Premier League Transfer News

အန်းဖီးကို ပြောင်းချင်လို့ အခြားပရီးမီးယားလိဂ်ကလပ်တွေကို ဒိုင်ခံငြင်းလွှတ်နေတဲ့ ပေါ်တူဂီကြယ်ပွင့်

လီဗာပူးလ် အပြောင်းအရွှေ့ပစ်မှတ်ဖြစ်တဲ့ မားသီးယပ်စ် နူးနက်စ်ဟာ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းဆီကနေ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တယ်လို့ ဒေးဗစ် မွိုက်စ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ အဆက်မပြတ် ထွက်ပေါ်နေခဲ့သူဖြစ်ပြီး နူးနက်စ်ဟာ မာဆေးဆိုဒ်အသင်းကို ပြောင်းရွှေ့ဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ နူးနက်စ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် သူက မလာဖို့ပဲ ရွေးချယ်ခဲ့တယ်”လို့ ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ် မွိုက်စ်က The Athletic ကို ပြောကြားခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး စပို့တင်း လစ္စဘွန်းကရော ကစားသမားကပါ ပယ်ခဲ့တာကြောင့် လန်ဒန်ကလပ်အသင်းအနေနဲ့ နူးနက်စ်အတွက် ထပ်မံကြိုးပမ်းတော့မယ့်ပုံမပေါ်တော့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိ အဲဗာတန်ကွင်းလယ်ကစားသမားဖြစ်နေပြီဖြစ်တဲ့ အာမာဒူ အိုနာနာကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီးနောက် နူးနက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး စပို့တင်း လစ္စဘွန်းကြယ်ပွင့်ကို ခေါ်ယူနိုင်ဆဲဖြစ်တာကြောင့် လီဗာပူးလ်အတွက် အခြေအနေကောင်းနေတဲ့ လက္ခဏာဖြစ်ပါတယ်။

ပရိသတ်အများစုက ရာသီကြိုကာလနဲ့ ရာသီအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ဒဏ်ရာပြဿနာတွေ ရရှိခဲ့တာကြောင့် ယာဂန် ကလော့ပ်ရဲ့အသင်းကို ကွင်းလယ်နေရာအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

စပိန်ကွင်းလယ်ကြယ်ပွင့် သီယေဂို အယ်လ်ကန်တာရာဟာ ဖူလ်ဟမ်နဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပြီး ကာတစ် ဂျုံးစ်နဲ့ ချိန်ဘာလိန်တို့ကလည်း အချိန်အတော်ကြာအနားယူရမယ့် ဒဏ်ရာပြဿနာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာဘီ ကီးတားက အသင်းအတွက် ကစားပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပြီဖြစ်ပြီး နာမကျန်းဖြစ်မှုကြောင့် ရာသီအဖွင့်ပွဲကို လွဲချော်ခဲ့ပြီးနောက် ယခုအပတ် ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးသွားလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:လီဗာပူးလ္ အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္တဲ့ မားသီးယပ္စ္ ႏူးနက္စ္ဟာ ဝက္စ္ဟမ္း ယူႏိုက္တက္အသင္းဆီကေန ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့တယ္လို႔ ေဒးဗစ္ မြိဳက္စ္ရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။

ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အဆက္မျပတ္ ထြက္ေပၚေနခဲ့သူျဖစ္ၿပီး ႏူးနက္စ္ဟာ မာေဆးဆိုဒ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ေစာင့္ဆိုင္းေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ ႏူးနက္စ္အတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္ သူက မလာဖို႔ပဲ ေ႐ြးခ်ယ္ခဲ့တယ္”လို႔ ဝက္စ္ဟမ္းအသင္းနည္းျပ ေဒးဗစ္ မြိဳက္စ္က The Athletic ကို ေျပာၾကားခဲ့ပါတယ္။ ဝက္စ္ဟမ္းအသင္းဟာ ေပါင္ ၂၅ သန္းနဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့တာျဖစ္ၿပီး စပို႔တင္း လစၥဘြန္းကေရာ ကစားသမားကပါ ပယ္ခဲ့တာေၾကာင့္ လန္ဒန္ကလပ္အသင္းအေနနဲ႔ ႏူးနက္စ္အတြက္ ထပ္မံႀကိဳးပမ္းေတာ့မယ့္ပုံမေပၚေတာ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအသင္းဟာ လက္ရွိ အဲဗာတန္ကြင္းလယ္ကစားသမားျဖစ္ေနၿပီျဖစ္တဲ့ အာမာဒူ အိုနာနာကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ႏူးနက္စ္ကို ေခၚယူဖို႔ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး စပို႔တင္း လစၥဘြန္းၾကယ္ပြင့္ကို ေခၚယူႏိုင္ဆဲျဖစ္တာေၾကာင့္ လီဗာပူးလ္အတြက္ အေျခအေနေကာင္းေနတဲ့ လကၡဏာျဖစ္ပါတယ္။

ပရိသတ္အမ်ားစုက ရာသီႀကိဳကာလနဲ႔ ရာသီအဖြင့္ပြဲစဥ္ျဖစ္တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ဒဏ္ရာျပႆနာေတြ ရရွိခဲ့တာေၾကာင့္ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းကို ကြင္းလယ္ေနရာအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္ဖို႔အတြက္ ေတာင္းဆိုခဲ့ၾကပါတယ္။

စပိန္ကြင္းလယ္ၾကယ္ပြင့္ သီေယဂို အယ္လ္ကန္တာရာဟာ ဖူလ္ဟမ္နဲ႔ တစ္ဖက္ ၂ ဂိုးစီ သေရက်ခဲ့တဲ့ပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာ ရရွိခဲ့ၿပီး ကာတစ္ ဂ်ဳံးစ္နဲ႔ ခ်ိန္ဘာလိန္တို႔ကလည္း အခ်ိန္အေတာ္ၾကာအနားယူရမယ့္ ဒဏ္ရာျပႆနာ ရရွိခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နာဘီ ကီးတားက အသင္းအတြက္ ကစားေပးႏိုင္တဲ့ အေျခအေနမွာ ရွိေနၿပီျဖစ္ၿပီး နာမက်န္းျဖစ္မႈေၾကာင့္ ရာသီအဖြင့္ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ယခုအပတ္ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးသြားလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.