Analysis Article Premier League

ပရီးမီးယားလိဂ် ပွဲစဉ် ၂ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းမှုများ

အက်စ်တန်ဗီလာ Vs အဲဗာတန်
အဖွင့်ပွဲစဉ်မှာ ရှုံးထားခဲ့ကြတဲ့ နှစ်သင်းအတွက် နိုင်ပွဲရှာဖွေဖို့ လိုအပ်နေကြချိန်မှာ သုံးမှတ်ရဖို့ ကြိုးစားလာကြမယ့်ပွဲဖြစ်ပါတယ်။ ဂျရတ်ရဲ့ အသင်းခေါင်းဆောင် တိုင်ရုန်းမင်းစ် ကို ဖြုတ်ပြီး ချန်ထားခဲ့တာက မှားတယ်လို့ မပြောနိုင်ကြအောင် ဒီပွဲက အနိုင်ရဖို့ ဗီလာတို့ ရုန်းကြရမှာဖြစ်ပြီး သူတို့ရဲ့ ဘုန်းမောက်ကို ရှုံးထားတဲ့ ခြေစွမ်းကတော့ အဲဗာတန်ရဲ့ ချဲလ်ဆီးကို ရှုံးထားခဲ့ ခြေစွမ်းထက် သာလွန်နေလို့ အိမ်ရှင်တွေဘက်က မျှော်လင့်ဖို့ ရှိနေပါတယ်။ လမ်းပတ်ထက် ဂျရတ်ကိုပဲ အနိုင်အတွက် ရွေးချယ်ရမှာပါ။ (ဗီလာ 2-0 အဲဗာတန်)

ဆောက်သမ်တန် Vs လိဒ်စ်ယူနိုက်တက်
အဝေးကွင်း ဖြစ်နေတာကြောင့် လိဒ်စ်တို့ကို ယုံဖို့ခက်ပါတယ်။ ဝုလ်ဗ်စ်လို ကစားရခက်တဲ့ အသင်းကို နိုင်ခဲ့တာက ကြက်တိုးတာ မဟုတ်ဘူးလို့ သူတို့တွေ ဆက်ပြီး သက်သေပြရမယ့်အချိန်မှာ ဆောက်သမ်တန်ကတော့ စပါးစ်ကို အရှုံးအတွက် တုံ့ပြန်သွားမှာပါ။ အသင်းမှာ ဝါ့ဒ်-ပရောက်စ် ဆက်ရှိနေတာ အံ့ဩစရာဆိုပေမယ့် သူတို့အတွက်တော့ အင်အားဖြစ်ပြီး ဒီနေ့ပွဲမှာ နိုင်ပွဲ ရှာဖွေဖို့ ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲက အထသွက်တဲ့ ကစားပုံနဲ့ အိမ်ရှင်တွေ ကပ်နိုင်ပါလိမ့်မယ်။ (စိန့် 2-1 လိဒ်စ်)

အာဆင်နယ် Vs လက်စတာစီးတီး
လက်စတာတို့ ရာသီစတဲ့အထိ ဘာမှ အသင်းကို မယ်မယ်ရရ ပြင်ဆင်နိုင်ခြင်း မရှိသလို ထွက်သွားတဲ့ ရှမိုက်ကယ်နေရာကိုလည်း လူနဲ့သာ ရချင်ရမယ် စိတ်ဓာတ်ပိုင်းနဲ့ အစားထိုးဖို့က မလွယ်တော့ပါဘူး။ နှစ်ဂိုး ဦးဆောင်ပြီးမှ နှစ်ဂိုး ပြန်ပေးရတဲ့ ခံစစ်က အာဆင်နယ်တို့ရဲ့ ပုံစံကောင်းတွေနဲ့ တိုက်စစ်ကို အဝေးကွင်းမှာ ထိန်းနိုင်မယ်ဆိုရင်တော့ ပုံပြောတာပဲဖြစ်မှာပါ။ ပဲလေ့စ်နဲ့ပွဲက ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ရင် ဂျေဆူးစ်ရဲ့ ဂိုးတွေကိုပါ မြင်ရနိုင်ပါတယ်။ (အာဆင်နယ် 3-0 လက်စတာ)

ဘရိုက်တန် Vs နယူးကာဆယ်လ်ယူနိုက်တက်
အဖွင့်ပွဲမှာ နှစ်သင်းစလုံး ရလဒ်ကောင်းခဲ့ကြပြီး မန်ယူကို ကျုံးတဲ့ ဘရိုက်တန်နဲ့ ဖောရက်စ်ကို ဝုန်းတဲ့ နယူးကာဆယ်လ်တို့ ပြိုင်ဆိုင်မှုက ပြင်းထန်နိုင်ပါတယ်။ ဝဲလ်ဘက်ခ်နဲ့ ဂရော့စ်တို့ရဲ့ အကောင်းဆုံး ပုံစံရနေတဲ့ စင်ရော်တွေကို အဝေးကွင်းမှာ လာကစားမယ့် ငှက်ကျားတွေကလည်း အားဖြည့်ပြင်ဆင်မှုတွေနဲ့ ကောင်းကောင်း ရင်ဆိုင်နိုင်မယ်လို့ ထင်စရာပါပဲ။ လောလောဆယ် နှစ်သင်းစလုံးရဲ့ ခြေစွမ်းက တူတူလောက်ပဲဖြစ်တာကြောင့် သရေတစ်ပွဲကိုပဲ ဒီတစ်ပတ် မျှော်လင့်ကြရအောင်ပါ။ (ဘရိုက်တန် 1-1 နယူးကာဆယ်လ်)

မန်ချက်စတာစီးတီး Vs ဘုန်းမောက်
ဗီလာနဲ့ပွဲမှာ အလဲထိုးနိုင်ခဲ့ပေမယ့် ဒီလိုပွဲမျိုးမှာ ဘုန်းမောက်ဘက်က နေရင် မိုက်မဲလွန်းရာကျပါလိမ့်မယ်။ အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲရထားရင် တော်ပြီပေါ့လို့ ချယ်ရီတွေကို နှစ်သိမ့်ရမလိုပါပဲ။ ဒီအချိန်မှာ ဟားလန်းက လက်ဖျားခါစရာဖြစ်နေတဲ့ မန်စီးတီးတို့ ဝက်စ်ဟမ်းကိုတောင် အဝေးကွင်းမှာ လွှမ်းမိုးထားနိုင်ခဲ့ရင် ဘုန်းမောက်နဲ့ အိမ်ကွင်းဆိုရင် နှစ်နဲ့ မြှောက်ကောင်း မြှောက်ရနိုင်ပါတယ်။ ဘုန်းမောက်အတွက် ဗီလာက ကမ္ဘာမြေက ပြိုင်ဘက်ဆိုရင် မန်စီးတီးတို့က ဂြိုဟ်သားတွေပါ။ အိမ်ရှင်တွေ ဂိုးပြတ်နိုင်ပဲ ဖြစ်လာပါလိမ့်မယ်။ (မန်စီးတီး 4-0 ဘုန်းမောက်)

ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ် Vs ဖူလ်ဟမ်
ဖူလ်ဟမ်တို့အနေနဲ့ လီဗာပူးလ်နဲ့ပွဲမှာ အိမ်ကွင်းအားနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် ဒီပုံစံကို အဝေးကွင်းအထိ သယ်ဆောင်နိုင်ပါ့မလား တွေးချင်စရာဖြစ်ပါတယ်။ ဘယ်လောက်ကောင်းခဲ့ကောင်းခဲ့ သရေတစ်မှတ်ပဲဆိုတော့ ကွင်းစကားပြောတဲ့ ပရီးမီးယားလိဂ်မှာ တန်းတက်တစ်သင်းအနေနဲ့ အဝေးကွင်းမှာ ထူးထူးခြားခြားလုပ်ပြနိုင်ဖို့ထက် အိမ်ကွင်းပြန်ရောက်အောင် စောင့်ဖို့ပဲ ရှိပါတယ်။ လိဒ်စ်ကို ရှုံးထားလို့ ပေါက်ကွဲချင်နေတဲ့ ဝုလ်ဗ်စ်တို့ကတော့ ပုံမှန်အတိုင်း ရနေတဲ့ ခြေစွမ်းနဲ့ ဒီနေ့ပွဲကို သုံးမှတ်ယူသွားတော့မှာပါ။ (ဝုလ်ဗ်စ် 2-1 ဖူလ်ဟမ်)

ဘရန့်ဖို့ဒ် Vs မန်ချက်စတာယူနိုက်တက်
ပြီးခဲ့တဲ့ အပတ်က လက်စတာကို နောက်ကနေ ပြန်လိုက်ပြီး သရေယူနိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ခံစစ်ကတော့ အိုးနင်းခွက်နင်းနိုင်ခဲ့လွန်းပါတယ်။ ဒီနေ့ပွဲမျိုးမှာတော့ မှားသွားရင် နောက်က ပြန်လိုက်လို့ မဖြစ်နိုင်သလို တန်ဟတ်ကလည်း နှစ်ပွဲဆက်တိုက်တော့ အရှုံးခံမှာ မဟုတ်ပါဘူး။ အသင်းလိုက် စုစည်းကစားတဲ့ အိမ်ရှင်တွေနဲ့ တစ်ဦးကောင်းနဲ့ သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ဧည့်သည်တွေ အားစမ်းကြမှာဆိုတော့ နောက်ဆုံးမှာ တန်းတူရည်တူ ဖြစ်သွားဖို့က များပါတယ်။ ရော်နယ်လ်ဒို ကစားမှာလိုလို ထွက်မှာလိုလိုနဲ့ မန်ချက်စတာယူနိုက်တက်တို့ ရရင် သရေပါပဲ။ (ဘရန့်ဖို့ဒ် 1-1 မန်ယူနိုက်တက်)

နော့တင်ဟမ် ဖောရက်စ် Vs ဝက်စ်ဟမ်းယူနိုက်တက်
ပြီးခဲ့တဲ့ ပွဲက ဖောရက်စ်တို့ ကောင်းကောင်းအတီးခံလိုက်ရသလို သူတို့ရဲ့ ဝါအရင့်ဆုံး ပရီးမီးယားလိဂ်ကစားသမားကြီး လင်ဂတ်တစ်ယောက် အသံတောင် မထွက်နိုင်လိုက်ပါဘူး။ ချန်ပီယံရှစ်အဆင့်အတန်းကနေ ပရီးမီးယားလိဂ်ဆီ ချက်ချင်းကူးပြောင်းဖို့က ခက်ခဲကောင်း ခက်ခဲနိုင်ပြီး တင်ကျန်ဖို့ မနည်းကြိုးစားရမှာပါ။ ၂၃ နှစ်ကြာမှ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းကစားခွင့်ရတဲ့ ပထမဆုံး အခွင့်အရေးက လှပနေဖို့ မဖြစ်နိုင်သလို စီးတီးကို အားမတန် မာန်လျှော့ခဲ့ရတဲ့ ဝက်စ်ဟမ်းတို့ရဲ့ သုံးမှတ်ရဖို့ အခွင့်အရေးယူစရာပဲ ဖြစ်သွားနိုင်ပါတယ်။ (ဖောရက်စ် 1-2 ဝက်စ်ဟမ်း)

ချဲလ်ဆီး Vs တော့တင်ဟမ်ဟော့စပါးစ်
ဒီတစ်ပတ်ရဲ့ အကြီးမားဆုံး ပွဲစဉ်ဖြစ်ပြီး မနှစ်ကတော့ ချဲလ်ဆီးတို့က စပါးစ်ကို တီးခဲ့ပါတယ်။ ဒါပေမယ့် ဒီတစ်ပတ်မှာတော့ ချဲလ်ဆီးတို့ ဒီလို လုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာပါပဲ။ သူတို့က မန်ချက်စတာယူနိုက်တက်လိုပဲ ရာသီကြိုပြင်ဆင်မှု ခပ်ညံ့ညံ့ ပုံစံတွေနဲ့ တိုင်ပတ်နေတဲ့အသင်းမျိုး ဖြစ်သလို အဲဗာတန်နဲ့ပွဲမှာ အနိုင်နဲ့တောင် မထိုက်တန်ခဲ့ပါဘူး။ ဒီနေ့ပွဲကတော့ စပါးစ်နဲ့ ချဲလ်ဆီးတို့ နိုင်တဲ့သူက ထိပ်ဆုံးလေးသင်းထဲမှာ တည်မြဲနိုင်မယ့် ရလဒ်နဲ့ အဆင့်အတန်းကို ပြသနိုင်မှာဖြစ်သလို ဧည့်သည်တွေ နိုင်ပွဲအတွက် ပိုပြီးရင်ခုန်နိုင်မယ့် အနေအထားပါ။ ဒါပေမယ့် ရှုံးတဲ့သူ လဲကျသွားနိုင်တဲ့ ပွဲမျိုး ဖြစ်တာကြောင့် နှစ်သင်းစလုံး အရှုံးမပေးဖို့ ကြိုးစားလာနိုင်တာကြောင့် သရေပွဲနဲ့ ပိုပြီး နီးစပ်ပါတယ်။ (ချဲလ်ဆီး 1-1 စပါးစ်)

လီဗာပူးလ် Vs ခရစ္စတယ်လ် ပဲလေ့စ်
လီဗာပူးလ်တို့ ဒီနေ့ပွဲမှာတော့ နိုင်ပွဲ ပြန်ရှာရတော့မှာဖြစ်ပြီး ပဲလေ့စ်တို့ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ဂိုးတောင် မရဘဲ လက်ဆောင်ပေးပြီး ရှုံးလိုက်တာကို ပြန်ကုစားရမှာပါ။ ယာဂန် ကလော့ပ်အတွက်တော့ ဒီရာသီ အဖွင့်မလှလိုက်တာက ဆိုးရွားခဲ့ပြီး ဒဏ်ရာ ကစားသမားတွေလည်း တိုးပွားခဲ့တာက ထိုးနှက်ချက်တစ်ခုဖြစ်နေလို့ ဒီနေ့ပွဲကို သုံးမှတ်ရအောင်ယူပြီး စိတ်ဓာတ်မြှင့်တင်ရမှာပါ။ ဒါပေမယ့် လီဗာပူးလ်တို့ အားသန်တဲ့ ပုံစံက ပဲလေ့စ်အတွက် အခွင့်အကောင်းပေးတဲ့ ပုံစံမျိုးဖြစ်နေတာကိုတော့ သတိထားရဖို့ ရှိပြီး မန်စီးတီးကို လွှတ်ပေးလို့ မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ ကစားရင် အိမ်ရှင်တွေအတွက် နိုင်ပွဲသေချာနိုင်ပါတယ်။ (လီဗာပူးလ် 2-0 ပဲလေ့စ်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.

ZAWGYI:

အက္စ္တန္ဗီလာ Vs အဲဗာတန္
အဖြင့္ပြဲစဥ္မွာ ရႈံးထားခဲ့ၾကတဲ့ ႏွစ္သင္းအတြက္ ႏိုင္ပြဲရွာေဖြဖို႔ လိုအပ္ေနၾကခ်ိန္မွာ သုံးမွတ္ရဖို႔ ႀကိဳးစားလာၾကမယ့္ပြဲျဖစ္ပါတယ္။ ဂ်ရတ္ရဲ႕ အသင္းေခါင္းေဆာင္ တိုင္႐ုန္းမင္းစ္ ကို ျဖဳတ္ၿပီး ခ်န္ထားခဲ့တာက မွားတယ္လို႔ မေျပာႏိုင္ၾကေအာင္ ဒီပြဲက အႏိုင္ရဖို႔ ဗီလာတို႔ ႐ုန္းၾကရမွာျဖစ္ၿပီး သူတို႔ရဲ႕ ဘုန္းေမာက္ကို ရႈံးထားတဲ့ ေျခစြမ္းကေတာ့ အဲဗာတန္ရဲ႕ ခ်ဲလ္ဆီးကို ရႈံးထားခဲ့ ေျခစြမ္းထက္ သာလြန္ေနလို႔ အိမ္ရွင္ေတြဘက္က ေမွ်ာ္လင့္ဖို႔ ရွိေနပါတယ္။ လမ္းပတ္ထက္ ဂ်ရတ္ကိုပဲ အႏိုင္အတြက္ ေ႐ြးခ်ယ္ရမွာပါ။ (ဗီလာ 2-0 အဲဗာတန္)

ေဆာက္သမ္တန္ Vs လိဒ္စ္ယူႏိုက္တက္
အေဝးကြင္း ျဖစ္ေနတာေၾကာင့္ လိဒ္စ္တို႔ကို ယုံဖို႔ခက္ပါတယ္။ ဝုလ္ဗ္စ္လို ကစားရခက္တဲ့ အသင္းကို ႏိုင္ခဲ့တာက ၾကက္တိုးတာ မဟုတ္ဘူးလို႔ သူတို႔ေတြ ဆက္ၿပီး သက္ေသျပရမယ့္အခ်ိန္မွာ ေဆာက္သမ္တန္ကေတာ့ စပါးစ္ကို အရႈံးအတြက္ တုံ႔ျပန္သြားမွာပါ။ အသင္းမွာ ဝါ့ဒ္-ပေရာက္စ္ ဆက္ရွိေနတာ အံ့ဩစရာဆိုေပမယ့္ သူတို႔အတြက္ေတာ့ အင္အားျဖစ္ၿပီး ဒီေန႔ပြဲမွာ ႏိုင္ပြဲ ရွာေဖြဖို႔ ျဖစ္လာႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ ပြဲက အထသြက္တဲ့ ကစားပုံနဲ႔ အိမ္ရွင္ေတြ ကပ္ႏိုင္ပါလိမ့္မယ္။ (စိန႔္ 2-1 လိဒ္စ္)

အာဆင္နယ္ Vs လက္စတာစီးတီး
လက္စတာတို႔ ရာသီစတဲ့အထိ ဘာမွ အသင္းကို မယ္မယ္ရရ ျပင္ဆင္ႏိုင္ျခင္း မရွိသလို ထြက္သြားတဲ့ ရွမိုက္ကယ္ေနရာကိုလည္း လူနဲ႔သာ ရခ်င္ရမယ္ စိတ္ဓာတ္ပိုင္းနဲ႔ အစားထိုးဖို႔က မလြယ္ေတာ့ပါဘူး။ ႏွစ္ဂိုး ဦးေဆာင္ၿပီးမွ ႏွစ္ဂိုး ျပန္ေပးရတဲ့ ခံစစ္က အာဆင္နယ္တို႔ရဲ႕ ပုံစံေကာင္းေတြနဲ႔ တိုက္စစ္ကို အေဝးကြင္းမွာ ထိန္းႏိုင္မယ္ဆိုရင္ေတာ့ ပုံေျပာတာပဲျဖစ္မွာပါ။ ပဲေလ့စ္နဲ႔ပြဲက ပုံစံေကာင္းကို ဆက္ထိန္းထားႏိုင္ရင္ ေဂ်ဆူးစ္ရဲ႕ ဂိုးေတြကိုပါ ျမင္ရႏိုင္ပါတယ္။ (အာဆင္နယ္ 3-0 လက္စတာ)

ဘ႐ိုက္တန္ Vs နယူးကာဆယ္လ္ယူႏိုက္တက္
အဖြင့္ပြဲမွာ ႏွစ္သင္းစလုံး ရလဒ္ေကာင္းခဲ့ၾကၿပီး မန္ယူကို က်ဳံးတဲ့ ဘ႐ိုက္တန္နဲ႔ ေဖာရက္စ္ကို ဝုန္းတဲ့ နယူးကာဆယ္လ္တို႔ ၿပိဳင္ဆိုင္မႈက ျပင္းထန္ႏိုင္ပါတယ္။ ဝဲလ္ဘက္ခ္နဲ႔ ဂေရာ့စ္တို႔ရဲ႕ အေကာင္းဆုံး ပုံစံရေနတဲ့ စင္ေရာ္ေတြကို အေဝးကြင္းမွာ လာကစားမယ့္ ငွက္က်ားေတြကလည္း အားျဖည့္ျပင္ဆင္မႈေတြနဲ႔ ေကာင္းေကာင္း ရင္ဆိုင္ႏိုင္မယ္လို႔ ထင္စရာပါပဲ။ ေလာေလာဆယ္ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက တူတူေလာက္ပဲျဖစ္တာေၾကာင့္ သေရတစ္ပြဲကိုပဲ ဒီတစ္ပတ္ ေမွ်ာ္လင့္ၾကရေအာင္ပါ။ (ဘ႐ိုက္တန္ 1-1 နယူးကာဆယ္လ္)

မန္ခ်က္စတာစီးတီး Vs ဘုန္းေမာက္
ဗီလာနဲ႔ပြဲမွာ အလဲထိုးႏိုင္ခဲ့ေပမယ့္ ဒီလိုပြဲမ်ိဳးမွာ ဘုန္းေမာက္ဘက္က ေနရင္ မိုက္မဲလြန္းရာက်ပါလိမ့္မယ္။ အိမ္ကြင္းမွာ ႏိုင္ပြဲတစ္ပြဲရထားရင္ ေတာ္ၿပီေပါ့လို႔ ခ်ယ္ရီေတြကို ႏွစ္သိမ့္ရမလိုပါပဲ။ ဒီအခ်ိန္မွာ ဟားလန္းက လက္ဖ်ားခါစရာျဖစ္ေနတဲ့ မန္စီးတီးတို႔ ဝက္စ္ဟမ္းကိုေတာင္ အေဝးကြင္းမွာ လႊမ္းမိုးထားႏိုင္ခဲ့ရင္ ဘုန္းေမာက္နဲ႔ အိမ္ကြင္းဆိုရင္ ႏွစ္နဲ႔ ေျမႇာက္ေကာင္း ေျမႇာက္ရႏိုင္ပါတယ္။ ဘုန္းေမာက္အတြက္ ဗီလာက ကမာၻေျမက ၿပိဳင္ဘက္ဆိုရင္ မန္စီးတီးတို႔က ၿဂိဳဟ္သားေတြပါ။ အိမ္ရွင္ေတြ ဂိုးျပတ္ႏိုင္ပဲ ျဖစ္လာပါလိမ့္မယ္။ (မန္စီးတီး 4-0 ဘုန္းေမာက္)

ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္ Vs ဖူလ္ဟမ္
ဖူလ္ဟမ္တို႔အေနနဲ႔ လီဗာပူးလ္နဲ႔ပြဲမွာ အိမ္ကြင္းအားနဲ႔ အေကာင္းဆုံး ကစားႏိုင္ခဲ့ေပမယ့္ ဒီပုံစံကို အေဝးကြင္းအထိ သယ္ေဆာင္ႏိုင္ပါ့မလား ေတြးခ်င္စရာျဖစ္ပါတယ္။ ဘယ္ေလာက္ေကာင္းခဲ့ေကာင္းခဲ့ သေရတစ္မွတ္ပဲဆိုေတာ့ ကြင္းစကားေျပာတဲ့ ပရီးမီးယားလိဂ္မွာ တန္းတက္တစ္သင္းအေနနဲ႔ အေဝးကြင္းမွာ ထူးထူးျခားျခားလုပ္ျပႏိုင္ဖို႔ထက္ အိမ္ကြင္းျပန္ေရာက္ေအာင္ ေစာင့္ဖို႔ပဲ ရွိပါတယ္။ လိဒ္စ္ကို ရႈံးထားလို႔ ေပါက္ကြဲခ်င္ေနတဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ ပုံမွန္အတိုင္း ရေနတဲ့ ေျခစြမ္းနဲ႔ ဒီေန႔ပြဲကို သုံးမွတ္ယူသြားေတာ့မွာပါ။ (ဝုလ္ဗ္စ္ 2-1 ဖူလ္ဟမ္)

ဘရန႔္ဖို႔ဒ္ Vs မန္ခ်က္စတာယူႏိုက္တက္
ၿပီးခဲ့တဲ့ အပတ္က လက္စတာကို ေနာက္ကေန ျပန္လိုက္ၿပီး သေရယူႏိုင္ခဲ့တဲ့ ဘရန႔္ဖို႔ဒ္တို႔ ခံစစ္ကေတာ့ အိုးနင္းခြက္နင္းႏိုင္ခဲ့လြန္းပါတယ္။ ဒီေန႔ပြဲမ်ိဳးမွာေတာ့ မွားသြားရင္ ေနာက္က ျပန္လိုက္လို႔ မျဖစ္ႏိုင္သလို တန္ဟတ္ကလည္း ႏွစ္ပြဲဆက္တိုက္ေတာ့ အရႈံးခံမွာ မဟုတ္ပါဘူး။ အသင္းလိုက္ စုစည္းကစားတဲ့ အိမ္ရွင္ေတြနဲ႔ တစ္ဦးေကာင္းနဲ႔ သူတစ္လူ ငါတစ္မင္းျဖစ္ေနတဲ့ ဧည့္သည္ေတြ အားစမ္းၾကမွာဆိုေတာ့ ေနာက္ဆုံးမွာ တန္းတူရည္တူ ျဖစ္သြားဖို႔က မ်ားပါတယ္။ ေရာ္နယ္လ္ဒို ကစားမွာလိုလို ထြက္မွာလိုလိုနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ ရရင္ သေရပါပဲ။ (ဘရန႔္ဖို႔ဒ္ 1-1 မန္ယူႏိုက္တက္)

ေနာ့တင္ဟမ္ ေဖာရက္စ္ Vs ဝက္စ္ဟမ္းယူႏိုက္တက္
ၿပီးခဲ့တဲ့ ပြဲက ေဖာရက္စ္တို႔ ေကာင္းေကာင္းအတီးခံလိုက္ရသလို သူတို႔ရဲ႕ ဝါအရင့္ဆုံး ပရီးမီးယားလိဂ္ကစားသမားႀကီး လင္ဂတ္တစ္ေယာက္ အသံေတာင္ မထြက္ႏိုင္လိုက္ပါဘူး။ ခ်န္ပီယံရွစ္အဆင့္အတန္းကေန ပရီးမီးယားလိဂ္ဆီ ခ်က္ခ်င္းကူးေျပာင္းဖို႔က ခက္ခဲေကာင္း ခက္ခဲႏိုင္ၿပီး တင္က်န္ဖို႔ မနည္းႀကိဳးစားရမွာပါ။ ၂၃ ႏွစ္ၾကာမွ ပရီးမီးယားလိဂ္မွာ အိမ္ကြင္းကစားခြင့္ရတဲ့ ပထမဆုံး အခြင့္အေရးက လွပေနဖို႔ မျဖစ္ႏိုင္သလို စီးတီးကို အားမတန္ မာန္ေလွ်ာ့ခဲ့ရတဲ့ ဝက္စ္ဟမ္းတို႔ရဲ႕ သုံးမွတ္ရဖို႔ အခြင့္အေရးယူစရာပဲ ျဖစ္သြားႏိုင္ပါတယ္။ (ေဖာရက္စ္ 1-2 ဝက္စ္ဟမ္း)

ခ်ဲလ္ဆီး Vs ေတာ့တင္ဟမ္ေဟာ့စပါးစ္
ဒီတစ္ပတ္ရဲ႕ အႀကီးမားဆုံး ပြဲစဥ္ျဖစ္ၿပီး မႏွစ္ကေတာ့ ခ်ဲလ္ဆီးတို႔က စပါးစ္ကို တီးခဲ့ပါတယ္။ ဒါေပမယ့္ ဒီတစ္ပတ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဒီလို လုပ္ႏိုင္ပါ့မလားဆိုတာ စိုးရိမ္စရာပါပဲ။ သူတို႔က မန္ခ်က္စတာယူႏိုက္တက္လိုပဲ ရာသီႀကိဳျပင္ဆင္မႈ ခပ္ညံ့ညံ့ ပုံစံေတြနဲ႔ တိုင္ပတ္ေနတဲ့အသင္းမ်ိဳး ျဖစ္သလို အဲဗာတန္နဲ႔ပြဲမွာ အႏိုင္နဲ႔ေတာင္ မထိုက္တန္ခဲ့ပါဘူး။ ဒီေန႔ပြဲကေတာ့ စပါးစ္နဲ႔ ခ်ဲလ္ဆီးတို႔ ႏိုင္တဲ့သူက ထိပ္ဆုံးေလးသင္းထဲမွာ တည္ၿမဲႏိုင္မယ့္ ရလဒ္နဲ႔ အဆင့္အတန္းကို ျပသႏိုင္မွာျဖစ္သလို ဧည့္သည္ေတြ ႏိုင္ပြဲအတြက္ ပိုၿပီးရင္ခုန္ႏိုင္မယ့္ အေနအထားပါ။ ဒါေပမယ့္ ရႈံးတဲ့သူ လဲက်သြားႏိုင္တဲ့ ပြဲမ်ိဳး ျဖစ္တာေၾကာင့္ ႏွစ္သင္းစလုံး အရႈံးမေပးဖို႔ ႀကိဳးစားလာႏိုင္တာေၾကာင့္ သေရပြဲနဲ႔ ပိုၿပီး နီးစပ္ပါတယ္။ (ခ်ဲလ္ဆီး 1-1 စပါးစ္)

လီဗာပူးလ္ Vs ခရစၥတယ္လ္ ပဲေလ့စ္
လီဗာပူးလ္တို႔ ဒီေန႔ပြဲမွာေတာ့ ႏိုင္ပြဲ ျပန္ရွာရေတာ့မွာျဖစ္ၿပီး ပဲေလ့စ္တို႔ကေတာ့ ၿပီးခဲ့တဲ့ တစ္ပတ္က ဂိုးေတာင္ မရဘဲ လက္ေဆာင္ေပးၿပီး ရႈံးလိုက္တာကို ျပန္ကုစားရမွာပါ။ ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ဒီရာသီ အဖြင့္မလွလိုက္တာက ဆိုး႐ြားခဲ့ၿပီး ဒဏ္ရာ ကစားသမားေတြလည္း တိုးပြားခဲ့တာက ထိုးႏွက္ခ်က္တစ္ခုျဖစ္ေနလို႔ ဒီေန႔ပြဲကို သုံးမွတ္ရေအာင္ယူၿပီး စိတ္ဓာတ္ျမႇင့္တင္ရမွာပါ။ ဒါေပမယ့္ လီဗာပူးလ္တို႔ အားသန္တဲ့ ပုံစံက ပဲေလ့စ္အတြက္ အခြင့္အေကာင္းေပးတဲ့ ပုံစံမ်ိဳးျဖစ္ေနတာကိုေတာ့ သတိထားရဖို႔ ရွိၿပီး မန္စီးတီးကို လႊတ္ေပးလို႔ မျဖစ္ဘူးဆိုတဲ့ စိတ္နဲ႔ ကစားရင္ အိမ္ရွင္ေတြအတြက္ ႏိုင္ပြဲေသခ်ာႏိုင္ပါတယ္။ (လီဗာပူးလ္ 2-0 ပဲေလ့စ္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
UNITED A2Z.