Ligue1 Premier League

ဆန်ခါတင်မှာ မပါဝင်ခဲ့လို့ ရော်နယ်လ်ဒိုဖန်တွေလှောင်တာခံနေရတဲ့ မက်ဆီဖန်များ

France Football ဟာ သောကြာနေ့ညမှာ ၂၀၂၂ ခုနှစ် ဘလွန်ဒေါဆုအတွက် ဆန်ခါတင် ၃၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပါဝင်ခဲ့ပေမယ့် လီယွန်နယ် မက်ဆီကတော့ အံ့အားသင့်ဖွယ် မပါဝင်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ဆန်ခါတင်စာရင်း ကြေညာအပြီးမှာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ပရိသတ်တွေဟာ အပြန်အလှန်ထိုးနှက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ၂၀၀၅ ခုနှစ်နောက်ပိုင်း ဘလွန်ဒေါဆု ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ပထမဆုံးအကြိမ် မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ်မှာ ဘလွန်ဒေါဆုကို ၇ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူးဟာ လိဂန်းချန်ပီယံတွေအတွက် သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းကို ချန်ပီယံလိဂ် ၁၆ သင်းထက် ကျော်လွန်အောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း လိဂန်းဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘလွန်ဒေါဆု ၅ ကြိမ် ရရှိထားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်တုန်းက ဘလွန်ဒေါဆုကို နောက်ဆုံး ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာလည်း မန်ချက်စတာယူနိုက်တက်ကို ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ထက်ကျော်လွန်အောင် မကူညီပေးနိုင်ခဲ့ဘဲ အက်သလက်တီကို မက်ဒရစ်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နောက်ထပ်တစ်ကြိမ် ဖလားလက်မဲ့ရာသီကို ဖြတ်သန်းခဲ့ရသလို ပရီးမီးယားလိဂ်ခေတ်သစ်တလျှောက် အဆိုးရွားဆုံးရမှတ်ဖြစ်တဲ့ ၅၈ မှတ်နဲ့ အဆင့် ၆ နေရာမှာသာ ရာသီပြီးဆုံးနိုင်ခဲ့တာကြောင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အမာခံပရိသတ်တွေဟာ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးက ဘလွန်ဒေါဆု ဆန်ခါတင် ၃၀ ဦးစာရင်းမှာ ပါဝင်နိုင်ခဲ့ချိန်မှာ လီယွန်နယ် မက်ဆီကတော့ ချန်လှပ်ခြင်းခံခဲ့ရတာကြောင့် ၎င်းတို့ရဲ့ စံပြပုဂ္ဂိုလ်အတွက် ဂုဏ်ယူခဲ့ကြပြီး ပီအက်စ်ဂျီတိုက်စစ်မှူးရဲ့ အမာခံပရိသတ်တွေကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

“မက်ဆီက ကမ္ဘာပေါ်က ထိပ်တန်းကစားသမား ၃၀ ဦးစာရင်းထဲမှာ အသက် ၃၄ နှစ်နဲ့ မပါဝင်နိုင်ချိန်မှာ အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရော်နယ်လ်ဒိုကတော့ ဆန်ခါတင် စာရင်းဝင်နိုင်ခဲ့တယ်။ ဘယ်တော့မှ သူတို့ရဲ့ ရေရှည်ကောင်းမွန်မှုကို လာမနှိုင်းယှဉ်ကြနဲ့”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ ပရိသတ်ဖြစ်သူလို့ ယူဆရတဲ့ တွစ်တာအသုံးပြုသူတစ်ဦးကလည်း “မက်ဆီက ခု စာရင်းထဲပါတဲ့ကောင်တွေ အားလုံးပေါင်းတာထက် ဘလွန်ဒေါဆုကို ပိုရထားတယ်။ မက်ဆီရဲ့ သားဆိုရင် ရော်နယ်လ်ဒိုထက်တောင် ဘလွန်ဒေါဆုကို ပိုပြီး ထိတွေ့နိုင်ခဲ့တယ်”လို့ ရေးသားပြီး ရော်နယ်လ်ဒို အမာခံပရိသတ်တွေကို ပြန်လည် ထိုးနှက်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:France Football ဟာ ေသာၾကာေန႔ညမွာ ၂၀၂၂ ခုႏွစ္ ဘလြန္ေဒါဆုအတြက္ ဆန္ခါတင္ ၃၀ ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ပါဝင္ခဲ့ေပမယ့္ လီယြန္နယ္ မက္ဆီကေတာ့ အံ့အားသင့္ဖြယ္ မပါဝင္ခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ဆန္ခါတင္စာရင္း ေၾကညာအၿပီးမွာ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ရဲ႕ ပရိသတ္ေတြဟာ အျပန္အလွန္ထိုးႏွက္ တိုက္ခိုက္ခဲ့ၾကတာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ ၂၀၀၅ ခုႏွစ္ေနာက္ပိုင္း ဘလြန္ေဒါဆု ဆန္ခါတင္ ၃၀ ဦးစာရင္းမွာ ပထမဆုံးအႀကိမ္ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ဘလြန္ေဒါဆုကို ၇ ႀကိမ္ေျမာက္ စံခ်ိန္တင္ ဆြတ္ခူးထားႏိုင္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ လိဂန္းခ်န္ပီယံေတြအတြက္ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၅ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းကို ခ်န္ပီယံလိဂ္ ၁၆ သင္းထက္ ေက်ာ္လြန္ေအာင္ စြမ္းေဆာင္ေပးႏိုင္ျခင္းမရွိခဲ့ေပမယ့္လည္း လိဂန္းဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္ကို ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပထမအေက်ာ့ပြဲစဥ္မွာ ပင္နယ္တီလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဘလြန္ေဒါဆု ၅ ႀကိမ္ ရရွိထားခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ၂၀၁၈ ခုႏွစ္တုန္းက ဘလြန္ေဒါဆုကို ေနာက္ဆုံး ရရွိခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္ေျပာင္းေ႐ႊ႕ၿပီးေနာက္ပိုင္း ၿပိဳင္ပြဲစုံ ၃၈ ပြဲမွာ ၂၄ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာလည္း မန္ခ်က္စတာယူႏိုက္တက္ကို ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ထက္ေက်ာ္လြန္ေအာင္ မကူညီေပးႏိုင္ခဲ့ဘဲ အက္သလက္တီကို မက္ဒရစ္အသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ထပ္တစ္ႀကိမ္ ဖလားလက္မဲ့ရာသီကို ျဖတ္သန္းခဲ့ရသလို ပရီးမီးယားလိဂ္ေခတ္သစ္တေလွ်ာက္ အဆိုး႐ြားဆုံးရမွတ္ျဖစ္တဲ့ ၅၈ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာသာ ရာသီၿပီးဆုံးႏိုင္ခဲ့တာေၾကာင့္ ယခုရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ မရရွိခဲ့တာ ျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အမာခံပရိသတ္ေတြဟာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီတိုက္စစ္မႉးက ဘလြန္ေဒါဆု ဆန္ခါတင္ ၃၀ ဦးစာရင္းမွာ ပါဝင္ႏိုင္ခဲ့ခ်ိန္မွာ လီယြန္နယ္ မက္ဆီကေတာ့ ခ်န္လွပ္ျခင္းခံခဲ့ရတာေၾကာင့္ ၎တို႔ရဲ႕ စံျပပုဂၢိဳလ္အတြက္ ဂုဏ္ယူခဲ့ၾကၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉးရဲ႕ အမာခံပရိသတ္ေတြကို တိုက္ခိုက္ခဲ့ၾကတာျဖစ္ပါတယ္။

“မက္ဆီက ကမာၻေပၚက ထိပ္တန္းကစားသမား ၃၀ ဦးစာရင္းထဲမွာ အသက္ ၃၄ ႏွစ္နဲ႔ မပါဝင္ႏိုင္ခ်ိန္မွာ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္လ္ဒိုကေတာ့ ဆန္ခါတင္ စာရင္းဝင္ႏိုင္ခဲ့တယ္။ ဘယ္ေတာ့မွ သူတို႔ရဲ႕ ေရရွည္ေကာင္းမြန္မႈကို လာမႏႈိင္းယွဥ္ၾကနဲ႔”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ပရိသတ္ျဖစ္သူလို႔ ယူဆရတဲ့ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း “မက္ဆီက ခု စာရင္းထဲပါတဲ့ေကာင္ေတြ အားလုံးေပါင္းတာထက္ ဘလြန္ေဒါဆုကို ပိုရထားတယ္။ မက္ဆီရဲ႕ သားဆိုရင္ ေရာ္နယ္လ္ဒိုထက္ေတာင္ ဘလြန္ေဒါဆုကို ပိုၿပီး ထိေတြ႕ႏိုင္ခဲ့တယ္”လို႔ ေရးသားၿပီး ေရာ္နယ္လ္ဒို အမာခံပရိသတ္ေတြကို ျပန္လည္ ထိုးႏွက္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.