Premier League

အဆန်းထွင်ကောင်းလို့ ပြိုင်ဘက်ပရိသတ်တွေအပြင် ကိုယ့်အသင်းပရိသတ်တွေပါ ဝိုင်းပြောတာခံနေရတဲ့ စီးတီး

မန်ချက်စတာစီးတီးအသင်းဟာ အစ်တီဟတ်ကွင်းက တောင်ဘက်ပွဲကြည့်စင်မှာ DJ စင်ကို တည်ဆောက်ခဲ့ပြီးနောက် ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ကွင်းအတွင်း နားနေဆောင်တွေက ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးနိုင်ဖို့နဲ့ ပွဲစဉ်အတွင်း ပတ်ဝန်းကျင်ကို တိုးမြှင့်စေဖို့ ရည်ရွယ်ချက်နဲ့ ဖျော်ဖြေပေးမယ့် ဒီဂျေသမားတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေဟာ အရင်တုန်းက ချန်ပီယံလိဂ်ညလိုမျိုး ပွဲကြီးပွဲကောင်းတွေမတိုင်ခင် ကွင်းအပြင်ဘက်မှာ ပရိသတ်တွေကို ဖျော်ဖြေပေးဖို့အတွက် ဒီဂျေသမားတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးက နောက်ထပ်ဆန်းသစ်တဲ့ တိုးတက်မှုအဖြစ် ကွင်းအတွင်းက တောင်ဘက်ပွဲကြည့်စင်ရဲ့ အတွင်းပိုင်းကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ တစ်စိတ်အပိုင်းအဖြစ် ဒီဂျေစင်ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းက ဒီဂျေသမားတွေဟာ ပရိသတ်တွေ ရွေးချယ်ထားတဲ့ သီချင်းစာရင်းကို အသုံးပြုပြီး ပွဲမတိုင်ခင်နဲ့ ပထမပိုင်းအပြီးမှာ ဖျော်ဖြေသွားဖို့ စီစဉ်နေပြီး စနေနေ့ ဘုန်းမောက်နဲ့ပွဲစဉ်မှာ စတင်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးရဲ့ အဆန်းထွင်မှုကို ပြိုင်ဘက်အသင်း ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပြီး မန်စီးတီး ပရိသတ်အချို့ကလည်း အသင်းရဲ့ ကြောင်တောင်တောင်နိုင်တဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်ကြောင်း မှတ်ချက်ပေးခဲ့ကြတာဖြစ်ပါတယ်။ “အမ်းပတီးဟတ်ကြီး။ ရှူးဒါးဒယ်ဒီတွေက ဒီလိုမျိုး အပေါစားဆန်တဲ့ ပျော်ရွှင်မှုမျိုး ပေးနိုင်အောင် ဘာမဆို လုပ်သွားမှာပဲ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက လှောင်ပြောင်ခဲ့ပြီး “ဒီဂျေက ပရိသတ်တွေ မလုပ်နိုင်တဲ့ ဆူညံသံတွေအားလုံးကို လုပ်နိုင်တယ်လို့ ဆိုလိုချင်တာလား”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

“ခင်ဗျား ဘောလုံးပွဲကို သွားကြည့်တဲ့အခါမှာ ကွင်းအတွင်းက ဖျော်ဖြေမှုကိုပဲ လိုအပ်ပါတယ်။ ဘာကြောင့် ဒီလို အဓိပ္ပာယ်မရှိတာတွေလုပ်နေတာလဲ”လို့ မန်စီးတီးပရိသတ်တစ်ဦးလို့ ယူဆရသူတစ်ဦးက မှတ်ချက်ပေးခဲ့ပြီး “ဘယ်လောက်တောင်မှ အရှက်ရစရာကောင်းလိုက်သလဲ”လို့ နောက်ထပ် မန်စီးတီးပရိသတ်တစ်ဦးကလည်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးရဲ့ အော်ပရေးရှင်း မန်းနေးဂျင်းဒါရိုက်တာ ဒန်နီ ဝီလ်ဆင်ကတော့ အသစ်ပြန်လည်ပြုပြင်ထားတဲ့ တောင်ဘက်ပွဲကြည့်စင်မှာ ဘီယာဂေါက်ကနေ ကိုယ်တိုင် ငှဲ့သောက်နိုင်တဲ့ ဝန်ဆောင်မှု ပါဝင်တဲ့ မန်စီးတီး theme စပို့ဘားအသစ်လည်း ပါဝင်မှာဖြစ်ပြီး ပရိသတ်တွေအတွက် ပွဲနေ့အတွေ့အကြုံကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးအသင္းဟာ အစ္တီဟတ္ကြင္းက ေတာင္ဘက္ပြဲၾကည့္စင္မွာ DJ စင္ကို တည္ေဆာက္ခဲ့ၿပီးေနာက္ ၿပိဳင္ဘက္အသင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ကြင္းအတြင္း နားေနေဆာင္ေတြက ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈေပးႏိုင္ဖို႔နဲ႔ ပြဲစဥ္အတြင္း ပတ္ဝန္းက်င္ကို တိုးျမႇင့္ေစဖို႔ ရည္႐ြယ္ခ်က္နဲ႔ ေဖ်ာ္ေျဖေပးမယ့္ ဒီေဂ်သမားေတြကို ေခၚယူေနတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံေတြဟာ အရင္တုန္းက ခ်န္ပီယံလိဂ္ညလိုမ်ိဳး ပြဲႀကီးပြဲေကာင္းေတြမတိုင္ခင္ ကြင္းအျပင္ဘက္မွာ ပရိသတ္ေတြကို ေဖ်ာ္ေျဖေပးဖို႔အတြက္ ဒီေဂ်သမားေတြကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္စီးတီးက ေနာက္ထပ္ဆန္းသစ္တဲ့ တိုးတက္မႈအျဖစ္ ကြင္းအတြင္းက ေတာင္ဘက္ပြဲၾကည့္စင္ရဲ႕ အတြင္းပိုင္းကို ျပန္လည္ျပဳျပင္တည္ေဆာက္ရာမွာ တစ္စိတ္အပိုင္းအျဖစ္ ဒီေဂ်စင္ကိုပါ ထည့္သြင္းတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ေဒသတြင္းက ဒီေဂ်သမားေတြဟာ ပရိသတ္ေတြ ေ႐ြးခ်ယ္ထားတဲ့ သီခ်င္းစာရင္းကို အသုံးျပဳၿပီး ပြဲမတိုင္ခင္နဲ႔ ပထမပိုင္းအၿပီးမွာ ေဖ်ာ္ေျဖသြားဖို႔ စီစဥ္ေနၿပီး စေနေန႔ ဘုန္းေမာက္နဲ႔ပြဲစဥ္မွာ စတင္ေဖ်ာ္ေျဖသြားမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးရဲ႕ အဆန္းထြင္မႈကို ၿပိဳင္ဘက္အသင္း ပရိသတ္ေတြက ေလွာင္ေျပာင္ခဲ့ၾကၿပီး မန္စီးတီး ပရိသတ္အခ်ိဳ႕ကလည္း အသင္းရဲ႕ ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့ လုပ္ရပ္ေၾကာင့္ စိတ္ပ်က္ေၾကာင္း မွတ္ခ်က္ေပးခဲ့ၾကတာျဖစ္ပါတယ္။ “အမ္းပတီးဟတ္ႀကီး။ ရႉးဒါးဒယ္ဒီေတြက ဒီလိုမ်ိဳး အေပါစားဆန္တဲ့ ေပ်ာ္႐ႊင္မႈမ်ိဳး ေပးႏိုင္ေအာင္ ဘာမဆို လုပ္သြားမွာပဲ”လို႔ တြစ္တာအသုံးျပဳသူတစ္ဦးက ေလွာင္ေျပာင္ခဲ့ၿပီး “ဒီေဂ်က ပရိသတ္ေတြ မလုပ္ႏိုင္တဲ့ ဆူညံသံေတြအားလုံးကို လုပ္ႏိုင္တယ္လို႔ ဆိုလိုခ်င္တာလား”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း ေရးသားခဲ့ပါတယ္။

“ခင္ဗ်ား ေဘာလုံးပြဲကို သြားၾကည့္တဲ့အခါမွာ ကြင္းအတြင္းက ေဖ်ာ္ေျဖမႈကိုပဲ လိုအပ္ပါတယ္။ ဘာေၾကာင့္ ဒီလို အဓိပၸာယ္မရွိတာေတြလုပ္ေနတာလဲ”လို႔ မန္စီးတီးပရိသတ္တစ္ဦးလို႔ ယူဆရသူတစ္ဦးက မွတ္ခ်က္ေပးခဲ့ၿပီး “ဘယ္ေလာက္ေတာင္မွ အရွက္ရစရာေကာင္းလိုက္သလဲ”လို႔ ေနာက္ထပ္ မန္စီးတီးပရိသတ္တစ္ဦးကလည္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးရဲ႕ ေအာ္ပေရးရွင္း မန္းေနးဂ်င္းဒါ႐ိုက္တာ ဒန္နီ ဝီလ္ဆင္ကေတာ့ အသစ္ျပန္လည္ျပဳျပင္ထားတဲ့ ေတာင္ဘက္ပြဲၾကည့္စင္မွာ ဘီယာေဂါက္ကေန ကိုယ္တိုင္ ငွဲ႔ေသာက္ႏိုင္တဲ့ ဝန္ေဆာင္မႈ ပါဝင္တဲ့ မန္စီးတီး theme စပို႔ဘားအသစ္လည္း ပါဝင္မွာျဖစ္ၿပီး ပရိသတ္ေတြအတြက္ ပြဲေန႔အေတြ႕အႀကဳံကို ျမႇင့္တင္ေပးႏိုင္မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.