Match Report Premier League

လမ်းပတ်ရဲ့ အဲဗာတန်ကို ရင်တထိတ်ထိတ်နဲ့ အနိုင်ယူခဲ့ရတဲ့ ဂျရတ်ရဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာတော့ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ဒီညာ၊ မတ်တီ ကတ်ရှ်၊ ဒီယေဂို ကားလို့စ်တို့နဲ့အတူ တိုင်ရုန်း မင်းစ်ကို ပြန်လည်အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ကပ္ပတိန်သစ် မက်ဂင်း၊ ရမ်ဆေး၊ ကော်တင်ညိုတို့နဲ့ ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်နဲ့ ဒန်နီအင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ နောက်ခံလူသစ် ကိုဒီ၊ တာကော့ဗ်စကီး၊ ဟိုလ်ဂိတ်၊ မစ်ကိုလန်ကိုနဲ့ ပက်တာဆန်တို့ကို ခံစစ်မှာ သုံးစွဲခဲ့ပြီး ကွင်းလယ်မှာ ဒူကူရေးနဲ့ အီဝိုဘီတို့ ကစားခဲ့ကြသလို တိုက်စစ်မှာတော့ ဂေါ်ဒန်၊ ဂရေးနဲ့ မက်နီးလ်တို့ ပွဲထွက်လာခဲ့ချိန်မှာ လမ်းပတ်အနေနဲ့ အထိုင်အမှားကို ဆက်လက်ကျူးလွန်ဆဲပဲဖြစ်ခဲ့ပါတယ်။

ဗီလာတို့ရဲ့ မှန်ကန်တဲ့ စုဖွဲ့မှုနဲ့ ဂျရတ် အထိုင်ချခဲ့တဲ့ ဒိုင်းမွန်းကွင်းလယ်ကို လမ်းပတ်ရဲ့ ဒူကူရေးတစ်ယောက်တည်း ကွင်းလယ်လူစစ်စစ် ရှိပြီး အဖျက်ကောင်းကောင်း မပါတဲ့ အဲဗာတန်ကွင်းလယ်က ယှဉ်ကစားနိုင်ခြင်း မရှိသလို အိမ်ရှင်တွေက ပွဲကို ပိုစိုးမိုးထားနိုင်ခဲ့လို့ တည်ကန်ဘောတွေနဲ့ပဲ ခြိမ်းခြောက်ခဲ့ရပြီး ပွဲချိန် ၂၄ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဂေါ်ဒန် ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဧည့်သည်တွေ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဗီလာတို့ စတင်ဦးဆောင်ခွင့် ရခဲ့ပြီး ဒီဂိုးကိုတော့ အဲဗာတန်တို့ရဲ့ မက်နီးလ် လောကြီးပြီး ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ မက်ဂင်းက ကောင်တာစဖို့ ကန်တင်ပေးခဲ့ပြီး ညာခြမ်းက ရသွားတဲ့ ဝပ်ကင်းစ်က အနိမ့်ဘော ချိုးပေးရာမှာ တွဲဖက်တိုက်စစ်မှူး ဒန်နီအင်းစ်က တစ်ချက် ထိန်းပြီးမှ တစ်ပတ်လှည့်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာ ဒဏ်ရာရသွားတဲ့ ဒူကူရေးအစား တွမ်ဒေးဗီးစ်ကို ထည့်သွင်းခဲ့ရချိန်မှာတော့ အဲဗာတန်ရဲ့ ကွင်းလယ်က ဖန်တီးမှု ပိုနည်းခဲ့ပြီး တည်ကန်ဘောတွေမှာလည်း ကံမကောင်းခဲ့တာကြောင့် ပထမပိုင်းကို အိမ်ရှင် အက်စ်တန်ဗီလာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အဲဗာတန်တို့ ဂိုးရဖို့အတွက် မက်နီးလ်အစား အဘိုးကြီး ရွန်ဒွန်ကို ထည့်သွင်းခဲ့ရာမှာတော့ တောင်ပံတွေက ဂေါ်ဒန်နဲ့ ဂရေးတို့ ကစားပေါက် ပိုချောင်ခဲ့ပေမယ့် အဆုံးသတ် ကန်သွင်းမှုတွေကိုတော့ မာတီနက်ဇ် ကာကွယ်သွားနိုင်ခဲ့လို့ ဂိုးမဖြစ်ခဲ့သလို ပွဲချိန် ၇၃ မိနစ်မှာ လူစားဝင် ကစားသမား ဘွင်ဒီယာရဲ့ ကန်သွင်းချက်ကတော့ ဗီလာတို့အတွက် ဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပြီး ဂိုးစည်းပေါ်ကနေ မစ်ကိုလန်ကိုက ရှင်းထုတ်ခဲ့ရတာပါ။

ဒီနောက်ပိုင်းမှာ ဂရေးနဲ့ ကိုဒီတို့အစား လူသစ် အိုနာနာနဲ့ အယ်လီတို့ ဝင်လာခဲ့ပြီး အဲဗာတန်တိုက်စစ်က ပိုသွက်လာခဲ့ပေမယ့် ဂိုးရသွားတာတော့ အိမ်ရှင်တွေပဲဖြစ်ခဲ့ပြီး ပွဲချိန် ၈၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘွင်ဒီယာက တောင်ပံကို ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဝပ်ကင်းစ်က ပြန်ချိုးပေးခဲ့ရာမှာ ဘွင်ဒီယာကပဲ နေရာယူမှန်မှန်နဲ့ ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကွင်းလယ်လူ အိုနာနာက ဘယ်ခြမ်းကနေ အနိမ့်ဘော ချိုးပေးတာကို အီဝိုဘီ ဂိုးမသွင်းနိုင်အောင် ဘော်ဒီခုထားခဲ့တဲ့ ဗီလာနောက်ခံလူ ဒီညာက သူ့ခြေထောက်နဲ့ ဂိုးထဲကို ခလုတ်တိုက်သွင်းခဲ့မိပြီး အိမ်ရှင်တွေ ရုန်းကန်ရဖို့ ဖြစ်လာခဲ့ပါတယ်။

နှစ်ဂိုး-တစ်ဂိုးဖြစ်သွားချိန်မှာ အဲဗာတန်တို့ တိုက်စစ်မြှင့်ခဲ့ပြီး ကွင်းလယ်အဖျက်လို့ အားလုံးထင်ခဲ့ကြတဲ့ အိုနာနာရဲ့ အရပ်အမောင်းကောင်းကောင်းနဲ့ တိုးအားတွေမှာ ဗီလာခံစစ်က ရုန်းကန်ခဲ့ရသလို နာကျင်အချိန်ပို ၈ မိနစ်အထိ ကစားခဲ့ရတဲ့ ဒီပွဲမှာ ဂျရတ်ရဲ့လူတွေ ဘုရားတခဲ့ရတာဖြစ်ပြီး နောက်ဆုံး ပွဲသိမ်းခရာမှုတ်ချိန်မှာမှ သက်ပြင်းချနိုင်ခဲ့ကြတာပါ။

အိမ်ကွင်းမှာ အက်စ်တန်ဗီလာတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပထမပွဲမှာ ဘုန်းမောက်ကို ရှုံးထားတဲ့ ဒဏ်ရာကို ဂျရတ်အနေနဲ့ သုံးမှတ်သွေးဆေးနဲ့ သိပ်ပေးနိုင်ခဲ့ချိန်မှာ အဲဗာတန်နဲ့ လမ်းပတ်တို့ကတော့ နှစ်ပွဲဆက်တိုက်ရှုံးပွဲနဲ့ ရမှတ်တစ်မှတ်မှ မရသေးဘဲ စိတ်ပျက်ခဲ့ရပေမယ့် အိုနာနာအတွက်တော့ ဧည့်သည်ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ ရှင်သန်လာမယ်လို့ ယူဆရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာေတာ့ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ဒီညာ၊ မတ္တီ ကတ္ရွ္၊ ဒီေယဂို ကားလို႔စ္တို႔နဲ႔အတူ တိုင္႐ုန္း မင္းစ္ကို ျပန္လည္အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ကပၸတိန္သစ္ မက္ဂင္း၊ ရမ္ေဆး၊ ေကာ္တင္ညိဳတို႔နဲ႔ ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္နဲ႔ ဒန္နီအင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ေနာက္ခံလူသစ္ ကိုဒီ၊ တာေကာ့ဗ္စကီး၊ ဟိုလ္ဂိတ္၊ မစ္ကိုလန္ကိုနဲ႔ ပက္တာဆန္တို႔ကို ခံစစ္မွာ သုံးစြဲခဲ့ၿပီး ကြင္းလယ္မွာ ဒူကူေရးနဲ႔ အီဝိုဘီတို႔ ကစားခဲ့ၾကသလို တိုက္စစ္မွာေတာ့ ေဂၚဒန္၊ ဂေရးနဲ႔ မက္နီးလ္တို႔ ပြဲထြက္လာခဲ့ခ်ိန္မွာ လမ္းပတ္အေနနဲ႔ အထိုင္အမွားကို ဆက္လက္က်ဴးလြန္ဆဲပဲျဖစ္ခဲ့ပါတယ္။

ဗီလာတို႔ရဲ႕ မွန္ကန္တဲ့ စုဖြဲ႕မႈနဲ႔ ဂ်ရတ္ အထိုင္ခ်ခဲ့တဲ့ ဒိုင္းမြန္းကြင္းလယ္ကို လမ္းပတ္ရဲ႕ ဒူကူေရးတစ္ေယာက္တည္း ကြင္းလယ္လူစစ္စစ္ ရွိၿပီး အဖ်က္ေကာင္းေကာင္း မပါတဲ့ အဲဗာတန္ကြင္းလယ္က ယွဥ္ကစားႏိုင္ျခင္း မရွိသလို အိမ္ရွင္ေတြက ပြဲကို ပိုစိုးမိုးထားႏိုင္ခဲ့လို႔ တည္ကန္ေဘာေတြနဲ႔ပဲ ၿခိမ္းေျခာက္ခဲ့ရၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ေဂၚဒန္ ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ဧည့္သည္ေတြ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဗီလာတို႔ စတင္ဦးေဆာင္ခြင့္ ရခဲ့ၿပီး ဒီဂိုးကိုေတာ့ အဲဗာတန္တို႔ရဲ႕ မက္နီးလ္ ေလာႀကီးၿပီး ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ မက္ဂင္းက ေကာင္တာစဖို႔ ကန္တင္ေပးခဲ့ၿပီး ညာျခမ္းက ရသြားတဲ့ ဝပ္ကင္းစ္က အနိမ့္ေဘာ ခ်ိဳးေပးရာမွာ တြဲဖက္တိုက္စစ္မႉး ဒန္နီအင္းစ္က တစ္ခ်က္ ထိန္းၿပီးမွ တစ္ပတ္လွည့္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာ ဒဏ္ရာရသြားတဲ့ ဒူကူေရးအစား တြမ္ေဒးဗီးစ္ကို ထည့္သြင္းခဲ့ရခ်ိန္မွာေတာ့ အဲဗာတန္ရဲ႕ ကြင္းလယ္က ဖန္တီးမႈ ပိုနည္းခဲ့ၿပီး တည္ကန္ေဘာေတြမွာလည္း ကံမေကာင္းခဲ့တာေၾကာင့္ ပထမပိုင္းကို အိမ္ရွင္ အက္စ္တန္ဗီလာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ အဲဗာတန္တို႔ ဂိုးရဖို႔အတြက္ မက္နီးလ္အစား အဘိုးႀကီး ႐ြန္ဒြန္ကို ထည့္သြင္းခဲ့ရာမွာေတာ့ ေတာင္ပံေတြက ေဂၚဒန္နဲ႔ ဂေရးတို႔ ကစားေပါက္ ပိုေခ်ာင္ခဲ့ေပမယ့္ အဆုံးသတ္ ကန္သြင္းမႈေတြကိုေတာ့ မာတီနက္ဇ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ဂိုးမျဖစ္ခဲ့သလို ပြဲခ်ိန္ ၇၃ မိနစ္မွာ လူစားဝင္ ကစားသမား ဘြင္ဒီယာရဲ႕ ကန္သြင္းခ်က္ကေတာ့ ဗီလာတို႔အတြက္ ဂိုးျဖစ္ဖို႔ နီးစပ္ခဲ့ၿပီး ဂိုးစည္းေပၚကေန မစ္ကိုလန္ကိုက ရွင္းထုတ္ခဲ့ရတာပါ။

ဒီေနာက္ပိုင္းမွာ ဂေရးနဲ႔ ကိုဒီတို႔အစား လူသစ္ အိုနာနာနဲ႔ အယ္လီတို႔ ဝင္လာခဲ့ၿပီး အဲဗာတန္တိုက္စစ္က ပိုသြက္လာခဲ့ေပမယ့္ ဂိုးရသြားတာေတာ့ အိမ္ရွင္ေတြပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဘြင္ဒီယာက ေတာင္ပံကို ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ဝပ္ကင္းစ္က ျပန္ခ်ိဳးေပးခဲ့ရာမွာ ဘြင္ဒီယာကပဲ ေနရာယူမွန္မွန္နဲ႔ ပိတ္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန လူစားဝင္ကြင္းလယ္လူ အိုနာနာက ဘယ္ျခမ္းကေန အနိမ့္ေဘာ ခ်ိဳးေပးတာကို အီဝိုဘီ ဂိုးမသြင္းႏိုင္ေအာင္ ေဘာ္ဒီခုထားခဲ့တဲ့ ဗီလာေနာက္ခံလူ ဒီညာက သူ႔ေျခေထာက္နဲ႔ ဂိုးထဲကို ခလုတ္တိုက္သြင္းခဲ့မိၿပီး အိမ္ရွင္ေတြ ႐ုန္းကန္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးျဖစ္သြားခ်ိန္မွာ အဲဗာတန္တို႔ တိုက္စစ္ျမႇင့္ခဲ့ၿပီး ကြင္းလယ္အဖ်က္လို႔ အားလုံးထင္ခဲ့ၾကတဲ့ အိုနာနာရဲ႕ အရပ္အေမာင္းေကာင္းေကာင္းနဲ႔ တိုးအားေတြမွာ ဗီလာခံစစ္က ႐ုန္းကန္ခဲ့ရသလို နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ကစားခဲ့ရတဲ့ ဒီပြဲမွာ ဂ်ရတ္ရဲ႕လူေတြ ဘုရားတခဲ့ရတာျဖစ္ၿပီး ေနာက္ဆုံး ပြဲသိမ္းခရာမႈတ္ခ်ိန္မွာမွ သက္ျပင္းခ်ႏိုင္ခဲ့ၾကတာပါ။

အိမ္ကြင္းမွာ အက္စ္တန္ဗီလာတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရခဲ့တာေၾကာင့္ ပထမပြဲမွာ ဘုန္းေမာက္ကို ရႈံးထားတဲ့ ဒဏ္ရာကို ဂ်ရတ္အေနနဲ႔ သုံးမွတ္ေသြးေဆးနဲ႔ သိပ္ေပးႏိုင္ခဲ့ခ်ိန္မွာ အဲဗာတန္နဲ႔ လမ္းပတ္တို႔ကေတာ့ ႏွစ္ပြဲဆက္တိုက္ရႈံးပြဲနဲ႔ ရမွတ္တစ္မွတ္မွ မရေသးဘဲ စိတ္ပ်က္ခဲ့ရေပမယ့္ အိုနာနာအတြက္ေတာ့ ဧည့္သည္ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္လာမယ္လို႔ ယူဆရပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.