Match Report Premier League

လက်စတာတို့ရဲ့ ဖီဆန်မှုကို သာလွန်အင်အားနဲ့ ချေမှုန်းအနိုင်ယူခဲ့တဲ့ ဘာမထီ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ပဲလေ့စ်ပွဲကနဲ့ တူညီတဲ့ လူစာရင်းကိုပဲ ဆက်သုံးခဲ့ပြီး ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ပါတေး၊ ချာကာနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ မာတီနယ်လီ၊ ဆာကာနဲ့ ဂျေဆူးစ်တို့ပဲ ပွဲထွက်လာခဲ့ကြပါတယ်။

လက်စတာတို့ကတော့ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ ဖိုဖာနာ၊ အီဗန်စ်နဲ့ အမာတေတို့ ကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ကက်စတာညာ၊ အန်ဒီဒီ၊ တီးလီးမန်းစ်၊ ဂျူးစ်ဘာရီဟောလ်နဲ့ ဂျပ်စ်တင်တို့ စုဖွဲ့လာခဲ့ကြသလို တိုက်စစ်မှာတော့ ဗာဒီကိုပဲ အထောင်ထားပြီး မက်ဒီဆန်က နောက်ကလိုက် ကစားလာခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲကနဲ့ တူညီတဲ့ Problem ကိုပဲ ကြုံတွေ့နေရဆဲဖြစ်ပြီး ညာခြမ်းက အော်ဒီဂွါဒ်နဲ့ ဆာကာတို့က အစေးမကပ်ဘဲ ရှိနေခဲ့သလို တစ်ယောက် ဘာလုပ်ချင်တယ်ဆိုတာ တစ်ယောက်က လုံးဝ အကဲမခတ်နိုင်ဘဲ ပြေးလိုက်တိုင်း ဘောလုံးမပေးနိုင်တာက ၉၉ ရာနှုန်းလောက် ရှိနေခဲ့ချိန်မှာ မာတီနယ်လီ၊ ချာကာနဲ့ ဇင်ချန်ကိုတို့ရဲ့ ဘယ်ခြမ်းကပဲ တိုက်စစ်လမ်းကြောင်းတွေကို ရှာဖွေခဲ့ရတာပါ။

ဘယ်ခြမ်းက မာတီနယ်လီကို ဖိုဖာနာ မနည်းထိန်းနေရသလို အဝါကတ်ပါ ထိသွားခဲ့ပြီး ဇင်ချန်ကိုရဲ့ ကွင်းလယ်နားက စောင့်ပြီး ဖန်တီးမှုနဲ့ ချာကာရဲ့ ဧရိယာထဲကို မထင်မှတ်ဘဲ ပြေးဝင်တဲ့ မူလပုံစံနဲ့ လုံးဝမတူတော့တဲ့ Penetrating Run တွေက လက်စတာတို့ကို ခန့်မှန်းရ ခက်စေခဲ့ပြီး ကောင်တာပဲ ကစားဖို့ ဖြစ်လာခဲ့ပါတယ်။

ဘောလုံးပိုင်ဆိုင်မှု ရယူထားနိုင်ခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ပွဲချိန် ၂၃ မိနစ်မှာ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မာတီနယ်လီ ချပေးတာကို ချာကာက တစ်ချက်ထိန်းပေးရာကနေ ရတဲ့ ဘောလုံးကို ဂျေဆူးစ်က လက်စတာဂိုးသမား ဝါ့ဒ်ပေါ်ကနေ အဝေးတိုင်ဘက်ကို ကျော်ကန်ပြီး သွင်းယူသွားခဲ့တာပါ။

အော်ဒီဂွါဒ်ကတော့ နည်းပြ အာတီတာ ပြောင်းလဲထားတဲ့ ကစားကွက်နဲ့ မရင်းနှီးသေးဘူးလို့ ပြောရမှာဖြစ်သလို ဒီဘရိုင်းနားလို မလိုအပ်ဘဲ ရှေ့မတက်ဘဲနဲ့ လိုမှ ရှေ့ကို ဖြည့်ရမယ့် တာဝန်ကို နားမလည်ဘဲ လက်စတာခံစစ်တန်းရှေ့မှာ လျှောက်ပြေးနေခဲ့သလို ကွင်းလယ်မှာ ပါတေးကို အထီးကျန်စေခဲ့တာက တန်ပြန်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို မာတီနယ်လီ ကန်တင်ပေးရာမှာ လက်စတာတိုက်စစ်မှူး ဗာဒီရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက ဖန်တီးပေးတာလောက်ကို ကောင်းမွန်ခဲ့ရာမှာ အဝေးတိုင်ဘက်မှာ နေရာယူထားတဲ့ ဂျေဆူးစ်ကပဲ အနီးကပ် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာ ရမ်းစ်ဒေးလ် ကန်တင်ပေးတာကနေ ဂျေဆူးစ်က သူ့ကို ကပ်ထားတဲ့ အီဗန်စ်ကို တစ်ပတ်လှည့်ပြီး ကျော်ဖြတ်ခဲ့ပြီး ဂိုးသွင်းဖို့ လုပ်ခဲ့ရာမှာ အန်ဒီဒီ လျှောထိုးဖျက်တာ ဦးသွားခဲ့တာကြောင့် ဟက်ထရစ်ရမယ့် အခွင့်အရေးနဲ့ လွဲခဲ့ရပြီး ပွဲချိန် ၄၃ မိနစ်မှာတော့ ဗာဒီ ဒိုက်ထိုးဖို့ ကြိုးစားတာကနေ ပင်နယ်တီရခဲ့ပေမယ့် VAR ဒိုင် မိုက်ဒင်းန်က ကွင်းလယ်ဒိုင် ဒါရင်း အင်္ဂလန်ကို ညွှန်ပြပြီး ပယ်ဖျက်သွားခဲ့ပါတယ်။

ပထမပိုင်းမှာ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဘောလုံးကိုင်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ညာခြမ်းက ဆိုးရွားတဲ့ ကစားပုံနဲ့ သုံးယောက်တွဲဖြစ်တဲ့ ဆာကာ၊ အော်ဒီဂွါဒ်နဲ့ ဘန်ဝှိုက်တို့ကြောင့် အသင်းက တစ်ခြမ်းတည်းပဲ ကစားနေကြရသလို လက်စတာတို့ရဲ့ ဖိအားကို ပြန်ခံခဲ့ရပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ ပဲလေ့စ်နဲ့ပွဲက အကောင်းဆုံး ဆာလီဘာ ဗီလိန်ဖြစ်ခဲ့ရပြီး ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့သလို ညာခြမ်းက ဘန်ဝှိုက်ရဲ့ ဘောလုံးလမ်းကြောင်း မတွက်တတ်ဘဲ ဂျပ်စ်တင်ဆီက ခေါင်းမဦးခဲ့လို့ ကျလာတဲ့ ဘောလုံးကို ဗာဒီဆီ မရောက်ခင် တားဖို့ ကြိုးစားတဲ့ ပြင်သစ်သားက ဂိုးထဲကို တိုက်ထည့်မိခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်ခဲ့တာပါ။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဘန်ဝှိုက် တင်ပေးတဲ့ ဘောလုံးကို ဂိုးသမား ဝါ့ဒ် ဖမ်းသလို ပုတ်သလိုနဲ့ နောက်ခံလူ ဖိုဖာနာနဲ့ တိုက်ပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဂျေဆူးစ် ထိန်းရာက ပြန်ကျလာတာကို အနားမှာ အဆင်သင့် ရှိနေတဲ့ ချာကာက ကန်သွင်းပြီး သူ့ရဲ့ ဒီနေ့ပုံစံကောင်းကို ရှေ့ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ လက်စတာဘက်က တီးလီးမန်းစ်၊ အမာတေနဲ့ ဗာဒီတို့အစား ပရက်၊ ဒါကာနဲ့ အီဟန်နာချိုတို့ကို ထည့်ကစားခဲ့တာကြောင့် ပြန်ဖိလာနိုင်ခဲ့ပြီး အာဆင်နယ်တို့ ထိန်းကစားခဲ့ရသလို ကောင်တာပြောင်းကစားသွားခဲ့ပြီး ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ရဲ့ အားထုတ်တွေကတော့ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကြောင့် အားပျော့ပျက်ပြယ်သွားခဲ့ရတာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ လက်စတာတို့ နောက်ထပ် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားခဲ့သလို ညာခြမ်းက တိုက်စစ်ဆင်လာတဲ့ အီဟန်နာချို ချပေးတာကို ပြေးဝင်လာခဲ့တဲ့ မက်ဒီဆန်က ကန်သွင်းရာမှာ အချိန်မီ နေရာမယူနိုင်တဲ့ ဇင်ချန်ကိုနဲ့ ထောင့်ပိတ်ပုံ ညံ့ဖျင်းလွန်းတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ရဲ့ ခြေထောက်ကြားထဲက ဝင်သွားခဲ့လို အာဆင်နယ်တို့ စိတ်ပျက်ခဲ့ရပါတယ်။

ဒါပေမယ့် နှစ်မိနစ်အကြာမှာ အာဆင်နယ်တို့ စတုတ္ထဂိုး ပြန်လည်ရယူသွားခဲ့ပြီး ညာခြမ်းက ဂျေဆူးစ်ရဲ့ တစ်ကိုယ်တော်ထိုးဖောက်ပြီး အလယ်ကို ပြန်ချိုးပေးတာကို ကွင်းလယ်ကနေ ရသွားတဲ့ မာတီနယ်လီက ဘယ်ခြေနဲ့ ညာဘက်ထောင့်ကို အပြင်းချိုးကန်သွင်းခဲ့ရာမှာ လက်စတာဂိုးသမား ဝါ့ဒ် မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၈၄ မိနစ်မှာတော့ ဆာကာနဲ့ ဟက်ထရစ်နဲ့ လွဲနေခဲ့ပြီး နှစ်လုံးသွင်း နှစ်လုံးဖန်တီးထားတဲ့ ဂျေဆူးစ်တို့အစား စမစ်ရိုးနဲ့ နကီးတီးယားတို့ကို လူစားလဲခဲ့ပြီး လက်စတာကို ထိန်းကျောင်းကစားသွားခဲ့သလို ချာကာနဲ့ ပါတေးတို့ရဲ့ ဖိအားတွေက ဧည့်သည်တွေကို ပြန်မလာစေနိုင်ဖို့ လုံလောက်ခဲ့တာ ဖြစ်ပြီး နကီးတီးယားကတော့ အခွင့်အရေးတချို့ကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့ အိမ်ကွင်းမှာ လေးဂိုး-နှစ်ဂိုးနဲ့ ထိုက်ထိုက်တန်တန် အနိုင်ယူအောင်ပွဲခံခဲ့ပြီး အသင်းကြီးတစ်သင်းရဲ့ ကစားပုံမျိုးကို ပြသနိုင်ခဲ့သလို ရာသီသစ်မှာ ချန်ပီယံလိဂ်ကစားခွင့် အဆင့် ၄ ကို ရရှိနိုင်ဖို့ လုံလောက်တဲ့ ယုံကြည်မှုတွေကို အမ်းမရိတ်ပရိသတ်တွေဆီ ယူဆောင်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ပဲေလ့စ္ပြဲကနဲ႔ တူညီတဲ့ လူစာရင္းကိုပဲ ဆက္သုံးခဲ့ၿပီး ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ပါေတး၊ ခ်ာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ မာတီနယ္လီ၊ ဆာကာနဲ႔ ေဂ်ဆူးစ္တို႔ပဲ ပြဲထြက္လာခဲ့ၾကပါတယ္။

လက္စတာတို႔ကေတာ့ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ ဖိုဖာနာ၊ အီဗန္စ္နဲ႔ အမာေတတို႔ ကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ကက္စတာညာ၊ အန္ဒီဒီ၊ တီးလီးမန္းစ္၊ ဂ်ဴးစ္ဘာရီေဟာလ္နဲ႔ ဂ်ပ္စ္တင္တို႔ စုဖြဲ႕လာခဲ့ၾကသလို တိုက္စစ္မွာေတာ့ ဗာဒီကိုပဲ အေထာင္ထားၿပီး မက္ဒီဆန္က ေနာက္ကလိုက္ ကစားလာခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ၿပီးခဲ့တဲ့ ပြဲကနဲ႔ တူညီတဲ့ Problem ကိုပဲ ႀကဳံေတြ႕ေနရဆဲျဖစ္ၿပီး ညာျခမ္းက ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔က အေစးမကပ္ဘဲ ရွိေနခဲ့သလို တစ္ေယာက္ ဘာလုပ္ခ်င္တယ္ဆိုတာ တစ္ေယာက္က လုံးဝ အကဲမခတ္ႏိုင္ဘဲ ေျပးလိုက္တိုင္း ေဘာလုံးမေပးႏိုင္တာက ၉၉ ရာႏႈန္းေလာက္ ရွိေနခဲ့ခ်ိန္မွာ မာတီနယ္လီ၊ ခ်ာကာနဲ႔ ဇင္ခ်န္ကိုတို႔ရဲ႕ ဘယ္ျခမ္းကပဲ တိုက္စစ္လမ္းေၾကာင္းေတြကို ရွာေဖြခဲ့ရတာပါ။

ဘယ္ျခမ္းက မာတီနယ္လီကို ဖိုဖာနာ မနည္းထိန္းေနရသလို အဝါကတ္ပါ ထိသြားခဲ့ၿပီး ဇင္ခ်န္ကိုရဲ႕ ကြင္းလယ္နားက ေစာင့္ၿပီး ဖန္တီးမႈနဲ႔ ခ်ာကာရဲ႕ ဧရိယာထဲကို မထင္မွတ္ဘဲ ေျပးဝင္တဲ့ မူလပုံစံနဲ႔ လုံးဝမတူေတာ့တဲ့ Penetrating Run ေတြက လက္စတာတို႔ကို ခန႔္မွန္းရ ခက္ေစခဲ့ၿပီး ေကာင္တာပဲ ကစားဖို႔ ျဖစ္လာခဲ့ပါတယ္။

ေဘာလုံးပိုင္ဆိုင္မႈ ရယူထားႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ပြဲခ်ိန္ ၂၃ မိနစ္မွာ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မာတီနယ္လီ ခ်ေပးတာကို ခ်ာကာက တစ္ခ်က္ထိန္းေပးရာကေန ရတဲ့ ေဘာလုံးကို ေဂ်ဆူးစ္က လက္စတာဂိုးသမား ဝါ့ဒ္ေပၚကေန အေဝးတိုင္ဘက္ကို ေက်ာ္ကန္ၿပီး သြင္းယူသြားခဲ့တာပါ။

ေအာ္ဒီဂြါဒ္ကေတာ့ နည္းျပ အာတီတာ ေျပာင္းလဲထားတဲ့ ကစားကြက္နဲ႔ မရင္းႏွီးေသးဘူးလို႔ ေျပာရမွာျဖစ္သလို ဒီဘ႐ိုင္းနားလို မလိုအပ္ဘဲ ေရွ႕မတက္ဘဲနဲ႔ လိုမွ ေရွ႕ကို ျဖည့္ရမယ့္ တာဝန္ကို နားမလည္ဘဲ လက္စတာခံစစ္တန္းေရွ႕မွာ ေလွ်ာက္ေျပးေနခဲ့သလို ကြင္းလယ္မွာ ပါေတးကို အထီးက်န္ေစခဲ့တာက တန္ျပန္ၿခိမ္းေျခာက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယဂိုး ထပ္မံရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို မာတီနယ္လီ ကန္တင္ေပးရာမွာ လက္စတာတိုက္စစ္မႉး ဗာဒီရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက ဖန္တီးေပးတာေလာက္ကို ေကာင္းမြန္ခဲ့ရာမွာ အေဝးတိုင္ဘက္မွာ ေနရာယူထားတဲ့ ေဂ်ဆူးစ္ကပဲ အနီးကပ္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာ ရမ္းစ္ေဒးလ္ ကန္တင္ေပးတာကေန ေဂ်ဆူးစ္က သူ႔ကို ကပ္ထားတဲ့ အီဗန္စ္ကို တစ္ပတ္လွည့္ၿပီး ေက်ာ္ျဖတ္ခဲ့ၿပီး ဂိုးသြင္းဖို႔ လုပ္ခဲ့ရာမွာ အန္ဒီဒီ ေလွ်ာထိုးဖ်က္တာ ဦးသြားခဲ့တာေၾကာင့္ ဟက္ထရစ္ရမယ့္ အခြင့္အေရးနဲ႔ လြဲခဲ့ရၿပီး ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဗာဒီ ဒိုက္ထိုးဖို႔ ႀကိဳးစားတာကေန ပင္နယ္တီရခဲ့ေပမယ့္ VAR ဒိုင္ မိုက္ဒင္းန္က ကြင္းလယ္ဒိုင္ ဒါရင္း အဂၤလန္ကို ၫႊန္ျပၿပီး ပယ္ဖ်က္သြားခဲ့ပါတယ္။

ပထမပိုင္းမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ေဘာလုံးကိုင္ကစားဖို႔ ႀကိဳးစားခဲ့ေပမယ့္ ညာျခမ္းက ဆိုး႐ြားတဲ့ ကစားပုံနဲ႔ သုံးေယာက္တြဲျဖစ္တဲ့ ဆာကာ၊ ေအာ္ဒီဂြါဒ္နဲ႔ ဘန္ဝႈိက္တို႔ေၾကာင့္ အသင္းက တစ္ျခမ္းတည္းပဲ ကစားေနၾကရသလို လက္စတာတို႔ရဲ႕ ဖိအားကို ျပန္ခံခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ပဲေလ့စ္နဲ႔ပြဲက အေကာင္းဆုံး ဆာလီဘာ ဗီလိန္ျဖစ္ခဲ့ရၿပီး ကိုယ့္ဂိုး ကိုယ္သြင္းမိခဲ့သလို ညာျခမ္းက ဘန္ဝႈိက္ရဲ႕ ေဘာလုံးလမ္းေၾကာင္း မတြက္တတ္ဘဲ ဂ်ပ္စ္တင္ဆီက ေခါင္းမဦးခဲ့လို႔ က်လာတဲ့ ေဘာလုံးကို ဗာဒီဆီ မေရာက္ခင္ တားဖို႔ ႀကိဳးစားတဲ့ ျပင္သစ္သားက ဂိုးထဲကို တိုက္ထည့္မိခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ဘန္ဝႈိက္ တင္ေပးတဲ့ ေဘာလုံးကို ဂိုးသမား ဝါ့ဒ္ ဖမ္းသလို ပုတ္သလိုနဲ႔ ေနာက္ခံလူ ဖိုဖာနာနဲ႔ တိုက္ၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ေဂ်ဆူးစ္ ထိန္းရာက ျပန္က်လာတာကို အနားမွာ အဆင္သင့္ ရွိေနတဲ့ ခ်ာကာက ကန္သြင္းၿပီး သူ႔ရဲ႕ ဒီေန႔ပုံစံေကာင္းကို ေရွ႕ဆက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ လက္စတာဘက္က တီးလီးမန္းစ္၊ အမာေတနဲ႔ ဗာဒီတို႔အစား ပရက္၊ ဒါကာနဲ႔ အီဟန္နာခ်ိဳတို႔ကို ထည့္ကစားခဲ့တာေၾကာင့္ ျပန္ဖိလာႏိုင္ခဲ့ၿပီး အာဆင္နယ္တို႔ ထိန္းကစားခဲ့ရသလို ေကာင္တာေျပာင္းကစားသြားခဲ့ၿပီး ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ရဲ႕ အားထုတ္ေတြကေတာ့ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ေၾကာင့္ အားေပ်ာ့ပ်က္ျပယ္သြားခဲ့ရတာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ လက္စတာတို႔ ေနာက္ထပ္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားခဲ့သလို ညာျခမ္းက တိုက္စစ္ဆင္လာတဲ့ အီဟန္နာခ်ိဳ ခ်ေပးတာကို ေျပးဝင္လာခဲ့တဲ့ မက္ဒီဆန္က ကန္သြင္းရာမွာ အခ်ိန္မီ ေနရာမယူႏိုင္တဲ့ ဇင္ခ်န္ကိုနဲ႔ ေထာင့္ပိတ္ပုံ ညံ့ဖ်င္းလြန္းတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ရဲ႕ ေျခေထာက္ၾကားထဲက ဝင္သြားခဲ့လို အာဆင္နယ္တို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ဒါေပမယ့္ ႏွစ္မိနစ္အၾကာမွာ အာဆင္နယ္တို႔ စတုတၳဂိုး ျပန္လည္ရယူသြားခဲ့ၿပီး ညာျခမ္းက ေဂ်ဆူးစ္ရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္ၿပီး အလယ္ကို ျပန္ခ်ိဳးေပးတာကို ကြင္းလယ္ကေန ရသြားတဲ့ မာတီနယ္လီက ဘယ္ေျခနဲ႔ ညာဘက္ေထာင့္ကို အျပင္းခ်ိဳးကန္သြင္းခဲ့ရာမွာ လက္စတာဂိုးသမား ဝါ့ဒ္ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ဆာကာနဲ႔ ဟက္ထရစ္နဲ႔ လြဲေနခဲ့ၿပီး ႏွစ္လုံးသြင္း ႏွစ္လုံးဖန္တီးထားတဲ့ ေဂ်ဆူးစ္တို႔အစား စမစ္႐ိုးနဲ႔ နကီးတီးယားတို႔ကို လူစားလဲခဲ့ၿပီး လက္စတာကို ထိန္းေက်ာင္းကစားသြားခဲ့သလို ခ်ာကာနဲ႔ ပါေတးတို႔ရဲ႕ ဖိအားေတြက ဧည့္သည္ေတြကို ျပန္မလာေစႏိုင္ဖို႔ လုံေလာက္ခဲ့တာ ျဖစ္ၿပီး နကီးတီးယားကေတာ့ အခြင့္အေရးတခ်ိဳ႕ကို အသုံးမခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔ အိမ္ကြင္းမွာ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ထိုက္ထိုက္တန္တန္ အႏိုင္ယူေအာင္ပြဲခံခဲ့ၿပီး အသင္းႀကီးတစ္သင္းရဲ႕ ကစားပုံမ်ိဳးကို ျပသႏိုင္ခဲ့သလို ရာသီသစ္မွာ ခ်န္ပီယံလိဂ္ကစားခြင့္ အဆင့္ ၄ ကို ရရွိႏိုင္ဖို႔ လုံေလာက္တဲ့ ယုံၾကည္မႈေတြကို အမ္းမရိတ္ပရိသတ္ေတြဆီ ယူေဆာင္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.