ပါတယ်။

လီဗာပူးလ်တို့အနေနဲ့ ပဲလေ့စ်ကို လေးဂိုးနဲ့အထက် ဂိုးပြတ်အနိုင်ရခဲ့မယ်ဆိုရင် ဒီတစ်ပတ် စာရင်းချုပ်ချိန်မှာ ဘရန့်ဖို့ဒ်ကို ကျော်တက်ပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၃ နေရာကို ရယူနိုင်မှာဖြစ်လို့ ယာဂန် ကလော့ပ်၊ မိုဟာမက် ဆာလား၊ လူးဝစ် ဒီယက်ဇ်နဲ့ ဒါဝင် နူးညက်ဇ်တို့အုပ်စု ဂိုးတွေ ဘယ်လောက် ရှာဖွေနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပြီး ရေနစ်သူအတွက်တော့ ကောက်ရိုးတစ်မျှင်က ရှိနေဆဲဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁ မွာေရာ ပြဲစဥ္ ၂ မွာပါ ႏွစ္ပြဲဆက္တိုက္ တစ္ဂိုးမွ ကိုယ္တိုင္သြင္းတာ မရွိဖူးဘဲ ရႈံးနိမ့္ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ၁၉၃၆ ေနာက္ပိုင္း ေနာက္ဆုံးအေဝးကြင္းရႈံးပြဲ ၇ ပြဲအထိ ဆက္ခဲ့တဲ့ အဆိုး႐ြားဆုံး စံခ်ိန္ကို ႀကဳံေတြ႕ခဲ့ရသလို ႏွစ္ ၃၀ အၾကာမွာ တစ္ပတ္လည္ၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၂၀ အထိ ေရာက္ရွိသြားခဲ့ရတာလည္းျဖစ္ပါတယ္။

အသင္းႀကီးတစ္သင္းအေနနဲ႔ ဘရန႔္ဖို႔ဒ္လိုအသင္းကို ပထမပိုင္းမွာတင္ပဲ ေလးဂိုးျပတ္ ရႈံးနိမ့္ဖို႔ဆိုတာက လြယ္တဲ့ ကိစၥေတာ့ မဟုတ္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ အသင္းတြင္းမွာ စည္းမကိုက္ ဝါးမကိုက္ အိုးနင္းခြက္နင္းကိစၥရပ္ေတြ မ်ားျပားေနခဲ့သလို နားလည္မႈ မရွိဘဲ အသင္းရဲ႕ စိတ္ဓာတ္ပိုင္းကလည္း ေအာက္ဆုံးဆီကို က်ဆင္းေနခဲ့တာပါ။

ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္က ေခါင္းႀကီး မက္ဂြိဳင္းယားနဲ႔တြဲၿပီး နာမည္ပ်က္ဖို႔ ေရာက္လာတာလားလို႔ ေမးရမလိုျဖစ္ခဲ့ၿပီး အရပ္ ၅ ေပ ၉ လက္မသာ ရွိတဲ့ အာဂ်င္တီးနားေနာက္ခံလူဟာ ဘရန႔္ဖို႔ဒ္တိုက္စစ္သမားေတြအျပင္ တည္ကန္ေဘာေတြမွာလည္း အရပ္အေမာင္းျမင့္မားသူ ခံစစ္သမားေတြရဲ႕ အႀကိမ္ႀကိမ္ အႏိုင္က်င့္မႈကိုပါ ခံခဲ့ရၿပီး ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့ရတာျဖစ္ပါတယ္။

နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ လူစားလဲသြင္းမႈေတြျဖစ္တဲ့ မာလာစီယာ၊ ဗာ႐ြန္း၊ မက္ေတာ္မီေနး၊ အီလန္ဂါနဲ႔ ဗန္ဒဘိခ္တို႔ကလည္း အသင္းကို ဘာမွ မကူညီႏိုင္ခဲ့ဘဲ အရွက္ေျပ သိကၡာဆည္ဂိုးကိုေတာင္ ဘရန႔္ဖို႔ဒ္ကြန္ျမဴနတီ အားကစားကြင္းမွာ မသြင္းယူႏိုင္ခဲ့သလို ဒီရာသီမွာ ယူႏိုက္တက္ ကစားသမားေတြရဲ႕ သြင္းဂိုးက တစ္ဂိုးမွ မရွိေသးဘဲ ရဂိုးဆိုလို႔ ဘ႐ိုက္တန္ကြင္းလယ္လူ အလက္ဆစ္ မကၠယ္လစၥတာရဲ႕ Own Goal တစ္ဂိုးသာ ရွိေနခဲ့တာပါ။

ဒါေၾကာင့္ ႏွစ္ပြဲကစားအၿပီးမွာ တစ္မွတ္မွ မရေသးတဲ့ သရဲနီေတြဟာ ရဂိုး ၁ ဂိုး၊ ေပးဂိုး ၆ ဂိုး၊ ဂိုးကြာျခားခ်က္ (-၅)နဲ႔ တျခားႏွစ္ပြဲရႈံးထားတဲ့ အေပါင္းအေဖာ္ အသင္းေတြျဖစ္တဲ့ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ အဲဗာတန္တို႔ရဲ႕ေအာက္ သုံးဂိုးအကြာနဲ႔ ရပ္တည္ေနခဲ့တာျဖစ္ၿပီး သူတို႔ၾကားမွာေတာ့ တစ္ပြဲကစား တစ္ပြဲရႈံးထားတဲ့ ခရစၥတယ္လ္ပဲေလ့စ္အသင္းက ရွိေနတာျဖစ္ပါတယ္။

လက္ရွိမွာ ဝက္စ္ဟမ္းက ဂိုးကြာျခားခ်က္ (-၃)နဲ႔ အဆင့္ ၁၉၊ ပဲေလ့စ္က (-၂)နဲ႔ အဆင့္ ၁၈၊ အဲဗာတန္ကလည္း (-၂)နဲ႔ အဆင့္ ၁၇ မွာ ရပ္တည္ေနၿပီးခဲ့ခ်ိန္မွာ ယူႏိုက္တက္တို႔အေနနဲ႔ ဒီတစ္ပတ္မွာ ဇယားေအာက္ဆုံးက လြတ္ႏိုင္ဖို႔ ေမတၱာ၊ သံေယာဇဥ္နဲ႔ ဝဋ္ေႂကြးရွိရင္းစြဲ ပရိသတ္ေတြက ဆုေတာင္းေနၾကခ်ိန္မွာ ရပ္တည္မႈ အေျပာင္းအလဲျဖစ္ႏိုင္မလား ၾကည့္ၾကရမွာပါ။

လာမယ့္ တနလၤာေန႔ည ပြဲစဥ္အျဖစ္ ကစားမယ့္ လီဗာပူးလ္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္တို႔ ေတြ႕ဆုံမႈမွာေတာ့ အဖြင့္ပြဲမွာ ႏိုင္ပြဲမရတဲ့ ႏွစ္သင္း ေတြ႕ၾကမွာျဖစ္ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ႀကိဳးၾကာနီေတြအေနနဲ႔ အန္းဖီးလ္မွာ ေပါက္ကြဲသြားမယ့္ အသြင္ကို ေဆာင္ေနခဲ့သလို ဒီေန႔ပြဲကိုမွ မႏိုင္ရင္ ထိပ္ဆုံးက မန္စီးတီးပရိသတ္ေတြရဲ႕ ဂုဏ္သိကၡာအရ အႏွိမ္ခံရဖို႔ ရွိေနလို႔ သုံးမွတ္ရေအာင္ ႀကိဳးစားရမွာလည္းျဖစ္ေနပါတယ္။

တကယ္လို႔သာ ဒီပြဲမွာ လီဗာပူးလ္တို႔အေနနဲ႔ ပဲေလ့စ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့မယ္ဆိုရင္ ႏွစ္ပြဲရႈံး၊ ဂိုးကြာျခားခ်က္ (-၅)ျဖစ္သြားႏိုင္ၿပီး တစ္ဂိုးမွ ရမထားေသးတာေၾကာင့္ ဘယ္သူက သြင္းေပးေပး ရဂိုးသာေနတဲ့ ယူႏိုက္တက္တို႔က အဆင့္ ၁၉ ကို ေရာက္လာႏိုင္သလို ဝက္စ္ဟမ္းတို႔ကေတာ့ အဆင့္ ၁၈ ကို ျပန္ေရာက္သြားႏိုင္တာပါ။

အန္းဖီးလ္က ရလဒ္က ေလးဂိုး-တစ္ဂိုးဆိုရင္ေတာ့ ပဲေလ့စ္တို႔အေနနဲ႔ ေဗဒင္ဆရာ မပါဘဲ C နဲ႔ မွည့္မိတဲ့ နာမည္ေၾကာင့္ M နဲ႔ ေပါင္းတဲ့ မန္ခ်က္စတာယူႏိုက္တက္အထက္မွာ ရပ္တည္မွာျဖစ္ၿပီး သရဲနီပရိသတ္ေတြအေနနဲ႔ ဒီတစ္ပတ္ ပြဲအကုန္ ကစားၿပီးခ်ိန္မွာ အဆင့္ ၂၀ မွာ ေက်ာက္မခ်ရဖို႔ ေလးဂိုး-တစ္ဂိုးမဟုတ္တဲ့ သုံးဂိုး-ဂိုးမရွိနဲ႔ ဒီထက္ပို ဂိုးျပတ္မယ့္ ရလဒ္ေတြကို ဆုေတာင္းေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။

လီဗာပူးလ္တို႔အေနနဲ႔ ပဲေလ့စ္ကို ေလးဂိုးနဲ႔အထက္ ဂိုးျပတ္အႏိုင္ရခဲ့မယ္ဆိုရင္ ဒီတစ္ပတ္ စာရင္းခ်ဳပ္ခ်ိန္မွာ ဘရန႔္ဖို႔ဒ္ကို ေက်ာ္တက္ၿပီး ရမွတ္ ၄ မွတ္နဲ႔ အဆင့္ ၃ ေနရာကို ရယူႏိုင္မွာျဖစ္လို႔ ယာဂန္ ကေလာ့ပ္၊ မိုဟာမက္ ဆာလား၊ လူးဝစ္ ဒီယက္ဇ္နဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔အုပ္စု ဂိုးေတြ ဘယ္ေလာက္ ရွာေဖြႏိုင္မလဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေရနစ္သူအတြက္ေတာ့ ေကာက္႐ိုးတစ္မွ်င္က ရွိေနဆဲျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.