La Liga Premier League Transfer News

အာဆင်နယ်ရဲ့ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့ အသက်အငယ်ဆုံး ဟက်ထရစ်သွင်းဂိုးရှင်

အာဆင်နယ်အသင်းဟာ အာတီတာရဲ့ ပဟေဋ္ဌိအတွက် နောက်ဆုံးအပိုင်းအစ ဖြစ်နိုင်တဲ့ စပိန်လူငယ်ကြယ်ပွင့်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

အာတီတာဟာ တစ်နွေလုံး ပစ်မှတ်ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ လုံးပမ်းနေခဲ့တာဖြစ်ပြီး ဂါဘရီယယ်လ် ဂျေဆူးစ်၊ ဇင်ချန်ကို၊ ဖေဘီယို ဗီယာရာ၊ မတ် တန်နာနဲ့ မာကင်ညို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

အမ်းမရိတ်စ်ကွင်းဟာ ယခုရာသီ ပထမဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် လက်စတာစီးတီး ကြိုဆိုသွားရမှာဖြစ်ပြီး ယခုအပတ်မှာ လေ့ကျင့်ရေးဆင်းခဲ့တဲ့ စမစ်သ် ရိုး ပါဝင်ကစားပေးနိုင်ဖို့ မရေမရာဖြစ်နေတာကြောင့် အာတီတာအနေနဲ့ လူစာရင်းထဲက တခြားကစားသမားကို ရွေးချယ်ရမယ့်ပုံ ပေါ်ပါတယ်။

အဲဒါက အာဆင်နယ်အသင်းကို အလားအလာများစွာရှိသူလို့ သတ်မှတ်ခံထားရတဲ့ စပိန်လူငယ်ကြယ်ပွင့်ကို ပေါင် ၃၃ သန်းနဲ့ ကမ်းလှမ်းမှာကို မတားဆီးနိုင်ခဲ့ဘဲ AS ရဲ့ ဖော်ပြချက်အရ ဂန်းနားတွေဟာ ဗီလာရီးရဲလ်ကြယ်ပွင့် ယယ်ရမီ ပီနိုကို ကမ်းလှမ်းခဲ့ပြီး အဲဒီကမ်းလှမ်းချက်ကို လာလီဂါအသင်းက လက်ခံလိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ် ယူရိုပါလိဂ်ချန်ပီယံတွေဟာ ပြီးခဲ့တဲ့တစ်ကြိမ်မှာ ချန်ပီယံလိဂ် နောက်ဆုံး ၄ သင်းအဆင့်အထိ ရောက်ရှိခဲ့ပေမယ့် ယခုရာသီမှာတော့ ဥရောပပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရရှိမှာမဟုတ်တာဖြစ်ပါတယ်။

ဗီလာရီးရဲလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ဥရောပထိပ်သီးအသင်းတွေဟာ အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားကို လိုချင်လာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ဗီလာရီးရဲလ်နည်းပြဖြစ်တဲ့ အူနိုင်း အမ်မရီဟာ အသင်းဟောင်းဖြစ်တဲ့ အာဆင်နယ်နဲ့ အာတီတာကို ကူညီနိုင်ဖို့ အခွင့်အရေး ရရှိလာတာဖြစ်ပြီး ယယ်ရမီ ပီနိုကို ပရီးမီးယားလိဂ်ကို ရောင်းထုတ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပွဲစဉ် ပထမပိုင်းမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး မက်ဆီ၊ ရော်နယ်လ်ဒို၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ရဲ့ ခြေရာအတိုင်း လိုက်နင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်အသင်းဟာ ပစ်မှတ်ထဲမှာ ထည့်ထားတဲ့ ကစားသမားအများအပြား ရှိနေပြီး ပီအက်စ်ဗွီကြယ်ပွင့် ဂက်ခ်ပိုကလည်း မြောက်လန်ဒန်အသင်းရဲ့ ပစ်မှတ်ထဲမှာ ပါဝင်နေတယ်လို့ Football.london က ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:အာဆင္နယ္အသင္းဟာ အာတီတာရဲ႕ ပေဟ႒ိအတြက္ ေနာက္ဆုံးအပိုင္းအစ ျဖစ္ႏိုင္တဲ့ စပိန္လူငယ္ၾကယ္ပြင့္ကို ေခၚယူႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

အာတီတာဟာ တစ္ေႏြလုံး ပစ္မွတ္ကစားသမားေတြကို ေခၚယူႏိုင္ဖို႔ လုံးပမ္းေနခဲ့တာျဖစ္ၿပီး ဂါဘရီယယ္လ္ ေဂ်ဆူးစ္၊ ဇင္ခ်န္ကို၊ ေဖဘီယို ဗီယာရာ၊ မတ္ တန္နာနဲ႔ မာကင္ညိဳ႕စ္တို႔ကို ေခၚယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

အမ္းမရိတ္စ္ကြင္းဟာ ယခုရာသီ ပထမဆုံး အိမ္ကြင္းပြဲစဥ္အျဖစ္ လက္စတာစီးတီး ႀကိဳဆိုသြားရမွာျဖစ္ၿပီး ယခုအပတ္မွာ ေလ့က်င့္ေရးဆင္းခဲ့တဲ့ စမစ္သ္ ႐ိုး ပါဝင္ကစားေပးႏိုင္ဖို႔ မေရမရာျဖစ္ေနတာေၾကာင့္ အာတီတာအေနနဲ႔ လူစာရင္းထဲက တျခားကစားသမားကို ေ႐ြးခ်ယ္ရမယ့္ပုံ ေပၚပါတယ္။

အဲဒါက အာဆင္နယ္အသင္းကို အလားအလာမ်ားစြာရွိသူလို႔ သတ္မွတ္ခံထားရတဲ့ စပိန္လူငယ္ၾကယ္ပြင့္ကို ေပါင္ ၃၃ သန္းနဲ႔ ကမ္းလွမ္းမွာကို မတားဆီးႏိုင္ခဲ့ဘဲ AS ရဲ႕ ေဖာ္ျပခ်က္အရ ဂန္းနားေတြဟာ ဗီလာရီးရဲလ္ၾကယ္ပြင့္ ယယ္ရမီ ပီႏိုကို ကမ္းလွမ္းခဲ့ၿပီး အဲဒီကမ္းလွမ္းခ်က္ကို လာလီဂါအသင္းက လက္ခံလိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေၾကာင္း သိရပါတယ္။

၂၀၂၁ ခုႏွစ္ ယူ႐ိုပါလိဂ္ခ်န္ပီယံေတြဟာ ၿပီးခဲ့တဲ့တစ္ႀကိမ္မွာ ခ်န္ပီယံလိဂ္ ေနာက္ဆုံး ၄ သင္းအဆင့္အထိ ေရာက္ရွိခဲ့ေပမယ့္ ယခုရာသီမွာေတာ့ ဥေရာပၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္ ရရွိမွာမဟုတ္တာျဖစ္ပါတယ္။

ဗီလာရီးရဲလ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရရွိခဲ့တာရဲ႕ ေနာက္ဆက္တြဲ ရလဒ္အေနနဲ႔ ဥေရာပထိပ္သီးအသင္းေတြဟာ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ကစားသမားကို လိုခ်င္လာၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိ ဗီလာရီးရဲလ္နည္းျပျဖစ္တဲ့ အူႏိုင္း အမ္မရီဟာ အသင္းေဟာင္းျဖစ္တဲ့ အာဆင္နယ္နဲ႔ အာတီတာကို ကူညီႏိုင္ဖို႔ အခြင့္အေရး ရရွိလာတာျဖစ္ၿပီး ယယ္ရမီ ပီႏိုကို ပရီးမီးယားလိဂ္ကို ေရာင္းထုတ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက လာလီဂါပြဲစဥ္ ပထမပိုင္းမွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ အသက္အငယ္ဆုံး ကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး မက္ဆီ၊ ေရာ္နယ္လ္ဒို၊ ဆြာရက္ဇ္၊ ဂရစ္ဇ္မန္းတို႔ရဲ႕ ေျခရာအတိုင္း လိုက္နင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အာဆင္နယ္အသင္းဟာ ပစ္မွတ္ထဲမွာ ထည့္ထားတဲ့ ကစားသမားအမ်ားအျပား ရွိေနၿပီး ပီအက္စ္ဗြီၾကယ္ပြင့္ ဂက္ခ္ပိုကလည္း ေျမာက္လန္ဒန္အသင္းရဲ႕ ပစ္မွတ္ထဲမွာ ပါဝင္ေနတယ္လို႔ Football.london က ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.