Premier League Transfer News

12 Aug နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုကို ကြားနေရပြီဖြစ်ပြီး လက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို ၁၀ လသာ ကျန်ရှိတော့တဲ့ လက်ကျန်စာချုပ်အတွက် ပေါင် ၂၅ သန်းသာ ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီလို့ အင်္ဂလန်မီဒီယာတွေ ဖော်ပြ။

– ဗီလာရီးရဲလ်အသင်းနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှုသာ ရရှိရင် အာဆင်နယ်အသင်းနဲ့ ပူးပေါင်းဖို့ လူငယ်တောင်ပံတိုက်စစ်မှူး ယယ်ရမီ ပီနို အဆင်သင့်ဖြစ်နေခဲ့ပြီး ကစားသမားအနေနဲ့ ဂန်းနားတွေရဲ့ ပုဂ္ဂိုလ်ရေး ဆွေးနွေးမှုကိစ္စတွေအားလုံးကို လက်ခံထားခဲ့တယ်လို့ ဆိုနေ။

– အာဆင်နယ်၊ လိဒ်စ်နဲ့ မန်ချက်စတာယူနိုက်တက်တွေက အလိုရှိနေတဲ့ တိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုကို ဒတ်ချ်ဂျာနယ်လစ် မာဆယ်လ် ဗန်ဒါ ခရန်းက သီယာရီ အွန်နရီနဲ့ ရော်ဘင် ဗန်ပါစီတို့ ပေါင်းစပ်ထားတဲ့ ကစားသမားလို့ ချီးကျူးလိုက်ပြီး ပီအက်စ်ဗီရဲ့ ချန်ပီယံလိဂ် အဖြေပေါ်ရင် ဂန်းနားတွေ လှုပ်ရှားမလား စောင့်ကြည့်ရမည်။

– ပေါ်တိုအသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ပီပီကို အာဆင်နယ်တို့ ချိတ်ဆက်နေဆဲဖြစ်ပြီး ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ ပေါ်တူဂီသတင်းဌာနတွေက ဖော်ပြခဲ့ကြသလို ပေါ်တိုရဲ့ ပေါင်သန်း ၆၀ ဈေးနှုန်းကို လျှော့ချမပေးရင်တော့ အပြောင်းအရွှေ့ ပျက်ပြယ်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နှေးကွေးလေးလံလွန်းတဲ့ အပယ်ခံနောက်ခံလူ ပါဘလို မာရီကို စီးရီးအေတန်းတက် မွန်ဇာအသင်းဆီ တစ်ရာသီ အငှားချလိုက်ပြီဖြစ်ပြီး သူတို့တွေအနေနဲ့ ဒီရာသီကုန်မှာ စီးရီးဘီကို ပြန်လည်တန်းဆင်းရခြင်းမရှိရင် ပေါင် ၅ သန်းနဲ့ အပြီးသတ် ခေါ်ယူရမယ့် စည်းကမ်းချက်ကို ထည့်သွင်းထား။

– အသင်းရဲ့ ကွင်းလယ်လိုအပ်ချက် တစ်နေရာကို ဖြည့်ဆည်းဖို့ လက်စတာရဲ့ ယူရီ တီးလီးမန်းစ်က အသင့်တော်ဆုံးဖြစ်နေပေမယ့် နည်းပြ အာတီတာ တည်ဆောက်သွားလိုတဲ့ ကစားဟန်အရ Play Maker တစ်ယောက်ကလည်း အရေးပါနေခဲ့ပြီး အေစီမီလန်ရဲ့ ဆန်ဒရို တိုနာလီကို စောင့်ကြည့်နေပေမယ့် ဒီရာသီမှာ ငွေသုံးထားတဲ့ ပုံစံအရ ပေါင် ၄၅ သန်း ဝန်းကျင် ကျသင့်မယ့်သူကို ခေါ်ဖို့ ခက်ခဲနိုင်။

– အာဆင်နယ်အသင်းရဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးကိုမှ မထောက်ဘဲ သင့်တော်ရာ အသင်းတွေဆီ ရောင်းချဖို့ အခွင့်အရေးမပေးသလို ရီးရဲလ်ဘက်တစ်မှာ ကစားဖို့အတွက် လက်ကျန် တစ်နှစ်စာချုပ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုထားခဲ့တဲ့ နောက်ခံလူ ဟက်တာ ဘယ်လာရင်ကို နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါက ရာဇသံပေးလိုက်ပြီဖြစ်ပြီး ပေါင် ၅ သန်းမရရင် စာချုပ်ကုန်တဲ့အထိ ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ဆုံးဖြတ်သွားခဲ့။

– ဂန်းနားတွေရဲ့ ဒဏ်ရာရ စာရင်းမှာ အင်္ဂလိပ်တောင်ပံကစားသမား ရီးစ် နယ်လ်ဆန်ပါ ပါဝင်သွားခဲ့ပြီး သူ့ကို ရှင်းထုတ်လိုနေတဲ့ အသင်းအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ရသလို နှစ်လလောက် အနားယူနိုင်တဲ့ လေးခုတွဲ ပေါင်ကြွက်သားဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်းသိရ။

– မန်ချက်စတာစီးတီးအသင်းက စိတ်ဝင်စားလာခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီကို ဂန်းနားတွေအနေနဲ့ ရေရှည်ကို မျှော်ကြည့်ပြီး ရောင်းချမယ်လို့ တချို့က ခန့်မှန်းနေကြပြီး ဆဲလ်တစ်ကနေ ပေါင် ၂၅ သန်းနဲ့ ခေါ်ယူထားတဲ့ စကော့တလန်သားကို ပေါင်သန်း ၅၀ နဲ့ ပြန်ရောင်းချနိုင်သလို အသင်းဟောင်းကို ပြောင်းရွှေ့ကြေး ၁၅ ရာခိုင်နှုန်းလောက် ခွဲဝေပေးရမယ်လို့ဆို။

– အာဆင်နယ်တိုက်စစ်မှူးဟောင်း ပျယ်-အမ်မရိခ် အူဘာမီယန်းအနေနဲ့ အသင်းဟောင်းရဲ့ ပြိုင်ဘက် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ပြီး နည်းပြဟောင်း သောမတ်စ် တူဟယ်လ်နဲ့ လက်တွဲဖို့ ခန့်မှန်းနေကြတာတွေဟာ မဖြစ်နိုင်ဘူးလို့ စပိန်ကလာတဲ့ သတင်းတွေက ဖော်ပြခဲ့ပြီး ဘာစီလိုနာမှာပဲ ဆက်နေချင်တယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္ပရိသတ္ေတြအတြက္ သတင္းေကာင္းတစ္ခုကို ၾကားေနရၿပီျဖစ္ၿပီး လက္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို ၁၀ လသာ က်န္ရွိေတာ့တဲ့ လက္က်န္စာခ်ဳပ္အတြက္ ေပါင္ ၂၅ သန္းသာ ေျပာင္းေ႐ႊ႕ေၾကး သတ္မွတ္လိုက္ၿပီလို႔ အဂၤလန္မီဒီယာေတြ ေဖာ္ျပ။

– ဗီလာရီးရဲလ္အသင္းနဲ႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈသာ ရရွိရင္ အာဆင္နယ္အသင္းနဲ႔ ပူးေပါင္းဖို႔ လူငယ္ေတာင္ပံတိုက္စစ္မႉး ယယ္ရမီ ပီႏို အဆင္သင့္ျဖစ္ေနခဲ့ၿပီး ကစားသမားအေနနဲ႔ ဂန္းနားေတြရဲ႕ ပုဂၢိဳလ္ေရး ေဆြးေႏြးမႈကိစၥေတြအားလုံးကို လက္ခံထားခဲ့တယ္လို႔ ဆိုေန။

– အာဆင္နယ္၊ လိဒ္စ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ေတြက အလိုရွိေနတဲ့ တိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုကို ဒတ္ခ်္ဂ်ာနယ္လစ္ မာဆယ္လ္ ဗန္ဒါ ခရန္းက သီယာရီ အြန္နရီနဲ႔ ေရာ္ဘင္ ဗန္ပါစီတို႔ ေပါင္းစပ္ထားတဲ့ ကစားသမားလို႔ ခ်ီးက်ဴးလိုက္ၿပီး ပီအက္စ္ဗီရဲ႕ ခ်န္ပီယံလိဂ္ အေျဖေပၚရင္ ဂန္းနားေတြ လႈပ္ရွားမလား ေစာင့္ၾကည့္ရမည္။

– ေပၚတိုအသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ပီပီကို အာဆင္နယ္တို႔ ခ်ိတ္ဆက္ေနဆဲျဖစ္ၿပီး ေပါင္ ၂၅ သန္း ဝန္းက်င္နဲ႔ ကမ္းလွမ္းမႈ ျပဳလုပ္ထားတယ္လို႔ ေပၚတူဂီသတင္းဌာနေတြက ေဖာ္ျပခဲ့ၾကသလို ေပၚတိုရဲ႕ ေပါင္သန္း ၆၀ ေဈးႏႈန္းကို ေလွ်ာ့ခ်မေပးရင္ေတာ့ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏွးေကြးေလးလံလြန္းတဲ့ အပယ္ခံေနာက္ခံလူ ပါဘလို မာရီကို စီးရီးေအတန္းတက္ မြန္ဇာအသင္းဆီ တစ္ရာသီ အငွားခ်လိုက္ၿပီျဖစ္ၿပီး သူတို႔ေတြအေနနဲ႔ ဒီရာသီကုန္မွာ စီးရီးဘီကို ျပန္လည္တန္းဆင္းရျခင္းမရွိရင္ ေပါင္ ၅ သန္းနဲ႔ အၿပီးသတ္ ေခၚယူရမယ့္ စည္းကမ္းခ်က္ကို ထည့္သြင္းထား။

– အသင္းရဲ႕ ကြင္းလယ္လိုအပ္ခ်က္ တစ္ေနရာကို ျဖည့္ဆည္းဖို႔ လက္စတာရဲ႕ ယူရီ တီးလီးမန္းစ္က အသင့္ေတာ္ဆုံးျဖစ္ေနေပမယ့္ နည္းျပ အာတီတာ တည္ေဆာက္သြားလိုတဲ့ ကစားဟန္အရ Play Maker တစ္ေယာက္ကလည္း အေရးပါေနခဲ့ၿပီး ေအစီမီလန္ရဲ႕ ဆန္ဒ႐ို တိုနာလီကို ေစာင့္ၾကည့္ေနေပမယ့္ ဒီရာသီမွာ ေငြသုံးထားတဲ့ ပုံစံအရ ေပါင္ ၄၅ သန္း ဝန္းက်င္ က်သင့္မယ့္သူကို ေခၚဖို႔ ခက္ခဲႏိုင္။

– အာဆင္နယ္အသင္းရဲ႕ ျပဳစုပ်ိဳးေထာင္ေပးခဲ့တဲ့ ေက်းဇူးကိုမွ မေထာက္ဘဲ သင့္ေတာ္ရာ အသင္းေတြဆီ ေရာင္းခ်ဖို႔ အခြင့္အေရးမေပးသလို ရီးရဲလ္ဘက္တစ္မွာ ကစားဖို႔အတြက္ လက္က်န္ တစ္ႏွစ္စာခ်ဳပ္ကို ဖ်က္သိမ္းေပးဖို႔ ေတာင္းဆိုထားခဲ့တဲ့ ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါက ရာဇသံေပးလိုက္ၿပီျဖစ္ၿပီး ေပါင္ ၅ သန္းမရရင္ စာခ်ဳပ္ကုန္တဲ့အထိ ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ ဆုံးျဖတ္သြားခဲ့။

– ဂန္းနားေတြရဲ႕ ဒဏ္ရာရ စာရင္းမွာ အဂၤလိပ္ေတာင္ပံကစားသမား ရီးစ္ နယ္လ္ဆန္ပါ ပါဝင္သြားခဲ့ၿပီး သူ႔ကို ရွင္းထုတ္လိုေနတဲ့ အသင္းအတြက္ ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ရသလို ႏွစ္လေလာက္ အနားယူႏိုင္တဲ့ ေလးခုတြဲ ေပါင္ႂကြက္သားဒဏ္ရာ ရရွိခဲ့တာျဖစ္ေၾကာင္းသိရ။

– မန္ခ်က္စတာစီးတီးအသင္းက စိတ္ဝင္စားလာခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီကို ဂန္းနားေတြအေနနဲ႔ ေရရွည္ကို ေမွ်ာ္ၾကည့္ၿပီး ေရာင္းခ်မယ္လို႔ တခ်ိဳ႕က ခန႔္မွန္းေနၾကၿပီး ဆဲလ္တစ္ကေန ေပါင္ ၂၅ သန္းနဲ႔ ေခၚယူထားတဲ့ စေကာ့တလန္သားကို ေပါင္သန္း ၅၀ နဲ႔ ျပန္ေရာင္းခ်ႏိုင္သလို အသင္းေဟာင္းကို ေျပာင္းေ႐ႊ႕ေၾကး ၁၅ ရာခိုင္ႏႈန္းေလာက္ ခြဲေဝေပးရမယ္လို႔ဆို။

– အာဆင္နယ္တိုက္စစ္မႉးေဟာင္း ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအေနနဲ႔ အသင္းေဟာင္းရဲ႕ ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ၿပီး နည္းျပေဟာင္း ေသာမတ္စ္ တူဟယ္လ္နဲ႔ လက္တြဲဖို႔ ခန႔္မွန္းေနၾကတာေတြဟာ မျဖစ္ႏိုင္ဘူးလို႔ စပိန္ကလာတဲ့ သတင္းေတြက ေဖာ္ျပခဲ့ၿပီး ဘာစီလိုနာမွာပဲ ဆက္ေနခ်င္တယ္လို႔ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.