Premier League Serie A

ချဲလ်ဆီးကို လက်စားပြန်ချေဖို့ ပြောင်းရွှေ့ခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ လူကာကူး

ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြသနိုင်ခဲ့တဲ့ လူကာကူးဟာ စတမ်းဖို့ဒ် ဘရစ်ချ်က ကျရှုံးမှုနဲ့ပတ်သက်ပြီး ဖွင့်ဟပြောကြားခဲ့ပြီး ရင်ထဲမှာ ဒေါသတွေရှိနေတာကြောင့် လက်စားပြန်ချေသွားမယ့်အစီအစဉ်ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လူကာကူးဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ချဲလ်ဆီးကို အသင်းစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၉၇.၅ သန်းနဲ့ ပြောင်းရွှေ့ပြီးနောက် ယခုနွေရာသီမှာ အင်တာမီလန်အသင်းကို ၂ ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်လက်ရွေးစင်တိုက်စစ်မှူးဟာ ၂၀၂၁-၂၀၂၂ ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလမှာ အနောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရတဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တဲ့အတွက် နည်းပြတူဟယ်နဲ့ ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လူကာကူးရဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်ကျရင် အင်တာမီလန်အသင်းအနေနဲ့ အပြီးသတ်ခေါ်ယူသွားလိမ့်မယ်လို့ မျှော်လင့်နေပြီး ဘယ်လ်ဂျီယမ်တိုက်စစ်မှူးက အင်တာဗျူးအသစ်မှာ စတမ်းဖို့ဒ် ဘရစ်ချ်ကနေ ထွက်ခွာခဲ့ရမှုနဲ့ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“ချဲလ်ဆီးက ရာသီက ကျွန်တော့်ကို အရင်တုန်းကထက်တောင် ပိုကောင်းအောင် လုပ်ဖို့ စိတ်ခွန်အား အပိုပေးခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာ လူတွေက ကျွန်တော် ကွင်းထဲမှာ လုပ်နိုင်တဲ့အရာတွေနဲ့ပတ်သက်ပြီး မေ့သွားခဲ့ကြတယ်လို့ ထင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ ရင်ထဲမှာ ရှိနေတဲ့ ဒေါသမျိုးကို ဖြစ်စေပါတယ်။ အခုလည်း အသင်းမှာ အဲဒီလို ဒေါသမျိုး ရှိနေတာပါပဲ။ မနှစ်က ဆုဖလား မရရှိခဲ့ပါဘူး။ အားလုံးအတူတူ ပိုကောင်းမွန်အောင် လုပ်ပြီး အိမ်ကို တစ်စုံတရာ ယူဆောင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်မိပါတယ်”

“မှားယွင်းသွားခဲ့တာတွေက အများကြီးပါပဲ။ ကျွန်တော် အရင်တုန်းက တွေးခဲ့တယ်။ ကျွန်တော် အင်တာကို စွန့်ခွာခဲ့တဲ့အချိန်တုန်းက ချဲလ်ဆီးမှာ လက်စားချေချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ ၁၁ နှစ်လောက် ကျွန်တော် ငယ်ရွယ်သေးတဲ့အချိန်တုန်းက ကျွန်တော့်ရဲ့ အသင်းဖြစ်ခဲ့လို့ပါ။ ကျွန်တော် အဲဒီကို ပြန်သွားဖို့ အခွင့်အရေးရခဲ့ပြီး ကျွန်တော် သူရဲကောင်းဖြစ်လိမ့်မယ်လို့ တွေးမိခဲ့ပေမယ့် အဲဒီလို ဖြစ်မလာခဲ့ဘူး”

“မတ်လမှာ ဒီကို ပြန်လာနိုင်မယ့် အခွင့်အရေးရှိနေတယ်လို့ ကျွန်တော် ကြားလိုကရတဲ့အချိန်မှာ ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး။ ဒါပေမယ့် ရာသီကုန်ပိုင်းမှာ ကျွန်တော်တို့ အသင်းနဲ့အတူ အရမ်းကောင်းတဲ့အလုပ်ကို လုပ်ခဲ့ပြီး ကျွန်တော် ဒီကို ပြန်လာနိုင်ခဲ့ပါတယ်။ ကျွန်တော် ရာသီကုန်ပိုင်းလောက်မှပဲ တွေးတောဆင်ခြင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒါကောင့် နောက်ဆုံးပွဲစဉ်အပြီးမှာတော့ ကျွန်တော့်ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေခဲ့လဲဆိုတာကို တွေးကြည့်ခဲ့မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခ်ဲလ္ဆီးအသင္းမွာ ေျခစြမ္းမျပသႏိုင္ခဲ့တဲ့ လူကာကူးဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္က က်ရႈံးမႈနဲ႔ပတ္သက္ၿပီး ဖြင့္ဟေျပာၾကားခဲ့ၿပီး ရင္ထဲမွာ ေဒါသေတြရွိေနတာေၾကာင့္ လက္စားျပန္ေခ်သြားမယ့္အစီအစဥ္ရွိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

လူကာကူးဟာ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လမွာ ခ်ဲလ္ဆီးကို အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၉၇.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ၿပီးေနာက္ ယခုေႏြရာသီမွာ အင္တာမီလန္အသင္းကို ၂ ရာသီ အငွားစာခ်ဳပ္နဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕ခဲ့တာ ျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၂၀၂၁-၂၀၂၂ ရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၈ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ဒီဇင္ဘာလမွာ အေနာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အေပၚ ေနာင္တရတဲ့အေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့အတြက္ နည္းျပတူဟယ္နဲ႔ ပရိသတ္ေတြရဲ႕ ေဒါသထြက္ျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ လူကာကူးရဲ႕ အငွားစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အခ်ိန္က်ရင္ အင္တာမီလန္အသင္းအေနနဲ႔ အၿပီးသတ္ေခၚယူသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနၿပီး ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးက အင္တာဗ်ဴးအသစ္မွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကေန ထြက္ခြာခဲ့ရမႈနဲ႔ပတ္သက္ၿပီး အခုလိုပဲ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“ခ်ဲလ္ဆီးက ရာသီက ကြၽန္ေတာ့္ကို အရင္တုန္းကထက္ေတာင္ ပိုေကာင္းေအာင္ လုပ္ဖို႔ စိတ္ခြန္အား အပိုေပးခဲ့ပါတယ္။ တစ္ႏွစ္အတြင္းမွာ လူေတြက ကြၽန္ေတာ္ ကြင္းထဲမွာ လုပ္ႏိုင္တဲ့အရာေတြနဲ႔ပတ္သက္ၿပီး ေမ့သြားခဲ့ၾကတယ္လို႔ ထင္ပါတယ္။ အဲဒါက ကြၽန္ေတာ့္ရဲ႕ ရင္ထဲမွာ ရွိေနတဲ့ ေဒါသမ်ိဳးကို ျဖစ္ေစပါတယ္။ အခုလည္း အသင္းမွာ အဲဒီလို ေဒါသမ်ိဳး ရွိေနတာပါပဲ။ မႏွစ္က ဆုဖလား မရရွိခဲ့ပါဘူး။ အားလုံးအတူတူ ပိုေကာင္းမြန္ေအာင္ လုပ္ၿပီး အိမ္ကို တစ္စုံတရာ ယူေဆာင္ႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္မိပါတယ္”

“မွားယြင္းသြားခဲ့တာေတြက အမ်ားႀကီးပါပဲ။ ကြၽန္ေတာ္ အရင္တုန္းက ေတြးခဲ့တယ္။ ကြၽန္ေတာ္ အင္တာကို စြန႔္ခြာခဲ့တဲ့အခ်ိန္တုန္းက ခ်ဲလ္ဆီးမွာ လက္စားေခ်ခ်င္ခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ လြန္ခဲ့တဲ့ ၁၁ ႏွစ္ေလာက္ ကြၽန္ေတာ္ ငယ္႐ြယ္ေသးတဲ့အခ်ိန္တုန္းက ကြၽန္ေတာ့္ရဲ႕ အသင္းျဖစ္ခဲ့လို႔ပါ။ ကြၽန္ေတာ္ အဲဒီကို ျပန္သြားဖို႔ အခြင့္အေရးရခဲ့ၿပီး ကြၽန္ေတာ္ သူရဲေကာင္းျဖစ္လိမ့္မယ္လို႔ ေတြးမိခဲ့ေပမယ့္ အဲဒီလို ျဖစ္မလာခဲ့ဘူး”

“မတ္လမွာ ဒီကို ျပန္လာႏိုင္မယ့္ အခြင့္အေရးရွိေနတယ္လို႔ ကြၽန္ေတာ္ ၾကားလိုကရတဲ့အခ်ိန္မွာ ကြၽန္ေတာ္ ဘာမွ မေျပာခဲ့ပါဘူး။ ဒါေပမယ့္ ရာသီကုန္ပိုင္းမွာ ကြၽန္ေတာ္တို႔ အသင္းနဲ႔အတူ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ခဲ့ၿပီး ကြၽန္ေတာ္ ဒီကို ျပန္လာႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္ ရာသီကုန္ပိုင္းေလာက္မွပဲ ေတြးေတာဆင္ျခင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အဲဒါေကာင့္ ေနာက္ဆုံးပြဲစဥ္အၿပီးမွာေတာ့ ကြၽန္ေတာ့္ရဲ႕ အေျခအေနက ဘယ္လိုျဖစ္ေနခဲ့လဲဆိုတာကို ေတြးၾကည့္ခဲ့မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.