Premier League

လက်စတာနဲ့ပွဲမှာ အာဆင်နယ်တို့ ဘာလုပ်ပြနိုင်မလဲဆိုတာ ခန့်မှန်းလိုက်တဲ့ ဒေးဗစ် ဆီးမန်း

အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက ယခုအပတ် Seaman Says Podcast မှာ စကားပြောဆိုချိန်အတွင်း ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အချို့ပွဲစဉ်တွေကို ခန့်မှန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန်ဂန္တဝင်ဂိုးသမားကြီးရဲ့အသင်းဟောင်းဟာခုအပတ်မှာ လက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒေးဗစ် ဆီးမန်းက အသင်းဟောင်းအနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ရလဒ် ရရှိလိမ့်မယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လက်စတာစီးတီးကို ၃-၁ နဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ ဆီးမန်းက ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး လက်စတာစီးတီးဟာ ပြီးခဲ့တဲ့အပတ်က ဘရန့်တ်ဖို့ဒ်ကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုကို မြောင်းထဲလွှင့်ပစ်ခဲ့ပြီးနောက် ယုံကြည်ချက် အားနည်းစွာနဲ့ ဂန်းနားတွေဆီ လာရောက်ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“လက်စတာစီးတီးနဲ့ အာဆင်နယ်ပွဲက အာဆင်နယ်အတွက် ဒီရာသီ ပထမဆုံးအိမ်ကွင်းပွဲစဉ်ဆိုတာ သိသာပါတယ်။ လက်စတာက ၂ ဂိုး ဦးဆောင်ပြီးမှ ရှုံးနိမ့်ခဲ့တာကြောင့် ပျော်ရွှင်နေမှာမဟုတ်ပါဘူး။ သူတို့တွေ ယုံကြည်ချက်အပြည့်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေက ဂိုးရှေ့မှာ ဘယ်လောက်ကောင်းလဲဆိုတာကို ပြသခဲ့ပါတယ်။ သူတို့တွေလည်း အရည်အသွေးရှိတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ အိမ်ကွင်း နိုင်ပွဲရသွားမယ်လို့ ထင်နေတုန်းပါပဲ။ ကျွန်တော်ကတော့ အာဆင်နယ် ၃-၁ နဲ့ အနိုင်ရသွားမယ့်ဘက်က ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ကြိုးစားမယ်ဆိုရင် လက်စတာစီးတီးနဲ့ပွဲထက် ပိုကောင်းမယ့်အချိန် မရှိတော့တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ လက်စတာစီးတီးအနေနဲ့ လက်ရှိအချိန်မှာ နိုင်ပွဲရသင့်တာတောင် မရခဲ့တာကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောလို့ရပေမယ့်လည်း လျှော့တွက်ထားလို့လည်း မရတာဖြစ်ပါတယ်။

လက်စတာစီးတီးဟာ ယခုနွေရာသီမှာ ကစားသမားခေါ်ယူမှုတစ်ခုမှ ပြုလုပ်နိုင်ခြင်းမရှိသေးတာကြောင့် ပရိသတ်တွေရဲ့ စိတ်ပျက်ခြင်းကို ခံနေရပြီး အသင်းရဲ့ကြယ်ပွင့်ကစားသမား ၂ ဦးဖြစ်တဲ့ ဖိုဖာနာနဲ့ တီလီမန်းစ်တို့ကလည်း အသင်းကနေ ထွက်ခွာမယ့်ပုံ ပေါ်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာ အာဆင်နယ်ဟာ ဒီလို ပြဿနာပေါင်းသောင်းခြောက်ထောင်တက်နေတဲ့ လက်စတာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာဖြစ်တာကြောင့် ဒီပွဲစဉ်မှာတော့ အိမ်ကွင်းနိုင်ပွဲထက် တခြားဘယ်အရာကိုမှ မမြင်မိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:အာဆင္နယ္ဂႏၲဝင္ဂိုးသမားႀကီး ေဒးဗစ္ ဆီးမန္းက ယခုအပတ္ Seaman Says Podcast မွာ စကားေျပာဆိုခ်ိန္အတြင္း ယခုအပတ္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြထဲက အခ်ိဳ႕ပြဲစဥ္ေတြကို ခန႔္မွန္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အဂၤလန္ဂႏၲဝင္ဂိုးသမားႀကီးရဲ႕အသင္းေဟာင္းဟာခုအပတ္မွာ လက္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ေဒးဗစ္ ဆီးမန္းက အသင္းေဟာင္းအေနနဲ႔ အေပါင္းလကၡဏာေဆာင္တဲ့ရလဒ္ ရရွိလိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ လက္စတာစီးတီးကို ၃-၁ နဲ႔ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ဆီးမန္းက ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး လက္စတာစီးတီးဟာ ၿပီးခဲ့တဲ့အပတ္က ဘရန႔္တ္ဖို႔ဒ္ကို ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈကို ေျမာင္းထဲလႊင့္ပစ္ခဲ့ၿပီးေနာက္ ယုံၾကည္ခ်က္ အားနည္းစြာနဲ႔ ဂန္းနားေတြဆီ လာေရာက္ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“လက္စတာစီးတီးနဲ႔ အာဆင္နယ္ပြဲက အာဆင္နယ္အတြက္ ဒီရာသီ ပထမဆုံးအိမ္ကြင္းပြဲစဥ္ဆိုတာ သိသာပါတယ္။ လက္စတာက ၂ ဂိုး ဦးေဆာင္ၿပီးမွ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ေနမွာမဟုတ္ပါဘူး။ သူတို႔ေတြ ယုံၾကည္ခ်က္အျပည့္ရွိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ေတြက ဂိုးေရွ႕မွာ ဘယ္ေလာက္ေကာင္းလဲဆိုတာကို ျပသခဲ့ပါတယ္။ သူတို႔ေတြလည္း အရည္အေသြးရွိတဲ့ ဂိုးေတြလည္း သြင္းယူႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ကေတာ့ အိမ္ကြင္း ႏိုင္ပြဲရသြားမယ္လို႔ ထင္ေနတုန္းပါပဲ။ ကြၽန္ေတာ္ကေတာ့ အာဆင္နယ္ ၃-၁ နဲ႔ အႏိုင္ရသြားမယ့္ဘက္က ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ႀကိဳးစားမယ္ဆိုရင္ လက္စတာစီးတီးနဲ႔ပြဲထက္ ပိုေကာင္းမယ့္အခ်ိန္ မရွိေတာ့တာလည္း ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။ လက္စတာစီးတီးအေနနဲ႔ လက္ရွိအခ်ိန္မွာ ႏိုင္ပြဲရသင့္တာေတာင္ မရခဲ့တာေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ေျပာလို႔ရေပမယ့္လည္း ေလွ်ာ့တြက္ထားလို႔လည္း မရတာျဖစ္ပါတယ္။

လက္စတာစီးတီးဟာ ယခုေႏြရာသီမွာ ကစားသမားေခၚယူမႈတစ္ခုမွ ျပဳလုပ္ႏိုင္ျခင္းမရွိေသးတာေၾကာင့္ ပရိသတ္ေတြရဲ႕ စိတ္ပ်က္ျခင္းကို ခံေနရၿပီး အသင္းရဲ႕ၾကယ္ပြင့္ကစားသမား ၂ ဦးျဖစ္တဲ့ ဖိုဖာနာနဲ႔ တီလီမန္းစ္တို႔ကလည္း အသင္းကေန ထြက္ခြာမယ့္ပုံ ေပၚေနတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာ အာဆင္နယ္ဟာ ဒီလို ျပႆနာေပါင္းေသာင္းေျခာက္ေထာင္တက္ေနတဲ့ လက္စတာစီးတီးကို အိမ္ကြင္းမွာ ဧည့္ခံသြားရမွာျဖစ္တာေၾကာင့္ ဒီပြဲစဥ္မွာေတာ့ အိမ္ကြင္းႏိုင္ပြဲထက္ တျခားဘယ္အရာကိုမွ မျမင္မိပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.