Premier League

လက်စတာနဲ့ပွဲမှာ ၄ ဂိုးအထိ ပါဝင်ပတ်သက်ခဲ့ပြီးနောက် မပျော်မရွှင်ဖြစ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့တဲ့ ဂျေဆူးစ်

အာဆင်နယ်တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်က စနေနေ့ညနေက လက်စတာစီးတီးနဲ့ပွဲမှာ ၂ ဂိုး သွင်းယူပေးခဲ့ပြီးနောက် မန်စီးတီးကနေ ထွက်ခွာခဲ့ရတဲ့ အဓိကအကြောင်းအရင်းဟာ ဂိုးတွေ သွင်းယူနိုင်ဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျေဆူးစ်ဟာ ပထမပိုင်းမှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှုလည်း ၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်မှာ ၄-၂ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ၂ ပွဲကစား ၆ မှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးကနေ ပေါင် ၄၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့် အာဆင်နယ်ကစားသမားဘဝကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီးနောက် ၎င်းရဲ့အသင်းဟောင်းနဲ့ပတ်သက်ပြီး မကောင်းပြောတာမျိုး မပြုလုပ်ခဲ့သူဖြစ်ပါတယ်။

“ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဘာလို့လဲဆိုတော့ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားရာမှာ ကောင်းကောင်း ကစားနိုင်ခဲ့ကြလို့ပါ။ ကျွန်တော် ဂိုးတွေသွင်းယူနိုင်ဖို့ နေ့တိုင်း အချိန်ရှိသရွေ့ အလုပ်လုပ်နေပါတယ်။ ကျွန်တော် မန်စီးတီးမှာတုန်းက မပျော်မရွှင်ဖြစ်ခဲ့တယ်။ ကျွန်တော်က ဘောလုံးကစားချင်ရုံဖြစ်ပြီး အသင်းကလည်း နားလည်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ရာသီကုန်မှာ မန်စီးတီးရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဆာဂျီယို အဂွေရို ထွက်ခွာပြီးနောက် ဂျေဆူးစ်အနေနဲ့ မန်ချက်စတာကလပ်ရဲ့ တစ်ဦးတည်းသော စီနီယာကျောနံပါတ် ၉ ကစားသမားအဖြစ်နဲ့ ပွဲကစားချိန် ပိုမိုရရှိလိမ့်မယ်လို့ ထင်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာက တိုက်စစ်မှူးအစစ် အသုံးမပြုတဲ့ False-nine ကစားကွက်နဲ့ ကစားဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ မကြာခဏ တောင်ပံတိုက်စစ်နေရာမှာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ဂါဘရီယယ်လ် ဂျေဆူးစ်ဟာ မန်စီးတီးအတွက် ၂၈ ပွဲ ပါဝင်ကစားပေးပြီး အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ၁၈၇၈ မိနစ်သာ ကစားခဲ့ရတာကြောင့် အတိအကျပြောရရင် ပွဲ ၂၀ ကျော်တယ်ဆိုရုံလောက်သာ ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ဂါဘရီယယ်လ် ဂျေဆူးစ် မန်စီးတီးမှာ လိုချင်ခဲ့တဲ့ ပွဲကစားချိန်ကို ပေးနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်အစ ပွဲစဉ် ၂ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားခွင့်ပေးခဲ့ရာမှာ ဘရာဇီးလ်ကြယ်ပွင့်ဟာ မိနစ် ၁၈၀ မှာ ၁၆၇ မိနစ်အထိ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ဂျေဆူးစ်ဟာ အာဆင်နယ်ရဲ့ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း လက်စတာစီးတီးနဲ့ပွဲစဉ်မှာတော့ ဟက်ထရစ် မရခဲ့တာကြောင့် စိတ်ပျက်ခဲ့မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI: အာဆင္နယ္တိုက္စစ္မႉး ဂါဘရီယယ္လ္ ေဂ်ဆူးစ္က စေနေန႔ညေနက လက္စတာစီးတီးနဲ႔ပြဲမွာ ၂ ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ မန္စီးတီးကေန ထြက္ခြာခဲ့ရတဲ့ အဓိကအေၾကာင္းအရင္းဟာ ဂိုးေတြ သြင္းယူႏိုင္ဖို႔ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေဂ်ဆူးစ္ဟာ ပထမပိုင္းမွာ ၂ ဂိုးသြင္းယူေပးခဲ့ၿပီး ဂိုးဖန္တီးမႈလည္း ၂ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ အာဆင္နယ္အသင္းဟာ အမ္းမရိတ္စ္မွာ ၄-၂ နဲ႔ အထင္ႀကီးဖြယ္ ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီး ၂ ပြဲကစား ၆ မွတ္နဲ႔ အမွတ္ေပးဇယား ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးကေန ေပါင္ ၄၇ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္ အာဆင္နယ္ကစားသမားဘဝကို အေကာင္းဆုံးစတင္ႏိုင္ခဲ့ၿပီးေနာက္ ၎ရဲ႕အသင္းေဟာင္းနဲ႔ပတ္သက္ၿပီး မေကာင္းေျပာတာမ်ိဳး မျပဳလုပ္ခဲ့သူျဖစ္ပါတယ္။

“ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ခက္ခဲတဲ့ ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ကစားရာမွာ ေကာင္းေကာင္း ကစားႏိုင္ခဲ့ၾကလို႔ပါ။ ကြၽန္ေတာ္ ဂိုးေတြသြင္းယူႏိုင္ဖို႔ ေန႔တိုင္း အခ်ိန္ရွိသေ႐ြ႕ အလုပ္လုပ္ေနပါတယ္။ ကြၽန္ေတာ္ မန္စီးတီးမွာတုန္းက မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တယ္။ ကြၽန္ေတာ္က ေဘာလုံးကစားခ်င္႐ုံျဖစ္ၿပီး အသင္းကလည္း နားလည္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

၂၀၂၀-၂၀၂၁ ရာသီကုန္မွာ မန္စီးတီးရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ဆာဂ်ီယို အေဂြ႐ို ထြက္ခြာၿပီးေနာက္ ေဂ်ဆူးစ္အေနနဲ႔ မန္ခ်က္စတာကလပ္ရဲ႕ တစ္ဦးတည္းေသာ စီနီယာေက်ာနံပါတ္ ၉ ကစားသမားအျဖစ္နဲ႔ ပြဲကစားခ်ိန္ ပိုမိုရရွိလိမ့္မယ္လို႔ ထင္မွတ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာက တိုက္စစ္မႉးအစစ္ အသုံးမျပဳတဲ့ False-nine ကစားကြက္နဲ႔ ကစားဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ မၾကာခဏ ေတာင္ပံတိုက္စစ္ေနရာမွာ ပါဝင္ကစားေပးခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ဟာ မန္စီးတီးအတြက္ ၂၈ ပြဲ ပါဝင္ကစားေပးၿပီး အသင္းကို ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ၁၈၇၈ မိနစ္သာ ကစားခဲ့ရတာေၾကာင့္ အတိအက်ေျပာရရင္ ပြဲ ၂၀ ေက်ာ္တယ္ဆို႐ုံေလာက္သာ ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ မန္စီးတီးမွာ လိုခ်င္ခဲ့တဲ့ ပြဲကစားခ်ိန္ကို ေပးႏိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္အစ ပြဲစဥ္ ၂ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားခြင့္ေပးခဲ့ရာမွာ ဘရာဇီးလ္ၾကယ္ပြင့္ဟာ မိနစ္ ၁၈၀ မွာ ၁၆၇ မိနစ္အထိ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ေဂ်ဆူးစ္ဟာ အာဆင္နယ္ရဲ႕ ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့ေပမယ့္လည္း လက္စတာစီးတီးနဲ႔ပြဲစဥ္မွာေတာ့ ဟက္ထရစ္ မရခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.