La Liga Premier League Transfer News

အဓိကကစားသမားကို စီးတီးရောင်းထုတ်ရင် အံ့သြမိမယ်လို့ ပြောလိုက်တဲ့ အဂွေရို

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ဘာနာဒို ဆေးလ်ဗားဟာ ဘာစီလိုနာအသင်းအတွက် အံ့မခန်း ခေါ်ယူမှုအဖြစ် ကိုယ်စားပြုနိုင်မှာဖြစ်တယ်လို့ ဆာဂျီယို အဂွေရိုက ပြောကြားခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ တကယ်ဖြစ်လာမလားဆိုတာကို သံသယရှိနေတာဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗားအနေနဲ့ ဘာစီလိုနာအသင်းအတွက် မန်ချက်စတာစီးတီးအသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် အံ့အားသင့်မိလိမ့်မယ်လို့ အဂွေရိုက ပြောကြားခဲ့ပေမယ့် ပေါ်တူဂီကြယ်ပွင့်သာ တကယ် ပြောင်းရွှေ့ခဲ့ရင် ဇာဗီရဲ့ ပြန်လည်တည်ဆောက်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ ရာဖင်ညာ၊ ဂျူးစ် ကွန်ဒေး၊ ခရစ္စတင်ဆန်၊ ဖရန့်ခ် ကက်ဆီတို့ကို ယခုနွေရာသီမှာ ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပြီး နူးကမ့်ကို ဖရန်ကီ ဒီ ယုံး စွန့်ခွာနိုင်တယ်လို့ မျှော်မှန်းခြင်းခံထားရတာကြောင့် ဘာနာဒို ဆေးလ်ဗားဟာ ဇာဗီရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်လာမယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်ဟာ မန်စီးတီးအတွက် ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံ ပွဲ ၅၀ အထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနား(၁၂၉ ကြိမ်)၊ ဂျက် ဂရီးလစ်ရှ်(၇၈ ကြိမ်)တို့သာ ပြီးခဲ့တဲ့ရာသီမှာ ဘာနာဒို ဆေးလ်ဗား(၇၆ ကြိမ်)ထက် အခွင့်အရေး ပိုမို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပေမယ့် ပေါ်တူဂီကြယ်ပွင့်က ယခုအပတ်မှာ ‘ကိုယ်ဘာလိုချင်လဲဆိုတာ ကိုယ်ပဲသိတယ်’လို့ ပြောကြားခဲ့ပြီးနောက် အပြောင်းအရွှေ့ ပြုလုပ်သွားဖွယ် ရှိနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ ဘာနာဒို ဆေးလ်ဗားရဲ့ အသင်းဖော်ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုက ပေါ်တူဂီကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ဟာ အမှန်တကယ်ဖြစ်လာမလားဆိုတာ မသေချာပေမယ့် အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဇာဗီရဲ့ အသင်းသစ်မှာ အပြည့်အဝ အံဝင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘာနာဒိုက အရမ်းကောင်းတဲ့ ကစားသမားပါ သူက ဘောလုံးကို သယ်ဆောင်နိုင်တယ်။ သူက အသင်းအတွက် စတေးပေးတယ်။ ဂိုးဖန်တီးဖို့နဲ့ ဂိုးတွေ သွင်းဖို့ အရည်အသွေးရှိပြီး မတူညီတဲ့နေရာတွေမှာလည်း ကစားနိုင်တယ်။ စီးတီးသာ သူ့ကို ထွက်ခွင့်ပေးရင် ကျွန်တော် အံ့သြမိမှာပါ”

“သူက ရာသီတိုင်းမှာ အများကြီး ကူညီပေးနိုင်တဲ့ ကစားသမားဖြစ်ပေမယ့် ဘာမဆို ဖြစ်နိုင်ပါတယ်။ သူသာ နောက်ဆုံးမှာ ဘာဆာကို ရောက်လာခဲ့ရင် သူက ဇာဗီ ကစားချင်တဲ့ ဘောလုံးပိုင်ဆိုင်မှုအသားပေး ကစားကွက်အတွက် အဓိကသော့ချက် ဖြစ်လာမယ့် သူတစ်ယောက်ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ဘာနာဒို ေဆးလ္ဗားဟာ ဘာစီလိုနာအသင္းအတြက္ အံ့မခန္း ေခၚယူမႈအျဖစ္ ကိုယ္စားျပဳႏိုင္မွာျဖစ္တယ္လို႔ ဆာဂ်ီယို အေဂြ႐ိုက ေျပာၾကားခဲ့ေပမယ့္ ဒီအေျပာင္းအေ႐ႊ႕ တကယ္ျဖစ္လာမလားဆိုတာကို သံသယရွိေနတာျဖစ္ပါတယ္။

ဘာနာဒို ေဆးလ္ဗားအေနနဲ႔ ဘာစီလိုနာအသင္းအတြက္ မန္ခ်က္စတာစီးတီးအသင္းကို စြန႔္ခြာခဲ့မယ္ဆိုရင္ အံ့အားသင့္မိလိမ့္မယ္လို႔ အေဂြ႐ိုက ေျပာၾကားခဲ့ေပမယ့္ ေပၚတူဂီၾကယ္ပြင့္သာ တကယ္ ေျပာင္းေ႐ႊ႕ခဲ့ရင္ ဇာဗီရဲ႕ ျပန္လည္တည္ေဆာက္ေရးမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး၊ ရာဖင္ညာ၊ ဂ်ဴးစ္ ကြန္ေဒး၊ ခရစၥတင္ဆန္၊ ဖရန႔္ခ္ ကက္ဆီတို႔ကို ယခုေႏြရာသီမွာ ေခၚယူထားႏိုင္ခဲ့တာျဖစ္ၿပီး ႏူးကမ့္ကို ဖရန္ကီ ဒီ ယုံး စြန႔္ခြာႏိုင္တယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတာေၾကာင့္ ဘာနာဒို ေဆးလ္ဗားဟာ ဇာဗီရဲ႕ ေနာက္ထပ္ပစ္မွတ္ျဖစ္လာမယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္ၾကယ္ပြင့္ဟာ မန္စီးတီးအတြက္ ၿပီးခဲ့တဲ့ရာသီ ၿပိဳင္ပြဲစုံ ပြဲ ၅၀ အထိ ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး သြင္းဂိုး ၁၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီဘ႐ိုင္းနား(၁၂၉ ႀကိမ္)၊ ဂ်က္ ဂရီးလစ္ရွ္(၇၈ ႀကိမ္)တို႔သာ ၿပီးခဲ့တဲ့ရာသီမွာ ဘာနာဒို ေဆးလ္ဗား(၇၆ ႀကိမ္)ထက္ အခြင့္အေရး ပိုမို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ေပမယ့္ ေပၚတူဂီၾကယ္ပြင့္က ယခုအပတ္မွာ ‘ကိုယ္ဘာလိုခ်င္လဲဆိုတာ ကိုယ္ပဲသိတယ္’လို႔ ေျပာၾကားခဲ့ၿပီးေနာက္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္သြားဖြယ္ ရွိေနတာျဖစ္ပါတယ္။

၂၀၂၁ ခုႏွစ္မွာ ဘာစီလိုနာအသင္းကို မေျပာင္းေ႐ႊ႕မီ ဘာနာဒို ေဆးလ္ဗားရဲ႕ အသင္းေဖာ္ျဖစ္ခဲ့တဲ့ အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုက ေပၚတူဂီၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ အမွန္တကယ္ျဖစ္လာမလားဆိုတာ မေသခ်ာေပမယ့္ အသက္ ၂၈ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ဇာဗီရဲ႕ အသင္းသစ္မွာ အျပည့္အဝ အံဝင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဘာနာဒိုက အရမ္းေကာင္းတဲ့ ကစားသမားပါ သူက ေဘာလုံးကို သယ္ေဆာင္ႏိုင္တယ္။ သူက အသင္းအတြက္ စေတးေပးတယ္။ ဂိုးဖန္တီးဖို႔နဲ႔ ဂိုးေတြ သြင္းဖို႔ အရည္အေသြးရွိၿပီး မတူညီတဲ့ေနရာေတြမွာလည္း ကစားႏိုင္တယ္။ စီးတီးသာ သူ႔ကို ထြက္ခြင့္ေပးရင္ ကြၽန္ေတာ္ အံ့ၾသမိမွာပါ”

“သူက ရာသီတိုင္းမွာ အမ်ားႀကီး ကူညီေပးႏိုင္တဲ့ ကစားသမားျဖစ္ေပမယ့္ ဘာမဆို ျဖစ္ႏိုင္ပါတယ္။ သူသာ ေနာက္ဆုံးမွာ ဘာဆာကို ေရာက္လာခဲ့ရင္ သူက ဇာဗီ ကစားခ်င္တဲ့ ေဘာလုံးပိုင္ဆိုင္မႈအသားေပး ကစားကြက္အတြက္ အဓိကေသာ့ခ်က္ ျဖစ္လာမယ့္ သူတစ္ေယာက္ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.