Match Report Premier League

တန်းတက် ချယ်ရီတွေကို အစ်တီဟတ်မှာ ခြွေယူစားသုံးခဲ့တဲ့ အပြာရောင်တပ်သားများ

ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းက ၄-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် မန်ချက်စတာစီးတီးအသင်းကပဲ အကောင်းဆုံးပုံစံနဲ့ စတင်လာခဲ့တာဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကစားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးက ဘုန်းမောက်အသင်းကွင်းဘက်ခြမ်းမှာ စိုးမိုးကစားထားနိုင်ခဲ့ပြီး ၁၉ မိနစ်မှာပဲ ဂန်ဒိုဝမ်နဲ့ ဟာလန်းတို့ အတွဲအဖက်ပြုလုပ်ပြီး ဂျာမန်ကွင်းလယ်ကစားသမားက အလွယ်တကူပဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၁၂ မိနစ်အကြာမှာ ကီဗင် ဒီဘရိုင်းနားက ညာတောင်ပံကနေ အတွင်းကို ဆွဲပြေးလာပြီး ဂိုးဘယ်ဖက်အောက်ထောင့်ကို ညာခြေအပြင်ဘက်နဲ့ ကန်သွင်းယူသွားခဲ့ပြီး စီးတီးတို့ ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ အိမ်ရှင် မန်စီးတီးရဲ့ တိုက်စစ်ဆင်မှုကို ဘယ်လို ကာကွယ်နိုင်စွမ်းမရှိခဲ့ဘဲ နောက်ထပ် ၆ မိနစ်အကြာ ၃၇ မိနစ်မှာ ဖီးလ် ဖိုဒန်က ဒီဘရိုင်းနားခင်းပေးလိုက်တဲ့ ဘောလုံးကို အားပါပြင်းထန်တဲ့ ကန်ချက်နဲ့အတူ ကန်သွင်းခဲ့တာကြောင့် ဘုန်းမောက် ဂိုးသမား ထရေဗာစ် ဘယ်လိုမှ မကာကွယ်နိုင်ဘဲ ဂိုးခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း မန်စီးတီးကပဲ ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့ပြီး ၅၄ မိနစ်မှာ ဂန်ဒိုဝမ်နဲ့ အပေးအယူလုပ်ပြီး ဒီဘရိုင်းနား ဂိုးဘယ်ဖက်အောက်ထောင့်ကို ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းခဲ့ပေမယ့် ဘုန်းမောက်ဂိုးသမားက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၅၉ မိနစ်မှာ မာရက်ဇ်ရဲ့ တောင်ပံကနေ ဆွဲပြေးလာပြီး ပေးပို့လိုက်တဲ့ ဘောလုံးကို ဂန်ဒိုဝမ် တစ်ချက်ထိန်းပြီး ပင်နယ်တီဧရိယာထိပ်ကနေ ဝေ့ဝိုက်ကန်သွင်းခဲ့ရာမှာ ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့တာကြောင့် မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုး မရရှိခဲ့တာ ဖြစ်ပါတယ်။

၇၃ မိနစ်မှာ ကွင်းလယ်ကနေ ဘောလုံး လက်ခံရယူခဲ့တဲ့ ဒီဘရိုင်းနားက ဘယ်တောင်ပံ ပင်နယ်တီဧရိယာထိပ်မှာ ရှိနေတဲ့ ဂရီးလစ်ရှ်ဆီ ဘောလုံး ပေးပို့ခဲ့ရာမှာ အင်္ဂလန်ကွင်းလယ်ကစားသမားက ဟာလန်းဆီ တစ်ဆင့် ပေးပို့ခဲ့ပြီး ဟာလန်းရဲ့ ကန်ချက်က အနည်းငယ် ချော်သွားခဲ့တာကြောင့် ဂိုးတိုင်ဘေးကနေ ကပ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

၇၉ မိနစ် ကန်ဆယ်လိုရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်လိုက်တဲ့ဘောလုံးကို ဘုန်းမောက်ကစားသမားတွေ ပိတ်ဆို့ဖို့ ကြိုးပမ်းရင် ဂျက်ဖာဆန် လားမားရဲ့ ခြေထောက်နဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးထဲဝင်သွားခဲ့တာကြောင့် မန်စီးတီးတို့ စတုတ္ထမြောက် ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပါတယ်။

ဘုန်းမောက်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ မန်ချက်စတာစီးတီး ပြုသမျှ နုနေရတဲ့ ရေမြွေတစ်ကောင် ဖြစ်နေခဲ့ပြီး အိမ်ရှင်အသင်းဂိုးပေါက်ကို တစ်ကြိမ်တောင် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

၇၄ မိနစ်မှာ ဟာလန်းကို လူစားပြီးကတည်းက အရှိန်ကျသွားတဲ့ မန်ချက်စတာစီးတီးအသင်းဟာ စတုတ္ထမြောက်ဦးဆောင်ဂိုး သွင်းယူပြီးနောက်ပိုင်း ကစားအားကို လျှော့ချခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ပဲ ထိန်းကစားရင်း ၄-၀ နဲ့ အိမ်ကွင်းအစ်တီဟတ်မှာ အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:ယေန႔ည ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ဘုန္းေမာက္အသင္းတို႔ရဲ႕ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းက ၄-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက အိမ္ရွင္ မန္ခ်က္စတာစီးတီးအသင္းကပဲ အေကာင္းဆုံးပုံစံနဲ႔ စတင္လာခဲ့တာျဖစ္ၿပီး ေဘာလုံးပိုင္ဆိုင္မႈ အသာစီး ရယူကစားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးက ဘုန္းေမာက္အသင္းကြင္းဘက္ျခမ္းမွာ စိုးမိုးကစားထားႏိုင္ခဲ့ၿပီး ၁၉ မိနစ္မွာပဲ ဂန္ဒိုဝမ္နဲ႔ ဟာလန္းတို႔ အတြဲအဖက္ျပဳလုပ္ၿပီး ဂ်ာမန္ကြင္းလယ္ကစားသမားက အလြယ္တကူပဲ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ ၁၂ မိနစ္အၾကာမွာ ကီဗင္ ဒီဘ႐ိုင္းနားက ညာေတာင္ပံကေန အတြင္းကို ဆြဲေျပးလာၿပီး ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ညာေျခအျပင္ဘက္နဲ႔ ကန္သြင္းယူသြားခဲ့ၿပီး စီးတီးတို႔ ဒုတိယေျမာက္ဦးေဆာင္ဂိုး ရရွိခဲ့ပါတယ္။

ဘုန္းေမာက္အသင္းဟာ အိမ္ရွင္ မန္စီးတီးရဲ႕ တိုက္စစ္ဆင္မႈကို ဘယ္လို ကာကြယ္ႏိုင္စြမ္းမရွိခဲ့ဘဲ ေနာက္ထပ္ ၆ မိနစ္အၾကာ ၃၇ မိနစ္မွာ ဖီးလ္ ဖိုဒန္က ဒီဘ႐ိုင္းနားခင္းေပးလိုက္တဲ့ ေဘာလုံးကို အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔အတူ ကန္သြင္းခဲ့တာေၾကာင့္ ဘုန္းေမာက္ ဂိုးသမား ထေရဗာစ္ ဘယ္လိုမွ မကာကြယ္ႏိုင္ဘဲ ဂိုးခြင့္ျပဳေပးလိုက္ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာလည္း မန္စီးတီးကပဲ ဖိအားေပး တိုက္စစ္ဆင္ကစားခဲ့ၿပီး ၅၄ မိနစ္မွာ ဂန္ဒိုဝမ္နဲ႔ အေပးအယူလုပ္ၿပီး ဒီဘ႐ိုင္းနား ဂိုးဘယ္ဖက္ေအာက္ေထာင့္ကို ေထာင့္က်ဥ္းအေနအထားကေန အျပင္းကန္သြင္းခဲ့ေပမယ့္ ဘုန္းေမာက္ဂိုးသမားက ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၅၉ မိနစ္မွာ မာရက္ဇ္ရဲ႕ ေတာင္ပံကေန ဆြဲေျပးလာၿပီး ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂန္ဒိုဝမ္ တစ္ခ်က္ထိန္းၿပီး ပင္နယ္တီဧရိယာထိပ္ကေန ေဝ့ဝိုက္ကန္သြင္းခဲ့ရာမွာ ဂိုးတိုင္ေဘးကေန ကပ္ထြက္သြားခဲ့တာေၾကာင့္ မန္စီးတီးတို႔ ေနာက္ထပ္ ဦးေဆာင္ဂိုး မရရွိခဲ့တာ ျဖစ္ပါတယ္။

၇၃ မိနစ္မွာ ကြင္းလယ္ကေန ေဘာလုံး လက္ခံရယူခဲ့တဲ့ ဒီဘ႐ိုင္းနားက ဘယ္ေတာင္ပံ ပင္နယ္တီဧရိယာထိပ္မွာ ရွိေနတဲ့ ဂရီးလစ္ရွ္ဆီ ေဘာလုံး ေပးပို႔ခဲ့ရာမွာ အဂၤလန္ကြင္းလယ္ကစားသမားက ဟာလန္းဆီ တစ္ဆင့္ ေပးပို႔ခဲ့ၿပီး ဟာလန္းရဲ႕ ကန္ခ်က္က အနည္းငယ္ ေခ်ာ္သြားခဲ့တာေၾကာင့္ ဂိုးတိုင္ေဘးကေန ကပ္ထြက္သြားခဲ့တာျဖစ္ပါတယ္။

၇၉ မိနစ္ ကန္ဆယ္လိုရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္လိုက္တဲ့ေဘာလုံးကို ဘုန္းေမာက္ကစားသမားေတြ ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းရင္ ဂ်က္ဖာဆန္ လားမားရဲ႕ ေျခေထာက္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္း ဂိုးထဲဝင္သြားခဲ့တာေၾကာင့္ မန္စီးတီးတို႔ စတုတၳေျမာက္ ဦးေဆာင္ဂိုးကို ရရွိသြားခဲ့ပါတယ္။

ဘုန္းေမာက္အသင္းဟာ ဒီေန႔ပြဲစဥ္မွာ မန္ခ်က္စတာစီးတီး ျပဳသမွ် ႏုေနရတဲ့ ေရေႁမြတစ္ေကာင္ ျဖစ္ေနခဲ့ၿပီး အိမ္ရွင္အသင္းဂိုးေပါက္ကို တစ္ႀကိမ္ေတာင္ ၿခိမ္းေျခာက္ႏိုင္ျခင္း မရွိခဲ့တာ ျဖစ္ပါတယ္။

၇၄ မိနစ္မွာ ဟာလန္းကို လူစားၿပီးကတည္းက အရွိန္က်သြားတဲ့ မန္ခ်က္စတာစီးတီးအသင္းဟာ စတုတၳေျမာက္ဦးေဆာင္ဂိုး သြင္းယူၿပီးေနာက္ပိုင္း ကစားအားကို ေလွ်ာ့ခ်ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ပဲ ထိန္းကစားရင္း ၄-၀ နဲ႔ အိမ္ကြင္းအစ္တီဟတ္မွာ အႏိုင္ ၃ မွတ္ကို ထိုက္ထိုက္တန္တန္ ရယူသြားႏိုင္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.