Analysis Article Premier League

ဟားလန်း ဂိုးမရခဲ့ပေမယ့် စီးတီးတို့ရဲ့ ဇယားထိပ်ခရီးမှာ မှတ်မှတ်ရရဖြစ်ခဲ့တဲ့ ပြောစရာများ

ဟားလန်းရဲ့ ပါဝင်ပတ်သက်မှု
ဝက်စ်ဟမ်းပွဲအပြီး အင်တာဗျူးမှာ ရိုင်းသွားလို့ ဟားလန်း ငရဲကြီးတာလားလို့ မေးရမလိုတော့ ဖြစ်ခဲ့ပါတယ်။ ဘုန်းမောက်ဆိုတာ သူ့အတွက် ဟက်ထရစ်ဝယ်ဖို့ ဈေးချိုတဲ့ ဆိုင်တစ်ခုလို့ ထင်ခဲ့ပေမယ့် အားလုံးပဲ မှားသွားခဲ့ကြတာပါ။ စောင့်ကြည့်သူတွေရဲ့ အဆိုအရ ဒီနေ့ပွဲမှာ ဟားလန်းအနေနဲ့ ဘောလုံး ၉ ကြိမ်သာ ထိခဲ့တာဖြစ်ပြီး ဒီထဲက ပထမဆုံး ထိချက်မှာတော့ ကွင်းလယ်လူ ဂွန်ဒိုးဝမ် ဂိုးသွင်းနိုင်ဖို့ ခင်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်လို ပြိုင်ဘက်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာက “အင်္ဂလိပ်ဘောလုံးဟာ သင်ယူရတယ်”ဆိုတဲ့ စကားကို မှန်နေစေဆဲဖြစ်ခဲ့ပြီး ဟားလန်းအနေနဲ့ ဒီနေ့ပွဲကနေ သင်ခန်းစာ ယူရဦးမှာပါ။

အကောင်းဆုံးဖြစ်နေဆဲ ဒီဘရိုင်းနား
ချဲလ်ဆီးကနေ အီဒင် ဟာဇက် ရီးရဲလ်မက်ဒရစ် ရောက်သွားကတည်းက ဒီဘရိုင်းနားဟာ အကောင်းဆုံး ပရီးမီးယားလိဂ် ကွင်းလယ်လူနဲ့ အကောင်းဆုံး ဘယ်လ်ဂျီယမ်သားဖြစ်လာခဲ့တာပါ။ ဆာလားကို အမြဲလိုလို နောက်ကောက်ချနိုင်တဲ့ ဒီဘရိုင်းနားဟာ အသက် ၃၁ နှစ် ပြည့်မြောက်ခဲ့အပြီး အမြန်နှုန်းအနည်းငယ် လျော့ကျလာပေမယ့် လိုအပ်ချိန်တွေမှာ ညှစ်ရုန်းနိုင်ဆဲဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း စီးတီးတို့အတွက် ဒုတိယဂိုးကို ခြေပြောင်းပြန် ကန်ချက်နဲ့ ထင်မှတ်မထားတဲ့ အနေအထားကနေ ကန်သွင်းယူပေးနိုင်ခဲ့ပြီး ဟားလန်းတစ်ယောက် လူကျွံအနေအထားမှာ ရှိနေချိန်မှာ အမြန်ဆုံးချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကောင်းကိုလည်း ပြသနိုင်ခဲ့တာပါ။

ပုံစံပြောင်းသွားတဲ့ ခံစစ်မှူးတွေ
ဂွါဒီယိုလာရဲ့ ပြီးခဲ့တဲ့ နှစ်အထိ ပုံစံတွေမှာ ခံစစ်အစွန်လူတွေဟာ တိုက်စစ်ကစားချိန်မှာ ကွင်းလယ်ကို တက်ထောက်ပေးပြီး ကွင်းလယ်လူတွေ တိုက်စစ်ကစားနိုင်ဖို့ ပံ့ပိုးပေးပြီး Deep Cross တွေ တင်ပေးဖို့ပဲ တာဝန်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တာဝန်ပိုများလာခဲ့သလို Winger တွေအဖြစ်ပါ ပြောင်းလဲနေရာယူရပြီး တောင်ပံကစားပုံက လီဗာပူးလ်ပိုဆန်လာခဲ့တာဖြစ်ပါတယ်။ ဘုန်းမောက်လို ပိတ်ကစားတဲ့ ပြိုင်ဘက်အသင်းနဲ့ဖြစ်လို့ ဒီလောက်အထိ တိုက်စစ်လိုက်ပါခဲ့ကြတာလားလို့ မေးစရာဖြစ်ခဲ့ပေမယ့် လာမယ့်ပွဲတွေမှာရော ဒီလိုမျိုး ဆက်ကစားဦးမလားဆိုတာ စောင့်ကြည့်အကဲဖြတ်ရမှာပါ။

အတူတူ အောင်မြင်ကြတာ ကောင်းပါတယ် ဖိုဒန်ရေ
လူငယ်ချင်းကြားမှာ တစ်ခါတစ်လေ အဖုအထစ်တွေ ဖြစ်တတ်ကြပါတယ်။ အကြောင်းကတော့ ပိုဦးစားပေးခံချင်တာ နာမည်ကြီးချင်တာ ခြေစွမ်းပိုပြချင်တာကြောင့်ပါ။ ဒီရာသီမတိုင်ခင်အထိ မန်စီးတီးရဲ့ ပြိုင်ဘက်မရှိ လူငယ်ကြယ်ပွင့်ဟာ ဖိုဒန်ဖြစ်ပြီး ကျဉ်းထဲကျပ်ထဲတွေမှာ ဂိုးတွေလည်း ရယူတတ်သူဖြစ်ပါတယ်။ ဒီရာသီမှာတော့ သူ့ရဲ့ ပုံရိပ်ကို လွှမ်းမိုးမယ့် ဟားလန်းရောက်လာခဲ့တာက ဖိုဒန်အဖို့ အသင်းစိတ်ဓာတ်နဲ့ မာန တိုက်ပွဲဝင်စရာ ဖြစ်လာသလားလို့ မေးစရာဖြစ်ခဲ့ပြီး သူ့ရဲ့ ပွဲချိန် ၉ မိနစ်က အခွင့်အရေးဟာ မကန်ဘဲ ချိုးပေးလိုက်ရင် နော်ဝေသားအတွက် ဂိုးဖြစ်သွားမှာပါ။ ဒါပေမယ့် ကန်ဖို့ ကြိုးစားတာက ဂိုးသမား ထရေဗာစ်နဲ့ ထိထွက်ခဲ့ရပြီး အားလုံးအတွက် စိတ်ပျက်စရာပဲဖြစ်ခဲ့ရလို့ နားလည်မှု ပိုရှိကြဖို့တော့ လိုအပ်နေပါပြီ။

သွင်းဂိုး ၅၀ ပြည့် ဂွန်ဒိုးဝမ်
ဒီရာသီအစမှာ ဂွန်ဒိုးဝမ်တစ်ယောက် စီးတီးက ခွာတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဂျာမန်သားက ဆက်ရှိဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ စီးတီးကွင်းလယ်မှာ သူပါတာနဲ့ မပါတာက သိသာလွန်းပြီး သူပါခဲ့ရင် ဒီဘရိုင်းနား လှည့်ကြည့်စရာ မလိုအောင် ထိန်းချုပ်ပေးနိုင်သလို သွင်းဂိုးတွေလည်း ရယူပေးနိုင်ခဲ့တာပါ။ ဒီနေ့မှာတော့ ဘုန်းမောက်အသင်းဘက်ကို အဖွင့်ဂိုးရရှိဖို့ ဟားလန်းရဲ့ ဖန်တီးမှုကနေ တည်တည်ငြိမ်ငြိမ်နဲ့ ကန်သွင်းယူပေးခဲ့ပြီး မိုးပြာရောင် မန်ချက်စတာ ကစားသမားဘဝ သွင်းဂိုး ၅၀ ပြည့်မြောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီး နွှေးပေးတဲ့ အာကေရဲ့ မီးအား
ချဲလ်ဆီးကို ပြန်ပြောင်းတော့မယ်လို့ သတင်းတွေ ထွက်ခဲ့သလို စတမ်းဖို့ဒ်ဘရစ်ချ်ဘက်က တကယ်ပဲ ချဉ်းကပ်ခဲ့တဲ့ နောက်ခံလူ နာသန် အာကေ တစ်ယောက်တော့ အေးမရစ် လာပေါ့တ်မရှိချိန်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂျွန်စတုန်းစ်ကိုတောင် နောက်ဆုံးနေရာကို ရွှေ့ပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အသင်းဟောင်း ဘုန်းမောက်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒတ်ချ်နောက်ခံလူအနေနဲ့ ရူဘင် ဒီယက်စ်ရဲ့ တက်ဖိုက်လို့ ဖြစ်လာခဲ့တဲ့ ကွက်လပ်တွေကို အကောင်းဆုံး ပိတ်ဆို့သွားနိုင်ခဲ့ပြီး မန်စီးတီးကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ချိန်မှာ သူ့ရဲ့ ခြေစွမ်းက ဒီတွန်းအားကြောင့် မီးပေါင်ပြန်ပြည့်လာခဲ့ရတယ်လို့ ဆိုရမှာပါ။

ငါးယောက်လဲရလို့ ပျော်နေတဲ့ ဂွါဒီယိုလာ
လူစားငါးယောက်လဲခွင့်ကို ပြီးခဲ့တဲ့ နှစ်က ပရီးမီးယားလိဂ်မပါ ကျန်အင်္ဂလန်ပြည်တွင်း ပြိုင်ပွဲတွေမှာ ပေးအပ်ခဲ့ပြီး ဒီကိုတော့ ၂၀၂၂-၂၃ ရာသီ အစမှ ရောက်လာခဲ့တာပါ။ အဓိကအားဖြင့်တော့ ကာတာကမ္ဘာ့ဖလားကို ရာသီဝက်ကြီးမှာ ဖောက်ပြီး သွားကစားရမယ့် အသင်းတွေအတွက် ကစားသမား တွေကို အနားပေးနိုင်ဖို့လည်း ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးလို လူအင်အားကြွယ်ဝတဲ့ အသင်းတစ်သင်းအဖို့တော့ ဒီအခွင့်အရေးက တန်ဖိုးရှိခဲ့ပြီး လူကောင်းတွေကို အနားပေးနိုင်သလို လူငယ်တွေကိုလည်း အခွင့်အရေးပေးနိုင်ချိန်မှာ ဒီနေ့မှာတော့ အရန်ခုံကနေ ဘာနာဒို ဆေးလ်ဗား၊ ဂျက်ခ် ဂရီးလစ်ရှ်၊ ဟူလီယန် အဲလ်ဗာရက်ဇ်၊ ဂျွန်စတုန်းစ်နဲ့ လူငယ်ကစားသမား ရီကို လူးဝစ္စတို့ကို ထည့်သွင်းကစားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဟားလန္းရဲ႕ ပါဝင္ပတ္သက္မႈ
ဝက္စ္ဟမ္းပြဲအၿပီး အင္တာဗ်ဴးမွာ ႐ိုင္းသြားလို႔ ဟားလန္း ငရဲႀကီးတာလားလို႔ ေမးရမလိုေတာ့ ျဖစ္ခဲ့ပါတယ္။ ဘုန္းေမာက္ဆိုတာ သူ႔အတြက္ ဟက္ထရစ္ဝယ္ဖို႔ ေဈးခ်ိဳတဲ့ ဆိုင္တစ္ခုလို႔ ထင္ခဲ့ေပမယ့္ အားလုံးပဲ မွားသြားခဲ့ၾကတာပါ။ ေစာင့္ၾကည့္သူေတြရဲ႕ အဆိုအရ ဒီေန႔ပြဲမွာ ဟားလန္းအေနနဲ႔ ေဘာလုံး ၉ ႀကိမ္သာ ထိခဲ့တာျဖစ္ၿပီး ဒီထဲက ပထမဆုံး ထိခ်က္မွာေတာ့ ကြင္းလယ္လူ ဂြန္ဒိုးဝမ္ ဂိုးသြင္းႏိုင္ဖို႔ ခင္းေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘုန္းေမာက္လို ၿပိဳင္ဘက္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့တာက “အဂၤလိပ္ေဘာလုံးဟာ သင္ယူရတယ္”ဆိုတဲ့ စကားကို မွန္ေနေစဆဲျဖစ္ခဲ့ၿပီး ဟားလန္းအေနနဲ႔ ဒီေန႔ပြဲကေန သင္ခန္းစာ ယူရဦးမွာပါ။

အေကာင္းဆုံးျဖစ္ေနဆဲ ဒီဘ႐ိုင္းနား
ခ်ဲလ္ဆီးကေန အီဒင္ ဟာဇက္ ရီးရဲလ္မက္ဒရစ္ ေရာက္သြားကတည္းက ဒီဘ႐ိုင္းနားဟာ အေကာင္းဆုံး ပရီးမီးယားလိဂ္ ကြင္းလယ္လူနဲ႔ အေကာင္းဆုံး ဘယ္လ္ဂ်ီယမ္သားျဖစ္လာခဲ့တာပါ။ ဆာလားကို အၿမဲလိုလို ေနာက္ေကာက္ခ်ႏိုင္တဲ့ ဒီဘ႐ိုင္းနားဟာ အသက္ ၃၁ ႏွစ္ ျပည့္ေျမာက္ခဲ့အၿပီး အျမန္ႏႈန္းအနည္းငယ္ ေလ်ာ့က်လာေပမယ့္ လိုအပ္ခ်ိန္ေတြမွာ ညႇစ္႐ုန္းႏိုင္ဆဲျဖစ္ပါတယ္။ ဒီေန႔ပြဲမွာလည္း စီးတီးတို႔အတြက္ ဒုတိယဂိုးကို ေျခေျပာင္းျပန္ ကန္ခ်က္နဲ႔ ထင္မွတ္မထားတဲ့ အေနအထားကေန ကန္သြင္းယူေပးႏိုင္ခဲ့ၿပီး ဟားလန္းတစ္ေယာက္ လူကြၽံအေနအထားမွာ ရွိေနခ်ိန္မွာ အျမန္ဆုံးခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေကာင္းကိုလည္း ျပသႏိုင္ခဲ့တာပါ။

ပုံစံေျပာင္းသြားတဲ့ ခံစစ္မႉးေတြ
ဂြါဒီယိုလာရဲ႕ ၿပီးခဲ့တဲ့ ႏွစ္အထိ ပုံစံေတြမွာ ခံစစ္အစြန္လူေတြဟာ တိုက္စစ္ကစားခ်ိန္မွာ ကြင္းလယ္ကို တက္ေထာက္ေပးၿပီး ကြင္းလယ္လူေတြ တိုက္စစ္ကစားႏိုင္ဖို႔ ပံ့ပိုးေပးၿပီး Deep Cross ေတြ တင္ေပးဖို႔ပဲ တာဝန္ရွိခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ တာဝန္ပိုမ်ားလာခဲ့သလို Winger ေတြအျဖစ္ပါ ေျပာင္းလဲေနရာယူရၿပီး ေတာင္ပံကစားပုံက လီဗာပူးလ္ပိုဆန္လာခဲ့တာျဖစ္ပါတယ္။ ဘုန္းေမာက္လို ပိတ္ကစားတဲ့ ၿပိဳင္ဘက္အသင္းနဲ႔ျဖစ္လို႔ ဒီေလာက္အထိ တိုက္စစ္လိုက္ပါခဲ့ၾကတာလားလို႔ ေမးစရာျဖစ္ခဲ့ေပမယ့္ လာမယ့္ပြဲေတြမွာေရာ ဒီလိုမ်ိဳး ဆက္ကစားဦးမလားဆိုတာ ေစာင့္ၾကည့္အကဲျဖတ္ရမွာပါ။

အတူတူ ေအာင္ျမင္ၾကတာ ေကာင္းပါတယ္ ဖိုဒန္ေရ
လူငယ္ခ်င္းၾကားမွာ တစ္ခါတစ္ေလ အဖုအထစ္ေတြ ျဖစ္တတ္ၾကပါတယ္။ အေၾကာင္းကေတာ့ ပိုဦးစားေပးခံခ်င္တာ နာမည္ႀကီးခ်င္တာ ေျခစြမ္းပိုျပခ်င္တာေၾကာင့္ပါ။ ဒီရာသီမတိုင္ခင္အထိ မန္စီးတီးရဲ႕ ၿပိဳင္ဘက္မရွိ လူငယ္ၾကယ္ပြင့္ဟာ ဖိုဒန္ျဖစ္ၿပီး က်ဥ္းထဲက်ပ္ထဲေတြမွာ ဂိုးေတြလည္း ရယူတတ္သူျဖစ္ပါတယ္။ ဒီရာသီမွာေတာ့ သူ႔ရဲ႕ ပုံရိပ္ကို လႊမ္းမိုးမယ့္ ဟားလန္းေရာက္လာခဲ့တာက ဖိုဒန္အဖို႔ အသင္းစိတ္ဓာတ္နဲ႔ မာန တိုက္ပြဲဝင္စရာ ျဖစ္လာသလားလို႔ ေမးစရာျဖစ္ခဲ့ၿပီး သူ႔ရဲ႕ ပြဲခ်ိန္ ၉ မိနစ္က အခြင့္အေရးဟာ မကန္ဘဲ ခ်ိဳးေပးလိုက္ရင္ ေနာ္ေဝသားအတြက္ ဂိုးျဖစ္သြားမွာပါ။ ဒါေပမယ့္ ကန္ဖို႔ ႀကိဳးစားတာက ဂိုးသမား ထေရဗာစ္နဲ႔ ထိထြက္ခဲ့ရၿပီး အားလုံးအတြက္ စိတ္ပ်က္စရာပဲျဖစ္ခဲ့ရလို႔ နားလည္မႈ ပိုရွိၾကဖို႔ေတာ့ လိုအပ္ေနပါၿပီ။

သြင္းဂိုး ၅၀ ျပည့္ ဂြန္ဒိုးဝမ္
ဒီရာသီအစမွာ ဂြန္ဒိုးဝမ္တစ္ေယာက္ စီးတီးက ခြာေတာ့မယ္လို႔ သတင္းေတြ ထြက္ခဲ့ေပမယ့္ ဂ်ာမန္သားက ဆက္ရွိဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။ စီးတီးကြင္းလယ္မွာ သူပါတာနဲ႔ မပါတာက သိသာလြန္းၿပီး သူပါခဲ့ရင္ ဒီဘ႐ိုင္းနား လွည့္ၾကည့္စရာ မလိုေအာင္ ထိန္းခ်ဳပ္ေပးႏိုင္သလို သြင္းဂိုးေတြလည္း ရယူေပးႏိုင္ခဲ့တာပါ။ ဒီေန႔မွာေတာ့ ဘုန္းေမာက္အသင္းဘက္ကို အဖြင့္ဂိုးရရွိဖို႔ ဟားလန္းရဲ႕ ဖန္တီးမႈကေန တည္တည္ၿငိမ္ၿငိမ္နဲ႔ ကန္သြင္းယူေပးခဲ့ၿပီး မိုးျပာေရာင္ မန္ခ်က္စတာ ကစားသမားဘဝ သြင္းဂိုး ၅၀ ျပည့္ေျမာက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီး ေႏႊးေပးတဲ့ အာေကရဲ႕ မီးအား
ခ်ဲလ္ဆီးကို ျပန္ေျပာင္းေတာ့မယ္လို႔ သတင္းေတြ ထြက္ခဲ့သလို စတမ္းဖို႔ဒ္ဘရစ္ခ်္ဘက္က တကယ္ပဲ ခ်ဥ္းကပ္ခဲ့တဲ့ ေနာက္ခံလူ နာသန္ အာေက တစ္ေယာက္ေတာ့ ေအးမရစ္ လာေပါ့တ္မရွိခ်ိန္မွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး ဂြၽန္စတုန္းစ္ကိုေတာင္ ေနာက္ဆုံးေနရာကို ေ႐ႊ႕ပစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ အသင္းေဟာင္း ဘုန္းေမာက္နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဒတ္ခ်္ေနာက္ခံလူအေနနဲ႔ ႐ူဘင္ ဒီယက္စ္ရဲ႕ တက္ဖိုက္လို႔ ျဖစ္လာခဲ့တဲ့ ကြက္လပ္ေတြကို အေကာင္းဆုံး ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး မန္စီးတီးကေန ထြက္ခြာဖို႔ နီးစပ္ခဲ့ခ်ိန္မွာ သူ႔ရဲ႕ ေျခစြမ္းက ဒီတြန္းအားေၾကာင့္ မီးေပါင္ျပန္ျပည့္လာခဲ့ရတယ္လို႔ ဆိုရမွာပါ။

ငါးေယာက္လဲရလို႔ ေပ်ာ္ေနတဲ့ ဂြါဒီယိုလာ
လူစားငါးေယာက္လဲခြင့္ကို ၿပီးခဲ့တဲ့ ႏွစ္က ပရီးမီးယားလိဂ္မပါ က်န္အဂၤလန္ျပည္တြင္း ၿပိဳင္ပြဲေတြမွာ ေပးအပ္ခဲ့ၿပီး ဒီကိုေတာ့ ၂၀၂၂-၂၃ ရာသီ အစမွ ေရာက္လာခဲ့တာပါ။ အဓိကအားျဖင့္ေတာ့ ကာတာကမာၻ႔ဖလားကို ရာသီဝက္ႀကီးမွာ ေဖာက္ၿပီး သြားကစားရမယ့္ အသင္းေတြအတြက္ ကစားသမား ေတြကို အနားေပးႏိုင္ဖို႔လည္း ရည္႐ြယ္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးလို လူအင္အားႂကြယ္ဝတဲ့ အသင္းတစ္သင္းအဖို႔ေတာ့ ဒီအခြင့္အေရးက တန္ဖိုးရွိခဲ့ၿပီး လူေကာင္းေတြကို အနားေပးႏိုင္သလို လူငယ္ေတြကိုလည္း အခြင့္အေရးေပးႏိုင္ခ်ိန္မွာ ဒီေန႔မွာေတာ့ အရန္ခုံကေန ဘာနာဒို ေဆးလ္ဗား၊ ဂ်က္ခ္ ဂရီးလစ္ရွ္၊ ဟူလီယန္ အဲလ္ဗာရက္ဇ္၊ ဂြၽန္စတုန္းစ္နဲ႔ လူငယ္ကစားသမား ရီကို လူးဝစၥတို႔ကို ထည့္သြင္းကစားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.