Analysis Premier League

စပါးစ်နဲ့ လန်ဒန်ဒါဘီ အိမ်ကွင်းပွဲစဉ်မှာ ချဲလ်ဆီးတို့ သရေထက်ပိုရနိုင်ပါ့မလား

ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ အဝေးကွင်းပွဲစဉ်မှာ အဖက်ဖက်က အားနည်းနေခဲ့တဲ့ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့ အသင်းကို ရင်ဆိုင်ခဲ့ရပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ဟန်ကတော့ ပျောက်ဆုံးနေပြီး အတွဲအဖက်တွေ အထိုင်မကျဘဲ အမှားအယွင်းများခဲ့သလို ဂျော်ဂျင်ညိုရဲ့ ပင်နယ်တီတစ်လုံးတည်းနဲ့ အနိုင်ယူခဲ့ရတာဖြစ်ပါတယ်။

အဖိုးတန် သုံးမှတ်ကို ရယူနိုင်ခဲ့ပေမယ့် သောမတ်စ် တူဟယ်လ်ရဲ့ နာမည်ကျော် ကျစ်လစ်ထက်မြက်တဲ့ ၃-၄-၃ ကစားဟန်က လက်ခံနိုင်စရာ အဆင့်အတန်းတစ်ခုမှာ ရှိမနေခဲ့သလို ခံစစ်တောင်ပံတွေကလွဲရင် ကျန်တဲ့ ကစားသမားတော်တော်များများက ပါတနာအသစ်တွေနဲ့ ရုန်းကန်နေခဲ့ရပြီး ရာဟင်းမ် စတာလင်နဲ့ ကာလီဒူး ကူလီဘေလီလို ကစားသမားတွေက အထိုင်ကျဖို့ လိုအပ်နေသေးတာပါ။

ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဂိုးပေါက် ၆ ကြိမ်တည့်မှုက တစ်ဂိုးမှ မဖြစ်ခဲ့သလို ဘန် ချေးလ်ဝဲလ်ကိုသာ အဲဗာတန်ကွင်းလယ်လူ အက်ဘ်ဒူလာယေး ဒူကူရေးကသာ မိုက်မိုက်မဲမဲ ဖိမတွန်းခဲ့ဘူးဆိုရင် ပွဲက သရေဖြစ်သွားနိုင်ခဲ့သလို ခိုင်ဟာဗတ်ဇ်နဲ့ မေဆန်မောင့်တို့ကလည်း ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းကို မမီဘဲဖြစ်နေခဲ့ပါတယ်။

ဒီအချိန်မှာ စပါးစ်တို့ကတော့ အိမ်ကွင်းမှာ အထနှေးပြီး ဂျိမ်းစ် ဝါ့ဒ်-ပရောက်စ်ရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ဆောက်သမ်တန်အပေါ် တဖြည်းဖြည်း ပြန်လည်စိုးမိုးနိုင်ခဲ့သလို ရိုင်ယန် ဆက်ဆီညွန်၊ အဲရစ် ဒိုင်ယာ၊ ဒေယန် ကူလူရှက်ဗ်စကီးတို့ရဲ့ သွင်းဂိုးတွေအပြင် မိုဟာမက် ဆာလီဆူးရဲ့ အုန်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ရာသီကလို ကြောက်စရာကောင်းတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ဆဲဖြစ်ခဲ့ပါတယ်။

တစ်ခုပြောစရာကတော့ အထောင်တိုက်စစ်မှူး ဟာရီကိန်းတစ်ယောက် ခြေစွမ်းကျဆင်းနေခဲ့တာဖြစ်ပြီး ဒါကို ဆွန်ဟောင်မင်တို့အဖွဲ့က ဖြည့်ဆည်းကစားပေးနိုင်ခဲ့လို့ မသိသာခဲ့ပေမယ့် အသင်းကြီးချင်း တွေ့ဆုံမယ်ဆိုရင်တော့ အင်္ဂလန်ကပ္ပတိန်ကို ထိန်းချုပ်ထားနိုင်ခဲ့ရင် တောင်ပံတွေချည်း တိုက်စစ်ဆင်မှုမှာ အနည်းနဲ့ အများ ရုန်းကန်ရနိုင်တာပါ။

လာမယ့် စတမ်းဖို့ဒ်ဘရစ်ချ်က လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ အဖွင့်ပွဲကို ပွဲပယ်ထိထားတဲ့ ကစားသမားသစ် ရစ်ချာလစ်ဆန် ပါဝင်နိုင်တော့မှာဖြစ်ပြီး ချဲလ်ဆီးတို့ဘက်ကတော့ နောက်ခံလူသစ် မာ့ခ် ကူကူရဲလား ကစားချိန် ပိုရလာနိုင်သလို ညာခြမ်းက ကပ္ပတိန် ဆီဆာ အက်ဇ်ပီလီကွေတာအစား ဘယ်ခြမ်းကနေ Ball Playing Defender အဖြစ် ဘရိုက်တန်မှာ ကစားခဲ့သလိုမျိုးပဲ ချေးလ်ဝဲလ်နဲ့ နှစ်ထပ် သုံးစွဲလာနိုင်ပါတယ်။

ချဲလ်ဆီးရဲ့ ဖြစ်နိုင်ဖွယ် ကစားကွက်ကို တစ်ဆက်တည်း ခန့်မှန်းရရင်တော့ ဂိုးသမား မန်ဒီ၊ ခံစစ်က သီယာဂို ဆေးလ်ဗားနဲ့ ကူလီဘေလီတို့ အပြောင်းအလဲ မရှိနိုင်ပေမယ့် ညာခြမ်းမှာတော့ ဆွန်ဟောင်မင်ကို ကာကွယ်ဖို့ ခံစစ်ကစားလာဖွယ်ရှိပြီး သုံးယောက်တန်း ညာအစွန်မှာ ကူလီဘေလီနဲ့ အက်ဇ်ပီလီကွေတာ/ရီးစ် ဂျိမ်းစ်တို့ တစ်ဦးသာ ပွဲထွက်လာနိုင်သလို ဘယ်ခြမ်းကတော့ တိုက်စစ်လိုက်လွန်းတဲ့ စပါးစ်ညာနောက်ခံလူ ရိုယဲလ်ကို ဒုက္ခပေးဖို့ ပြင်ဆင်လာနိုင်တာချိန်မှာ ကျန်တဲ့ ကစားသမားတွေကတော့ အပြောင်းအလဲ နည်းနိုင်တာပါ။

စပါးစ်တို့ကလည်း ခံစစ်မှာ ဂိုးသမား လိုရစ်၊ ဒိုင်ယာ၊ ရိုမဲရိုး၊ ဘန်ဒေးဗီးစ်၊ ရိုယဲလ်၊ ဆက်ဆီညွန်တို့နဲ့ အပြောင်းအလဲ မရှိနိုင်သလို ပုံစံကောင်း ရနေတဲ့ ဟွိုင်ဘယာ့ဂ်နဲ့ ဘင်တန်ကာတို့ကြောင့် ဘရိုက်တန်က အသစ်ခေါ်ထားတဲ့ ဘီဆူးမားကတောင် အရန်လိုဖြစ်နေခဲ့ပြီး ချဲလ်ဆီးတို့ကို ခပ်ကြမ်းကြမ်း ဖျက်ဖို့ မလိုမချင်း မာလီသားကို ထည့်သွင်းလာဖို့ မရှိသလို တိုက်စစ်ကတော့ ဆွန်၊ ကိန်း၊ ကူလူရှက်ဗ်စကီးတို့ပဲ ကစားဖို့ များနေပါတယ်။

ချဲလ်ဆီးတို့ရဲ့ ခံစစ်မှာ အသားမကျသေးတဲ့ ပုံစံက စပါးစ်တို့ အကြိုက်ဖြစ်လာနိုင်တာကြောင့် တူဟယ်လ်အနေနဲ့ ဒီနေ့ပွဲမှာ‌ တိုက်စစ်ဦးစားပေးဖို့ သိပ်မဖြစ်နိုင်သလို အိမ်ကွင်းမှာ မမှားအောင်ပဲ အဓိက ကစားလာနိုင်ပြီး လျင်မြန်တဲ့ မြောက်လန်ဒန်သားတွေရဲ့ တောင်ပံတွေကို အခွင့်အရေး မပေးမိအောင် အာရုံစိုက်သွားမှာဖြစ်သလို အန်တိုနီယို ကွန်တီသာ တိုက်စစ်ကစားလာမလားဆိုတာကို တွေးရတော့မှာပါ။

ဒီနေ့ပွဲက “အမဲလိုက်အက စင်မြင့်ထက်က ရှုံးတဲ့သူ လဲကျမယ်”ဆိုတဲ့ သီချင်းလိုဖြစ်နေပြီး သူတို့နှစ်ဦးရဲ့ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ရဲ့ ပုံစံကောင်းနဲ့ အမှတ်ဖြတ်သွားနိုင်တဲ့ လက်စတာနဲ့ အိမ်ကွင်းမှာ တွေ့ဆုံနေမှုကြောင့် နိုင်တဲ့ အသင်းက အခြေမပျက်နိုင်ပေမယ့် နှစ်သင်းစလုံးအနေနဲ့ ရှုံးမှာကိုပဲ ပိုပြီး စိုးရိမ်နေကြမှာဖြစ်သလို အဆင့် ၄ အတွင်းက ထွက်မပေးရဖို့ နိုင်ဖို့ထက် မရှုံးဖို့ကို ဦးတည် ပြင်ဆင်လာကြနိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကဆိုရင်တော့ ချဲလ်ဆီးက ခံစစ်ပိုကောင်းပြီး စပါးစ်က တိုက်စစ်ပိုကောင်းတယ်လို့ မျက်စိမှိတ်ပြီး ပြောနိုင်ပေမယ့် ဒီနှစ်မှာတော့ စပါးစ်ခံစစ်ကိုတောင် မမီသေးတဲ့ ချဲလ်ဆီးကြောင့် အိမ်ရှင်တွေ အခက်တွေ့ရဖို့ ပိုများနေသလို အိမ်ကွင်းအားသာချက်ကို ထည့်တွက်မှ နှစ်သင်းကြားမှာ အလားအလာ အတူတူပဲလို့ သုံးသပ်ရမှာဖြစ်သလို ကျွမ်းကျင်သူတွေကတော့ ဧည့်သည်တွေဘက်က ရှိချင်နေကြတာပါ။

ဒီပွဲအတွက် ပေါလ် မာဆန်က တစ်ဂိုးစီ သရေလို့ ခန့်မှန်းထားချိန်မှာ ဘီဘီစီကနေ ပက်ဒီပါဝါကို ပြောင်းသွားပြီဖြစ်တဲ့ လော်ရိုကတော့ စပါးစ်တို့ နှစ်ဂိုး-တစ်ဂိုးအနိုင်လို့ အိမ်ရှင်ကို ဘက်ကန်လိုက်ပြီး Live Score ရဲ့ လက်စကော့ကတော့ စပါးစ် ဝမ်းဇီးလို့ ဆိုထားခဲ့ကြချိန်မှာ ချဲလ်ဆီးတို့ နိုင်ပွဲအတွက် ရပ်တည်ရင် မိုက်မဲမှာဖြစ်ကြောင်းနဲ့ အများဆုံး သရေပဲလို့ ကျွမ်းကျင်သူတွေနဲ့အတူ သဘောထားညီရဖို့ ရှိနေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ အဲဗာတန္နဲ႔ အေဝးကြင္းပြဲစဥ္မွာ အဖက္ဖက္က အားနည္းေနခဲ့တဲ့ နည္းျပေဟာင္း ဖရန႔္ လမ္းပတ္ရဲ႕ အသင္းကို ရင္ဆိုင္ခဲ့ရေပမယ့္ သူတို႔ရဲ႕ ကိုယ္ပိုင္ဟန္ကေတာ့ ေပ်ာက္ဆုံးေနၿပီး အတြဲအဖက္ေတြ အထိုင္မက်ဘဲ အမွားအယြင္းမ်ားခဲ့သလို ေဂ်ာ္ဂ်င္ညိဳရဲ႕ ပင္နယ္တီတစ္လုံးတည္းနဲ႔ အႏိုင္ယူခဲ့ရတာျဖစ္ပါတယ္။

အဖိုးတန္ သုံးမွတ္ကို ရယူႏိုင္ခဲ့ေပမယ့္ ေသာမတ္စ္ တူဟယ္လ္ရဲ႕ နာမည္ေက်ာ္ က်စ္လစ္ထက္ျမက္တဲ့ ၃-၄-၃ ကစားဟန္က လက္ခံႏိုင္စရာ အဆင့္အတန္းတစ္ခုမွာ ရွိမေနခဲ့သလို ခံစစ္ေတာင္ပံေတြကလြဲရင္ က်န္တဲ့ ကစားသမားေတာ္ေတာ္မ်ားမ်ားက ပါတနာအသစ္ေတြနဲ႔ ႐ုန္းကန္ေနခဲ့ရၿပီး ရာဟင္းမ္ စတာလင္နဲ႔ ကာလီဒူး ကူလီေဘလီလို ကစားသမားေတြက အထိုင္က်ဖို႔ လိုအပ္ေနေသးတာပါ။

ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ဂိုးေပါက္ ၆ ႀကိမ္တည့္မႈက တစ္ဂိုးမွ မျဖစ္ခဲ့သလို ဘန္ ေခ်းလ္ဝဲလ္ကိုသာ အဲဗာတန္ကြင္းလယ္လူ အက္ဘ္ဒူလာေယး ဒူကူေရးကသာ မိုက္မိုက္မဲမဲ ဖိမတြန္းခဲ့ဘူးဆိုရင္ ပြဲက သေရျဖစ္သြားႏိုင္ခဲ့သလို ခိုင္ဟာဗတ္ဇ္နဲ႔ ေမဆန္ေမာင့္တို႔ကလည္း ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းကို မမီဘဲျဖစ္ေနခဲ့ပါတယ္။

ဒီအခ်ိန္မွာ စပါးစ္တို႔ကေတာ့ အိမ္ကြင္းမွာ အထေႏွးၿပီး ဂ်ိမ္းစ္ ဝါ့ဒ္-ပေရာက္စ္ရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရေပမယ့္ ေဆာက္သမ္တန္အေပၚ တျဖည္းျဖည္း ျပန္လည္စိုးမိုးႏိုင္ခဲ့သလို ႐ိုင္ယန္ ဆက္ဆီၫြန္၊ အဲရစ္ ဒိုင္ယာ၊ ေဒယန္ ကူလူရွက္ဗ္စကီးတို႔ရဲ႕ သြင္းဂိုးေတြအျပင္ မိုဟာမက္ ဆာလီဆူးရဲ႕ အုန္းဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီကလို ေၾကာက္စရာေကာင္းတဲ့ တိုက္စစ္ကို ပိုင္ဆိုင္ဆဲျဖစ္ခဲ့ပါတယ္။

တစ္ခုေျပာစရာကေတာ့ အေထာင္တိုက္စစ္မႉး ဟာရီကိန္းတစ္ေယာက္ ေျခစြမ္းက်ဆင္းေနခဲ့တာျဖစ္ၿပီး ဒါကို ဆြန္ေဟာင္မင္တို႔အဖြဲ႕က ျဖည့္ဆည္းကစားေပးႏိုင္ခဲ့လို႔ မသိသာခဲ့ေပမယ့္ အသင္းႀကီးခ်င္း ေတြ႕ဆုံမယ္ဆိုရင္ေတာ့ အဂၤလန္ကပၸတိန္ကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့ရင္ ေတာင္ပံေတြခ်ည္း တိုက္စစ္ဆင္မႈမွာ အနည္းနဲ႔ အမ်ား ႐ုန္းကန္ရႏိုင္တာပါ။

လာမယ့္ စတမ္းဖို႔ဒ္ဘရစ္ခ်္က လန္ဒန္ဒါဘီ ပြဲစဥ္မွာေတာ့ အဖြင့္ပြဲကို ပြဲပယ္ထိထားတဲ့ ကစားသမားသစ္ ရစ္ခ်ာလစ္ဆန္ ပါဝင္ႏိုင္ေတာ့မွာျဖစ္ၿပီး ခ်ဲလ္ဆီးတို႔ဘက္ကေတာ့ ေနာက္ခံလူသစ္ မာ့ခ္ ကူကူရဲလား ကစားခ်ိန္ ပိုရလာႏိုင္သလို ညာျခမ္းက ကပၸတိန္ ဆီဆာ အက္ဇ္ပီလီေကြတာအစား ဘယ္ျခမ္းကေန Ball Playing Defender အျဖစ္ ဘ႐ိုက္တန္မွာ ကစားခဲ့သလိုမ်ိဳးပဲ ေခ်းလ္ဝဲလ္နဲ႔ ႏွစ္ထပ္ သုံးစြဲလာႏိုင္ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ျဖစ္ႏိုင္ဖြယ္ ကစားကြက္ကို တစ္ဆက္တည္း ခန႔္မွန္းရရင္ေတာ့ ဂိုးသမား မန္ဒီ၊ ခံစစ္က သီယာဂို ေဆးလ္ဗားနဲ႔ ကူလီေဘလီတို႔ အေျပာင္းအလဲ မရွိႏိုင္ေပမယ့္ ညာျခမ္းမွာေတာ့ ဆြန္ေဟာင္မင္ကို ကာကြယ္ဖို႔ ခံစစ္ကစားလာဖြယ္ရွိၿပီး သုံးေယာက္တန္း ညာအစြန္မွာ ကူလီေဘလီနဲ႔ အက္ဇ္ပီလီေကြတာ/ရီးစ္ ဂ်ိမ္းစ္တို႔ တစ္ဦးသာ ပြဲထြက္လာႏိုင္သလို ဘယ္ျခမ္းကေတာ့ တိုက္စစ္လိုက္လြန္းတဲ့ စပါးစ္ညာေနာက္ခံလူ ႐ိုယဲလ္ကို ဒုကၡေပးဖို႔ ျပင္ဆင္လာႏိုင္တာခ်ိန္မွာ က်န္တဲ့ ကစားသမားေတြကေတာ့ အေျပာင္းအလဲ နည္းႏိုင္တာပါ။

စပါးစ္တို႔ကလည္း ခံစစ္မွာ ဂိုးသမား လိုရစ္၊ ဒိုင္ယာ၊ ႐ိုမဲ႐ိုး၊ ဘန္ေဒးဗီးစ္၊ ႐ိုယဲလ္၊ ဆက္ဆီၫြန္တို႔နဲ႔ အေျပာင္းအလဲ မရွိႏိုင္သလို ပုံစံေကာင္း ရေနတဲ့ ဟြိဳင္ဘယာ့ဂ္နဲ႔ ဘင္တန္ကာတို႔ေၾကာင့္ ဘ႐ိုက္တန္က အသစ္ေခၚထားတဲ့ ဘီဆူးမားကေတာင္ အရန္လိုျဖစ္ေနခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကို ခပ္ၾကမ္းၾကမ္း ဖ်က္ဖို႔ မလိုမခ်င္း မာလီသားကို ထည့္သြင္းလာဖို႔ မရွိသလို တိုက္စစ္ကေတာ့ ဆြန္၊ ကိန္း၊ ကူလူရွက္ဗ္စကီးတို႔ပဲ ကစားဖို႔ မ်ားေနပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ ခံစစ္မွာ အသားမက်ေသးတဲ့ ပုံစံက စပါးစ္တို႔ အႀကိဳက္ျဖစ္လာႏိုင္တာေၾကာင့္ တူဟယ္လ္အေနနဲ႔ ဒီေန႔ပြဲမွာ‌ တိုက္စစ္ဦးစားေပးဖို႔ သိပ္မျဖစ္ႏိုင္သလို အိမ္ကြင္းမွာ မမွားေအာင္ပဲ အဓိက ကစားလာႏိုင္ၿပီး လ်င္ျမန္တဲ့ ေျမာက္လန္ဒန္သားေတြရဲ႕ ေတာင္ပံေတြကို အခြင့္အေရး မေပးမိေအာင္ အာ႐ုံစိုက္သြားမွာျဖစ္သလို အန္တိုနီယို ကြန္တီသာ တိုက္စစ္ကစားလာမလားဆိုတာကို ေတြးရေတာ့မွာပါ။

ဒီေန႔ပြဲက “အမဲလိုက္အက စင္ျမင့္ထက္က ရႈံးတဲ့သူ လဲက်မယ္”ဆိုတဲ့ သီခ်င္းလိုျဖစ္ေနၿပီး သူတို႔ႏွစ္ဦးရဲ႕ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ရဲ႕ ပုံစံေကာင္းနဲ႔ အမွတ္ျဖတ္သြားႏိုင္တဲ့ လက္စတာနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံေနမႈေၾကာင့္ ႏိုင္တဲ့ အသင္းက အေျခမပ်က္ႏိုင္ေပမယ့္ ႏွစ္သင္းစလုံးအေနနဲ႔ ရႈံးမွာကိုပဲ ပိုၿပီး စိုးရိမ္ေနၾကမွာျဖစ္သလို အဆင့္ ၄ အတြင္းက ထြက္မေပးရဖို႔ ႏိုင္ဖို႔ထက္ မရႈံးဖို႔ကို ဦးတည္ ျပင္ဆင္လာၾကႏိုင္ပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ကဆိုရင္ေတာ့ ခ်ဲလ္ဆီးက ခံစစ္ပိုေကာင္းၿပီး စပါးစ္က တိုက္စစ္ပိုေကာင္းတယ္လို႔ မ်က္စိမွိတ္ၿပီး ေျပာႏိုင္ေပမယ့္ ဒီႏွစ္မွာေတာ့ စပါးစ္ခံစစ္ကိုေတာင္ မမီေသးတဲ့ ခ်ဲလ္ဆီးေၾကာင့္ အိမ္ရွင္ေတြ အခက္ေတြ႕ရဖို႔ ပိုမ်ားေနသလို အိမ္ကြင္းအားသာခ်က္ကို ထည့္တြက္မွ ႏွစ္သင္းၾကားမွာ အလားအလာ အတူတူပဲလို႔ သုံးသပ္ရမွာျဖစ္သလို ကြၽမ္းက်င္သူေတြကေတာ့ ဧည့္သည္ေတြဘက္က ရွိခ်င္ေနၾကတာပါ။

ဒီပြဲအတြက္ ေပါလ္ မာဆန္က တစ္ဂိုးစီ သေရလို႔ ခန႔္မွန္းထားခ်ိန္မွာ ဘီဘီစီကေန ပက္ဒီပါဝါကို ေျပာင္းသြားၿပီျဖစ္တဲ့ ေလာ္႐ိုကေတာ့ စပါးစ္တို႔ ႏွစ္ဂိုး-တစ္ဂိုးအႏိုင္လို႔ အိမ္ရွင္ကို ဘက္ကန္လိုက္ၿပီး Live Score ရဲ႕ လက္စေကာ့ကေတာ့ စပါးစ္ ဝမ္းဇီးလို႔ ဆိုထားခဲ့ၾကခ်ိန္မွာ ခ်ဲလ္ဆီးတို႔ ႏိုင္ပြဲအတြက္ ရပ္တည္ရင္ မိုက္မဲမွာျဖစ္ေၾကာင္းနဲ႔ အမ်ားဆုံး သေရပဲလို႔ ကြၽမ္းက်င္သူေတြနဲ႔အတူ သေဘာထားညီရဖို႔ ရွိေနေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.