Ligue1 Premier League

မက်ဆီရဲ့ သတိပေးစကားကို ဂရုမစိုက်ခဲ့လို့ ဒုက္ခရောက်နေတဲ့ ရော်နယ်လ်ဒို

လီယွန်နယ် မက်ဆီဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေဖို့ မဆုံးဖြတ်ခင်မှာ ပြင်းထန်တဲ့သတိပေးပြောကြားမှု ပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင်ဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ပြန်လည်ထွက်ခွာဖို့အတွက် ကြိုးပမ်းနေပြီဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးရဲ့ စကားလုံးတွေဟာ လက်ရှိမှာတော့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ ယူရို ၁၅ သန်းနဲ့ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ လျင်လျင်မြန်မြန်ပဲ အသားကျသွားခဲ့ပြီး ဂိုးတွေအများအပြားသွင်းယူပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်က ယူနိုက်တက်ရဲ့ကျဆုံးမှုက ပေါ်တူဂီကြယ်ပွင့်ကို စိတ်ပျက်စေခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့ပြီးနောက် သိပ်မကြာခင်မှာပဲ လီယွန်နယ် မက်ဆီက ၎င်းရဲ့ အဓိကပြိုင်ဘက်ဟာ ချောချောမွေ့မွေ့နဲ့ အသားကျသွားမယ်ဆိုတာကို သိရှိနေပေမယ့် ပရီးမီးယားလိဂ်ဟာ လှည့်ကွက်တွေနဲ့ အလှည့်အပြောင်းတွေပြည့်နှက်နေတယ်လို့ Marca နဲ့ အင်တာဗျူးမှာ သတိပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မန်ယူနိုက်တက်က အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့အတူ အရမ်းကို တောင့်တင်းတဲ့အသင်းပါ။ ခရစ္စတီယာနိုက ဒီအသင်းအကြောင်း သိထားပြီးသားဖြစ်ပေမယ့် အခုက နောက်ထပ် အချိန်တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ သူက အထင်ကြီးဖွယ်ပုံစံနဲ့ အံဝင်နေခဲ့ပါပြီ။ စစချင်းကတည်းကနေ သူ အမြဲတမ်းလုပ်ခဲ့တဲ့အတိုင်း ဂိုးတွေ သွင်းယူခဲ့ပြီး အသားကျအောင်လုပ်ရတာမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး”

“ပရီးမီးယားလိဂ်က ကျွန်တော်တို့အားလုံး ထင်သလောက်တော့ မကောင်းမွန်ပေမယ့် အဲဒါက အရမ်းခက်ခဲပြီး အရာအားလုံးကတောင် အလှည့်အပြောင်းတွေ အများကြီးရှိတဲ့ ပြိုင်ပွဲပါ။ ဒီဇင်ဘာအပြီးမှာ ပရီးမီးယားလိဂ်က အပြောင်းအလဲတွေ အများကြီးဖြစ်လေ့ရှိပြီး ဘာမဆို ဖြစ်သွားနိုင်ပါတယ်”

ရော်နယ်လ်ဒိုအတိုင်းပဲ ဘာစီလိုနာအသင်းကို စွန့်ခွာပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့တဲ့ မက်ဆီဟာ ပေါ်တူဂီကြယ်ပွင့်နဲ့ တိုက်ရိုက် ယှဉ်ပြိုင်ရတဲ့အချိန်တွေကို လွမ်းဆွတ်မိလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော်တို့ တူညီတဲ့လိဂ်မှာ ယှဉ်ပြိုင်နေတာကို ရပ်လိုက်တာ တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော်တို့က တူညီတဲ့ ပန်းတိုင်တွေအတွက် အသင်းအဖွဲ့အဖြစ်ရော တစ်ဦးချင်းစီပါ ယှဉ်ပြိုင်ခဲ့တာပါ။ ကျွန်တော်တို့အတွက်ရော လူတွေအတွက်ပါ အရမ်းလှပတဲ့ အချိန်တစ်ခု ဖြစ်ခဲ့ပြီး အားလုံးက အဲဒါကို အရမ်းနှစ်သက်ခဲ့ကြပါတယ်။ ဒါက ဘောလုံးသမိုင်းမှာ ကျန်ရစ်နေမယ့် လှပတဲ့ အမှတ်တရတွေပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီယြန္နယ္ မက္ဆီဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ႊဖို႔ မဆုံးျဖတ္ခင္မွာ ျပင္းထန္တဲ့သတိေပးေျပာၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ လက္ရွိမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ျပန္လည္ထြက္ခြာဖို႔အတြက္ ႀကိဳးပမ္းေနၿပီျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ စကားလုံးေတြဟာ လက္ရွိမွာေတာ့ ျပန္လည္ေပၚထြက္လာခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လမွာ ယူ႐ို ၁၅ သန္းနဲ႔ ဂ်ဴဗင္တပ္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ လ်င္လ်င္ျမန္ျမန္ပဲ အသားက်သြားခဲ့ၿပီး ဂိုးေတြအမ်ားအျပားသြင္းယူေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္က ယူႏိုက္တက္ရဲ႕က်ဆုံးမႈက ေပၚတူဂီၾကယ္ပြင့္ကို စိတ္ပ်က္ေစခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ၿပီးေနာက္ သိပ္မၾကာခင္မွာပဲ လီယြန္နယ္ မက္ဆီက ၎ရဲ႕ အဓိကၿပိဳင္ဘက္ဟာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ အသားက်သြားမယ္ဆိုတာကို သိရွိေနေပမယ့္ ပရီးမီးယားလိဂ္ဟာ လွည့္ကြက္ေတြနဲ႔ အလွည့္အေျပာင္းေတြျပည့္ႏွက္ေနတယ္လို႔ Marca နဲ႔ အင္တာဗ်ဴးမွာ သတိေပး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“မန္ယူႏိုက္တက္က အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔အတူ အရမ္းကို ေတာင့္တင္းတဲ့အသင္းပါ။ ခရစၥတီယာႏိုက ဒီအသင္းအေၾကာင္း သိထားၿပီးသားျဖစ္ေပမယ့္ အခုက ေနာက္ထပ္ အခ်ိန္တစ္ခုျဖစ္ၿပီး လက္ရွိမွာေတာ့ သူက အထင္ႀကီးဖြယ္ပုံစံနဲ႔ အံဝင္ေနခဲ့ပါၿပီ။ စစခ်င္းကတည္းကေန သူ အၿမဲတမ္းလုပ္ခဲ့တဲ့အတိုင္း ဂိုးေတြ သြင္းယူခဲ့ၿပီး အသားက်ေအာင္လုပ္ရတာမွာ ဘာျပႆနာမွ မရွိခဲ့ပါဘူး”

“ပရီးမီးယားလိဂ္က ကြၽန္ေတာ္တို႔အားလုံး ထင္သေလာက္ေတာ့ မေကာင္းမြန္ေပမယ့္ အဲဒါက အရမ္းခက္ခဲၿပီး အရာအားလုံးကေတာင္ အလွည့္အေျပာင္းေတြ အမ်ားႀကီးရွိတဲ့ ၿပိဳင္ပြဲပါ။ ဒီဇင္ဘာအၿပီးမွာ ပရီးမီးယားလိဂ္က အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္ေလ့ရွိၿပီး ဘာမဆို ျဖစ္သြားႏိုင္ပါတယ္”

ေရာ္နယ္လ္ဒိုအတိုင္းပဲ ဘာစီလိုနာအသင္းကို စြန႔္ခြာၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ မက္ဆီဟာ ေပၚတူဂီၾကယ္ပြင့္နဲ႔ တိုက္႐ိုက္ ယွဥ္ၿပိဳင္ရတဲ့အခ်ိန္ေတြကို လြမ္းဆြတ္မိလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ကြၽန္ေတာ္တို႔ တူညီတဲ့လိဂ္မွာ ယွဥ္ၿပိဳင္ေနတာကို ရပ္လိုက္တာ ေတာ္ေတာ္ၾကာခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔က တူညီတဲ့ ပန္းတိုင္ေတြအတြက္ အသင္းအဖြဲ႕အျဖစ္ေရာ တစ္ဦးခ်င္းစီပါ ယွဥ္ၿပိဳင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔အတြက္ေရာ လူေတြအတြက္ပါ အရမ္းလွပတဲ့ အခ်ိန္တစ္ခု ျဖစ္ခဲ့ၿပီး အားလုံးက အဲဒါကို အရမ္းႏွစ္သက္ခဲ့ၾကပါတယ္။ ဒါက ေဘာလုံးသမိုင္းမွာ က်န္ရစ္ေနမယ့္ လွပတဲ့ အမွတ္တရေတြပါ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.