Match Report Premier League

တန်ဟတ်နဲ့ ဒဟေးယားရဲ့ အလှူ မန်ယူဆီက အားပါးတရ စားသုံးလိုက်တဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ်အသင်းအနေနဲ့ ဒီနေ့ အိမ်ကွင်းမှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ယန်ဆွန်၊ ဘင်မီးနဲ့ ရိုအာဆလက်ဗ်တို့ ကစားခဲ့ကြသလို ကွင်းလယ်မှာတော့ ဟစ်ကီ၊ ရီကို ဟင်နရီ၊ နော်ဂါ့ဒ်၊ ယန်ဆင်၊ ဒါဆေးလ်ဗားတို့နဲ့ အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ တိုနီနဲ့ အမ်ဘူးမိုတို့တွဲပြီး ပွဲထွက်လာခဲ့ကြပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကတော့ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ ပွဲထွက်ခဲ့ကြပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ အဲရစ်ဆန်၊ ဖာနန်ဒက်စ်တို့နဲ့ စုဖွဲ့ခဲ့ကြသလို တိုက်စစ်မှာတော့ ရော်နယ်လ်ဒို၊ ရက်ရှ်ဖို့ဒ်နဲ့ ဆန်ချိုတို့ ကစားခဲ့ကြတာပါ။

အိမ်ရှင်နည်းပြ သောမတ်စ် ဖရန့်ခ်ကတော့ သူ့အသင်းကို ဘောလုံးကိုင်ကစားဖို့ထက် အဖျက်ကစားပြီး လျင်လျင်မြန်မြန် တိုက်စစ်ဆင်ဖို့ကိုပဲ ညွှန်ကြားထားခဲ့ချိန်မှာ ဘောလုံးကိုင်နေကျ မဟုတ်ဘဲ နည်းပြသစ် တန်ဟတ်လက်ထက်မှ ပုံပြောင်းကစားရလို့ အသားမကျသေးတဲ့ ယူနိုက်တက်တို့ အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုလည်းဖြစ်ခဲ့ပါတယ်။

နောက်ခံလူ မာတီနက်ဇ်ရဲ့ အင်္ဂလန်ဘောလုံးလောကအကြောင်း လေ့လာသင်ယူနေရဆဲအချိန်မှာ ခေါင်းကြီးနဲ့ တွဲပေးလိုက်တာကတော့ ဘူးသီး အမွေးသပ်လိုက်သလိုဖြစ်စေပြီး ကြီးထွားသန်မာလာဖို့ ယုံကြည်ချက် ပျောက်စေသလို အာဂျင်တီးနားသားအနေနဲ့ ဘရန့်ဖို့ဒ်ရဲ့ မာကျောလွန်းတဲ့ တိုနီနဲ့ အမ်ဘူးမိုတို့ရဲ့ တိုးအားကို ရင်ဆိုင်ဖို့ ဗဟိုခံစစ်မှာ ယှဉ်မဖိုက်နိုင်ဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ အဖွင့်ဂိုးရရှိခဲ့ပြီး ကွင်းလယ်မှာ ရော်နယ်လ်ဒို ဘောလုံးထိန်းနေတာကို နောက်က နော်ဂါ့ဒ်က လုယူဖို့ ကြိုးစားနေတုန်း ရှေ့ကနေ ဝိုင်းလုသွားခဲ့တဲ့ ယန်ဆင်က ညာခြမ်းကို ထုတ်ပေးရာမှာ ရသွားခဲ့တဲ့ ဒါဆေးလ်ဗားက အဝေးကနေ အနိမ့်ဘော ကန်သွင်းရာမှာ ဘောလုံးက သိပ်မပြင်းပေမယ့် ဒဟေးယား လက်ထဲက ချော်ထွက်သွားခဲ့လို့ ယူနိုက်တက်တို့အတွက် ခါးသီးခဲ့ရပါတယ်။

ယူနိုက်တက်တို့ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်မှာ ဘယ်ကစားသမားက အဓိကမှန်း မသိဘဲဖြစ်နေခဲ့ပြီး ဖာနန်ဒက်စ်ကို ဗဟိုပြုကစားမှာလား ရော်နယ်ဒိုကိုပဲ ဘောလုံးပေးရမှာလားဆိုတဲ့ ပြဿနာက ကြီးမားခဲ့သလို တောင်ပံသမားတွေဖြစ်ကြတဲ့ ဆန်ချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း နေရာလွတ်တွေ မရှာဖွေနိုင်ခဲ့လို့ ဘောလုံးပိုင်ဆိုင်မှုသာ ကြီးမားခဲ့ပြီး အလုပ်မဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဂိုးသမား ဒဟေးယားရဲ့ အန္တရာယ်ကို မမြင်ဘဲ အဲရစ်ဆန်ဆီ ဘောလုံးပေးခဲ့ချိန်မှာ နောက်ကနေ Pressing လိုက်ပါလာတဲ့ တစ်ဖက်ကွင်းလယ်လူ ယန်ဆင် လုယူရရှိသွားခဲ့ပြီး အဲရစ်ဆန်နဲ့ ကွယ်နေတဲ့ ဒဟေးယားကို မျက်လှည့်ပြပြီးမှ ဒိုက်မပစ်တဲ့ တခြားဘက်ကို ကန်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ခေါင်းကြီး မက်ဂွိုင်းယားနဲ့ တွဲကစားနေရတဲ့ မာတီနက်ဇ်ကတော့ တဖြည်းဖြည်း သနားစရာကောင်းလာခဲ့ပြီး သူ့ကို အသားကျဖို့ တွဲဖက် နောက်ခံလူက ကူညီပေးရမယ့် အချိန်မှာ ဦးဆောင်နိုင်စွမ်း နည်းသလို တလွဲတွေ လုပ်နေတဲ့ အသင်းခေါင်းဆောင်ကြောင့် အရပ်အမောင်း ပိုမိုသာလွန်တဲ့ ပြိုင်ဘက်တွေကြားမှာ နေရာယူပုံပါ ဆိုးရွားသွားခဲ့ပြီး ထိရောက်တဲ့ ဖျက်ထုတ်မှုမျိုးတွေ မလုပ်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ဘရန့်ဖို့ဒ်တို့ တတိယဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ထောင့်ကန်ဘောကို အမ်ဘူးမိုက အားလုံးကို ကျော်ပြီး အဝေးတိုင်ဘက်ကို ကန်ပို့ခဲ့ရာမှာ အဆင်သင့် နေရာယူထားတဲ့ တိုနီက ထောင့်ဖြတ်ခေါင်းပြန်တိုက်ပြီး တင်ပေးတာကို မဖျက်နိုင်ဘဲ ဟန်ချက်ပျက်နေခဲ့တဲ့ မာတီနက်ဇ်ထက်အရင် နောက်ခံလူ ဘန်မီးက ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာပါ။

ယူနိုက်တက်တို့ရဲ့ ဆိုးရွားမှုကတော့ ဒီလောက်နဲ့တင် ရပ်တန့်သွားခြင်း မရှိသေးဘဲ ပွဲချိန် ၃၅ မိနစ်မှာ နောက်ထပ်တစ်ကြိမ် ပျားတုပ်ခံခဲ့ရသလို ဘရန့်ဖို့ဒ်တို့အတွက် စတုတ္ထမြောက်ဂိုးကို တန်ပြန်တိုက်စစ်ကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းက ရသွားတဲ့ တိုနီက ဖြတ်တင်ပေးခဲ့ရာမှာ အမ်ဘူးမိုက ဝင်ဖျက်တဲ့ လုခ်ရှောကို တစ်ချက်လှည့်ထွက်ပြီးမှ ကူကယ်ရာမဲ့ ဒဟေးယားကို မြေလှိမ့်ဘောကန်သွင်းပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဘရန့်ဖို့ဒ်တို့က ယူနိုက်တက်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ ပြတ်ပြတ်သားသား ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ နည်းပြ တန်ဟတ်က ကွင်းထဲ ပြန်မဝင်ရမယ့်သူတွေအဖြစ် မာတီနက်ဇ်၊ လုခ်ရှောနဲ့ ဖရက်ဒ်တို့ ဘယ်သန်သုံးဖော်ကို သတ်မှတ်ခဲ့ပြီး ဗာရွန်း၊ မာလာစီယာနဲ့ မက်တော်မီနေးတို့ကို လူစားထည့်သွင်းလာခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း အရင်လိုပဲ ဘောလုံးပိုင်ဆိုင်မှုကို ယူနိုက်တက်တို့ ၆၀ ရာခိုင်နှုန်းအထက်မှာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက်ထပ် ၁၀ ကြိမ် ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးပေါက်တည့်မှုကတော့ ၂ ကြိမ်သာ ပါခဲ့သလို ပွဲကို စိုးမိုးထားနိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်တို့ကို ချေပဂိုး ပြန်ရဖို့တော့ ရော်နယ်လ်ဒို အပါအဝင် ဘယ်သူကမှ မစွမ်းနိုင်ခဲ့ကြတာပါ။

ဘရန့်ဖို့ဒ်ဘက်ကတော့ ခပ်စောစောကတည်းက လူငါးယောက်ပြည့်အောင် လဲကစားသွားပြီး ဒါဆေးလ်ဗား၊ အမ်ဘူးမို၊ ယန်ဆင်၊ နော်ဂါ့ဒ်နဲ့ ဟစ်ကီတို့ နေရာတွေမှာ ယန်နဲ့လ်၊ ဝစ်ဆာ၊ ဘက်ပ်တစ္စ၊ အွန်ယီကာနဲ့ ဆိုရန်ဆန်တို့ကို ထည့်သွင်းသွားခဲ့လို ယူနိုက်တက်တို့ကတော့ ဆန်ချိုနဲ့ အဲရစ်ဆန်တို့ အစား အီလန်ဂါနဲ့ ဗန်ဒဘိခ်တို့ကို ထပ်ထည့်ခဲ့ပေမယ့် ရလဒ်ကတော့ မပြောင်းလဲဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကွန်မြူနတီကွင်းမှာ အိမ်ရှင် ဘရန့်ဖို့ဒ်တို့အနေနဲ့ နည်းပြသစ်နဲ့ အသင်းကြားမှာ အစေးမကပ်သေးဘဲ အလှူလာလုပ်တဲ့ မန်ချက်စတာယူနိုက်တက်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ အားရပါးရ အနိုင်ယူခဲ့ပြီး အဆင့် ၃ နေရာကို တက်လှမ်းလာခဲ့ချိန်မှာ ဧည့်သည် သရဲနီတွေကတော့ ပရီးမီးယားလိဂ်ရဲ့ ဇယားအောက်ဆုံး အဆင့် ၂၀ ကို ရွေးချယ်သွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရန႔္ဖို႔ဒ္အသင္းအေနနဲ႔ ဒီေန႔ အိမ္ကြင္းမွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ယန္ဆြန္၊ ဘင္မီးနဲ႔ ႐ိုအာဆလက္ဗ္တို႔ ကစားခဲ့ၾကသလို ကြင္းလယ္မွာေတာ့ ဟစ္ကီ၊ ရီကို ဟင္နရီ၊ ေနာ္ဂါ့ဒ္၊ ယန္ဆင္၊ ဒါေဆးလ္ဗားတို႔နဲ႔ အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ တိုနီနဲ႔ အမ္ဘူးမိုတို႔တြဲၿပီး ပြဲထြက္လာခဲ့ၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ မာတီနက္ဇ္၊ ဒါေလာ့နဲ႔ လုခ္ေရွာတို႔ ပြဲထြက္ခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ အဲရစ္ဆန္၊ ဖာနန္ဒက္စ္တို႔နဲ႔ စုဖြဲ႕ခဲ့ၾကသလို တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒို၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဆန္ခ်ိဳတို႔ ကစားခဲ့ၾကတာပါ။

အိမ္ရွင္နည္းျပ ေသာမတ္စ္ ဖရန႔္ခ္ကေတာ့ သူ႔အသင္းကို ေဘာလုံးကိုင္ကစားဖို႔ထက္ အဖ်က္ကစားၿပီး လ်င္လ်င္ျမန္ျမန္ တိုက္စစ္ဆင္ဖို႔ကိုပဲ ၫႊန္ၾကားထားခဲ့ခ်ိန္မွာ ေဘာလုံးကိုင္ေနက် မဟုတ္ဘဲ နည္းျပသစ္ တန္ဟတ္လက္ထက္မွ ပုံေျပာင္းကစားရလို႔ အသားမက်ေသးတဲ့ ယူႏိုက္တက္တို႔ အတြက္ေတာ့ ႀကီးမားတဲ့ စိန္ေခၚမႈလည္းျဖစ္ခဲ့ပါတယ္။

ေနာက္ခံလူ မာတီနက္ဇ္ရဲ႕ အဂၤလန္ေဘာလုံးေလာကအေၾကာင္း ေလ့လာသင္ယူေနရဆဲအခ်ိန္မွာ ေခါင္းႀကီးနဲ႔ တြဲေပးလိုက္တာကေတာ့ ဘူးသီး အေမြးသပ္လိုက္သလိုျဖစ္ေစၿပီး ႀကီးထြားသန္မာလာဖို႔ ယုံၾကည္ခ်က္ ေပ်ာက္ေစသလို အာဂ်င္တီးနားသားအေနနဲ႔ ဘရန႔္ဖို႔ဒ္ရဲ႕ မာေက်ာလြန္းတဲ့ တိုနီနဲ႔ အမ္ဘူးမိုတို႔ရဲ႕ တိုးအားကို ရင္ဆိုင္ဖို႔ ဗဟိုခံစစ္မွာ ယွဥ္မဖိုက္ႏိုင္ဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ အဖြင့္ဂိုးရရွိခဲ့ၿပီး ကြင္းလယ္မွာ ေရာ္နယ္လ္ဒို ေဘာလုံးထိန္းေနတာကို ေနာက္က ေနာ္ဂါ့ဒ္က လုယူဖို႔ ႀကိဳးစားေနတုန္း ေရွ႕ကေန ဝိုင္းလုသြားခဲ့တဲ့ ယန္ဆင္က ညာျခမ္းကို ထုတ္ေပးရာမွာ ရသြားခဲ့တဲ့ ဒါေဆးလ္ဗားက အေဝးကေန အနိမ့္ေဘာ ကန္သြင္းရာမွာ ေဘာလုံးက သိပ္မျပင္းေပမယ့္ ဒေဟးယား လက္ထဲက ေခ်ာ္ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔အတြက္ ခါးသီးခဲ့ရပါတယ္။

ယူႏိုက္တက္တို႔ရဲ႕ ကြင္းလယ္နဲ႔ တိုက္စစ္မွာ ဘယ္ကစားသမားက အဓိကမွန္း မသိဘဲျဖစ္ေနခဲ့ၿပီး ဖာနန္ဒက္စ္ကို ဗဟိုျပဳကစားမွာလား ေရာ္နယ္ဒိုကိုပဲ ေဘာလုံးေပးရမွာလားဆိုတဲ့ ျပႆနာက ႀကီးမားခဲ့သလို ေတာင္ပံသမားေတြျဖစ္ၾကတဲ့ ဆန္ခ်ိဳနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကလည္း ေနရာလြတ္ေတြ မရွာေဖြႏိုင္ခဲ့လို႔ ေဘာလုံးပိုင္ဆိုင္မႈသာ ႀကီးမားခဲ့ၿပီး အလုပ္မျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဂိုးသမား ဒေဟးယားရဲ႕ အႏၲရာယ္ကို မျမင္ဘဲ အဲရစ္ဆန္ဆီ ေဘာလုံးေပးခဲ့ခ်ိန္မွာ ေနာက္ကေန Pressing လိုက္ပါလာတဲ့ တစ္ဖက္ကြင္းလယ္လူ ယန္ဆင္ လုယူရရွိသြားခဲ့ၿပီး အဲရစ္ဆန္နဲ႔ ကြယ္ေနတဲ့ ဒေဟးယားကို မ်က္လွည့္ျပၿပီးမွ ဒိုက္မပစ္တဲ့ တျခားဘက္ကို ကန္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ေခါင္းႀကီး မက္ဂြိဳင္းယားနဲ႔ တြဲကစားေနရတဲ့ မာတီနက္ဇ္ကေတာ့ တျဖည္းျဖည္း သနားစရာေကာင္းလာခဲ့ၿပီး သူ႔ကို အသားက်ဖို႔ တြဲဖက္ ေနာက္ခံလူက ကူညီေပးရမယ့္ အခ်ိန္မွာ ဦးေဆာင္ႏိုင္စြမ္း နည္းသလို တလြဲေတြ လုပ္ေနတဲ့ အသင္းေခါင္းေဆာင္ေၾကာင့္ အရပ္အေမာင္း ပိုမိုသာလြန္တဲ့ ၿပိဳင္ဘက္ေတြၾကားမွာ ေနရာယူပုံပါ ဆိုး႐ြားသြားခဲ့ၿပီး ထိေရာက္တဲ့ ဖ်က္ထုတ္မႈမ်ိဳးေတြ မလုပ္ႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ တတိယဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ေထာင့္ကန္ေဘာကို အမ္ဘူးမိုက အားလုံးကို ေက်ာ္ၿပီး အေဝးတိုင္ဘက္ကို ကန္ပို႔ခဲ့ရာမွာ အဆင္သင့္ ေနရာယူထားတဲ့ တိုနီက ေထာင့္ျဖတ္ေခါင္းျပန္တိုက္ၿပီး တင္ေပးတာကို မဖ်က္ႏိုင္ဘဲ ဟန္ခ်က္ပ်က္ေနခဲ့တဲ့ မာတီနက္ဇ္ထက္အရင္ ေနာက္ခံလူ ဘန္မီးက ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာပါ။

ယူႏိုက္တက္တို႔ရဲ႕ ဆိုး႐ြားမႈကေတာ့ ဒီေလာက္နဲ႔တင္ ရပ္တန႔္သြားျခင္း မရွိေသးဘဲ ပြဲခ်ိန္ ၃၅ မိနစ္မွာ ေနာက္ထပ္တစ္ႀကိမ္ ပ်ားတုပ္ခံခဲ့ရသလို ဘရန႔္ဖို႔ဒ္တို႔အတြက္ စတုတၳေျမာက္ဂိုးကို တန္ျပန္တိုက္စစ္ကေန ကန္တင္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ရသြားတဲ့ တိုနီက ျဖတ္တင္ေပးခဲ့ရာမွာ အမ္ဘူးမိုက ဝင္ဖ်က္တဲ့ လုခ္ေရွာကို တစ္ခ်က္လွည့္ထြက္ၿပီးမွ ကူကယ္ရာမဲ့ ဒေဟးယားကို ေျမလွိမ့္ေဘာကန္သြင္းၿပီး အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က ယူႏိုက္တက္တို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ ျပတ္ျပတ္သားသား ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ နည္းျပ တန္ဟတ္က ကြင္းထဲ ျပန္မဝင္ရမယ့္သူေတြအျဖစ္ မာတီနက္ဇ္၊ လုခ္ေရွာနဲ႔ ဖရက္ဒ္တို႔ ဘယ္သန္သုံးေဖာ္ကို သတ္မွတ္ခဲ့ၿပီး ဗာ႐ြန္း၊ မာလာစီယာနဲ႔ မက္ေတာ္မီေနးတို႔ကို လူစားထည့္သြင္းလာခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း အရင္လိုပဲ ေဘာလုံးပိုင္ဆိုင္မႈကို ယူႏိုက္တက္တို႔ ၆၀ ရာခိုင္ႏႈန္းအထက္မွာ ထိန္းသိမ္းထားႏိုင္ခဲ့ၿပီး ေနာက္ထပ္ ၁၀ ႀကိမ္ ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးေပါက္တည့္မႈကေတာ့ ၂ ႀကိမ္သာ ပါခဲ့သလို ပြဲကို စိုးမိုးထားႏိုင္ခဲ့ေပမယ့္ ဘရန႔္ဖို႔ဒ္တို႔ကို ေခ်ပဂိုး ျပန္ရဖို႔ေတာ့ ေရာ္နယ္လ္ဒို အပါအဝင္ ဘယ္သူကမွ မစြမ္းႏိုင္ခဲ့ၾကတာပါ။

ဘရန႔္ဖို႔ဒ္ဘက္ကေတာ့ ခပ္ေစာေစာကတည္းက လူငါးေယာက္ျပည့္ေအာင္ လဲကစားသြားၿပီး ဒါေဆးလ္ဗား၊ အမ္ဘူးမို၊ ယန္ဆင္၊ ေနာ္ဂါ့ဒ္နဲ႔ ဟစ္ကီတို႔ ေနရာေတြမွာ ယန္နဲ႔လ္၊ ဝစ္ဆာ၊ ဘက္ပ္တစၥ၊ အြန္ယီကာနဲ႔ ဆိုရန္ဆန္တို႔ကို ထည့္သြင္းသြားခဲ့လို ယူႏိုက္တက္တို႔ကေတာ့ ဆန္ခ်ိဳနဲ႔ အဲရစ္ဆန္တို႔ အစား အီလန္ဂါနဲ႔ ဗန္ဒဘိခ္တို႔ကို ထပ္ထည့္ခဲ့ေပမယ့္ ရလဒ္ကေတာ့ မေျပာင္းလဲဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကြန္ျမဴနတီကြင္းမွာ အိမ္ရွင္ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ နည္းျပသစ္နဲ႔ အသင္းၾကားမွာ အေစးမကပ္ေသးဘဲ အလႉလာလုပ္တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အားရပါးရ အႏိုင္ယူခဲ့ၿပီး အဆင့္ ၃ ေနရာကို တက္လွမ္းလာခဲ့ခ်ိန္မွာ ဧည့္သည္ သရဲနီေတြကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ဇယားေအာက္ဆုံး အဆင့္ ၂၀ ကို ေ႐ြးခ်ယ္သြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.