Premier League

၁၄.၂.၂၀၂၀ အတွက် ချဲလ်ဆီးအသင်းနှင့် ဆက်စပ်သတင်းများ စုစည်းမှု


– အိုင်းယက်စ်တောင်ပံကစားသမား ဟာကင်မ် ဇီယက်ခ်ျကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ အိုလီဗီယေး ဂျရူး၊ ပက်ဒရို၊ ၀ီလီယန်နဲ့ ဘတ်ရှူအာယီတို့ကို ချဲလ်ဆီးအသင်းက ပြန်လည်ထုတ်ရောင်းဖို့ စတင်စီစဉ်နေပြီဖြစ်ပါတယ်။

– အိုင်းယက်စ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်က အသင်းကနေ ထွက်ခွာတော့မယ့် မော်ရိုကိုကစားသမား ဟာကင်မ် ဇီယက်ခ်ျဟာ ကစားသမားကောင်းတစ်ဦးဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။



– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က ဇီယက်ခ်ျကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်နှစ်သိမ့်နေပြီး ဒါ့အပြင် သူ့လိုပဲ အရည်အသွေးရှိတဲ့ ခံစစ်ဗဟိုတစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦးနဲ့ အထောင်တိုက်စစ်မှူးတစ်ဦးတို့ကို မိမိအနေနဲ့ ထပ်မံအလိုရှိနေသးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

REF: VARIOUS SOURCES
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– အိုင်းယက်စ်တောင်ပံကစားသမား ဟာကင်မ် ဇီယက်ချ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီးနောက် လာမယ့်နွေရာသီမှာ အိုလီဗီယေး ဂျရူး၊ ပက်ဒရို၊ ဝီလီယန်နဲ့ ဘတ်ရှူအာယီတို့ကို ချဲလ်ဆီးအသင်းက ပြန်လည်ထုတ်ရောင်းဖို့ စတင်စီစဉ်နေပြီဖြစ်ပါတယ်။

– အိုင်းယက်စ်အသင်းရဲ့ နယ်သာလန်ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်က အသင်းကနေ ထွက်ခွာတော့မယ့် မော်ရိုကိုကစားသမား ဟာကင်မ် ဇီယက်ချ်ဟာ ကစားသမားကောင်းတစ်ဦးဖြစ်တဲ့အတွက် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာလည်း အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ထောက်ခံပြောဆိုလိုက်ပါတယ်။

– ချဲလ်ဆီးဂိုးသမား ကီပါ အာရီဇာဘာလာဂါက လက်စတာစီးတီးနဲ့ပွဲမှာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့အပေါ် အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာတော့ ပွဲထွက်စာရင်းထဲ ပြန်ပါလာနိုင်မယ်လို့တော့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

– လာမယ့်နွေရာသီမှာ ခံစစ်ကစားသမားတွေဖြစ်တဲ့ ဘန်ချေးလ်ဝဲလ်နဲ့ နာသန် အေကီတို့ အပါအဝင် ကစားသမားသစ် ၄ ယောက်အတွက် ပေါင်သန်း ၁၆၀ အထိ သုံးစွဲခေါ်ယူသွားဖို့ ချဲလ်ဆီး ပြင်ဆင်နေပြီး တိုက်စစ်ပိုင်းအတွက်ကိုလည်း ရှာဖွေနေပါတယ်။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က ဇီယက်ချ်ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် ကျေနပ်နှစ်သိမ့်နေပြီး ဒါ့အပြင် သူ့လိုပဲ အရည်အသွေးရှိတဲ့ ခံစစ်ဗဟိုတစ်ဦး၊ ဘယ်နောက်ခံလူတစ်ဦးနဲ့ အထောင်တိုက်စစ်မှူးတစ်ဦးတို့ကို မိမိအနေနဲ့ ထပ်မံအလိုရှိနေသးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.