Match Report Premier League

တူဟယ်လ်နဲ့ ကွန်တီ ဒေါသပြိုင်ခဲ့ပြီး အမှတ်ခွဲယူခဲ့ရတဲ့ ချဲလ်ဆီးနဲ့ စပါးစ်တို့ရဲ့ သရေပွဲ

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီနဲ့ ရီးစ်ဂျိမ်းစ်တို့ကို ထားခဲ့ပြီး ကွင်းလယ်မှာတော့ ကူကူရဲလား၊ ဂျော်ဂျင်ညို၊ ကွန်တေ၊ လော့ဖ်တပ်စ်-ချိခ်၊ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ စတာလင်တို့ကို ပွဲထုတ်ခဲ့တဲ့ ၃-၄-၃၊ ၃-၅-၂ နဲ့ ၄-၄-၂ ပုံစံသုံးမျိုးကို အရှင်ကစားခဲ့တဲ့ ကစားကွက်နဲ့ လန်ဒန်ဒါဘီပွဲကို ချဉ်းကပ်လာခဲ့ပါတယ်။

စပါးစ်တို့ကတော့ ကစားနေကျ ပုံစံအတိုင်းပဲ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ရိုမဲရိုး၊ ဒိုင်ယာ၊ ဘန်ဒေးဗီးစ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုယဲလ်၊ ဆက်ဆီညွန်၊ ဟွိုင်ဘယာ့ဂ်နဲ့ ဘင်တန်ကာတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်နဲ့ ကူလူရှက်ဗ်စကီးတို့ကို ပုံမှန်အတိုင်း ကစားစေခဲ့တာပါ။

ခံစစ်ကစားချိန်မှာ ၃-၄-၃ အဖြစ် လော့ဖ်တပ်-ချိခ်က ရီးစ်ဂျိမ်းစ် ညာအတွင်းလူနေရာမှာ ပြန်နေရာယူခွင့်ရအောင် ကာဗာပေးခဲ့သလို တိုက်စစ်ကစားရာမှာတော့ ကူကူရဲလားနဲ့ ရီးစ်ဂျိမ်းစ်တို့က တစ်တန်းတည်းကစားပြီး ကူလီဘေလီနဲ့ ဆေးလ်ဗားတို့က ကွင်းလယ်အထိ 4 Back ပုံစံ High Defensive Line သုံးသွားခဲ့တာကြောင့် ပုံသေတွက်ထားတဲ့ ကွန်တီရဲ့ တိုက်စစ်ပိုင်းက ဖောက်လို့ တိုင်မင်မကိုက်ဘဲ ဖြစ်နေခဲ့ပါတယ်။

ချဲလ်ဆီးတို့ ၆၉ ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်နိုင်ခဲ့သလို ဂျော်ဂျင်ညိုကို ဝိုင်းကူနေကြတဲ့ ကွင်းလယ်ကစားသမားတွေဆီက ဟွိုင်ဘယာ့ဂ်နဲ့ ဘင်တန်ကာတို့ ဘောလုံးပြန်ယူဖို့ မလွယ်ကူဘဲဖြစ်ခဲ့ပြီး တူဟယ်လ်ရဲ့ ဗျူဟာကို ကွန်တီရဲ့ လူတွေ သဘောမပေါက်ဘဲ ခါးစည်းခံနေရသလိုဖြစ်ခဲ့ပြီး သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း ရှားပါးသွားခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ အိမ်ရှင်တွေ အဖွင့်ဂိုး ရယူသွားခဲ့ပြီး ချဲလ်ဆီးတို့ရဲ့ တိုက်စစ်ကို လိုရစ် အသည်းအသန် ကာကွယ်ပြီးလို့ ပေးရတဲ့ ထောင့်ကန်ဘောကနေ ကူကူရဲလား ကန်တင်ပေးတာကို ဉာဏ်မကောင်းဘဲဖြစ်နေတဲ့ စပါးစ်ခံစစ်က လွှတ်ပေးထားတဲ့ ကူလီဘေလီက မြေမကျ Volley ကန်သွင်းပြီး အားလုံးကို အံ့ဩစေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ ဆွန်ဟောင်မင်ပါ ကွင်းလယ်အထိ ဆင်းမြှူနေတဲ့ စပါးစ်တိုက်စစ်ကြောင့် ချဲလ်ဆီးတို့ တစ်ချက်အငိုက်မိပြီး ဘယ်ခြမ်းက ဆက်ဆီညွန်ကို လွှတ်ပေးလိုက်ရချိန်မှာ သူ့ရဲ့ ကန်ချက်ကို မန်ဒီ ထောင့်ပိတ်သွားနိုင်ခဲ့လို့ ဧည့်သည်တွေ စိတ်ပျက်ခဲ့ရပြီး ပွဲချိန် ၂၆ မိနစ်မှာ ကူလီဘေလီကို ထောင့်ကန်ဘောမှာ ထပ်လွှတ်ပေးခဲ့တာမှာ ကန်ချက်က ထိချက်မမှန်ဘဲ ဘားကျော်သွားခဲ့လို့ အိမ်ရှင်တွေ နောက်တစ်ဂိုးမဖြစ်ခဲ့တာပါ။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာလည်း ချဲလ်ဆီးတို့ပဲ High-up ကစားခဲ့ပြီး စပါးစ်တို့ အလုပ်မလုပ်နိုင်အောင် ဖိကစားပေးသွားခဲ့သလို လော့ဖ်တပ်စ်-ချိခ်ကလည်း အမြင့်ဘောတွေမှာ ညာတောင်ပံက အပိုတိုက်စစ်မှူးတစ်ယောက်အဖြစ် ဖိအားပေးပြီး စတာလင်နဲ့ ဟာဗတ်ဇ်တို့ ချောင်အောင် ကူသွားခဲ့လို့ လိုရစ်တို့အဖွဲ့ ဗျာများခဲ့ရပြီး ဂိုးတော့ ထပ်မရခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ဆွန်ဟောင်မင်ရဲ့ အကဲစမ်းမှုကို မန်ဒီ ကာကွယ်ခဲ့ရသလို မေဆန်မောင့်ရဲ့ ဖြတ်တင်ဘော ဂိုးထဲ ဝင်လာတာကိုလည်း လိုရစ် ထိတ်လန့်ခဲ့ရပြီး စပါးစ်တို့ကတော့ အလုပ်မဖြစ်တဲ့ တိုက်စစ်ကို ပြင်ဆင်ဖို့အတွက် အင်အားသုံး ကစားနိုင်မယ့် လူသစ် ရစ်ချာလစ်ဆန်ကို Wing Back နေရာက ဆက်ဆီညွန်အစား ထည့်သွင်းပြီး 4 Back ပုံစံနဲ့ ဒေးဗီးစ်ကို ရှေ့တက်ကစားစေဖို့ ပြင်ဆင်လာခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာ လော့ဖ်တပ်စ်-ချိခ်ရဲ့ တစ်ကိုယ်တော် တိုးအားကနေ လွတ်လာတာကို စတာလင် အနီးကပ် ကန်ပေမယ့် ဘားကျော်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ခံစစ်က ဟွိုင်ဘယာ့ဂ် တင်ပေးတာကို ချဲလ်ဆီးနောက်တန်းရဲ့ လူကျွံထောင်ချောက်ကို ဟာရီကိန်း မျက်လှည့်ပြပြီး ကန်ပေမယ့် ဒီရာသီမှာ ပုံစံကောင်း မရသေးသလို ယုံကြည်မှုနည်းနေတဲ့ အင်္ဂလန်ကပ္ပတိန်အနေနဲ့ တိုင်ဘေးကိုပဲ ကန်ခဲ့မိတာဖြစ်ပါတယ်။

တူဟယ်လ်ရဲ့ ဒီပွဲက Masterpiece ဖြစ်ခဲ့တဲ့ လော့ဖ်တပ်စ်-ချိစ်နဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ညာခြမ်းကို တားဆီးဖို့ ဧည့်သည်အသင်း အဖြေမတွေ့ဘဲ ဖြစ်နေခဲ့ပေမယ့် ဒိုင်လူကြီးတွေ မျက်နှာပြောင်တိုက်ခဲ့ပြီး ဖောင်းမပေးခဲ့တဲ့ ဟာဗတ်ဇ်ကို ဖျက်ထုတ်မှုနဲ့ ပြန်လည်စတင်ခဲ့တဲ့ တိုက်စစ်ကနေ စပါးစ်တို့ ဂိုးသွင်းယူခဲ့ချိန်မှာ ချဲလ်ဆီးတို့ အရန်ခုံတန်းက ပေါက်ကွဲခဲ့ပြီး နှစ်ဖက် အချင်းများခဲ့ကြသလို တူဟယ်လ်နဲ့ ကွန်တီ တစ်ဝါစီ ထိခဲ့ကြတာပါ။

စပါးစ်တို့ရဲ့ ပွဲချိန် ၆၈ မိနစ် ချေပဂိုးကတော့ ဘောလုံးပြန်လည်ရယူရာမှာ အငြင်းပွားစရာဖြစ်ခဲ့ပြီးတဲ့နောက် ညာခြမ်းကနေ တိုက်စစ်ဆင်ရာမှာ ဂျော်ဂျင်ညို ရှင်းထုတ်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ရင်ဘတ်နဲ့ တားခဲ့ပြီး ထွက်လာခဲ့တဲ့ ဘောလုံးကို ဒေးဗီးစ် ရယူပြီး ပြန်ပေးရာမှာ ကွင်းလယ်လူ ဟွိုင်ဘယာ့ဂ်က အနိမ့်ဘော ကန်သွင်းခဲ့ပြီး နှေးကွေးနေတဲ့ ဂိုးသမား မန်ဒီ ခံလိုက်ရသလို ဒီအတွက်လည်း ရစ်ချာလစ်ဆန် လူကျွံနေတယ်လို့ပါ အိမ်ရှင်တွေဘက်က စောဒက တက်ခဲ့ကြသေးတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ခြေလေးလာတဲ့ ဂျော်ဂျင်ညိုကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွေတာနဲ့ လဲကစားသွားခဲ့ပြီး ပွဲချိန် ၇၅ မိနစ်မှာ ကွင်းလယ်ကို တက်ကစားနေတဲ့ ရီးစ်ဂျိမ်းစ်ရဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ဟာဗတ်ဇ် အနီးကပ် ပိတ်သွင်းခွင့်ရပေမယ့် တိုင်ဘေးက ကပ်ထွက်သွားခဲ့သလို ရစ်သမ်မှန်နေတဲ့ ချဲလ်ဆီးတို့အတွက်တော့ နောက်တစ်ဂိုးရဖို့က သိပ်မခက်ခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ထပ်မံရယူနိုင်ခဲ့ကြပြီး ညာတောင်ပံကနေ ကူလူရှက်ဗ်စကီးကို ကူလီဘေလီနဲ့ ကွန်တေတို့ ပေါင်းဖျက်ပြီး ကွန်တေက ဧရိယာရှေ့ကို ထိုးပေးခဲ့ရာမှာ 2 Vs 1 အနေအထားမှာ ရသွားခဲ့တဲ့ စတာလင်က ကန်မလိုနဲ့ ညာဘက်ကို ထပ်ထုတ်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ရီးစ်ဂျိမ်းစ်က အောက်ကို ဖမ်းဖို့ ကြိုးစားတဲ့ ဂိုးသမား လိုရစ်ရဲ့ အပေါ်ကို အသာအယာ ကန်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် စပါးစ်အရန်ခုံတန်းက ကွန်တီကို လှောင်ပြောင်ပြီး အောင်ပွဲခံတဲ့ တူဟယ်လ်ကို ဒိုင်လူကြီးက သတိပေးခဲ့အပြီးမှာတော့ စပါးစ်တို့ဘက်က ခြေစွမ်းမပြနိုင်တဲ့ ဆွန်ဟောင်မင်နဲ့ ဘင်တန်ကာတို့အစား ပါရီရှစ်ချ်နဲ့ ဘီဆူးမားတို့ကို အပြောင်းအလဲလုပ်သွားခဲ့သလို ချေပဂိုး ရရှိနိုင်ဖို့အတွက် နောက်ခံလူ ရိုယဲလ်အစား လူးကပ်စ် မော်ရာကို ထည့်ပြီး ဖွင့်တိုက်ဖို့ ပြင်ဆင်လာခဲ့တာပါ။

ချဲလ်ဆီးတို့ကတော့ ဒဏ်ရာရသွားတဲ့ ကွန်တေနဲ့ ရှေ့က စတာလင်တို့အစား ဂယ်လာဂါနဲ့ ပူလီရှစ်ချ်တို့ကို ထည့်ကစားခဲ့ပြီး ကစားအားနဲ့ အမြန်နှုန်းကို ထိန်းကစားပြီး စပါးစ်တို့ကို ဖိအားပေးဖို့ လုပ်သွားခဲ့သလို တိုက်စစ်မှာ ခပ်ကြမ်းကြမ်း Pressing ကစားပြီး ဖိအားပေးနေတဲ့ ဟာဗတ်ဇ်အစား ဘရိုယာကို လဲကစားသွားခဲ့ချိန်မှာ နာကျင်အချိန်ပိုကိုတော့ ၆ မိနစ်အထိ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ ဒီနေ့မှာ ဘယ်လိုမှ ဂိုးရလိမ့်မယ်လို့ ထင်မထားရအောင် ညံ့ဖျင်းနေတဲ့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းက သူတို့အတွက် အဖိုးတန် ချေပဂိုးကို ရယူသွားနိုင်ခဲ့ပြီး ချဲလ်ဆီးခံစစ်ရဲ့ အရှည်နဲ့ အပုမှားပြီး ကပ်မိနေတဲ့ ခံစစ်က နေရာယူပုံကို အခွင့်ကောင်းယူပြီး ပါရီရှစ်ချ်ရဲ့ ထောင့်ကန်ဘောကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ယူသွားနိုင်ခဲ့လို့ နှစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့ပါတယ်။

ဒီထောင့်ကန်ဘောမှာ ကူကူရဲလားကို ဆံပင်ဆွဲပြီး တွန်းပစ်ခဲ့တဲ့ စပါးစ်နောက်ခံလူ ရိုမဲရိုးကြောင့် ပြစ်ဒဏ်ဘောဖြစ်ရမယ့်အစား ထောင့်ကန်ဘော ဆက်ကန်ဖို့ ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီး တေလာရဲ့ ဆုံးဖြတ်ချက်ကတော့ အင်္ဂလန်ကပ္ပတိန်ပါနေတဲ့ အသင်းကို ဘက်လိုက်တာလားလို့ မေးစရာဖြစ်ခဲ့ရပြီး ဒီလိုပွဲမျိုးတွေကို မျှမျှတတ ဘက်မလိုက်ဘဲ ကိုင်တွယ်ဖို့ အဆင့်အတန်းမရှိသေးတာကိုလည်း တွေ့မြင်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ နှစ်ဂိုးစီသရေကျခဲ့သလို လက်ဆွဲနှုတ်ဆက်တာကို ရိုးရိုးမလုပ်ဘဲ အပြန်အလှန် ညှစ်ပြီး ပွဲဖြစ်ခဲ့ကြတဲ့ ကွန်တီနဲ့ တူဟယ်လ်တို့ ဒိုင်လူကြီး အန်ထော်နီ တေလာရဲ့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး မြောက်လန်ဒန်ထက် ကြမ်းသွားတဲ့ မြောက်နဲ့ အနောက် လန်ဒန်ဒါဘီကတော့ ဒီတစ်ပတ်မှာ သွေးဆူစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ကူလီေဘလီနဲ႔ ရီးစ္ဂ်ိမ္းစ္တို႔ကို ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကူကူရဲလား၊ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတ၊ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ေမဆန္ေမာင့္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္နဲ႔ စတာလင္တို႔ကို ပြဲထုတ္ခဲ့တဲ့ ၃-၄-၃၊ ၃-၅-၂ နဲ႔ ၄-၄-၂ ပုံစံသုံးမ်ိဳးကို အရွင္ကစားခဲ့တဲ့ ကစားကြက္နဲ႔ လန္ဒန္ဒါဘီပြဲကို ခ်ဥ္းကပ္လာခဲ့ပါတယ္။

စပါးစ္တို႔ကေတာ့ ကစားေနက် ပုံစံအတိုင္းပဲ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဒိုင္ယာ၊ ဘန္ေဒးဗီးစ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုယဲလ္၊ ဆက္ဆီၫြန္၊ ဟြိဳင္ဘယာ့ဂ္နဲ႔ ဘင္တန္ကာတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဟာရီကိန္း၊ ဆြန္ေဟာင္မင္နဲ႔ ကူလူရွက္ဗ္စကီးတို႔ကို ပုံမွန္အတိုင္း ကစားေစခဲ့တာပါ။

ခံစစ္ကစားခ်ိန္မွာ ၃-၄-၃ အျဖစ္ ေလာ့ဖ္တပ္-ခ်ိခ္က ရီးစ္ဂ်ိမ္းစ္ ညာအတြင္းလူေနရာမွာ ျပန္ေနရာယူခြင့္ရေအာင္ ကာဗာေပးခဲ့သလို တိုက္စစ္ကစားရာမွာေတာ့ ကူကူရဲလားနဲ႔ ရီးစ္ဂ်ိမ္းစ္တို႔က တစ္တန္းတည္းကစားၿပီး ကူလီေဘလီနဲ႔ ေဆးလ္ဗားတို႔က ကြင္းလယ္အထိ 4 Back ပုံစံ High Defensive Line သုံးသြားခဲ့တာေၾကာင့္ ပုံေသတြက္ထားတဲ့ ကြန္တီရဲ႕ တိုက္စစ္ပိုင္းက ေဖာက္လို႔ တိုင္မင္မကိုက္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ခ်ဲလ္ဆီးတို႔ ၆၉ ရာခိုင္ႏႈန္းအထိ ေဘာလုံးပိုင္ဆိုင္ႏိုင္ခဲ့သလို ေဂ်ာ္ဂ်င္ညိဳကို ဝိုင္းကူေနၾကတဲ့ ကြင္းလယ္ကစားသမားေတြဆီက ဟြိဳင္ဘယာ့ဂ္နဲ႔ ဘင္တန္ကာတို႔ ေဘာလုံးျပန္ယူဖို႔ မလြယ္ကူဘဲျဖစ္ခဲ့ၿပီး တူဟယ္လ္ရဲ႕ ဗ်ဴဟာကို ကြန္တီရဲ႕ လူေတြ သေဘာမေပါက္ဘဲ ခါးစည္းခံေနရသလိုျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြကလည္း ရွားပါးသြားခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ အိမ္ရွင္ေတြ အဖြင့္ဂိုး ရယူသြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ရဲ႕ တိုက္စစ္ကို လိုရစ္ အသည္းအသန္ ကာကြယ္ၿပီးလို႔ ေပးရတဲ့ ေထာင့္ကန္ေဘာကေန ကူကူရဲလား ကန္တင္ေပးတာကို ဉာဏ္မေကာင္းဘဲျဖစ္ေနတဲ့ စပါးစ္ခံစစ္က လႊတ္ေပးထားတဲ့ ကူလီေဘလီက ေျမမက် Volley ကန္သြင္းၿပီး အားလုံးကို အံ့ဩေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ ဆြန္ေဟာင္မင္ပါ ကြင္းလယ္အထိ ဆင္းျမႇဴေနတဲ့ စပါးစ္တိုက္စစ္ေၾကာင့္ ခ်ဲလ္ဆီးတို႔ တစ္ခ်က္အငိုက္မိၿပီး ဘယ္ျခမ္းက ဆက္ဆီၫြန္ကို လႊတ္ေပးလိုက္ရခ်ိန္မွာ သူ႔ရဲ႕ ကန္ခ်က္ကို မန္ဒီ ေထာင့္ပိတ္သြားႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စိတ္ပ်က္ခဲ့ရၿပီး ပြဲခ်ိန္ ၂၆ မိနစ္မွာ ကူလီေဘလီကို ေထာင့္ကန္ေဘာမွာ ထပ္လႊတ္ေပးခဲ့တာမွာ ကန္ခ်က္က ထိခ်က္မမွန္ဘဲ ဘားေက်ာ္သြားခဲ့လို႔ အိမ္ရွင္ေတြ ေနာက္တစ္ဂိုးမျဖစ္ခဲ့တာပါ။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာလည္း ခ်ဲလ္ဆီးတို႔ပဲ High-up ကစားခဲ့ၿပီး စပါးစ္တို႔ အလုပ္မလုပ္ႏိုင္ေအာင္ ဖိကစားေပးသြားခဲ့သလို ေလာ့ဖ္တပ္စ္-ခ်ိခ္ကလည္း အျမင့္ေဘာေတြမွာ ညာေတာင္ပံက အပိုတိုက္စစ္မႉးတစ္ေယာက္အျဖစ္ ဖိအားေပးၿပီး စတာလင္နဲ႔ ဟာဗတ္ဇ္တို႔ ေခ်ာင္ေအာင္ ကူသြားခဲ့လို႔ လိုရစ္တို႔အဖြဲ႕ ဗ်ာမ်ားခဲ့ရၿပီး ဂိုးေတာ့ ထပ္မရခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ဆြန္ေဟာင္မင္ရဲ႕ အကဲစမ္းမႈကို မန္ဒီ ကာကြယ္ခဲ့ရသလို ေမဆန္ေမာင့္ရဲ႕ ျဖတ္တင္ေဘာ ဂိုးထဲ ဝင္လာတာကိုလည္း လိုရစ္ ထိတ္လန႔္ခဲ့ရၿပီး စပါးစ္တို႔ကေတာ့ အလုပ္မျဖစ္တဲ့ တိုက္စစ္ကို ျပင္ဆင္ဖို႔အတြက္ အင္အားသုံး ကစားႏိုင္မယ့္ လူသစ္ ရစ္ခ်ာလစ္ဆန္ကို Wing Back ေနရာက ဆက္ဆီၫြန္အစား ထည့္သြင္းၿပီး 4 Back ပုံစံနဲ႔ ေဒးဗီးစ္ကို ေရွ႕တက္ကစားေစဖို႔ ျပင္ဆင္လာခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ေလာ့ဖ္တပ္စ္-ခ်ိခ္ရဲ႕ တစ္ကိုယ္ေတာ္ တိုးအားကေန လြတ္လာတာကို စတာလင္ အနီးကပ္ ကန္ေပမယ့္ ဘားေက်ာ္သြားခဲ့ၿပီး ခ်က္ခ်င္းဆိုသလိုပဲ ခံစစ္က ဟြိဳင္ဘယာ့ဂ္ တင္ေပးတာကို ခ်ဲလ္ဆီးေနာက္တန္းရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ဟာရီကိန္း မ်က္လွည့္ျပၿပီး ကန္ေပမယ့္ ဒီရာသီမွာ ပုံစံေကာင္း မရေသးသလို ယုံၾကည္မႈနည္းေနတဲ့ အဂၤလန္ကပၸတိန္အေနနဲ႔ တိုင္ေဘးကိုပဲ ကန္ခဲ့မိတာျဖစ္ပါတယ္။

တူဟယ္လ္ရဲ႕ ဒီပြဲက Masterpiece ျဖစ္ခဲ့တဲ့ ေလာ့ဖ္တပ္စ္-ခ်ိစ္နဲ႔ ရီးစ္ဂ်ိမ္းစ္ရဲ႕ ညာျခမ္းကို တားဆီးဖို႔ ဧည့္သည္အသင္း အေျဖမေတြ႕ဘဲ ျဖစ္ေနခဲ့ေပမယ့္ ဒိုင္လူႀကီးေတြ မ်က္ႏွာေျပာင္တိုက္ခဲ့ၿပီး ေဖာင္းမေပးခဲ့တဲ့ ဟာဗတ္ဇ္ကို ဖ်က္ထုတ္မႈနဲ႔ ျပန္လည္စတင္ခဲ့တဲ့ တိုက္စစ္ကေန စပါးစ္တို႔ ဂိုးသြင္းယူခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ အရန္ခုံတန္းက ေပါက္ကြဲခဲ့ၿပီး ႏွစ္ဖက္ အခ်င္းမ်ားခဲ့ၾကသလို တူဟယ္လ္နဲ႔ ကြန္တီ တစ္ဝါစီ ထိခဲ့ၾကတာပါ။

စပါးစ္တို႔ရဲ႕ ပြဲခ်ိန္ ၆၈ မိနစ္ ေခ်ပဂိုးကေတာ့ ေဘာလုံးျပန္လည္ရယူရာမွာ အျငင္းပြားစရာျဖစ္ခဲ့ၿပီးတဲ့ေနာက္ ညာျခမ္းကေန တိုက္စစ္ဆင္ရာမွာ ေဂ်ာ္ဂ်င္ညိဳ ရွင္းထုတ္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ရင္ဘတ္နဲ႔ တားခဲ့ၿပီး ထြက္လာခဲ့တဲ့ ေဘာလုံးကို ေဒးဗီးစ္ ရယူၿပီး ျပန္ေပးရာမွာ ကြင္းလယ္လူ ဟြိဳင္ဘယာ့ဂ္က အနိမ့္ေဘာ ကန္သြင္းခဲ့ၿပီး ေႏွးေကြးေနတဲ့ ဂိုးသမား မန္ဒီ ခံလိုက္ရသလို ဒီအတြက္လည္း ရစ္ခ်ာလစ္ဆန္ လူကြၽံေနတယ္လို႔ပါ အိမ္ရွင္ေတြဘက္က ေစာဒက တက္ခဲ့ၾကေသးတာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေျခေလးလာတဲ့ ေဂ်ာ္ဂ်င္ညိဳကို အသင္းေခါင္းေဆာင္ အက္ဇ္ပီလီေကြတာနဲ႔ လဲကစားသြားခဲ့ၿပီး ပြဲခ်ိန္ ၇၅ မိနစ္မွာ ကြင္းလယ္ကို တက္ကစားေနတဲ့ ရီးစ္ဂ်ိမ္းစ္ရဲ႕ ညာေတာင္ပံက ျဖတ္တင္ေဘာကို ဟာဗတ္ဇ္ အနီးကပ္ ပိတ္သြင္းခြင့္ရေပမယ့္ တိုင္ေဘးက ကပ္ထြက္သြားခဲ့သလို ရစ္သမ္မွန္ေနတဲ့ ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ေနာက္တစ္ဂိုးရဖို႔က သိပ္မခက္ခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုး ထပ္မံရယူႏိုင္ခဲ့ၾကၿပီး ညာေတာင္ပံကေန ကူလူရွက္ဗ္စကီးကို ကူလီေဘလီနဲ႔ ကြန္ေတတို႔ ေပါင္းဖ်က္ၿပီး ကြန္ေတက ဧရိယာေရွ႕ကို ထိုးေပးခဲ့ရာမွာ 2 Vs 1 အေနအထားမွာ ရသြားခဲ့တဲ့ စတာလင္က ကန္မလိုနဲ႔ ညာဘက္ကို ထပ္ထုတ္ေပးတဲ့ ေဘာလုံးကို ေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္က ေအာက္ကို ဖမ္းဖို႔ ႀကိဳးစားတဲ့ ဂိုးသမား လိုရစ္ရဲ႕ အေပၚကို အသာအယာ ကန္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ စပါးစ္အရန္ခုံတန္းက ကြန္တီကို ေလွာင္ေျပာင္ၿပီး ေအာင္ပြဲခံတဲ့ တူဟယ္လ္ကို ဒိုင္လူႀကီးက သတိေပးခဲ့အၿပီးမွာေတာ့ စပါးစ္တို႔ဘက္က ေျခစြမ္းမျပႏိုင္တဲ့ ဆြန္ေဟာင္မင္နဲ႔ ဘင္တန္ကာတို႔အစား ပါရီရွစ္ခ်္နဲ႔ ဘီဆူးမားတို႔ကို အေျပာင္းအလဲလုပ္သြားခဲ့သလို ေခ်ပဂိုး ရရွိႏိုင္ဖို႔အတြက္ ေနာက္ခံလူ ႐ိုယဲလ္အစား လူးကပ္စ္ ေမာ္ရာကို ထည့္ၿပီး ဖြင့္တိုက္ဖို႔ ျပင္ဆင္လာခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ကေတာ့ ဒဏ္ရာရသြားတဲ့ ကြန္ေတနဲ႔ ေရွ႕က စတာလင္တို႔အစား ဂယ္လာဂါနဲ႔ ပူလီရွစ္ခ်္တို႔ကို ထည့္ကစားခဲ့ၿပီး ကစားအားနဲ႔ အျမန္ႏႈန္းကို ထိန္းကစားၿပီး စပါးစ္တို႔ကို ဖိအားေပးဖို႔ လုပ္သြားခဲ့သလို တိုက္စစ္မွာ ခပ္ၾကမ္းၾကမ္း Pressing ကစားၿပီး ဖိအားေပးေနတဲ့ ဟာဗတ္ဇ္အစား ဘ႐ိုယာကို လဲကစားသြားခဲ့ခ်ိန္မွာ နာက်င္အခ်ိန္ပိုကိုေတာ့ ၆ မိနစ္အထိ သတ္မွတ္ေပးခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ ဒီေန႔မွာ ဘယ္လိုမွ ဂိုးရလိမ့္မယ္လို႔ ထင္မထားရေအာင္ ညံ့ဖ်င္းေနတဲ့ စပါးစ္တိုက္စစ္မႉး ဟာရီကိန္းက သူတို႔အတြက္ အဖိုးတန္ ေခ်ပဂိုးကို ရယူသြားႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးခံစစ္ရဲ႕ အရွည္နဲ႔ အပုမွားၿပီး ကပ္မိေနတဲ့ ခံစစ္က ေနရာယူပုံကို အခြင့္ေကာင္းယူၿပီး ပါရီရွစ္ခ်္ရဲ႕ ေထာင့္ကန္ေဘာကေန လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ယူသြားႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့ပါတယ္။

ဒီေထာင့္ကန္ေဘာမွာ ကူကူရဲလားကို ဆံပင္ဆြဲၿပီး တြန္းပစ္ခဲ့တဲ့ စပါးစ္ေနာက္ခံလူ ႐ိုမဲ႐ိုးေၾကာင့္ ျပစ္ဒဏ္ေဘာျဖစ္ရမယ့္အစား ေထာင့္ကန္ေဘာ ဆက္ကန္ဖို႔ ခြင့္ျပဳေပးခဲ့တဲ့ ဒိုင္လူႀကီး ေတလာရဲ႕ ဆုံးျဖတ္ခ်က္ကေတာ့ အဂၤလန္ကပၸတိန္ပါေနတဲ့ အသင္းကို ဘက္လိုက္တာလားလို႔ ေမးစရာျဖစ္ခဲ့ရၿပီး ဒီလိုပြဲမ်ိဳးေတြကို မွ်မွ်တတ ဘက္မလိုက္ဘဲ ကိုင္တြယ္ဖို႔ အဆင့္အတန္းမရွိေသးတာကိုလည္း ေတြ႕ျမင္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ခ်ဲလ္ဆီးနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ ႏွစ္ဂိုးစီသေရက်ခဲ့သလို လက္ဆြဲႏႈတ္ဆက္တာကို ႐ိုး႐ိုးမလုပ္ဘဲ အျပန္အလွန္ ညႇစ္ၿပီး ပြဲျဖစ္ခဲ့ၾကတဲ့ ကြန္တီနဲ႔ တူဟယ္လ္တို႔ ဒိုင္လူႀကီး အန္ေထာ္နီ ေတလာရဲ႕ အနီကတ္ျပ ထုတ္ပယ္ခံခဲ့ရၿပီး ေျမာက္လန္ဒန္ထက္ ၾကမ္းသြားတဲ့ ေျမာက္နဲ႔ အေနာက္ လန္ဒန္ဒါဘီကေတာ့ ဒီတစ္ပတ္မွာ ေသြးဆူစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.