Analysis Article Premier League

လက်စတာကို ချေမှုန်းခဲ့တဲ့ အာဆင်နယ်တို့ရဲ့ နိုင်ပွဲက မှတ်မှတ်ရရ ပြောစရာများ

ဂျေဆူးစ်ရဲ့ ဆရာအဆင့် လမ်းပြပေးမှု
အာဆင်နယ်တို့နဲ့ ပဲလေ့စ်ကို ဂိုးမရခဲ့ပေမယ့် ဒီနေ့ ပထမဆုံး အိမ်ကွင်းပွဲစဉ်မှာတော့ တိုက်စစ်မှူး ဂျေဆူးစ်အနေနဲ့ နှစ်ဂိုးသွင်းနိုင်ခဲ့သလို နှစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မန်စီးတီးဟောင်း ဘရာဇီးလ်သားရဲ့ တောင်းဆိုတဲ့ စံနှုန်းတွေကို ရီးရဲလ်မက်ဒရစ်မှာ ကစားလာခဲ့တဲ့ အော်ဒီဂွါဒ်နဲ့ ဆာကာတို့တောင် လိုက်နိုင်ဖို့ ခက်နေပြီး တစ်နိုင်ငံတည်းသား မာတီနယ်လီနဲ့ ဆွစ်ဇာလန်နဲ့ အတွေ့အကြုံများသူ ချာကာတို့ပဲ လိုက်မီနိုင်ခဲ့တာပါ။ သူ့ရဲ့ ပထမဆုံး အမ်းမရိတ်ပွဲကတော့ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပြီး ဟက်ထရစ်သာ ရခဲ့ရင် ဒီထက်ပို ပြီးပြည့်စုံသွားမှာလည်းဖြစ်ပါတယ်။

မန်စီးတီး ကော်ပီသီချင်းနဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာကတော့ ဒီနေ့မှာလည်း ကီရန် တီယာနီကို အရန်ခုံမှာ ထားခဲ့တာက ကွင်းလယ်မှာ ကောင်းကောင်းကစားမယ့် ဇင်ချန်ကို,ကို အသုံးပြုဖို့ဖြစ်ပါတယ်။ ဘယ်နောက်ခံလူအဖြစ် ဂါဘရီယယ်လ်က ကစားခဲ့သလို ကွင်းလယ်က ပါတေးကပါ နောက်အထိ ဆင်းထိန်းခဲ့ပြီး ဆာလီဘာနဲ့ သုံးယောက်တန်းခံစစ်လုပ်ခဲ့ချိန်မှာ ဇင်ချန်ကိုနဲ့ ဘန်ဝှိုက်တို့ကတော့ အတွင်းဝင်ကစားသွားခဲ့ကြတာပါ။ ဒီအတွက် ချာကာ အခွင့်အရေးတွေ ပိုရလာခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့ချိန်မှာ ခံစစ်အားနည်းတဲ့ ယူကရိန်းသားကိုတော့ လက်စတာတို့ အရှိန်မြှင့်ချိန်မှာ ပြန်ထုတ်ခဲ့ရတာဖြစ်ပါတယ်။

ပေါင်သန်း ၉၀ တန်ကို အရူးလုပ်တဲ့ မာတီနယ်လီ
အာဆင်နယ် ဘယ်တောင်ပံနဲ့ တိုက်စစ်မှာ နှစ်မျိုးနေရာယူကစားခဲ့တဲ့ ဂါဘရီယယ်လ် မာတီနယ်လီကတော့ ဒီနေ့မှာ သူ့ကို ထိန်းချုပ်ဖို့ တာဝန်ကျတဲ့ လက်စတာရဲ့ ပေါင်သန်း ၉၀ တန် ဈေးခေါ်ထားတဲ့ ဝက်စ်လီ ဖိုဖာနာကို အလဲလဲ အကွဲကွဲဖြစ်အောင် လုပ်ခဲ့ပြီး ဒိုင်လူကြီးသာ မသက်ညှာရင် နှစ်ဝါထိလောက်တဲ့အထိ ပညာပြသွားခဲ့တာပါ။ ဘရာဇီးလ်သားအနေနဲ့ ဒီနေ့မှာ နှစ်ပွဲဆက် ပရီးမီးယားလိဂ်ဂိုးကို ရရှိခဲ့တာဖြစ်ပြီး ဘယ်ခြေကန်ချက်က အားပါပြင်းထန်မှုနဲ့ အသင်းအတွက် အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို ရယူပေးခဲ့သလို လက်စတာတို့ရဲ့ ညာခြမ်းခံစစ်ကို အလုပ်ရှုပ်စေခဲ့တာဖြစ်ပါတယ်။

ဆရာတွေနဲ့ လိုက်ရုန်းရဦးမယ့် အင်္ဂလန်သားနဲ့ နော်ဝေသား
အရင်တုန်းကတော့ အာဆင်နယ်တို့ရဲ့ တိုက်စစ်က ညာခြမ်းမှာဖြစ်ပြီး ဆာကာနဲ့ အော်ဒီဂွါဒ်တို့က ဆရာကြီးတွေပါ။ လက်ရှိမှာတော့ အသင်းရဲ့ တိုက်စစ်က ဘယ်ခြမ်းမှာ ဇင်ချန်ကို၊ မာတီနယ်လီ၊ ချာကာနဲ့ နေရာစုံရောက်နေတဲ့ ဂျေဆူးစ်တို့ကို အခြေပြုပြီး ဟိုနှစ်ယောက်ကတော့ မှေးမှိန်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဆာကာရော အော်ဒီဂွါဒ်ပါ အာတီတာတောင်းဆိုထားတဲ့ မန်စီးတီးစံနှုန်းကို မလိုက်နိုင်သေးဘဲဖြစ်နေသလို နှစ်ပွဲဆက်တိုက် ခြေပျောက်ခဲ့ပြီး Lone Winger ကစားရမယ့် မာရက်ဇ်ရဲ့ Inverted Winger Role နဲ့ ကွင်းလယ်မှာနေပြီး လိုတာနဲ့ ရှေ့တက်နေရာယူ တိုက်စစ်ဆင်ရမယ့် ဒီဘရိုင်းနားရဲ့ Attacking Midfielder Role တွေကို အင်္ဂလန်သားနဲ့ နော်ဝေသား နားလည်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။

ဇင်ချန်ကို ထပ်တိုးပေးခဲ့တဲ့ ဆွစ်လူမိုက်ရဲ့ တန်ဖိုး
အာတီတာအနေနဲ့ ခံစစ်မှာ သိပ်အားမကိုးရတဲ့ ဇင်ချန်ကို,ကို ဘာဖြစ်လို့ ခေါ်ခဲ့တာလဲလို့ မေးရင် ချာကာရဲ့ ပုံစံသစ်က အဖြေဖြစ်ပါတယ်။ ကွင်းလယ်မှာ အသင်းဖော်တွေအတွက် မိုက်ပေးမယ့် ဆွစ်လူမိုက်ဟာ ယူကရိန်းမှော်ဆရာကြောင့် မလိုအပ်ဘဲ မိုက်စရာ မလိုတော့တာပါ။ ဇင်ချန်ကိုရဲ့ တောင်ပံနဲ့ ကွင်းလယ်က လိုတဲ့နေရာကို ဝင်ကစားနိုင်တဲ့ ဉာဏ်ရည်မြင့်မားမှုက စွယ်စုံရတယ်လို့ ပြောနေကျတဲ့ မိတ်လန်းနိုင်းလ်စ်တို့ကို မူကြိုအဆင့်သာ ဖြစ်ကြောင်း ပြသနိုင်ခဲ့သလို သူ့ရှေ့က ကစားရတဲ့ ချာကာကိုတော့ တိုက်စစ်မှာ အင်နဲ့အားနဲ့ တိုးဝင်နိုင်စေခဲ့တာပါ။ ဆွစ်ဇာလန်သားဟာ ဒီနေ့မှာ သူ့ရဲ့ လွတ်လွတ်လပ်လပ် ကစားပုံမှာ ဖန်တီးမှု တစ်ကြိမ်နဲ့ တစ်ဂိုးကို မှတ်တမ်းထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆာလီဘာအပေါ် ပရိသတ်ရဲ့ နှစ်သိမ့်မှု
ပဲလေ့စ်နဲ့ အဖွင့်ပွဲစဉ်မှာ Man of the Match ရခဲ့တဲ့ ဆာလီဘာဟာ ဒီနေ့ပွဲမှာလည်း တော်တော်လေး Strong ဖြစ်ခဲ့တာ သိသာပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းအစမှာတော့ ဘန်ဝှိုက်ရဲ့ နေရာယူပုံ ညံ့ဖျင်းမှု၊ ခေါင်းတိုက်ဖျက်ရမယ့် အလုံးကို လွတ်သွားခဲ့မှုကြောင့် ဓားစာခံဖြစ်ခဲ့ရပြီး သူ့ဆီကို ရောက်လာစရာမရှိတဲ့ ဘောလုံးကို ဝါရင့်တိုက်စစ်မှူး ဗာဒီနဲ့ ယှဉ်ပြိုင်ကိုင်တွယ်ခဲ့ရရာမှာတော့ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။ ပရိသတ်တွေကတော့ သူ့ကို အားမငယ်စေဖို့ ဘောလုံးထိတိုင်း လက်ခုပ်တီး အားပေးခဲ့ကြပြီး ဆေးထိုးခဲ့တဲ့ ဘန်ဝှိုက်ကတော့ လာမယ့်ပွဲတွေမှာ တိုမီယာစုကို နေရာဖယ်ပေးရလောက်ပြီ ဖြစ်ပါတယ်။

ရပလိုင်းမြန်တဲ့ အာဆင်နယ် ချက်ဘောက်စ်
အာဆင်နယ်သာ Messenger Chat Box တစ်ခုကို ကိုင်တွယ်နေခဲ့တာဆိုရင် ဒီနေ့မှာ သူတို့ရဲ့ Reply မြန်မှုက နိုင်ပွဲရဖို့ အဓိက ကျခဲ့ပါတယ်။ လက်စတာတို့ရဲ့ ဒုတိယပိုင်းမှာ ဂိုးသွင်းယူချိန်တွေမှာ ဂန်းနားတွေအနေနဲ့ ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ရင် သူတို့အတွက် ဖိအားက ပိုကြီးလာမှာဖြစ်ပေမယ့် တစ်ဂိုးအကွာကို ရောက်တိုင်း မာဂျင်က နှစ်ဂိုးဖြစ်နေအောင် တစ်မိနစ်ကျော် နှစ်မိနစ်အတွင်းမှာ ပြန်ပြီးတိုးမြှင့်ထားနိုင်ခဲ့တာပါ။ လက်စတာတို့အနေနဲ့ ဂိုးသွင်းပြီးရင် သရေရဖို့ ဖိကစားမယ်ဆိုတဲ့ စိတ်တွေ ဘယ်နားရောက်သွားမလဲလို့ အာဆင်နယ်ပရိသတ်တွေ ရယ်ပွဲဖွဲ့နေကြမှာတော့ သေချာပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်ဆူးစ္ရဲ႕ ဆရာအဆင့္ လမ္းျပေပးမႈ
အာဆင္နယ္တို႔နဲ႔ ပဲေလ့စ္ကို ဂိုးမရခဲ့ေပမယ့္ ဒီေန႔ ပထမဆုံး အိမ္ကြင္းပြဲစဥ္မွာေတာ့ တိုက္စစ္မႉး ေဂ်ဆူးစ္အေနနဲ႔ ႏွစ္ဂိုးသြင္းႏိုင္ခဲ့သလို ႏွစ္ဂိုး ဖန္တီးေပးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ မန္စီးတီးေဟာင္း ဘရာဇီးလ္သားရဲ႕ ေတာင္းဆိုတဲ့ စံႏႈန္းေတြကို ရီးရဲလ္မက္ဒရစ္မွာ ကစားလာခဲ့တဲ့ ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ေတာင္ လိုက္ႏိုင္ဖို႔ ခက္ေနၿပီး တစ္ႏိုင္ငံတည္းသား မာတီနယ္လီနဲ႔ ဆြစ္ဇာလန္နဲ႔ အေတြ႕အႀကဳံမ်ားသူ ခ်ာကာတို႔ပဲ လိုက္မီႏိုင္ခဲ့တာပါ။ သူ႔ရဲ႕ ပထမဆုံး အမ္းမရိတ္ပြဲကေတာ့ အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့ၿပီး ဟက္ထရစ္သာ ရခဲ့ရင္ ဒီထက္ပို ၿပီးျပည့္စုံသြားမွာလည္းျဖစ္ပါတယ္။

မန္စီးတီး ေကာ္ပီသီခ်င္းနဲ႔ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာကေတာ့ ဒီေန႔မွာလည္း ကီရန္ တီယာနီကို အရန္ခုံမွာ ထားခဲ့တာက ကြင္းလယ္မွာ ေကာင္းေကာင္းကစားမယ့္ ဇင္ခ်န္ကို,ကို အသုံးျပဳဖို႔ျဖစ္ပါတယ္။ ဘယ္ေနာက္ခံလူအျဖစ္ ဂါဘရီယယ္လ္က ကစားခဲ့သလို ကြင္းလယ္က ပါေတးကပါ ေနာက္အထိ ဆင္းထိန္းခဲ့ၿပီး ဆာလီဘာနဲ႔ သုံးေယာက္တန္းခံစစ္လုပ္ခဲ့ခ်ိန္မွာ ဇင္ခ်န္ကိုနဲ႔ ဘန္ဝႈိက္တို႔ကေတာ့ အတြင္းဝင္ကစားသြားခဲ့ၾကတာပါ။ ဒီအတြက္ ခ်ာကာ အခြင့္အေရးေတြ ပိုရလာခဲ့ၿပီး တစ္ဂိုးသြင္းယူႏိုင္ခဲ့ခ်ိန္မွာ ခံစစ္အားနည္းတဲ့ ယူကရိန္းသားကိုေတာ့ လက္စတာတို႔ အရွိန္ျမႇင့္ခ်ိန္မွာ ျပန္ထုတ္ခဲ့ရတာျဖစ္ပါတယ္။

ေပါင္သန္း ၉၀ တန္ကို အ႐ူးလုပ္တဲ့ မာတီနယ္လီ
အာဆင္နယ္ ဘယ္ေတာင္ပံနဲ႔ တိုက္စစ္မွာ ႏွစ္မ်ိဳးေနရာယူကစားခဲ့တဲ့ ဂါဘရီယယ္လ္ မာတီနယ္လီကေတာ့ ဒီေန႔မွာ သူ႔ကို ထိန္းခ်ဳပ္ဖို႔ တာဝန္က်တဲ့ လက္စတာရဲ႕ ေပါင္သန္း ၉၀ တန္ ေဈးေခၚထားတဲ့ ဝက္စ္လီ ဖိုဖာနာကို အလဲလဲ အကြဲကြဲျဖစ္ေအာင္ လုပ္ခဲ့ၿပီး ဒိုင္လူႀကီးသာ မသက္ညႇာရင္ ႏွစ္ဝါထိေလာက္တဲ့အထိ ပညာျပသြားခဲ့တာပါ။ ဘရာဇီးလ္သားအေနနဲ႔ ဒီေန႔မွာ ႏွစ္ပြဲဆက္ ပရီးမီးယားလိဂ္ဂိုးကို ရရွိခဲ့တာျဖစ္ၿပီး ဘယ္ေျခကန္ခ်က္က အားပါျပင္းထန္မႈနဲ႔ အသင္းအတြက္ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို ရယူေပးခဲ့သလို လက္စတာတို႔ရဲ႕ ညာျခမ္းခံစစ္ကို အလုပ္ရႈပ္ေစခဲ့တာျဖစ္ပါတယ္။

ဆရာေတြနဲ႔ လိုက္႐ုန္းရဦးမယ့္ အဂၤလန္သားနဲ႔ ေနာ္ေဝသား
အရင္တုန္းကေတာ့ အာဆင္နယ္တို႔ရဲ႕ တိုက္စစ္က ညာျခမ္းမွာျဖစ္ၿပီး ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔က ဆရာႀကီးေတြပါ။ လက္ရွိမွာေတာ့ အသင္းရဲ႕ တိုက္စစ္က ဘယ္ျခမ္းမွာ ဇင္ခ်န္ကို၊ မာတီနယ္လီ၊ ခ်ာကာနဲ႔ ေနရာစုံေရာက္ေနတဲ့ ေဂ်ဆူးစ္တို႔ကို အေျချပဳၿပီး ဟိုႏွစ္ေယာက္ကေတာ့ ေမွးမွိန္သြားခဲ့ရတာ ျဖစ္ပါတယ္။ ဆာကာေရာ ေအာ္ဒီဂြါဒ္ပါ အာတီတာေတာင္းဆိုထားတဲ့ မန္စီးတီးစံႏႈန္းကို မလိုက္ႏိုင္ေသးဘဲျဖစ္ေနသလို ႏွစ္ပြဲဆက္တိုက္ ေျခေပ်ာက္ခဲ့ၿပီး Lone Winger ကစားရမယ့္ မာရက္ဇ္ရဲ႕ Inverted Winger Role နဲ႔ ကြင္းလယ္မွာေနၿပီး လိုတာနဲ႔ ေရွ႕တက္ေနရာယူ တိုက္စစ္ဆင္ရမယ့္ ဒီဘ႐ိုင္းနားရဲ႕ Attacking Midfielder Role ေတြကို အဂၤလန္သားနဲ႔ ေနာ္ေဝသား နားလည္ဖို႔နဲ႔ ေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားရဦးမွာျဖစ္ပါတယ္။

ဇင္ခ်န္ကို ထပ္တိုးေပးခဲ့တဲ့ ဆြစ္လူမိုက္ရဲ႕ တန္ဖိုး
အာတီတာအေနနဲ႔ ခံစစ္မွာ သိပ္အားမကိုးရတဲ့ ဇင္ခ်န္ကို,ကို ဘာျဖစ္လို႔ ေခၚခဲ့တာလဲလို႔ ေမးရင္ ခ်ာကာရဲ႕ ပုံစံသစ္က အေျဖျဖစ္ပါတယ္။ ကြင္းလယ္မွာ အသင္းေဖာ္ေတြအတြက္ မိုက္ေပးမယ့္ ဆြစ္လူမိုက္ဟာ ယူကရိန္းေမွာ္ဆရာေၾကာင့္ မလိုအပ္ဘဲ မိုက္စရာ မလိုေတာ့တာပါ။ ဇင္ခ်န္ကိုရဲ႕ ေတာင္ပံနဲ႔ ကြင္းလယ္က လိုတဲ့ေနရာကို ဝင္ကစားႏိုင္တဲ့ ဉာဏ္ရည္ျမင့္မားမႈက စြယ္စုံရတယ္လို႔ ေျပာေနက်တဲ့ မိတ္လန္းႏိုင္းလ္စ္တို႔ကို မူႀကိဳအဆင့္သာ ျဖစ္ေၾကာင္း ျပသႏိုင္ခဲ့သလို သူ႔ေရွ႕က ကစားရတဲ့ ခ်ာကာကိုေတာ့ တိုက္စစ္မွာ အင္နဲ႔အားနဲ႔ တိုးဝင္ႏိုင္ေစခဲ့တာပါ။ ဆြစ္ဇာလန္သားဟာ ဒီေန႔မွာ သူ႔ရဲ႕ လြတ္လြတ္လပ္လပ္ ကစားပုံမွာ ဖန္တီးမႈ တစ္ႀကိမ္နဲ႔ တစ္ဂိုးကို မွတ္တမ္းထိုးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆာလီဘာအေပၚ ပရိသတ္ရဲ႕ ႏွစ္သိမ့္မႈ
ပဲေလ့စ္နဲ႔ အဖြင့္ပြဲစဥ္မွာ Man of the Match ရခဲ့တဲ့ ဆာလီဘာဟာ ဒီေန႔ပြဲမွာလည္း ေတာ္ေတာ္ေလး Strong ျဖစ္ခဲ့တာ သိသာပါတယ္။ ဒါေပမယ့္ ဒုတိယပိုင္းအစမွာေတာ့ ဘန္ဝႈိက္ရဲ႕ ေနရာယူပုံ ညံ့ဖ်င္းမႈ၊ ေခါင္းတိုက္ဖ်က္ရမယ့္ အလုံးကို လြတ္သြားခဲ့မႈေၾကာင့္ ဓားစာခံျဖစ္ခဲ့ရၿပီး သူ႔ဆီကို ေရာက္လာစရာမရွိတဲ့ ေဘာလုံးကို ဝါရင့္တိုက္စစ္မႉး ဗာဒီနဲ႔ ယွဥ္ၿပိဳင္ကိုင္တြယ္ခဲ့ရရာမွာေတာ့ ကိုယ့္ဂိုးကိုယ္ သြင္းမိခဲ့တာပါ။ ပရိသတ္ေတြကေတာ့ သူ႔ကို အားမငယ္ေစဖို႔ ေဘာလုံးထိတိုင္း လက္ခုပ္တီး အားေပးခဲ့ၾကၿပီး ေဆးထိုးခဲ့တဲ့ ဘန္ဝႈိက္ကေတာ့ လာမယ့္ပြဲေတြမွာ တိုမီယာစုကို ေနရာဖယ္ေပးရေလာက္ၿပီ ျဖစ္ပါတယ္။

ရပလိုင္းျမန္တဲ့ အာဆင္နယ္ ခ်က္ေဘာက္စ္
အာဆင္နယ္သာ Messenger Chat Box တစ္ခုကို ကိုင္တြယ္ေနခဲ့တာဆိုရင္ ဒီေန႔မွာ သူတို႔ရဲ႕ Reply ျမန္မႈက ႏိုင္ပြဲရဖို႔ အဓိက က်ခဲ့ပါတယ္။ လက္စတာတို႔ရဲ႕ ဒုတိယပိုင္းမွာ ဂိုးသြင္းယူခ်ိန္ေတြမွာ ဂန္းနားေတြအေနနဲ႔ ခ်က္ခ်င္း မတုံ႔ျပန္ႏိုင္ခဲ့ရင္ သူတို႔အတြက္ ဖိအားက ပိုႀကီးလာမွာျဖစ္ေပမယ့္ တစ္ဂိုးအကြာကို ေရာက္တိုင္း မာဂ်င္က ႏွစ္ဂိုးျဖစ္ေနေအာင္ တစ္မိနစ္ေက်ာ္ ႏွစ္မိနစ္အတြင္းမွာ ျပန္ၿပီးတိုးျမႇင့္ထားႏိုင္ခဲ့တာပါ။ လက္စတာတို႔အေနနဲ႔ ဂိုးသြင္းၿပီးရင္ သေရရဖို႔ ဖိကစားမယ္ဆိုတဲ့ စိတ္ေတြ ဘယ္နားေရာက္သြားမလဲလို႔ အာဆင္နယ္ပရိသတ္ေတြ ရယ္ပြဲဖြဲ႕ေနၾကမွာေတာ့ ေသခ်ာပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.