Premier League Transfer News

အီဒူး ဗလင်စီယာ သွားတာကို တွေ့လိုက်ရလို့ ပီနိုကို အာဆင်နယ်တို့ ခေါ်ပြီလား

အာဆင်နယ်အသင်းရဲ့ ကစားသမား ခေါ်ယူရေးတာဝန်ခံ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါအနေနဲ့ ဒီနေ့မှာ စပိန်နိုင်ငံ ဗလင်စီယာမြို့ကို သွားမယ့် လေယာဉ်ပေါ်ကို တက်သွားတယ်လို့ တွေ့မြင်လိုက်သူတွေက သတင်းပို့ခဲ့ကြတဲ့အတွက် သူတို့ရဲ့ နာမည်ထွက်နေတဲ့ တောင်ပံကစားသမားသစ် ခေါ်ယူမှုက အထမြောက်တော့မယ်လို့ ပြောနေကြပါတယ်။

ဗလင်စီယာမြို့ အခြေစိုက်အသင်းရဲ့ တောင်ပံကစားသမား ယယ်ရမီ ပီနိုကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ ပေါင် ၃၃ သန်းတန် ကမ်းလှမ်းမှုဟာ ကလပ်အသင်းနှစ်သင်းကြားထဲမှာ မူအားဖြင့် သဘောတူညီချက် ရရှိခဲ့ပြီလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သတင်းထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ဘရာဇီးလ်သားကြီးက စပိန်ကို လိုက်သွားခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမားဟာ စပိန်ဘောလုံးလောကရဲ့ အထွန်းတောက်ဆုံး ကြယ်ပွင့်တစ်ပွင့်လည်းဖြစ်နေခဲ့ပြီး သူ့ရဲ့ လာလီဂါပြိုင်ဘက် အက်စ်ပန်ညိုအသင်းကို လေးဂိုးသွင်းခဲ့တဲ့ ပွဲနဲ့ ထင်ရှားလာခဲ့သလို သာမန်အချိန်တွေမှာဆိုရင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဆီ ရောက်ပြီဖြစ်ပေမယ့် ဒီအသင်းတွေရဲ့ ဘဏ္ဏာရေး ချင့်ချိန်နေရမှုကြောင့် ဂန်းနားတွေ ဆွဲစားဖို့ အချိန်ရလာခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့ အောင်မြင်မှုနဲ့ ငွေသုံးမှု ဟန်ချက်မညီဘဲဖြစ်နေခဲ့တဲ့ နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာရီးရဲလ်အသင်းဟာ ဒီရာသီမှာ အသင်းရဲ့ ဘဏ္ဏာရေးကို ထိန်းညှိဖို့ လိုအပ်နေခဲ့တာကြောင် စာချုပ်လျော်ကြေး ပေါင် ၆၇ သန်းနဲ့ ချုပ်ဆိုထားတဲ့ တောင်ပံသမားကို ပေါင် ၃၃ သန်း(ယူရိုသန်း ၄၀)နဲ့ ရောင်းချဖို့ သဘောတူလိုက်တာဖြစ်ပြီး လာမယ့်ရက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ရတော့မှာပါ။

အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အိုင်းရစ်လေကြောင်းလိုင်း ရိုင်ယန်အဲရ်နဲ့ ဗလင်စီယာကို ထွက်ခွာသွားကြောင်း စောင့်ကြည့်သူ ပရိသတ်တစ်ဦးက တွစ်တာမှာ တင်ခဲ့တာဖြစ်ပြီး Ryan Air ရဲ့ တွစ်တာပေ့ချ်ကလည်း ဒီပို့စ်ကို ပြန်ရှဲပြီး အတည်ပြုခဲ့သလို “Edu, Pino(t) on the return flight” အပြန်ခရီးမှာ ပီနို ပါလာမှာလား မပါလာဘူးလားလို့ ရေးသားသွားခဲ့ပါတယ်။

စပိန်လက်ရွေးစင်အဖြစ် ၄ ပွဲ ကစားပြီး ၁ ဂိုး သွင်းယူထားနိုင်တဲ့ ပီနိုဟာ လာ့စ်ပါးလ်မားစ်နဲ့ ဗီလာရီးရဲလ်တို့ရဲ့ လူငယ်စီမံကိန်းတွေကနေ တက်လှမ်းလာခဲ့သူဖြစ်ပြီး အဝါရောင် ရေငုပ်သင်္ဘောတွေအတွက် ပြီးခဲ့တဲ့ ရာသီမှာ ပွဲ ၄၀ ကစား ၇ ဂိုးသွင်း၊ ၄ ဂိုးဖန်တီးနိုင်ခဲ့သလို အသင်းကြီးနဲ့ နှစ်ရာသီ ကစားထားခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်တို့အနေနဲ့ တောင်ပံနှစ်ဖက်စလုံးမှာ အသုံးပြုနိုင်မယ့် ကစားသမားတစ်ဦးအပြင် ကွင်းလယ်လူသစ်တစ်ဦးကိုလည်း ရှာဖွေနေခဲ့ပြီး သောမတ်စ် ပါတေး မရှိရင် ပြိုလဲသွားနိုင်တဲ့ ကွင်းလယ်အတွက် မဖြစ်မနေ အားဖြည့်သွားဖို့ ရှိနေသလို ပီနိုကိစ္စကို အပြတ်ဖြတ်နိုင်ပြီးမှ နောက်ခြေလှမ်းကို ဆက်လက်မြင်တွေ့ရဖွယ်ရှိကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းရဲ႕ ကစားသမား ေခၚယူေရးတာဝန္ခံ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါအေနနဲ႔ ဒီေန႔မွာ စပိန္ႏိုင္ငံ ဗလင္စီယာၿမိဳ႕ကို သြားမယ့္ ေလယာဥ္ေပၚကို တက္သြားတယ္လို႔ ေတြ႕ျမင္လိုက္သူေတြက သတင္းပို႔ခဲ့ၾကတဲ့အတြက္ သူတို႔ရဲ႕ နာမည္ထြက္ေနတဲ့ ေတာင္ပံကစားသမားသစ္ ေခၚယူမႈက အထေျမာက္ေတာ့မယ္လို႔ ေျပာေနၾကပါတယ္။

ဗလင္စီယာၿမိဳ႕ အေျခစိုက္အသင္းရဲ႕ ေတာင္ပံကစားသမား ယယ္ရမီ ပီႏိုကို အလိုရွိေနတဲ့ အာဆင္နယ္အသင္းရဲ႕ ေပါင္ ၃၃ သန္းတန္ ကမ္းလွမ္းမႈဟာ ကလပ္အသင္းႏွစ္သင္းၾကားထဲမွာ မူအားျဖင့္ သေဘာတူညီခ်က္ ရရွိခဲ့ၿပီလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက သတင္းထြက္ေပၚခဲ့ၿပီး လက္ရွိမွာေတာ့ ဘရာဇီးလ္သားႀကီးက စပိန္ကို လိုက္သြားခဲ့တာပါ။

အသက္ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ စပိန္ေဘာလုံးေလာကရဲ႕ အထြန္းေတာက္ဆုံး ၾကယ္ပြင့္တစ္ပြင့္လည္းျဖစ္ေနခဲ့ၿပီး သူ႔ရဲ႕ လာလီဂါၿပိဳင္ဘက္ အက္စ္ပန္ညိဳအသင္းကို ေလးဂိုးသြင္းခဲ့တဲ့ ပြဲနဲ႔ ထင္ရွားလာခဲ့သလို သာမန္အခ်ိန္ေတြမွာဆိုရင္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ဆီ ေရာက္ၿပီျဖစ္ေပမယ့္ ဒီအသင္းေတြရဲ႕ ဘဏၰာေရး ခ်င့္ခ်ိန္ေနရမႈေၾကာင့္ ဂန္းနားေတြ ဆြဲစားဖို႔ အခ်ိန္ရလာခဲ့တာျဖစ္ပါတယ္။

အသင္းရဲ႕ ေအာင္ျမင္မႈနဲ႔ ေငြသုံးမႈ ဟန္ခ်က္မညီဘဲျဖစ္ေနခဲ့တဲ့ နည္းျပ အူႏိုင္း အမ္မရီရဲ႕ ဗီလာရီးရဲလ္အသင္းဟာ ဒီရာသီမွာ အသင္းရဲ႕ ဘဏၰာေရးကို ထိန္းညႇိဖို႔ လိုအပ္ေနခဲ့တာေၾကာင္ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၆၇ သန္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ ေတာင္ပံသမားကို ေပါင္ ၃၃ သန္း(ယူ႐ိုသန္း ၄၀)နဲ႔ ေရာင္းခ်ဖို႔ သေဘာတူလိုက္တာျဖစ္ၿပီး လာမယ့္ရက္ပိုင္းမွာ ဘာေတြဆက္ျဖစ္မလဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

အာဆင္နယ္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အိုင္းရစ္ေလေၾကာင္းလိုင္း ႐ိုင္ယန္အဲရ္နဲ႔ ဗလင္စီယာကို ထြက္ခြာသြားေၾကာင္း ေစာင့္ၾကည့္သူ ပရိသတ္တစ္ဦးက တြစ္တာမွာ တင္ခဲ့တာျဖစ္ၿပီး Ryan Air ရဲ႕ တြစ္တာေပ့ခ်္ကလည္း ဒီပို႔စ္ကို ျပန္ရွဲၿပီး အတည္ျပဳခဲ့သလို “Edu, Pino(t) on the return flight” အျပန္ခရီးမွာ ပီႏို ပါလာမွာလား မပါလာဘူးလားလို႔ ေရးသားသြားခဲ့ပါတယ္။

စပိန္လက္ေ႐ြးစင္အျဖစ္ ၄ ပြဲ ကစားၿပီး ၁ ဂိုး သြင္းယူထားႏိုင္တဲ့ ပီႏိုဟာ လာ့စ္ပါးလ္မားစ္နဲ႔ ဗီလာရီးရဲလ္တို႔ရဲ႕ လူငယ္စီမံကိန္းေတြကေန တက္လွမ္းလာခဲ့သူျဖစ္ၿပီး အဝါေရာင္ ေရငုပ္သေဘၤာေတြအတြက္ ၿပီးခဲ့တဲ့ ရာသီမွာ ပြဲ ၄၀ ကစား ၇ ဂိုးသြင္း၊ ၄ ဂိုးဖန္တီးႏိုင္ခဲ့သလို အသင္းႀကီးနဲ႔ ႏွစ္ရာသီ ကစားထားခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ ေတာင္ပံႏွစ္ဖက္စလုံးမွာ အသုံးျပဳႏိုင္မယ့္ ကစားသမားတစ္ဦးအျပင္ ကြင္းလယ္လူသစ္တစ္ဦးကိုလည္း ရွာေဖြေနခဲ့ၿပီး ေသာမတ္စ္ ပါေတး မရွိရင္ ၿပိဳလဲသြားႏိုင္တဲ့ ကြင္းလယ္အတြက္ မျဖစ္မေန အားျဖည့္သြားဖို႔ ရွိေနသလို ပီႏိုကိစၥကို အျပတ္ျဖတ္ႏိုင္ၿပီးမွ ေနာက္ေျခလွမ္းကို ဆက္လက္ျမင္ေတြ႕ရဖြယ္ရွိေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.