Match Report Premier League

VAR နဲ့ ဂိုးကံခေမှုတွေကြား ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့တဲ့ ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ပွဲစဉ်

ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ ဝက်စ်ဟမ်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်အသင်းက ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်ဟာ တိုက်စစ်မှာ အာဝိုနီရီ၊ ဂျွန်ဆင်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာ လင်ဂတ်၊ မန်ဂါလာ၊ ဝီလီယံစ်၊ တော့ဖိုလိုတို့ ပွဲထွက်လာခဲ့ပါတယ်။ ခံစစ်ပိုင်းမှာ ခံစစ် ၃ ဦးအဖြစ် နီယာခတ်၊ မက်ကန်နာ၊ ဝေါရဲလ်တို့ ပွဲထွက်ပါဝင်ခဲ့ပြီး ဂိုးမှာတော့ ဒင်း ဟန်ဒါဆန်က ပွဲထွက်လာခဲ့တာဖြစ်ပြီး လူစာရင်းအပြည့်နဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းကလည်း ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒီကလန် ရိုက်စ်၊ ဘိုဝင်၊ ဘန်ရာမာ၊ အန်တိုနီယို စတဲ့ အဓိကကစားသမားတွေနဲ့ Line up အပြည့် ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း စတင်ချိန်ကတည်းက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့ မြိုင်ဆိုင်ခဲ့ပြီး ဝီလီယံနဲ့ ဂျွန်ဆင်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဘက်ကလည်း အန်တိုနီယို ဂိုးသွင်းဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့်လည်း နော်တင်ဟမ်ဖောရက်စ် ဂိုးသမား ဒင်း ဟန်ဒါဆန်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၄၄ မိနစ်မှာ ဒီကလန် ရိုက်စ်ရဲ့ ပေးပို့မှုကနေတဆင့် ဘန်ရာမာ သေသေသပ်သပ် အဆုံးသတ် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်စတင်ချိန်ကတည်းက အန်တိုနီယိုက မန်ဂါလာထက် ရှေ့ရောက်နေတာကြောင့် လူကျွံနေတယ်ဆိုပြီး VAR က ဂိုးအဖြစ်ကနေ ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ပြီးဆုံးဖို့ စက္ကန့်ပိုင်းအလိုမှာ လင်ဂတ်ကန်သွင်းလိုက်တဲ့ ဘောလုံးက ဂျွန်ဆင်ကနေ တဆင့် တိုင်ဝို အာဝိုနီရီရဲ့ ဒူးခေါင်းကို ထိမိပြီးနောက် လမ်းကြောင်းပြောင်းပြီး ဂိုးဘယ်ဖက်အောက်ထောင့်ကို တလိမ့်လိမ့်နဲ့ ဝင်သွားခဲ့ပြီး အိမ်ရှင်အသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်ဖက်အသင်းဟာ ကစားအားကို ပိုမို မြှင့်တင်လာခဲ့ပြီး ၄၇ မိနစ်မှာ ဖော်နယ်စ် ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ အပေါ်ဂိုးဘားတန်းကို ထိမိပြီး ဂိုးစည်းပေါ် ပြန်ကျလာရာမှာ ဟန်ဒါဆင်က အလျင်အမြန်ပဲ ဖမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

၅၅ မိနစ်မှာ နော်တင်ဟမ် ဖောရက်စ်တို့ ဂျွန်ဆင်ရဲ့ ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းခဲ့တဲ့ ဂိုးကြောင့် ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိခဲ့ပြီလို့ ထင်မှတ်ခဲ့ပေမယ့်လည်း မန်ဂါလာ ဘောလုံးပေးပို့ချိန်မှာ ဂျွန်ဆင် လူကျွံအနေအထား ဖြစ်နေခဲ့တယ်ဆိုပြီး VAR က သွင်းဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

၆၁ မိနစ်မှာ ဝက်စ်ဟမ်အသင်းက နော်တင်ဟမ် ဖောရက်စ်အသင်းရဲ့ ပင်နယ်တီ ဧရိယာထိပ်ကနေ အလွတ်တည်ကန်ဘော ကန်ခွင့်ရခဲ့ပြီး ဘန်ရာမာက အပြင်းကန်သွင်းခဲ့ရာမှာ ဖော်နယ်စ်တုန်းကအတိုင်းပဲ အပေါ်ဘားတန်းကို ထိမှန်သွားခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ နစ်နာခဲ့ရပြန်တာဖြစ်ပါတယ်။

၆၃ မိနစ်မှာ ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ဆင်မှုကနေ ဆူးဆက် ကန်သွင်းလိုက်တဲ့ ဘောလုံးကို မက်ကန်နာ ကာကွယ်ရာမှာ တံတောင်နဲ့ ထိသွားခဲ့ပြီး ဝက်စ်ဟမ်းကစားသမားတွေက စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပါတယ်။ VAR နဲ့ ပြန်လည်စစ်ဆေးရာမှာ လက်ထိဘောဖြစ်ခဲ့တယ်လို့ ကွင်းလယ်ဒိုင်က သတ်မှတ်ပြီး ဝက်စ်ဟမ်းအသင်းကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရာမှာ အသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်က ပင်နယ်တီကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကလန် ရိုက်စ်ရဲ့ ဂိုးဘယ်ဖက်အောက်ထောင့်ကို အပြင်းကန်သွင်းမှုကို ဒင်း ဟန်ဒါဆန်က အကောင်းဆုံးပုံစံနဲ့ လက်စွမ်းပြ ကာကွယ်သွားခဲ့တာကြောင့် ဝက်စ်ဟမ်းတို့ ချေပဂိုး ရရှိနိုင်မယ့် အခွင့်အရေးကို ထပ်မံ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ၈၃ မိနစ်မှာ ခရက်စ်ဝဲလ် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ကတ် ဇူးမားက ဂိုးဘယ်ဖက်အောက်ထောင့်ကို ခေါင်းတိုက် သွင်းယူခဲ့ပေမယ့်လည်း ဝီလီယံစ်က အချိန်မှန်၊ နေရာမှန်မှာ ရှိနေခဲ့တာကြောင့် ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့လို့ ဝက်စ်ဟမ်းတို့ ချေပဂိုး မရခဲ့ပြန်တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် နီးကပ်လာလေ ဝက်စ်ဟမ်းအသင်းရဲ့ ဖိအားက ပိုမို ပြင်းထန်လာပြီး အိမ်ရှင် နော်တင်ဟမ် ဖောရက်စ်အသင်းကလည်း အနိုင် ၃ မှတ် ရရှိရေးအတွက် စွမ်းစွမ်းတမံ ကာကွယ်ပိတ်ဆို့နိုင်ခဲ့တာကြောင့် ၁-၀ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:ယေန႔ည ၇ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ ဝက္စ္ဟမ္းတို႔ရဲ႕ပြဲစဥ္မွာ အိမ္ရွင္အသင္းက ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ေနာ္တင္ဟမ္ေဖာရက္စ္ဟာ တိုက္စစ္မွာ အာဝိုနီရီ၊ ဂြၽန္ဆင္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာ လင္ဂတ္၊ မန္ဂါလာ၊ ဝီလီယံစ္၊ ေတာ့ဖိုလိုတို႔ ပြဲထြက္လာခဲ့ပါတယ္။ ခံစစ္ပိုင္းမွာ ခံစစ္ ၃ ဦးအျဖစ္ နီယာခတ္၊ မက္ကန္နာ၊ ေဝါရဲလ္တို႔ ပြဲထြက္ပါဝင္ခဲ့ၿပီး ဂိုးမွာေတာ့ ဒင္း ဟန္ဒါဆန္က ပြဲထြက္လာခဲ့တာျဖစ္ၿပီး လူစာရင္းအျပည့္နဲ႔ ပြဲထြက္လာတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းကလည္း ဇူးမား၊ ခရက္စ္ဝဲလ္၊ ဒီကလန္ ႐ိုက္စ္၊ ဘိုဝင္၊ ဘန္ရာမာ၊ အန္တိုနီယို စတဲ့ အဓိကကစားသမားေတြနဲ႔ Line up အျပည့္ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ပထမပိုင္း စတင္ခ်ိန္ကတည္းက တစ္ဖက္နဲ႔ တစ္ဖက္ အျပန္အလွန္ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြနဲ႔ ၿမိဳင္ဆိုင္ခဲ့ၿပီး ဝီလီယံနဲ႔ ဂြၽန္ဆင္တို႔ အခြင့္အေရးေတြ ရရွိခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းဘက္ကလည္း အန္တိုနီယို ဂိုးသြင္းဖို႔ အသည္းအသန္ ႀကိဳးပမ္းခဲ့ေပမယ့္လည္း ေနာ္တင္ဟမ္ေဖာရက္စ္ ဂိုးသမား ဒင္း ဟန္ဒါဆန္က လက္စြမ္းျပကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၄၄ မိနစ္မွာ ဒီကလန္ ႐ိုက္စ္ရဲ႕ ေပးပို႔မႈကေနတဆင့္ ဘန္ရာမာ ေသေသသပ္သပ္ အဆုံးသတ္ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း တိုက္စစ္စတင္ခ်ိန္ကတည္းက အန္တိုနီယိုက မန္ဂါလာထက္ ေရွ႕ေရာက္ေနတာေၾကာင့္ လူကြၽံေနတယ္ဆိုၿပီး VAR က ဂိုးအျဖစ္ကေန ပယ္ဖ်က္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၿပီးဆုံးဖို႔ စကၠန႔္ပိုင္းအလိုမွာ လင္ဂတ္ကန္သြင္းလိုက္တဲ့ ေဘာလုံးက ဂြၽန္ဆင္ကေန တဆင့္ တိုင္ဝို အာဝိုနီရီရဲ႕ ဒူးေခါင္းကို ထိမိၿပီးေနာက္ လမ္းေၾကာင္းေျပာင္းၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို တလိမ့္လိမ့္နဲ႔ ဝင္သြားခဲ့ၿပီး အိမ္ရွင္အသင္း ဦးေဆာင္ဂိုး ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာလည္း ႏွစ္ဖက္အသင္းဟာ ကစားအားကို ပိုမို ျမႇင့္တင္လာခဲ့ၿပီး ၄၇ မိနစ္မွာ ေဖာ္နယ္စ္ ပင္နယ္တီဧရိယာထိပ္ကေန ကန္သြင္းလိုက္တဲ့ ေဘာလုံးဟာ အေပၚဂိုးဘားတန္းကို ထိမိၿပီး ဂိုးစည္းေပၚ ျပန္က်လာရာမွာ ဟန္ဒါဆင္က အလ်င္အျမန္ပဲ ဖမ္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

၅၅ မိနစ္မွာ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ ဂြၽန္ဆင္ရဲ႕ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းခဲ့တဲ့ ဂိုးေၾကာင့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီလို႔ ထင္မွတ္ခဲ့ေပမယ့္လည္း မန္ဂါလာ ေဘာလုံးေပးပို႔ခ်ိန္မွာ ဂြၽန္ဆင္ လူကြၽံအေနအထား ျဖစ္ေနခဲ့တယ္ဆိုၿပီး VAR က သြင္းဂိုးကို ျပန္လည္ ပယ္ဖ်က္ခဲ့ပါတယ္။

၆၁ မိနစ္မွာ ဝက္စ္ဟမ္အသင္းက ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းရဲ႕ ပင္နယ္တီ ဧရိယာထိပ္ကေန အလြတ္တည္ကန္ေဘာ ကန္ခြင့္ရခဲ့ၿပီး ဘန္ရာမာက အျပင္းကန္သြင္းခဲ့ရာမွာ ေဖာ္နယ္စ္တုန္းကအတိုင္းပဲ အေပၚဘားတန္းကို ထိမွန္သြားခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ နစ္နာခဲ့ရျပန္တာျဖစ္ပါတယ္။

၆၃ မိနစ္မွာ ဝက္စ္ဟမ္းအသင္းရဲ႕ တိုက္စစ္ဆင္မႈကေန ဆူးဆက္ ကန္သြင္းလိုက္တဲ့ ေဘာလုံးကို မက္ကန္နာ ကာကြယ္ရာမွာ တံေတာင္နဲ႔ ထိသြားခဲ့ၿပီး ဝက္စ္ဟမ္းကစားသမားေတြက ေစာဒကတက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ပါတယ္။ VAR နဲ႔ ျပန္လည္စစ္ေဆးရာမွာ လက္ထိေဘာျဖစ္ခဲ့တယ္လို႔ ကြင္းလယ္ဒိုင္က သတ္မွတ္ၿပီး ဝက္စ္ဟမ္းအသင္းကို ပင္နယ္တီ ကန္ခြင့္ေပးခဲ့ရာမွာ အသင္းေခါင္းေဆာင္ ဒီကလန္ ႐ိုက္စ္က ပင္နယ္တီကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီကလန္ ႐ိုက္စ္ရဲ႕ ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို အျပင္းကန္သြင္းမႈကို ဒင္း ဟန္ဒါဆန္က အေကာင္းဆုံးပုံစံနဲ႔ လက္စြမ္းျပ ကာကြယ္သြားခဲ့တာေၾကာင့္ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး ရရွိႏိုင္မယ့္ အခြင့္အေရးကို ထပ္မံ ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ ၈၃ မိနစ္မွာ ခရက္စ္ဝဲလ္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ကတ္ ဇူးမားက ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေခါင္းတိုက္ သြင္းယူခဲ့ေပမယ့္လည္း ဝီလီယံစ္က အခ်ိန္မွန္၊ ေနရာမွန္မွာ ရွိေနခဲ့တာေၾကာင့္ ဂိုးစည္းေပၚကေန ရွင္းထုတ္ႏိုင္ခဲ့လို႔ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုး မရခဲ့ျပန္တာျဖစ္ပါတယ္။

ဒုတိယပိုင္း ပြဲကစားခ်ိန္ နီးကပ္လာေလ ဝက္စ္ဟမ္းအသင္းရဲ႕ ဖိအားက ပိုမို ျပင္းထန္လာၿပီး အိမ္ရွင္ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကလည္း အႏိုင္ ၃ မွတ္ ရရွိေရးအတြက္ စြမ္းစြမ္းတမံ ကာကြယ္ပိတ္ဆို႔ႏိုင္ခဲ့တာေၾကာင့္ ၁-၀ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.