Premier League Transfer News

မက်ဂွိုင်းယားကြောင့် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးသုံးရတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ဝက်စ်လေ ဖိုဖာကို ခေါ်ယူဖို့အတွက် လက်စတာစီးတီးနဲ့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်ထားတယ်ဆိုရင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေးဖို့ လိုအပ်လိမ့်မယ်လို့ ပြောကြားခြင်းခံခဲ့ရပါတယ်။

သောမတ်စ် တူဟယ်ဟာ ရူဒီဂါနဲ့ ခရစ္စတင်ဆန်တို့ကို ဆုံးရှုံးခဲ့ရပြီးနောက် ခံစစ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မားကို့စ် အလွန်ဆိုကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ကူလီဘေလီဟာ ရူဒီဂါအတွက် ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုဖြစ်ပြီး မာ့စ် ကူကူရယ်လာကလည်း ဘန် ချေးဝဲလ်အတွက် ယှဉ်ပြိုင်မှုဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတင်ဆန်ရဲ့ နေရာမှာ အစားထိုး ခေါ်ယူမှုပြုလုပ်ဖို့အတွက် ဂျူးစ် ကွန်ဒေးကို ကြိုးပမ်းမှုမှာ ဆီဗီလာနောက်ခံလူက ဘာစီလိုနာအသင်းကိုပဲ ရွေးချယ်သွားတာကြောင့် လန်ဒန်ကလပ်အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အဲဒီအချိန်ကတည်းက လက်စတာစီးတီးနောက်ခံလူဘက်ကို အာရုံပြောင်းခဲ့တာဖြစ်ပြီး ဖိုဖာနာဟာ လွန်ခဲ့တဲ့ ၂ နှစ်က စန်အီတျန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနေခဲ့သူဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းကိုယ်တိုင်ကလည်း ခက်ခဲတဲ့ နွေရာသီကို ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကြယ်ပွင့်ကစားသမားတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တိုက်ပွဲဝင်နေခဲ့ရတာ ဖြစ်ပါတယ်။ ကာလရှည်ကစားပေးခဲ့တဲ့ ဂိုးသမား ကက်စ်ပါ ရှမိုက်ကယ်ဟာ ယခုလအစောပိုင်းမှာ နိစ်အသင်းကို ပြောင်းရွှေ့သွားခဲ့သလို ဂျိမ်းစ် မက်ဒီဆင်ကလည်း နယူးကာဆယ်လ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဖိုဖာနာအတွက် လက်စတာစီးတီးကို ကမ်းလှမ်းမှု ၂ ကြိမ်အထိ ပြုလုပ်ထားခဲ့ပေမယ့် မြေခွေးတွေက ၎င်းတို့ရဲ့ တင်းမာတဲ့ ရပ်တည်ချက်ကို လျှော့ချသွားတော့မယ့်ပုံပေါ်တယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။

လက်စတာစီးတီးဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက နောက်ခံကစားသမား ဟာရီ မက်ဂွိုင်းယားအတွက် မန်ချက်စတာယူနိုက်တက်အသင်းပေးချေခဲ့တဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် အသက် ၂၁ နှစ်အရွယ် နောက်ခံကစားသမားကို ရောင်းထုတ်သွားမယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ဖိုဖာနာအတွက် ပေါင်သန်း ၈၀ နဲ့ အထက် ပေးချေရဖွယ်ရှိနေပေမယ့်လည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ယခုရာသီမှာ ဆုဖလားအတွက် မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ ယှဉ်နိုင်စွမ်းရှိတဲ့ လူစာရင်းမျိုး တူဟယ်ကို ထောက်ပံ့ပေးချင်နေတာကြောင့် လက်လျှော့သွားဖွယ်မရှိတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းဟာ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ မပိတ္ခင္ ဝက္စ္ေလ ဖိုဖာကို ေခၚယူဖို႔အတြက္ လက္စတာစီးတီးနဲ႔ သေဘာတူညီမႈ ရရွိဖို႔ ေမွ်ာ္လင့္ထားတယ္ဆိုရင္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပးဖို႔ လိုအပ္လိမ့္မယ္လို႔ ေျပာၾကားျခင္းခံခဲ့ရပါတယ္။

ေသာမတ္စ္ တူဟယ္ဟာ ႐ူဒီဂါနဲ႔ ခရစၥတင္ဆန္တို႔ကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ခံစစ္ပိုင္းကို ျပန္လည္တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး မားကို႔စ္ အလြန္ဆိုကလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို စြန႔္ခြာဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ ကူလီေဘလီဟာ ႐ူဒီဂါအတြက္ ၿပီးျပည့္စုံတဲ့ အစားထိုးေခၚယူမႈျဖစ္ၿပီး မာ့စ္ ကူကူရယ္လာကလည္း ဘန္ ေခ်းဝဲလ္အတြက္ ယွဥ္ၿပိဳင္မႈျဖစ္လာမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရစၥတင္ဆန္ရဲ႕ ေနရာမွာ အစားထိုး ေခၚယူမႈျပဳလုပ္ဖို႔အတြက္ ဂ်ဴးစ္ ကြန္ေဒးကို ႀကိဳးပမ္းမႈမွာ ဆီဗီလာေနာက္ခံလူက ဘာစီလိုနာအသင္းကိုပဲ ေ႐ြးခ်ယ္သြားတာေၾကာင့္ လန္ဒန္ကလပ္အသင္းအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အဲဒီအခ်ိန္ကတည္းက လက္စတာစီးတီးေနာက္ခံလူဘက္ကို အာ႐ုံေျပာင္းခဲ့တာျဖစ္ၿပီး ဖိုဖာနာဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က စန္အီတ်န္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပသေနခဲ့သူျဖစ္ပါတယ္။

လက္စတာစီးတီးအသင္းကိုယ္တိုင္ကလည္း ခက္ခဲတဲ့ ေႏြရာသီကို ရင္ဆိုင္ခဲ့ရၿပီး ၎တို႔ရဲ႕ တန္ဖိုးမျဖတ္ႏိုင္တဲ့ ၾကယ္ပြင့္ကစားသမားေတြကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ တိုက္ပြဲဝင္ေနခဲ့ရတာ ျဖစ္ပါတယ္။ ကာလရွည္ကစားေပးခဲ့တဲ့ ဂိုးသမား ကက္စ္ပါ ရွမိုက္ကယ္ဟာ ယခုလအေစာပိုင္းမွာ နိစ္အသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့သလို ဂ်ိမ္းစ္ မက္ဒီဆင္ကလည္း နယူးကာဆယ္လ္အသင္းရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဖိုဖာနာအတြက္ လက္စတာစီးတီးကို ကမ္းလွမ္းမႈ ၂ ႀကိမ္အထိ ျပဳလုပ္ထားခဲ့ေပမယ့္ ေျမေခြးေတြက ၎တို႔ရဲ႕ တင္းမာတဲ့ ရပ္တည္ခ်က္ကို ေလွ်ာ့ခ်သြားေတာ့မယ့္ပုံေပၚတယ္လို႔ The Telegraph က ေဖာ္ျပခဲ့ပါတယ္။

လက္စတာစီးတီးဟာ လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက ေနာက္ခံကစားသမား ဟာရီ မက္ဂြိဳင္းယားအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းေပးေခ်ခဲ့တဲ့ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးထက္ ပိုမိုမ်ားျပားတဲ့ ကမ္းလွမ္းမႈ ရရွိမယ္ဆိုရင္ အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားကို ေရာင္းထုတ္သြားမယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဖိုဖာနာအတြက္ ေပါင္သန္း ၈၀ နဲ႔ အထက္ ေပးေခ်ရဖြယ္ရွိေနေပမယ့္လည္း အသင္းပိုင္ရွင္ ေတာ့ဒ္ ဘိုလီဟာ ယခုရာသီမွာ ဆုဖလားအတြက္ မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ ယွဥ္ႏိုင္စြမ္းရွိတဲ့ လူစာရင္းမ်ိဳး တူဟယ္ကို ေထာက္ပံ့ေပးခ်င္ေနတာေၾကာင့္ လက္ေလွ်ာ့သြားဖြယ္မရွိတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.