Premier League

ကတုံးတေလာကို ဘန်းဖို့ ချဲလ်ဆီးဖန်တွေ လက်မှတ်ထိုးမှု ညတွင်းချင်း မြင့်တက်လာ

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ ကစားခဲ့ကြတဲ့ ပွဲစဉ်မှာ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်ခဲ့တဲ့ ဒိုင်လူကြီး အန်ထော်နီ တေလာကို နောက်နောင် သူတို့အသင်းရဲ့ ပွဲစဉ်တွေကို ကိုင်တွယ်ဖို့ နေရာချထားခြင်း မပြုအောင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို ကန့်ကွက်မှုက တနင်္ဂနွေ ညတွင်းချင်းမှာပဲ စတင်လာခဲ့ပါတယ်။

ညက ချဲလ်ဆီးတို့ရဲ့ ပေးဂိုးနှစ်ဂိုးစလုံးကို ခွင့်မပြုသင့်တဲ့ အနေအထားတွေမှာ ရပ်တန့်ခြင်း မပြုဘဲ ဂိုးရနိုင်ဖို့ စပါးစ်တို့ ကြိုးစားခွင့်ရှိအောင် ပြစ်ဒဏ်ဘောတွေကို မျက်ကွယ်ပြုခဲ့တဲ့ တေလာကို ပရိသတ်တွေက Change.org မှာ လက်မှတ်ထိုးပြီး တောင်းဆိုခဲ့ကြသလို မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲ၊ ဗြိတိန်စံတော်ချိန် ည ၁ နာရီခွဲမှာ လက်မှတ်ပေါင်း ငါးသောင်းခြောက်ထောင်ကျော် ရရှိပြီးဖြစ်ပါတယ်။

ဒီပွဲမှာ နောက်ခံလူ ကာလီဒူး ကူလီဘေလီရဲ့ ကောင်းမွန်တဲ့ အဆုံးသတ်ချက်နဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ပါးနပ်သေသပ်တဲ့ ဂိုးတွေနဲ့ ချဲလ်ဆီးတို့ဟာ အနိုင်ရခဲ့သင့်ပေမယ့်လည်း ဒိုင်လူကြီးအဖွဲ့ရဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပွဲကို မဆူဆူအောင် မီးထိုးပေးသလိုဖြစ်ခဲ့ပြီး နှစ်ဖက်နည်းပြတွေဖြစ်ကြတဲ့ သောမတ်စ် တူဟယ်လ်နဲ့ အန်တိုနီယို ကွန်တီတို့လည်း ပွဲတွင်းမှာ အဝါထိခဲ့ပြီး ပွဲအပြီးမှာ အနီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

ပွဲချိန် ၆၇ မိနစ်မှာ စပါးစ်တို့ရဲ့ ကွင်းခြမ်းမှာ ချဲလ်ဆီးတိုက်စစ်မှူး ခိုင်ဟာဗတ်ဇ်ကို ဘောလုံးမထိဘဲ ဖျက်ထုတ်ခဲ့တဲ့ ဥရုဂွေးကွင်းလယ်လူ ရိုဒရီဂို ဘင်တန်ကာရဲ့ အပြုအမူက ပြစ်ဒဏ်ဘော ပေးခဲ့ရမယ့် အချိန်မှာ ဆက်ကစားစေခဲ့ပြီး ဒီကနေ ဘောလုံးပြန်ရခဲ့တဲ့ ဧည့်သည်တွေအတွက် ပြန်လည် တိုက်စစ်ဆင်မှုမှာ ကွင်းလယ်လူ ပျယ်-အီမီးလ် ဟွိုင်ဘယာ့ဂ်က ချေပဂိုး ပြန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာ ရီးစ်ဂျိမ်းစ်က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် ပွဲချိန် ၉၄ မိနစ်မှာ ရရှိတဲ့ စပါးစ်ရဲ့ ထောင့်ကန်ဘောမှာ ခေါင်းတိုက်ဖို့ တက်လာတဲ့ နောက်ခံလူ ခရစ္စတီယန် ရိုမဲရိုးက ချဲလ်ဆီးနောက်ခံလူ မာ့ခ် ကူကူရဲလားကို ဆံပင်ဆွဲပြီး တွန်းထိုးခဲ့တာက ပြစ်ဒဏ်ဘောဖြစ်ရမှာဖြစ်ပေမယ့် ဒိုင်လူကြီး တေလာကတော့ သတိပေးရုံပေးခဲ့ပြီး ထောင့်ကန်ဘောကို ဆက်ကန်စေခဲ့တာပါ။

ဒီအခွင့်အရေးကနေ ချဲလ်ဆီးတို့ရဲ့ အာရုံထွေပြားမှုကို အခွင့်ကောင်းယူပြီး စပါးစ်တို့ ချေပဂိုးကို နာကျင်အချိန်ပို နောက်ဆုံးမိနစ်ဖြစ်တဲ့ ပွဲချိန် ၉၆ မိနစ်မှာ အင်္ဂလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့သလို အိမ်ရှင်တွေအတွက်တော့ ဆိုးရွားတဲ့ အထိနာမှုဖြစ်ခဲ့ပြီး သုံးမှတ်ကနေ နှစ်မှတ်ဆုံးရှုံးနစ်နာခဲ့ရတာလည်းဖြစ်ပါတယ်။

အန်ထော်နီ တေလာဟာ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ မျက်ကွယ်ပြုမှုတွေကို ကျူးလွန်နေခဲ့တာကြာပြီဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ကို ဝိုင်းကျဉ်ဖို့ Change မှာ လက်မှတ်ထိုးနေမှုကို အင်အားကောင်းစေဖို့ အတိတ်က ချဲလ်ဆီးအသင်းအပေါ် ကျူးလွန်ခဲ့တဲ့ အမှားတွေကို စုစည်းဖော်ပြထားခဲ့ရာမှာ အိုးလ်ထရက်ဖို့ဒ်မှာ အက်ဇ်ပီလီကွေတာကို နောက်က ချုပ်ထားတဲ့ မက်ဂွိုင်းယား အမှုကိုလည်း ပြန်လည်ထုတ်ဖော်ခဲ့ကြပါတယ်။

တေလာရဲ့ အမှားတွေထဲမှာ ကိုဗာချစ်ကို အာဆင်နယ်နဲ့ အက်ဖ်အေဖလားဖိုင်နယ်မှာ အနီကတ်နဲ့ ထုတ်ပယ်မှု၊ ဘက်ရွှာယီကို မက်ဂွိုင်းယား တက်နင်းတာကို မျက်ကွယ်ပြုမှု၊ အလွန်ဆိုကို စပါးစ်ဂိုးသမား ဂက်ဇာနီဂါက ကွန်ဖူးကစ်နဲ့ ကန်တာကို မထုတ်ပယ်မှု၊ လီဗာပူးလ်နဲ့ပွဲက ဧရိယာထဲမှာ လက်ထိခဲ့တဲ့ ရီးစ်ဂျိမ်းစ်ကို အဝါနဲ့ သတိပေးရမယ့်အစား အနီနဲ့ ထုတ်ပယ်မှုတွေ ပါဝင်နေခဲ့တာပါ။

ဒါ့အပြင် အက်ဖ်အေဖလားမှာ အာဆင်နယ်တို့ဘက်က အလက်ဆစ် ဆန်ချက်ဇ်က လက်ထိပြီးမှ သွင်းယူခဲ့တဲ့ ဂိုးကို ခွင့်ပြုမှုနဲ့ နောက်ဆုံး ကူကူရဲလား ဆံပင်ဆွဲခံရတာတွေကိုလည်း ချဲလ်ဆီးပရိသတ်တွေက လက်ညှိုးထိုးပြခဲ့ကြပြီး ပရိသတ်တွေအနေနဲ့ Change.org မှာ Ban Anthony Taylor from Officiating Chelsea Games လို့ Google က တစ်ဆင့် ရှာဖွေပြီး လက်မှတ်ထိုးနိုင်ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ လန္ဒန္ဒါဘီ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ကစားခဲ့ၾကတဲ့ ပြဲစဥ္မွာ ညံ့ဖ်င္းတဲ့ ဆုံးျဖတ္ခ်က္ေတြ ျပဳလုပ္ခဲ့တဲ့ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကို ေနာက္ေနာင္ သူတို႔အသင္းရဲ႕ ပြဲစဥ္ေတြကို ကိုင္တြယ္ဖို႔ ေနရာခ်ထားျခင္း မျပဳေအာင္ ပရီးမီးယားလိဂ္အဖြဲ႕ခ်ဳပ္ကို ကန႔္ကြက္မႈက တနဂၤေႏြ ညတြင္းခ်င္းမွာပဲ စတင္လာခဲ့ပါတယ္။

ညက ခ်ဲလ္ဆီးတို႔ရဲ႕ ေပးဂိုးႏွစ္ဂိုးစလုံးကို ခြင့္မျပဳသင့္တဲ့ အေနအထားေတြမွာ ရပ္တန႔္ျခင္း မျပဳဘဲ ဂိုးရႏိုင္ဖို႔ စပါးစ္တို႔ ႀကိဳးစားခြင့္ရွိေအာင္ ျပစ္ဒဏ္ေဘာေတြကို မ်က္ကြယ္ျပဳခဲ့တဲ့ ေတလာကို ပရိသတ္ေတြက Change.org မွာ လက္မွတ္ထိုးၿပီး ေတာင္းဆိုခဲ့ၾကသလို ျမန္မာစံေတာ္ခ်ိန္ နံနက္ ၆ နာရီခြဲ၊ ၿဗိတိန္စံေတာ္ခ်ိန္ ည ၁ နာရီခြဲမွာ လက္မွတ္ေပါင္း ငါးေသာင္းေျခာက္ေထာင္ေက်ာ္ ရရွိၿပီးျဖစ္ပါတယ္။

ဒီပြဲမွာ ေနာက္ခံလူ ကာလီဒူး ကူလီေဘလီရဲ႕ ေကာင္းမြန္တဲ့ အဆုံးသတ္ခ်က္နဲ႔ ရီးစ္ဂ်ိမ္းစ္ရဲ႕ ပါးနပ္ေသသပ္တဲ့ ဂိုးေတြနဲ႔ ခ်ဲလ္ဆီးတို႔ဟာ အႏိုင္ရခဲ့သင့္ေပမယ့္လည္း ဒိုင္လူႀကီးအဖြဲ႕ရဲ႕ ဆိုး႐ြားတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ ပြဲကို မဆူဆူေအာင္ မီးထိုးေပးသလိုျဖစ္ခဲ့ၿပီး ႏွစ္ဖက္နည္းျပေတြျဖစ္ၾကတဲ့ ေသာမတ္စ္ တူဟယ္လ္နဲ႔ အန္တိုနီယို ကြန္တီတို႔လည္း ပြဲတြင္းမွာ အဝါထိခဲ့ၿပီး ပြဲအၿပီးမွာ အနီနဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၆၇ မိနစ္မွာ စပါးစ္တို႔ရဲ႕ ကြင္းျခမ္းမွာ ခ်ဲလ္ဆီးတိုက္စစ္မႉး ခိုင္ဟာဗတ္ဇ္ကို ေဘာလုံးမထိဘဲ ဖ်က္ထုတ္ခဲ့တဲ့ ဥ႐ုေဂြးကြင္းလယ္လူ ႐ိုဒရီဂို ဘင္တန္ကာရဲ႕ အျပဳအမူက ျပစ္ဒဏ္ေဘာ ေပးခဲ့ရမယ့္ အခ်ိန္မွာ ဆက္ကစားေစခဲ့ၿပီး ဒီကေန ေဘာလုံးျပန္ရခဲ့တဲ့ ဧည့္သည္ေတြအတြက္ ျပန္လည္ တိုက္စစ္ဆင္မႈမွာ ကြင္းလယ္လူ ပ်ယ္-အီမီးလ္ ဟြိဳင္ဘယာ့ဂ္က ေခ်ပဂိုး ျပန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာ ရီးစ္ဂ်ိမ္းစ္က ဦးေဆာင္ဂိုး ထပ္မံသြင္းယူခဲ့ေပမယ့္ ပြဲခ်ိန္ ၉၄ မိနစ္မွာ ရရွိတဲ့ စပါးစ္ရဲ႕ ေထာင့္ကန္ေဘာမွာ ေခါင္းတိုက္ဖို႔ တက္လာတဲ့ ေနာက္ခံလူ ခရစၥတီယန္ ႐ိုမဲ႐ိုးက ခ်ဲလ္ဆီးေနာက္ခံလူ မာ့ခ္ ကူကူရဲလားကို ဆံပင္ဆြဲၿပီး တြန္းထိုးခဲ့တာက ျပစ္ဒဏ္ေဘာျဖစ္ရမွာျဖစ္ေပမယ့္ ဒိုင္လူႀကီး ေတလာကေတာ့ သတိေပး႐ုံေပးခဲ့ၿပီး ေထာင့္ကန္ေဘာကို ဆက္ကန္ေစခဲ့တာပါ။

ဒီအခြင့္အေရးကေန ခ်ဲလ္ဆီးတို႔ရဲ႕ အာ႐ုံေထြျပားမႈကို အခြင့္ေကာင္းယူၿပီး စပါးစ္တို႔ ေခ်ပဂိုးကို နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္ျဖစ္တဲ့ ပြဲခ်ိန္ ၉၆ မိနစ္မွာ အဂၤလန္အသင္းေခါင္းေဆာင္ တိုက္စစ္မႉး ဟာရီကိန္းက ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့သလို အိမ္ရွင္ေတြအတြက္ေတာ့ ဆိုး႐ြားတဲ့ အထိနာမႈျဖစ္ခဲ့ၿပီး သုံးမွတ္ကေန ႏွစ္မွတ္ဆုံးရႈံးနစ္နာခဲ့ရတာလည္းျဖစ္ပါတယ္။

အန္ေထာ္နီ ေတလာဟာ ပရီးမီးယားလိဂ္မွာ ဆိုး႐ြားတဲ့ မ်က္ကြယ္ျပဳမႈေတြကို က်ဴးလြန္ေနခဲ့တာၾကာၿပီျဖစ္ၿပီး ပရိသတ္ေတြကေတာ့ သူ႔ကို ဝိုင္းက်ဥ္ဖို႔ Change မွာ လက္မွတ္ထိုးေနမႈကို အင္အားေကာင္းေစဖို႔ အတိတ္က ခ်ဲလ္ဆီးအသင္းအေပၚ က်ဴးလြန္ခဲ့တဲ့ အမွားေတြကို စုစည္းေဖာ္ျပထားခဲ့ရာမွာ အိုးလ္ထရက္ဖို႔ဒ္မွာ အက္ဇ္ပီလီေကြတာကို ေနာက္က ခ်ဳပ္ထားတဲ့ မက္ဂြိဳင္းယား အမႈကိုလည္း ျပန္လည္ထုတ္ေဖာ္ခဲ့ၾကပါတယ္။

ေတလာရဲ႕ အမွားေတြထဲမွာ ကိုဗာခ်စ္ကို အာဆင္နယ္နဲ႔ အက္ဖ္ေအဖလားဖိုင္နယ္မွာ အနီကတ္နဲ႔ ထုတ္ပယ္မႈ၊ ဘက္႐ႊာယီကို မက္ဂြိဳင္းယား တက္နင္းတာကို မ်က္ကြယ္ျပဳမႈ၊ အလြန္ဆိုကို စပါးစ္ဂိုးသမား ဂက္ဇာနီဂါက ကြန္ဖူးကစ္နဲ႔ ကန္တာကို မထုတ္ပယ္မႈ၊ လီဗာပူးလ္နဲ႔ပြဲက ဧရိယာထဲမွာ လက္ထိခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္ကို အဝါနဲ႔ သတိေပးရမယ့္အစား အနီနဲ႔ ထုတ္ပယ္မႈေတြ ပါဝင္ေနခဲ့တာပါ။

ဒါ့အျပင္ အက္ဖ္ေအဖလားမွာ အာဆင္နယ္တို႔ဘက္က အလက္ဆစ္ ဆန္ခ်က္ဇ္က လက္ထိၿပီးမွ သြင္းယူခဲ့တဲ့ ဂိုးကို ခြင့္ျပဳမႈနဲ႔ ေနာက္ဆုံး ကူကူရဲလား ဆံပင္ဆြဲခံရတာေတြကိုလည္း ခ်ဲလ္ဆီးပရိသတ္ေတြက လက္ညႇိဳးထိုးျပခဲ့ၾကၿပီး ပရိသတ္ေတြအေနနဲ႔ Change.org မွာ Ban Anthony Taylor from Officiating Chelsea Games လို႔ Google က တစ္ဆင့္ ရွာေဖြၿပီး လက္မွတ္ထိုးႏိုင္ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.