Analysis Premier League

လုံးဝမတန်ခဲ့တဲ့ ချဲလ်ဆီးရဲ့ စပါးစ်နဲ့ သရေပွဲက မှတ်မှတ်ထင်ထင် တွေ့မြင်ခဲ့ရသည်များ

တူဟယ်လ်ရဲ့ Masterpiece ဗျူဟာသစ်
ဒီနေ့ပွဲမှာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားကွက်က နဂိုမူလ ၃-၄-၃ ပုံစံနဲ့ ကွဲထွက်နေခဲ့ပါတယ်။ စာရွက်ပေါ်မှာ ရီးစ်ဂျိမ်းစ်ကို သုံးယောက်တန်း ညာအတွင်းလူအဖြစ် နေရာယူခိုင်းခဲ့ပြီး ကူကူရဲလားကတော့ ဘယ်ခြမ်း Wing Back ဖြစ်ချိန်မှာ တိုက်စစ်ကစားချိန်မှာတော့ လေးယောက်တန်းခံစစ်ရဲ့ ပုံစံကျအတိုင်း နှစ်ဖက်စလုံး အညီကစားခဲ့ကြသလို ခံစစ်ကစားချိန်တွေမှာတော့ လော့ဖ်တပ်စ်-ချိခ်က ညာခြမ်း Wing Back အဖြစ်နဲ့ ရီးစ်ဂျိမ်းကို အကာအကွယ် ပြန်ပေးသွားခဲ့တာပါ။ ဒီအတိုင်း ကစားပြီး High Defensive Line နဲ့ ချဲလ်ဆီးကို စပါးစ်တို့ ဗျူဟာအရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာကြောင့် နိုင်ဖို့ဆိုရင် တရားတယ်လို့ ထင်နေတဲ့ ဘောင်အပြင်က ညစ်ကစားဖို့ပဲ ကွန်တီအနေနဲ့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

နည်းစနစ်ပိုင်းအရ အနှိမ်ခံခဲ့ရလို့ ရန်ရှာတာလား ကွန်တီ
တူဟယ်လ်ရဲ့ နည်းစနစ်ပိုင်းအရ စိုးမိုးထားတာကို စပါးစ်တို့ ဘယ်နည်းလမ်းနဲ့မှ ပြန်လည်ကျော်လွှားနိုင်ခဲ့ခြင်း မရှိပါဘူး။ သူတို့ရဲ့ အားသန်တဲ့ ကောင်တာတွေ အလုပ်မဖြစ်လို့ ဆွန်ဟောင်မင်က အရိပ်လိုဖြစ်နေပြီး ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းက ရုပ်တုတွေလို ဖြစ်ခဲ့တာပါ။ ဒီနေ့မှာ ချဲလ်ဆီးတို့ဘက်က တောင်ပံခံစစ်သမားတွေနဲ့ ကွင်းလယ်အဖျက်သမားနှစ်ဦးဖြစ်တဲ့ ကွန်တေ၊ ဂျော်ဂျင်ညိုတို့က အတွဲလိုက် ပူးပေါင်းကစားခဲ့ပြီး စပါးစ်တို့ တောင်ပံတွေကနေ ကောင်တာပြန်ဝင်မယ့် အချိန်တိုင်းကို ချုပ်သွားခဲ့ပြီး တရားမျှတမှုမရှိခဲ့တဲ့ ပွဲမျိုးဖြစ်ခဲ့လို့သာ သူတို့တွေ သုံးမှတ်မရခဲ့တာဖြစ်ပါတယ်။

ထူးခြားတောက်ပခဲ့တဲ့ ကူ+ကူကူ
ဒီနေ့ပွဲမှာ သွင်းဂိုးရရှိဖို့ စွမ်းဆောင်နိုင်ခဲ့တဲ့ ဗဟိုခံစစ်မှူး ကူလီဘေလီနဲ့ ဖန်တီးပေးနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူ ကူကူရဲလားတို့က အတောက်ပဆုံး ကစားသမားတွေထဲက နှစ်ဦးဖြစ်ခဲ့တာပါ။ ခံစစ်မှာ တာဝန်ကျေကျေနဲ့ ထိန်းချုပ်နိုင်ခဲ့သလို တိုက်စစ်ဆင်ရာမှာတော့ ကူကူရဲလားရဲ့ ထောင့်ကန်ဘောကို ကူလီဘေလီက အထာကျကျကန်ချက်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဆီနီဂေါသားအနေနဲ့ ဒီလိုပုံစံကပဲ နောက်တစ်ကြိမ် အခွင့်အရေးခဲ့ပေမယ့် အချိန်အဆ အနည်းငယ် လွဲသွားခဲ့လို့ နှစ်ဂိုးမရခဲ့တာဖြစ်ပြီး ချေးလ်ဝဲလ်အစား စပိန်သားကို ရွေးချယ်ခဲ့တဲ့ တူဟယ်လ်ကလည်း မှန်ကန်ခဲ့တာပါ။

တိုက်စစ်ကို ဦးဆောင်ခဲ့တဲ့ စတာလင်
မန်ချက်စတာစီးတီးကနေ ရောက်လာပြီးကတည်းက ချဲလ်ဆီးရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အလားအလာမျိုး ပြသထားခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးကတော့ ဒီနေ့ပွဲမှာ စပါးစ်ခံစစ်ကို နေရာစုံက မွှေနှောက်ခဲ့ပြီး ဖန်တီးမှုတွေလည်း နှစ်ပိုင်းစလုံးမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မေဆန်မောင့်က နောက်ဆင်းကစားချိန်မှာ ဟာဗတ်ဇ်နဲ့ စတာလင်တို့ရဲ့ နားလည်မှုကလည်း ကောင်းခဲ့ပြီး စပါးစ်ဂိုးသမား လိုရစ် ကောင်းနေခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ ပုံမှန်အတိုင်းဆို တစ်ကိုယ်ကောင်းဆန်တတ်ပြီး ကိုယ်တိုင်ကန်သွင်းနေကျ စတာလင်က 2 Vs 1 အနေအထားမှာ အခွင့်အရေး ပိုကောင်းတဲ့ ရီးစ်ဂျိမ်းစ်ကို ချပေးပြီး ဖန်တီးမှုနဲ့ လက်ခုပ်သံတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မပေးသင့်တဲ့ ချေပဂိုးနှစ်ဂိုးနဲ့ အန်ထော်နီ တေလာ
ဒိုင်လူကြီး အန်ထော်နီ တေလာကတော့ ဒီနေ့ပွဲမှာ အိပ်နေတာ မဟုတ်ရင် ဘက်လိုက်တာလား အသုံးမကျတာလားပဲ မေးရတော့မှာပါ။ စပါးစ်တို့ရဲ့ ပထမ ချေပဂိုးမှာ ဟာဗတ်ဇ်ကို ဘောလုံးမထိဘဲ ဖျက်ခဲ့တဲ့ ဘင်တန်ကာရဲ့ လုပ်ရပ်က ပြစ်ဒဏ်ဘောနဲ့ အဝါကတ်ဖြစ်ခဲ့သင့်ချိန်မှာ လစ်လျူရှုခဲ့ပြီး ချဲလ်ဆီးဘက်ကို ပြန်လည်တိုက်စစ်ဆင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ဒီကနေ စပါးစ်တို့ ဂိုးပြန်ရခဲ့ပြီး နောက်ဆုံးမိနစ်မှာလည်း ကူကူရဲလားကို ဆံပင်ဆွဲပြီး လက်နဲ့ တွန်းချခဲ့တဲ့ နောက်ခံလူ ရိုမဲရိုးရဲ့ လုပ်ရပ်က အနည်းဆုံး အဝါကတ်နဲ့ ပြစ်ဒဏ်ဘော ပေးရမှာဖြစ်ပေမယ့် ထောင့်ကန်ဘော ဆက်ကန်ခိုင်းခဲ့တာကတော့ ဆံပင်ရှည်တဲ့ စပိန်နောက်ခံလူက ကတုံးတေလာ မနာလိုတာလားလို့ပဲ မေးခွန်းတစ်ခု ထပ်ဖြစ်ရတော့မှာပါ။

အာရုံပျံ့လွင့်တတ်တဲ့ ချဲလ်ဆီးခံစစ်
ချဲလ်ဆီးတို့ရဲ့ ပေးလိုက်ရတဲ့ နှစ်ဂိုးမှာ ကျက်သရေတုံး အန်ထော်နီ တေလာရဲ့ ညံ့ဖျင်းမှုကြောင့်လို့ ဆိုနိုင်ပေမယ့် ကိုယ်တိုင်ကလည်း ခံစစ်မှာ အာရုံပျံ့လွင့်ပြီး လုပ်စရာရှိတာတွေကို မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပထမဂိုးမှာ ကြုံသလို ရှင်းထုတ်ရမယ့် ဂျော်ဂျင်ညိုက ကမျော့နေခဲ့လို့ ဆွန်ဟောင်မင်ဆီ ဘောလုံးရောက်သွားပြီး ဂိုးပေးရဖို့ ဖြစ်လာခဲ့သလို ဂိုးသမား မန်ဒီကလည်း လေးလံနေခဲ့တာပါ။ ဒုတိယဂိုးမှာတော့ ထောင့်ကန်ဘောကနေ မှန်ကန်တဲ့ လူကပ်ကစားမှုကို မလုပ်နိုင်ဘဲ ဟာရီကိန်းတို့ကို ကပ်တဲ့သူက ကူကူရဲလားဖြစ်နေသလို သီယာဂို ဆေးလ်ဗားနဲ့ ကူလီဘေလီက လိုအပ်တဲ့ နေရာတွေမှာ မရှိဘဲ လော့ဖ်တပ်စ်-ချိခ်နဲ့ ဘရိုယာတို့လို့ အရပ်မြင့်သူတွေကလည်း လောကြီးပြီး ရှေ့ထွက်ခဲ့ကြလို့ ဖြစ်သွားတဲ့ ကွက်လပ်ကနေ စပါးစ်ကစားသမား ၄ ယောက်အထိ ခေါင်းတိုက်ဖို့ လွတ်နေခဲ့ပြီး ဂိုးပြန်ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ခြေစွမ်းမပြနိုင်လဲ ကိန်းပဲလား
ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက ပရီးမီးယားလိဂ် ဖန်တက်ဆီမှာ အော့ကြောလန်ဖြစ်ခဲ့ရတဲ့ ဟာရီကိန်းဟာ ဒီတစ်ပတ်မှာလည်း ကွင်းလယ်မှာပဲ ပျောက်ဆုံးနေခဲ့တာပါ။ ဒါပေမယ့် အချိန်တန်ရင် စင်ပေါ်ရောက်ပြီး မျက်နှာသာပေးခံရမြဲ အင်္ဂလန်သားတို့ထဲမှာမှ နိုင်ငံ့လက်ရွေးစင် အသင်းခေါင်းဆောင်ဖြစ်နေတဲ့ ကိန်းတစ်ယောက် နောက်ဆုံးမှာတော့ ဖြစ်မလာသင့်တဲ့ ထောင့်ကန်ဘောမှာ တစ်ဖက်အသင်းကို အာရုံပျက်အောင် ဒိုင်နဲ့အတူ ဝိုင်းညစ်ပြီးမှ ခေါင်းတိုက်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်မီဒီယာတွေမှာတော့ သူလက်နဲ့ ပုတ်တဲ့ ပင်နယ်တီပေးရမယ့် ဘောလုံးမျိုးကိုတောင် ဓာတ်ပုံဖော်ပြခွင့် မရှိချိန်မှာ အခွင့်ထူးခံ ကိန်းကို လိုချင်တဲ့ အသင်းတွေက မျက်နှာသာပေးမှုအတွက်လားလို့ မေးချင်စရာလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တူဟယ္လ္ရဲ႕ Masterpiece ဗ်ဴဟာသစ္
ဒီေန႔ပြဲမွာ ကစားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ ကစားကြက္က နဂိုမူလ ၃-၄-၃ ပုံစံနဲ႔ ကြဲထြက္ေနခဲ့ပါတယ္။ စာ႐ြက္ေပၚမွာ ရီးစ္ဂ်ိမ္းစ္ကို သုံးေယာက္တန္း ညာအတြင္းလူအျဖစ္ ေနရာယူခိုင္းခဲ့ၿပီး ကူကူရဲလားကေတာ့ ဘယ္ျခမ္း Wing Back ျဖစ္ခ်ိန္မွာ တိုက္စစ္ကစားခ်ိန္မွာေတာ့ ေလးေယာက္တန္းခံစစ္ရဲ႕ ပုံစံက်အတိုင္း ႏွစ္ဖက္စလုံး အညီကစားခဲ့ၾကသလို ခံစစ္ကစားခ်ိန္ေတြမွာေတာ့ ေလာ့ဖ္တပ္စ္-ခ်ိခ္က ညာျခမ္း Wing Back အျဖစ္နဲ႔ ရီးစ္ဂ်ိမ္းကို အကာအကြယ္ ျပန္ေပးသြားခဲ့တာပါ။ ဒီအတိုင္း ကစားၿပီး High Defensive Line နဲ႔ ခ်ဲလ္ဆီးကို စပါးစ္တို႔ ဗ်ဴဟာအရ ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့တာေၾကာင့္ ႏိုင္ဖို႔ဆိုရင္ တရားတယ္လို႔ ထင္ေနတဲ့ ေဘာင္အျပင္က ညစ္ကစားဖို႔ပဲ ကြန္တီအေနနဲ႔ ေ႐ြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။

နည္းစနစ္ပိုင္းအရ အႏွိမ္ခံခဲ့ရလို႔ ရန္ရွာတာလား ကြန္တီ
တူဟယ္လ္ရဲ႕ နည္းစနစ္ပိုင္းအရ စိုးမိုးထားတာကို စပါးစ္တို႔ ဘယ္နည္းလမ္းနဲ႔မွ ျပန္လည္ေက်ာ္လႊားႏိုင္ခဲ့ျခင္း မရွိပါဘူး။ သူတို႔ရဲ႕ အားသန္တဲ့ ေကာင္တာေတြ အလုပ္မျဖစ္လို႔ ဆြန္ေဟာင္မင္က အရိပ္လိုျဖစ္ေနၿပီး ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းက ႐ုပ္တုေတြလို ျဖစ္ခဲ့တာပါ။ ဒီေန႔မွာ ခ်ဲလ္ဆီးတို႔ဘက္က ေတာင္ပံခံစစ္သမားေတြနဲ႔ ကြင္းလယ္အဖ်က္သမားႏွစ္ဦးျဖစ္တဲ့ ကြန္ေတ၊ ေဂ်ာ္ဂ်င္ညိဳတို႔က အတြဲလိုက္ ပူးေပါင္းကစားခဲ့ၿပီး စပါးစ္တို႔ ေတာင္ပံေတြကေန ေကာင္တာျပန္ဝင္မယ့္ အခ်ိန္တိုင္းကို ခ်ဳပ္သြားခဲ့ၿပီး တရားမွ်တမႈမရွိခဲ့တဲ့ ပြဲမ်ိဳးျဖစ္ခဲ့လို႔သာ သူတို႔ေတြ သုံးမွတ္မရခဲ့တာျဖစ္ပါတယ္။

ထူးျခားေတာက္ပခဲ့တဲ့ ကူ+ကူကူ
ဒီေန႔ပြဲမွာ သြင္းဂိုးရရွိဖို႔ စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ဗဟိုခံစစ္မႉး ကူလီေဘလီနဲ႔ ဖန္တီးေပးႏိုင္ခဲ့တဲ့ ဘယ္ေနာက္ခံလူ ကူကူရဲလားတို႔က အေတာက္ပဆုံး ကစားသမားေတြထဲက ႏွစ္ဦးျဖစ္ခဲ့တာပါ။ ခံစစ္မွာ တာဝန္ေက်ေက်နဲ႔ ထိန္းခ်ဳပ္ႏိုင္ခဲ့သလို တိုက္စစ္ဆင္ရာမွာေတာ့ ကူကူရဲလားရဲ႕ ေထာင့္ကန္ေဘာကို ကူလီေဘလီက အထာက်က်ကန္ခ်က္နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။ ဆီနီေဂါသားအေနနဲ႔ ဒီလိုပုံစံကပဲ ေနာက္တစ္ႀကိမ္ အခြင့္အေရးခဲ့ေပမယ့္ အခ်ိန္အဆ အနည္းငယ္ လြဲသြားခဲ့လို႔ ႏွစ္ဂိုးမရခဲ့တာျဖစ္ၿပီး ေခ်းလ္ဝဲလ္အစား စပိန္သားကို ေ႐ြးခ်ယ္ခဲ့တဲ့ တူဟယ္လ္ကလည္း မွန္ကန္ခဲ့တာပါ။

တိုက္စစ္ကို ဦးေဆာင္ခဲ့တဲ့ စတာလင္
မန္ခ်က္စတာစီးတီးကေန ေရာက္လာၿပီးကတည္းက ခ်ဲလ္ဆီးရဲ႕ တိုက္စစ္ကို ဦးေဆာင္ႏိုင္မယ့္ အလားအလာမ်ိဳး ျပသထားခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးကေတာ့ ဒီေန႔ပြဲမွာ စပါးစ္ခံစစ္ကို ေနရာစုံက ေမႊေႏွာက္ခဲ့ၿပီး ဖန္တီးမႈေတြလည္း ႏွစ္ပိုင္းစလုံးမွာ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ေမဆန္ေမာင့္က ေနာက္ဆင္းကစားခ်ိန္မွာ ဟာဗတ္ဇ္နဲ႔ စတာလင္တို႔ရဲ႕ နားလည္မႈကလည္း ေကာင္းခဲ့ၿပီး စပါးစ္ဂိုးသမား လိုရစ္ ေကာင္းေနခဲ့လို႔သာ ဂိုးမရခဲ့တာပါ။ ဒုတိယပိုင္းမွာေတာ့ ပုံမွန္အတိုင္းဆို တစ္ကိုယ္ေကာင္းဆန္တတ္ၿပီး ကိုယ္တိုင္ကန္သြင္းေနက် စတာလင္က 2 Vs 1 အေနအထားမွာ အခြင့္အေရး ပိုေကာင္းတဲ့ ရီးစ္ဂ်ိမ္းစ္ကို ခ်ေပးၿပီး ဖန္တီးမႈနဲ႔ လက္ခုပ္သံေတြကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မေပးသင့္တဲ့ ေခ်ပဂိုးႏွစ္ဂိုးနဲ႔ အန္ေထာ္နီ ေတလာ
ဒိုင္လူႀကီး အန္ေထာ္နီ ေတလာကေတာ့ ဒီေန႔ပြဲမွာ အိပ္ေနတာ မဟုတ္ရင္ ဘက္လိုက္တာလား အသုံးမက်တာလားပဲ ေမးရေတာ့မွာပါ။ စပါးစ္တို႔ရဲ႕ ပထမ ေခ်ပဂိုးမွာ ဟာဗတ္ဇ္ကို ေဘာလုံးမထိဘဲ ဖ်က္ခဲ့တဲ့ ဘင္တန္ကာရဲ႕ လုပ္ရပ္က ျပစ္ဒဏ္ေဘာနဲ႔ အဝါကတ္ျဖစ္ခဲ့သင့္ခ်ိန္မွာ လစ္လ်ဴရႈခဲ့ၿပီး ခ်ဲလ္ဆီးဘက္ကို ျပန္လည္တိုက္စစ္ဆင္ဖို႔ ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ဒီကေန စပါးစ္တို႔ ဂိုးျပန္ရခဲ့ၿပီး ေနာက္ဆုံးမိနစ္မွာလည္း ကူကူရဲလားကို ဆံပင္ဆြဲၿပီး လက္နဲ႔ တြန္းခ်ခဲ့တဲ့ ေနာက္ခံလူ ႐ိုမဲ႐ိုးရဲ႕ လုပ္ရပ္က အနည္းဆုံး အဝါကတ္နဲ႔ ျပစ္ဒဏ္ေဘာ ေပးရမွာျဖစ္ေပမယ့္ ေထာင့္ကန္ေဘာ ဆက္ကန္ခိုင္းခဲ့တာကေတာ့ ဆံပင္ရွည္တဲ့ စပိန္ေနာက္ခံလူက ကတုံးေတလာ မနာလိုတာလားလို႔ပဲ ေမးခြန္းတစ္ခု ထပ္ျဖစ္ရေတာ့မွာပါ။

အာ႐ုံပ်ံ႕လြင့္တတ္တဲ့ ခ်ဲလ္ဆီးခံစစ္
ခ်ဲလ္ဆီးတို႔ရဲ႕ ေပးလိုက္ရတဲ့ ႏွစ္ဂိုးမွာ က်က္သေရတုံး အန္ေထာ္နီ ေတလာရဲ႕ ညံ့ဖ်င္းမႈေၾကာင့္လို႔ ဆိုႏိုင္ေပမယ့္ ကိုယ္တိုင္ကလည္း ခံစစ္မွာ အာ႐ုံပ်ံ႕လြင့္ၿပီး လုပ္စရာရွိတာေတြကို မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။ ပထမဂိုးမွာ ႀကဳံသလို ရွင္းထုတ္ရမယ့္ ေဂ်ာ္ဂ်င္ညိဳက ကေမ်ာ့ေနခဲ့လို႔ ဆြန္ေဟာင္မင္ဆီ ေဘာလုံးေရာက္သြားၿပီး ဂိုးေပးရဖို႔ ျဖစ္လာခဲ့သလို ဂိုးသမား မန္ဒီကလည္း ေလးလံေနခဲ့တာပါ။ ဒုတိယဂိုးမွာေတာ့ ေထာင့္ကန္ေဘာကေန မွန္ကန္တဲ့ လူကပ္ကစားမႈကို မလုပ္ႏိုင္ဘဲ ဟာရီကိန္းတို႔ကို ကပ္တဲ့သူက ကူကူရဲလားျဖစ္ေနသလို သီယာဂို ေဆးလ္ဗားနဲ႔ ကူလီေဘလီက လိုအပ္တဲ့ ေနရာေတြမွာ မရွိဘဲ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ ဘ႐ိုယာတို႔လို႔ အရပ္ျမင့္သူေတြကလည္း ေလာႀကီးၿပီး ေရွ႕ထြက္ခဲ့ၾကလို႔ ျဖစ္သြားတဲ့ ကြက္လပ္ကေန စပါးစ္ကစားသမား ၄ ေယာက္အထိ ေခါင္းတိုက္ဖို႔ လြတ္ေနခဲ့ၿပီး ဂိုးျပန္ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ေျခစြမ္းမျပႏိုင္လဲ ကိန္းပဲလား
ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက ပရီးမီးယားလိဂ္ ဖန္တက္ဆီမွာ ေအာ့ေၾကာလန္ျဖစ္ခဲ့ရတဲ့ ဟာရီကိန္းဟာ ဒီတစ္ပတ္မွာလည္း ကြင္းလယ္မွာပဲ ေပ်ာက္ဆုံးေနခဲ့တာပါ။ ဒါေပမယ့္ အခ်ိန္တန္ရင္ စင္ေပၚေရာက္ၿပီး မ်က္ႏွာသာေပးခံရၿမဲ အဂၤလန္သားတို႔ထဲမွာမွ ႏိုင္ငံ့လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ျဖစ္ေနတဲ့ ကိန္းတစ္ေယာက္ ေနာက္ဆုံးမွာေတာ့ ျဖစ္မလာသင့္တဲ့ ေထာင့္ကန္ေဘာမွာ တစ္ဖက္အသင္းကို အာ႐ုံပ်က္ေအာင္ ဒိုင္နဲ႔အတူ ဝိုင္းညစ္ၿပီးမွ ေခါင္းတိုက္ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္မီဒီယာေတြမွာေတာ့ သူလက္နဲ႔ ပုတ္တဲ့ ပင္နယ္တီေပးရမယ့္ ေဘာလုံးမ်ိဳးကိုေတာင္ ဓာတ္ပုံေဖာ္ျပခြင့္ မရွိခ်ိန္မွာ အခြင့္ထူးခံ ကိန္းကို လိုခ်င္တဲ့ အသင္းေတြက မ်က္ႏွာသာေပးမႈအတြက္လားလို႔ ေမးခ်င္စရာလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.