Analysis Article Premier League Serie A Transfer News

အာဆင်နယ်တို့ တကယ်လိုနေတာက တိုနာလီလား တီးလီးမန်းစ်လား

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်ကို အားဖြည့်ဖို့ ကစားသမားသစ် တစ်ဦး ထပ်မံခေါ်ယူသွားမယ့်အချိန်မှာ အမ်းမရိတ်က ပရိသတ်တွေအတွက်တော့ ဒါက ဘာဖြစ်လို လက်စတာစီးတီးနဲ့ အသားကျပြီးသား ယူရီ တီးလီးမန်းစ်အပြင် ထပ်ပြီး စဉ်းစားဖို့ လိုတော့သလဲလို့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် တီးလီးမန်းစ်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး ဘယ်လ်ဂျီယမ် လက်ရွေးစင်အသင်းမှာလည်း တစ်နေရာ အပိုင်စားရရှိထားသလို သူ့ရဲ့ ကစားသမားဘဝ အမြင့်မားဆုံး စွမ်းဆောင်ရည်နဲ့ နီးကပ်နေပြီဖြစ်တာကြောင့် သူ့ကို ခေါ်ဖို့က နှစ်ခါပြန် စဉ်းစားစရာ မလိုတဲ့ No Brainer Deal လို့ ဆိုနေကြတာပါ။

ပြီးခဲ့တဲ့ ရာသီမှာ မြေခွေးတွေကို ဦးဆောင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၃၂ ပွဲ ပါဝင်ကစားပေးခဲ့သလို သွင်းဂိုး ၆ ဂိုးနဲ့ ဖန်တီးမှု ၄ ကြိမ် လုပ်ဆောင်ထားနိုင်ချိန်မှာ ကစားပုံ အနည်းငယ်လေးပြီး အာဆင်နယ် ကစားသမားတွေနဲ့ နှိုင်းယှဉ်ရင် ဂရာနစ် ချာကာထက်ပဲ နည်းနည်းပိုမြန်သလို ခံစစ် စွမ်းဆောင်ရည် နည်းပါးတာကတော့ နည်းပြ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကို ပြန်စဉ်းစားစေတဲ့ အချက်လည်းဖြစ်ပါတယ်။

ဒီအချိန်မှာ နောက်ထပ် ရွေးချယ်စရာ တစ်ခုအဖြစ် ရှုမြင်ထားတဲ့ အေစီမီလန်ရဲ့ ဆန်ဒရို တိုနာလီကတော့ တီးလီးမန်းစ်ရဲ့ အားနည်းချက်လိုမျိုး လက်ညှိုးညွှန်စရာ နည်းတဲ့ ကွင်းလယ်လူမျိုးဖြစ်ပြီး ခံစစ်ပိုင်းမှာ အမြင်ပိုမိုစူးရှသလို အန်ဒရီယာ ပီယာလို လက်သစ်လို့ ဖော်ညွှန်းထားတဲ့ သူ့အနေနဲ့ ပိုမို သာလွန်တဲ့ အချက်က အီတလီသားတွေထဲမှာ ရှားပါးတဲ့ မြန်နှုန်းမြင့် ကစားသမားတစ်ယောက်ဖြစ်နေတာပါပဲ။

ခံစစ်တန်းရှေ့မှာ နေရာယူထားပြီး ဘောလုံးပေးပို့မှု အမြင်နဲ့ အဝေးအနီး တိကျမှု Vision and Passing Range ကောင်းမွန်တဲ့ တိုနာလီဟာ အသက်အရွယ်အရလည်း တီးလီးမန်းစ်ထက် သုံးနှစ်ပိုငယ်နေတဲ့ အချက်က အာဆင်နယ်တို့အတွက် စဉ်းစားစရာအချက်ဖြစ်နေပြီး သူတို့တွေအနေနဲ့ ကွင်းလယ်လူသစ်ဆီက တောင်းဆိုမယ့် အရာဟာ သွင်းဂိုးတွေ မဟုတ်ဘဲ ပေးပို့မှုနဲ့ ခံစစ်ကူညီမှုဖြစ်တာကြောင့် သေချာစဉ်းစားနေကြတာပါ။

ပြီးခဲ့တဲ့ ရာသီမှာ တိုနာလီဟာ အေစီမီလန်အသင်းအတွက် စီးရီးအေမှာ ၅ ဂိုးသွင်း ၃ ဂိုး ဖန်တီးခဲ့သလို ဒီထဲက ၂ ဂိုးကို ကွင်းလယ်အဖျက်နေရာ ကစားရင်း သွင်းယူခဲ့တာဖြစ်တဲ့ အချက်က သူ့ရဲ့ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်းကို တွေ့မြင်ရစေချိန်မှာ ပေါင် ၄၅ သန်းတန် ကစားသမားအနေနဲ့ ခံစစ်ပိုင်း လိုက်ပါမှုကိုလည်း တီးလီးမန်းစ်ထက်ပိုပြီး ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

တီးလီးမန်းစ်အနေနဲ့ ပြီးခဲ့တဲ့ ရာသီမှာ တစ်ဖက်ကစားသမားအပေါ် လိုက်လံ ဖိအားပေးမှုနဲ့ ဖြတ်တောက်ရယူနိုင်မှုမှာ ၄၈၉ ကြိမ်နဲ့ ၄၁ ကြိမ် အသီးသီး ရှိခဲ့ချိန်မှာ သူ့ထက် အရပ်အမောင်းအားဖြင့်လည်း ပိုမိုမြင့်မားတဲ့ တိုနာလီအနေနဲ့ ၅၇၆ ကြိမ်နဲ့ ၅၇ ကြိမ် အသီးသီး ရှိခဲ့ပြီး ဒါက အာဆင်နယ်တာဝန်ရှိသူတွေကို မျက်စိကျစေတဲ့ အချက်လည်း ဖြစ်လို့နေပါတယ်။

လက်ရှိမှာတော့ လက်စတာအသင်းရဲ့ ဈေးလျှော့ပေးမှုအရ တီးလီးမန်းစ်ကို ပေါင် ၂၅ သန်းနဲ့ ရရှိနိုင်မယ်လို့ သိရပြီး ကစားသမားကတော့ အမ်းမရိတ်ကို လာကစားဖို့ စိတ်အားထက်သန်နေချိန်မှာ စောင့်နေရတာကိုတော့ စိတ်မရှည်ဘဲ ငြိုငြင်နေပြီလို့ ကြားနေရတာကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ချိန်မှာ တစ်ဖက်မှာတော့ အေစီမီလန်နဲ့ အာဆင်နယ်တို့ တိုနာလီအတွက် အကြိတ်အနယ် ညှိနှိုင်းရနိုင်ပါတယ်။

အသက် ၂၂ အရွယ် အီတလီလက်ရွေးစင်အနေနဲ့ အေစီမီလန်ကနေ အလောတကြီး ထွက်ခွာဖို့ မရှိပေမယ့် စီးရီးအေ ချန်ပီယံဆိုတာ ဒီအသင်းနဲ့ သူရနိုင်သမျှ အမြင့်ဆုံး ဆုဖလားအဖြစ် သတ်မှတ်နိုင်တာဖြစ်လို့ အာဆင်နယ်ဆီ ပြောင်းရွှေ့မလား စောင့်ကြည့်ရမှာဖြစ်ပြီး တီးလီးမန်းစ်နဲ့ သူနဲ့ကြားမှာ ဒီလိုအကြောင်းတွေကြောင့် ပရိသတ်တွေ ရင်ခုန်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ကို အားျဖည့္ဖို႔ ကစားသမားသစ္ တစ္ဦး ထပ္မံေခၚယူသြားမယ့္အခ်ိန္မွာ အမ္းမရိတ္က ပရိသတ္ေတြအတြက္ေတာ့ ဒါက ဘာျဖစ္လို လက္စတာစီးတီးနဲ႔ အသားက်ၿပီးသား ယူရီ တီးလီးမန္းစ္အျပင္ ထပ္ၿပီး စဥ္းစားဖို႔ လိုေတာ့သလဲလို႔ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တီးလီးမန္းစ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲမွာ တစ္ဦးအပါအဝင္ျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ လက္ေ႐ြးစင္အသင္းမွာလည္း တစ္ေနရာ အပိုင္စားရရွိထားသလို သူ႔ရဲ႕ ကစားသမားဘဝ အျမင့္မားဆုံး စြမ္းေဆာင္ရည္နဲ႔ နီးကပ္ေနၿပီျဖစ္တာေၾကာင့္ သူ႔ကို ေခၚဖို႔က ႏွစ္ခါျပန္ စဥ္းစားစရာ မလိုတဲ့ No Brainer Deal လို႔ ဆိုေနၾကတာပါ။

ၿပီးခဲ့တဲ့ ရာသီမွာ ေျမေခြးေတြကို ဦးေဆာင္ကစားခဲ့ၿပီး ပရီးမီးယားလိဂ္ပြဲေပါင္း ၃၂ ပြဲ ပါဝင္ကစားေပးခဲ့သလို သြင္းဂိုး ၆ ဂိုးနဲ႔ ဖန္တီးမႈ ၄ ႀကိမ္ လုပ္ေဆာင္ထားႏိုင္ခ်ိန္မွာ ကစားပုံ အနည္းငယ္ေလးၿပီး အာဆင္နယ္ ကစားသမားေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဂရာနစ္ ခ်ာကာထက္ပဲ နည္းနည္းပိုျမန္သလို ခံစစ္ စြမ္းေဆာင္ရည္ နည္းပါးတာကေတာ့ နည္းျပ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔ကို ျပန္စဥ္းစားေစတဲ့ အခ်က္လည္းျဖစ္ပါတယ္။

ဒီအခ်ိန္မွာ ေနာက္ထပ္ ေ႐ြးခ်ယ္စရာ တစ္ခုအျဖစ္ ရႈျမင္ထားတဲ့ ေအစီမီလန္ရဲ႕ ဆန္ဒ႐ို တိုနာလီကေတာ့ တီးလီးမန္းစ္ရဲ႕ အားနည္းခ်က္လိုမ်ိဳး လက္ညႇိဳးၫႊန္စရာ နည္းတဲ့ ကြင္းလယ္လူမ်ိဳးျဖစ္ၿပီး ခံစစ္ပိုင္းမွာ အျမင္ပိုမိုစူးရွသလို အန္ဒရီယာ ပီယာလို လက္သစ္လို႔ ေဖာ္ၫႊန္းထားတဲ့ သူ႔အေနနဲ႔ ပိုမို သာလြန္တဲ့ အခ်က္က အီတလီသားေတြထဲမွာ ရွားပါးတဲ့ ျမန္ႏႈန္းျမင့္ ကစားသမားတစ္ေယာက္ျဖစ္ေနတာပါပဲ။

ခံစစ္တန္းေရွ႕မွာ ေနရာယူထားၿပီး ေဘာလုံးေပးပို႔မႈ အျမင္နဲ႔ အေဝးအနီး တိက်မႈ Vision and Passing Range ေကာင္းမြန္တဲ့ တိုနာလီဟာ အသက္အ႐ြယ္အရလည္း တီးလီးမန္းစ္ထက္ သုံးႏွစ္ပိုငယ္ေနတဲ့ အခ်က္က အာဆင္နယ္တို႔အတြက္ စဥ္းစားစရာအခ်က္ျဖစ္ေနၿပီး သူတို႔ေတြအေနနဲ႔ ကြင္းလယ္လူသစ္ဆီက ေတာင္းဆိုမယ့္ အရာဟာ သြင္းဂိုးေတြ မဟုတ္ဘဲ ေပးပို႔မႈနဲ႔ ခံစစ္ကူညီမႈျဖစ္တာေၾကာင့္ ေသခ်ာစဥ္းစားေနၾကတာပါ။

ၿပီးခဲ့တဲ့ ရာသီမွာ တိုနာလီဟာ ေအစီမီလန္အသင္းအတြက္ စီးရီးေအမွာ ၅ ဂိုးသြင္း ၃ ဂိုး ဖန္တီးခဲ့သလို ဒီထဲက ၂ ဂိုးကို ကြင္းလယ္အဖ်က္ေနရာ ကစားရင္း သြင္းယူခဲ့တာျဖစ္တဲ့ အခ်က္က သူ႔ရဲ႕ ပြဲအေပၚ ဖတ္ရႈႏိုင္စြမ္းကို ေတြ႕ျမင္ရေစခ်ိန္မွာ ေပါင္ ၄၅ သန္းတန္ ကစားသမားအေနနဲ႔ ခံစစ္ပိုင္း လိုက္ပါမႈကိုလည္း တီးလီးမန္းစ္ထက္ပိုၿပီး ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

တီးလီးမန္းစ္အေနနဲ႔ ၿပီးခဲ့တဲ့ ရာသီမွာ တစ္ဖက္ကစားသမားအေပၚ လိုက္လံ ဖိအားေပးမႈနဲ႔ ျဖတ္ေတာက္ရယူႏိုင္မႈမွာ ၄၈၉ ႀကိမ္နဲ႔ ၄၁ ႀကိမ္ အသီးသီး ရွိခဲ့ခ်ိန္မွာ သူ႔ထက္ အရပ္အေမာင္းအားျဖင့္လည္း ပိုမိုျမင့္မားတဲ့ တိုနာလီအေနနဲ႔ ၅၇၆ ႀကိမ္နဲ႔ ၅၇ ႀကိမ္ အသီးသီး ရွိခဲ့ၿပီး ဒါက အာဆင္နယ္တာဝန္ရွိသူေတြကို မ်က္စိက်ေစတဲ့ အခ်က္လည္း ျဖစ္လို႔ေနပါတယ္။

လက္ရွိမွာေတာ့ လက္စတာအသင္းရဲ႕ ေဈးေလွ်ာ့ေပးမႈအရ တီးလီးမန္းစ္ကို ေပါင္ ၂၅ သန္းနဲ႔ ရရွိႏိုင္မယ္လို႔ သိရၿပီး ကစားသမားကေတာ့ အမ္းမရိတ္ကို လာကစားဖို႔ စိတ္အားထက္သန္ေနခ်ိန္မွာ ေစာင့္ေနရတာကိုေတာ့ စိတ္မရွည္ဘဲ ၿငိဳျငင္ေနၿပီလို႔ ၾကားေနရတာေၾကာင့္ တစ္မ်ိဳးတစ္ဖုံ ေျပာင္းလဲသြားႏိုင္ခ်ိန္မွာ တစ္ဖက္မွာေတာ့ ေအစီမီလန္နဲ႔ အာဆင္နယ္တို႔ တိုနာလီအတြက္ အႀကိတ္အနယ္ ညႇိႏႈိင္းရႏိုင္ပါတယ္။

အသက္ ၂၂ အ႐ြယ္ အီတလီလက္ေ႐ြးစင္အေနနဲ႔ ေအစီမီလန္ကေန အေလာတႀကီး ထြက္ခြာဖို႔ မရွိေပမယ့္ စီးရီးေအ ခ်န္ပီယံဆိုတာ ဒီအသင္းနဲ႔ သူရႏိုင္သမွ် အျမင့္ဆုံး ဆုဖလားအျဖစ္ သတ္မွတ္ႏိုင္တာျဖစ္လို႔ အာဆင္နယ္ဆီ ေျပာင္းေ႐ႊ႕မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး တီးလီးမန္းစ္နဲ႔ သူနဲ႔ၾကားမွာ ဒီလိုအေၾကာင္းေတြေၾကာင့္ ပရိသတ္ေတြ ရင္ခုန္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.