Article Premier League

စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခြင်္သေ့ပြာတွေရဲ့ ဟိန်းသံညံမယ့် လန်ဒန်ဒါဘီ

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရရှိပြီး ရာသီအဖွင့်ကို အနိုင်နဲ့ စတင်ခဲ့ပြီးနောက် ယနေ့မှာတော့ တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

စပါးစ်အသင်းဟာ ၁၉၉၀ နောက်ပိုင်း စတမ်းဖို့ဒ် ဘရစ်ချ်မှာ လိဂ်ပွဲစဉ် ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး ဆိုးရွားတဲ့ စံချိန်ပိုင်ဆိုင်ထားပေမယ့် နောက်ဆုံးနိုင်ပွဲဟာ ၂၀၁၈ ခုနှစ်တုန်းက ပိုချက်တီနိုလက်ထက်မှာ ကွန်တီရဲ့ ချဲလ်ဆီးကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကွန်တီအနေနဲ့ အနောက်လန်ဒန်မှာ စပါးစ်ကို ရှားပါးနိုင်ပွဲ ရရှိအောင် လမ်းပြပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ခြေစွမ်းသာ ထပ်မံပြသနိုင်ရင် မထင်မှတ်ထားတာတွေ ဖြစ်လာနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

-တော့တင်ဟမ်ဟော့စပါးဟာ ချဲလ်ဆီးနဲ့ ရင်ဆိုင်တွေ့ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း ၆၀ မှာ ၇ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။(၂၀ သရေ၊ ၃၃ ပွဲရှုံး)

သိထားသင့်တဲ့အချက်အလက်များ

– ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ် ဘရစ်ချ်(၃၄ မှတ်)မှာထက် အဝေးကွင်း(၄၀ မှတ်)မှာ ရမှတ်ပိုမို ရရှိခဲ့ပါတယ်။

– ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၇ ရာသီအတွင်းက ၄ ရာသီမှာ ပရီးမီးယားလိဂ်အိမ်ကွင်းအဖွင့်ပွဲစဉ်မှာ ရမှတ်လျော့ကျခဲ့ပါတယ်။(၃ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး)

-ချဲလ်ဆီးအသင်းဟာ နည်းပြဟောင်း ၂ ဦးကို ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် ရင်ဆိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က အဲဗာတန်နည်းပြ လမ်းပတ်နဲ့ ရင်ဆိုင်ပြီးနောက်ပိုင်း ယနေ့မှာ ကွန်တီနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

-စပါးစ်ဟာ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ အရှည်လျားဆုံးနိုင်ပွဲဆက်မှု ဖြစ်ပါတယ်။

-စပါးစ်ဟာ ပရီးမီးယားလိဂ်လန်ဒန်ဒါဘီပွဲစဉ် ၉၉ ပွဲအနိုင်ရရှိခဲ့ပြီး ချဲလ်ဆီးနဲ့ အာဆင်နယ်ပြီးရင် ပွဲ ၁၀၀ မြောက်နိုင်ပွဲ ရရှိမယ့် အသင်းဖြစ်လာမှာဖြစ်ပါတယ်။

-ဒါပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ လန်ဒန်ဒါဘီ ၅ ပွဲမှာ ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး သွင်းဂိုးလည်း ၁ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

-ဟာရီ ကိန်းဟာ ကလပ်အသင်းတစ်သင်းတည်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးသွင်းယူထားတဲ့ ဆာဂျီယို အဂွေရို(၁၈၄ ဂိုး)ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ ၂ ဂိုးသာ လိုပါတော့တယ်။

နှစ်ဖက်အသင်းသတင်းများ

-ချဲလ်ဆီးအသင်းဟာ ယနေ့ညနေပွဲစဉ်မှာ ဒူးဒဏ်ရာရရှိနေတဲ့ ကိုဗာချစ်မပါဘဲ ကစားသွားရမှာဖြစ်ပြီး ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုကလည်း ဘာစီလိုနာကို အပြီးသတ်ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေတာကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

-တော့တင်ဟမ်ဟော့စပါးဟာ ပွဲပယ်ပြစ်ဒဏ်ပြည့်ပြီးနောက် ပါဝင်ကစားပေးနိုင်တဲ့အခြေအနေရှိနေတဲ့ ပေါင်သန်း ၆၀ တန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ရစ်ချာလီဆန်ကို ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်ပေးသွားဖွယ်ရှိနေပါတယ်။

-စပါးစ်အသင်းဟာ တွယ်ဆက်ကြွက်သားဒဏ်ရာရရှိနေတဲ့ နောက်ခံလူ လွန်ဂလေ၊ ခြေထောက်ဒဏ်ရာ ရရှိထားတဲ့ အိုလီဗာ စကစ်ပ်တို့ မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ချဲလ်ဆီး- မန်ဒီ၊ အက်ဇ်ပီလီကွေတာ၊ ဆေးလ်ဗား၊ ကူလီဘေလီ၊ ရီးစ် ဂျိမ်းစ်၊ ဂျော်ဂျင်ညို၊ ကွန်တေ၊ ကူကူရယ်လာ၊ စတားလင်း၊ မောင့်၊ ဟာဗတ်ဇ်။

တော့တင်ဟမ်ဟော့စပါး- လိုရစ်၊ ရိုမဲရိုး၊ အဲရစ် ဒိုင်ယာ၊ ဒေးဗီးစ်၊ အီမာဆင်၊ ဟော့ဂျက်ဘ်၊ ဘန်တန်ကာ၊ ဆီဆက်ညွန်၊ ကူလူဆက်ဗ်စကီး၊ ကိန်း၊ ဆွန်။

ခန့်မှန်းပွဲပြီးရလဒ်- (ချဲလ်ဆီး ၂-၁ တော့တင်ဟမ်ဟော့စပါး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့အပတ္က အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရရွိၿပီး ရာသီအဖြင့္ကို အႏိုင္နဲ႔ စတင္ခဲ့ၿပီးေနာက္ ယေန႔မွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးကို အိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

စပါးစ္အသင္းဟာ ၁၉၉၀ ေနာက္ပိုင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ လိဂ္ပြဲစဥ္ ၂ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး ဆိုး႐ြားတဲ့ စံခ်ိန္ပိုင္ဆိုင္ထားေပမယ့္ ေနာက္ဆုံးႏိုင္ပြဲဟာ ၂၀၁၈ ခုႏွစ္တုန္းက ပိုခ်က္တီႏိုလက္ထက္မွာ ကြန္တီရဲ႕ ခ်ဲလ္ဆီးကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ကြန္တီအေနနဲ႔ အေနာက္လန္ဒန္မွာ စပါးစ္ကို ရွားပါးႏိုင္ပြဲ ရရွိေအာင္ လမ္းျပေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ေဆာက္သမ္တန္ကို ၄-၁ နဲ႔ အႏိုင္ရခဲ့တဲ့ေျခစြမ္းသာ ထပ္မံျပသႏိုင္ရင္ မထင္မွတ္ထားတာေတြ ျဖစ္လာႏိုင္ပါတယ္။

ထိပ္တိုက္ေတြ႕ဆုံမႈ

-ေတာ့တင္ဟမ္ေဟာ့စပါးဟာ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ေတြ႕ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲေပါင္း ၆၀ မွာ ၇ ပြဲသာ အႏိုင္ရရွိခဲ့ပါတယ္။(၂၀ သေရ၊ ၃၃ ပြဲရႈံး)

သိထားသင့္တဲ့အခ်က္အလက္မ်ား

– ၿပီးခဲ့တဲ့ရာသီမွာ ခ်ဲလ္ဆီးအသင္းဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္(၃၄ မွတ္)မွာထက္ အေဝးကြင္း(၄၀ မွတ္)မွာ ရမွတ္ပိုမို ရရွိခဲ့ပါတယ္။

– ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ ၇ ရာသီအတြင္းက ၄ ရာသီမွာ ပရီးမီးယားလိဂ္အိမ္ကြင္းအဖြင့္ပြဲစဥ္မွာ ရမွတ္ေလ်ာ့က်ခဲ့ပါတယ္။(၃ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံး)

-ခ်ဲလ္ဆီးအသင္းဟာ နည္းျပေဟာင္း ၂ ဦးကို ပရီးမီးယားလိဂ္ပြဲစဥ္ ၂ ပြဲဆက္တိုက္ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က အဲဗာတန္နည္းျပ လမ္းပတ္နဲ႔ ရင္ဆိုင္ၿပီးေနာက္ပိုင္း ယေန႔မွာ ကြန္တီနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

-စပါးစ္ဟာ ပရီးမီးယားလိဂ္ ၄ ပြဲဆက္ ႏိုင္ပြဲ ရရွိခဲ့ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ အရွည္လ်ားဆုံးႏိုင္ပြဲဆက္မႈ ျဖစ္ပါတယ္။

-စပါးစ္ဟာ ပရီးမီးယားလိဂ္လန္ဒန္ဒါဘီပြဲစဥ္ ၉၉ ပြဲအႏိုင္ရရွိခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္ၿပီးရင္ ပြဲ ၁၀၀ ေျမာက္ႏိုင္ပြဲ ရရွိမယ့္ အသင္းျဖစ္လာမွာျဖစ္ပါတယ္။

-ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ လန္ဒန္ဒါဘီ ၅ ပြဲမွာ ၁ မွတ္သာ ရယူႏိုင္ခဲ့ၿပီး သြင္းဂိုးလည္း ၁ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

-ဟာရီ ကိန္းဟာ ကလပ္အသင္းတစ္သင္းတည္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုးအမ်ားဆုံးသြင္းယူထားတဲ့ ဆာဂ်ီယို အေဂြ႐ို(၁၈၄ ဂိုး)ရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ ၂ ဂိုးသာ လိုပါေတာ့တယ္။

ႏွစ္ဖက္အသင္းသတင္းမ်ား

-ခ်ဲလ္ဆီးအသင္းဟာ ယေန႔ညေနပြဲစဥ္မွာ ဒူးဒဏ္ရာရရွိေနတဲ့ ကိုဗာခ်စ္မပါဘဲ ကစားသြားရမွာျဖစ္ၿပီး ဘယ္ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုကလည္း ဘာစီလိုနာကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔ လုပ္ေဆာင္ေနတာေၾကာင့္ ပါဝင္ကစားႏိုင္မွာမဟုတ္ပါဘူး။

-ေတာ့တင္ဟမ္ေဟာ့စပါးဟာ ပြဲပယ္ျပစ္ဒဏ္ျပည့္ၿပီးေနာက္ ပါဝင္ကစားေပးႏိုင္တဲ့အေျခအေနရွိေနတဲ့ ေပါင္သန္း ၆၀ တန္ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ရစ္ခ်ာလီဆန္ကို ပြဲဦးထြက္ပြဲစဥ္အျဖစ္ ပါဝင္ကစားခြင့္ေပးသြားဖြယ္ရွိေနပါတယ္။

-စပါးစ္အသင္းဟာ တြယ္ဆက္ႂကြက္သားဒဏ္ရာရရွိေနတဲ့ ေနာက္ခံလူ လြန္ဂေလ၊ ေျခေထာက္ဒဏ္ရာ ရရွိထားတဲ့ အိုလီဗာ စကစ္ပ္တို႔ မပါဝင္ဘဲ ယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ခ်ဲလ္ဆီး- မန္ဒီ၊ အက္ဇ္ပီလီေကြတာ၊ ေဆးလ္ဗား၊ ကူလီေဘလီ၊ ရီးစ္ ဂ်ိမ္းစ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတ၊ ကူကူရယ္လာ၊ စတားလင္း၊ ေမာင့္၊ ဟာဗတ္ဇ္။

ေတာ့တင္ဟမ္ေဟာ့စပါး- လိုရစ္၊ ႐ိုမဲ႐ိုး၊ အဲရစ္ ဒိုင္ယာ၊ ေဒးဗီးစ္၊ အီမာဆင္၊ ေဟာ့ဂ်က္ဘ္၊ ဘန္တန္ကာ၊ ဆီဆက္ၫြန္၊ ကူလူဆက္ဗ္စကီး၊ ကိန္း၊ ဆြန္။

ခန႔္မွန္းပြဲၿပီးရလဒ္- (ခ်ဲလ္ဆီး ၂-၁ ေတာ့တင္ဟမ္ေဟာ့စပါး)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.