Premier League

လီဗာပူးလ်ထက် ကြီးမားတဲ့ကလပ်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မန်ယူနိုက်တက်

ခရစ္စတယ် ပဲလေ့စ် ဥက္ကဌဟောင်း ဆိုင်မွန် ဂျော်ဒန်က ဘာကြောင့် မန်ချက်စတာာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်အသင်းဖြစ်နေသေးတာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဆိုင်မွန် ဂျော်ဒန်ဟာ ဗုဒ္ဓဟူးနေ့က talkSPORT စတူဒီယိုမှာ ဂျင်မ် ဝှိုက်၊ ဒန်နီ မာဖီတို့နဲ့အတူ ပူးပေါင်းခဲ့တာဖြစ်ပြီး ဆွေးနွေးခဲ့တဲ့အကြောင်းအရာဟာ လေလှိုင်းပေါ်မှာသာမက လူမှုကွန်ရက်ပေါ်မှာပါ ကြီးမားတဲ့ အငြင်းအခုံဖြစ်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆုဖလားတွေ ရယူနိုင်ခြင်းမရှီဘဲ ခြေစွမ်း ကျဆင်းနေခဲ့ပေမယ့်လည်း ဆိုင်မွန် ဂျော်ဒန်က ၎င်းရဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း သိအောင် ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်က တစ်ကမ္ဘာလုံးအတိုင်းအတာအရ လီဗာပူးလ်ထက် ပိုပြီး ကြီးမားတဲ့လပ်အသင်းပါ။ လီဗာပူးလ်က ၇၀ ကျော်နဲ့ ၈၀ ကျော် ကာလတွေမှာ လွှမ်းမိုးပြီး ခေတ်သစ်ဘောလုံးကို ဦးဆောင်ချီတက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ခေတ်ရောက်လာတဲ့အခါကျတော့ ပရီးမီးယားလိဂ်ရဲ့ မျက်နှာဖုံးက ဘယ်သူတွေ ဖြစ်ခဲ့တာလဲ။ မန်ချက်စတာယူနိုက်တက်ပေါ့။ ခင်ဗျား ပရီးမီးယားလိဂ်အကြောင်း စဉ်းစားလိုက်တဲ့အခါမှာ စပြီး တည်ဆောက်တဲ့နှစ်တွေအကြောင်း တွေးလိုက်ရင် ခင်ဗျား မန်ယူနိုက်တက်အကြောင်းပဲ တွေးမိမှာပါ”

“ဒါနဲ့စကားမစပ် သတင်းခေါင်းစည်းတိုင်း၊ နေရာတိုင်း၊ ဇာတ်လမ်းတိုင်းမှာ မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်မှု၊ ကျရှုံးမှု၊ ပရိသတ်တွေအကြောင်း၊ ပိုင်ဆိုင်မှု ပုံစံ၊ ကစားသမားတွေအကြောင်းနဲ့ ရှယ်ယာ ဈေးနှုန်းတွေကပဲ နေရာယူထားခဲ့တာပါ။ မန်ယူနိုက်တက်လိုမျိုး ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် လူစိတ်ဝင်စားတဲ့ တခြားကလပ်အသင်းနာမည် ကျွန်တော့်ကို ပြောစမ်းပါ။ အဲဒါက ငွေကြေးပိုင်းမှာလည်း မျက်စိကျစေတယ်။ စပွန်ဆာတွေက သဘောတူညီမှုတွေ သွားပြီး လုပ်ကြတယ်။ သူတို့တွေ ပေါင်သန်း ၅၀ တန် သဘောတူညီမှု ရယူဖို့ ပိုင်ဆိုင်တဲ့ ကုမ္ပဏီရှိပြီးသား အစ်တီဟတ်ကို မသွားကြဘူး။ သူတို့တွေ TeamViewer ဒါမှမဟုတ် Chevrolet ကို သွားကြတယ်”

talkSPORT စီစဉ်တင်ဆက်သူ ဂျင်မ် ဝှိုက်က “ခင်ဗျား ဘာစီလိုနာက လမ်းပေါ်မှာ လျှောက်သွားပြီး ‘မန်ချက်စတာယူနိုက်တက်က ကမ္ဘာပေါ်က အကြီးမားဆုံးကလပ်အသင်းလားလို့ မေးရင် သူတို့တွေက ဟုတ်တယ်လို့ မပြောကြမှာ အမှန်ပဲ’လို့ ပြောကြမှာပါ”လို့ မေးခွန်းထုတ်ခဲ့ပြီး ဆိုင်မွန် ဂျော်ဒန်က ဆက်လက်ပြီး မန်ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ လက်ရှိ ဘဏ္ဍာရေးအခြေအနေတွေကို နှိုင်းယှဉ်ပြခဲ့ပါတယ်။

“ဘာစီလိုနာက အကြွေး ပေါင်သန်း ၅၀၀၊ ၆၀၀ လောက်ရှိနေပြီး သူတို့တွေက အရည်ပျော်ကျနေပြီလို့ ခင်ဗျား ပြောခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာလည်း အကြွေးက ပေါင်သန်း၅၀၀၊ ၆၀၀ လောက် ရှိပါတယ်။ အဲဒါက သူတို့ ပိုင်ဆိုင်မှုရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပြီး သူတို့အတွက် ဖြုံတောင်မဖြုံကြပါဘူး”

“ခင်ဗျား မန်ချက်စတာယူနိုက်တက်ရဲ့ အနေအထားကို ကြည့်ပါ။ သူတို့ ကစားနေတဲ့ လိဂ်ကို ကြည့်ပါ။ သူတို့လုပ်နေတဲ့ စီးပွားရေးသဘောတူညီမှုတွေကို ကြည်ပါ။ သူတို့ ရရှိထားတဲ့အားပေးထောက်ခံမှုကို ကြည့်ပါ။ သူတို့တွေ ရှာဖွေနေတဲ့ ဝင်ငွေကို ကြည့်ပါ။ သူတို့တွေ ခေါ်ယူခဲ့တဲ့ ကစာသးမားတွေကို ကြည်ပါ။ ပြီးတော့ ခင်ဗျား ဘာစီလိုနာကို ကြည့်ပြီး ‘အင်း၊ ကောင်းပြီ။ ဒီခရီးရဲ့ အဆုံးမှာ မင်းဘယ်ရောက်နေမှာလဲ’လို့ ပြောမှာပါ”

ဂျင်မ် ဝှိုက်က မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး ဒီနေ့သာ ပြောင်းရွှေ့လာခဲ့ရင် လေသံပြောင်းသွားကြလိမ့်မယ်လို့ ငြင်းခုံခဲ့ပေမယ့် ဂျော်ဒန်က အဲဒီ ပြောဆိုမှုကို ပယ်ချခဲ့ပါတယ်။

“မဟုတ်ဘူး။ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေက သူတို့တွေ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေ၊ လီဗန်ဒေါ့ဗ်စကီးကို ခေါ်ယူနိုင်ခဲ့ရင်တောင်မှ သူတို့လေသံပြောင်းမှာမဟုတ်ပါဘူး။ သူတို့တွေ နေမာနဲ့ သူတို့လိုချင်တဲ့ ဘယ်သူကိုမဆို ခေါ်ယူနိုင်ခဲ့ရင်တောင်မှ ဂလေဇာတို့ဘက်လှည့်ပြီး ‘မင်းတို့က အသင်းကို ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ။ ငါတို့တွေ မင်းတို့ကို အသင်းအနီးအနားလေးမှာတောင်မှ မရှိစေချင်ဘူး’လို့ ပြောကြဦးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ခရစၥတယ္ ပဲေလ့စ္ ဥကၠဌေဟာင္း ဆိုင္မြန္ ေဂ်ာ္ဒန္က ဘာေၾကာင့္ မန္ခ်က္စတာာယူႏိုက္တက္အသင္းဟာ ကမာၻေပၚမွာ အႀကီးမားဆုံးကလပ္အသင္းျဖစ္ေနေသးတာလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။

ဆိုင္မြန္ ေဂ်ာ္ဒန္ဟာ ဗုဒၶဟူးေန႔က talkSPORT စတူဒီယိုမွာ ဂ်င္မ္ ဝႈိက္၊ ဒန္နီ မာဖီတို႔နဲ႔အတူ ပူးေပါင္းခဲ့တာျဖစ္ၿပီး ေဆြးေႏြးခဲ့တဲ့အေၾကာင္းအရာဟာ ေလလႈိင္းေပၚမွာသာမက လူမႈကြန္ရက္ေပၚမွာပါ ႀကီးမားတဲ့ အျငင္းအခုံျဖစ္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဆုဖလားေတြ ရယူႏိုင္ျခင္းမရွီဘဲ ေျခစြမ္း က်ဆင္းေနခဲ့ေပမယ့္လည္း ဆိုင္မြန္ ေဂ်ာ္ဒန္က ၎ရဲ႕ ခံစားခ်က္ကို ရွင္းရွင္းလင္းလင္း သိေအာင္ ေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္က တစ္ကမာၻလုံးအတိုင္းအတာအရ လီဗာပူးလ္ထက္ ပိုၿပီး ႀကီးမားတဲ့လပ္အသင္းပါ။ လီဗာပူးလ္က ၇၀ ေက်ာ္နဲ႔ ၈၀ ေက်ာ္ ကာလေတြမွာ လႊမ္းမိုးၿပီး ေခတ္သစ္ေဘာလုံးကို ဦးေဆာင္ခ်ီတက္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ေခတ္ေရာက္လာတဲ့အခါက်ေတာ့ ပရီးမီးယားလိဂ္ရဲ႕ မ်က္ႏွာဖုံးက ဘယ္သူေတြ ျဖစ္ခဲ့တာလဲ။ မန္ခ်က္စတာယူႏိုက္တက္ေပါ့။ ခင္ဗ်ား ပရီးမီးယားလိဂ္အေၾကာင္း စဥ္းစားလိုက္တဲ့အခါမွာ စၿပီး တည္ေဆာက္တဲ့ႏွစ္ေတြအေၾကာင္း ေတြးလိုက္ရင္ ခင္ဗ်ား မန္ယူႏိုက္တက္အေၾကာင္းပဲ ေတြးမိမွာပါ”

“ဒါနဲ႔စကားမစပ္ သတင္းေခါင္းစည္းတိုင္း၊ ေနရာတိုင္း၊ ဇာတ္လမ္းတိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေအာင္ျမင္မႈ၊ က်ရႈံးမႈ၊ ပရိသတ္ေတြအေၾကာင္း၊ ပိုင္ဆိုင္မႈ ပုံစံ၊ ကစားသမားေတြအေၾကာင္းနဲ႔ ရွယ္ယာ ေဈးႏႈန္းေတြကပဲ ေနရာယူထားခဲ့တာပါ။ မန္ယူႏိုက္တက္လိုမ်ိဳး ေကာင္းတာျဖစ္ျဖစ္၊ မေကာင္းတာျဖစ္ျဖစ္ လူစိတ္ဝင္စားတဲ့ တျခားကလပ္အသင္းနာမည္ ကြၽန္ေတာ့္ကို ေျပာစမ္းပါ။ အဲဒါက ေငြေၾကးပိုင္းမွာလည္း မ်က္စိက်ေစတယ္။ စပြန္ဆာေတြက သေဘာတူညီမႈေတြ သြားၿပီး လုပ္ၾကတယ္။ သူတို႔ေတြ ေပါင္သန္း ၅၀ တန္ သေဘာတူညီမႈ ရယူဖို႔ ပိုင္ဆိုင္တဲ့ ကုမၸဏီရွိၿပီးသား အစ္တီဟတ္ကို မသြားၾကဘူး။ သူတို႔ေတြ TeamViewer ဒါမွမဟုတ္ Chevrolet ကို သြားၾကတယ္”

talkSPORT စီစဥ္တင္ဆက္သူ ဂ်င္မ္ ဝႈိက္က “ခင္ဗ်ား ဘာစီလိုနာက လမ္းေပၚမွာ ေလွ်ာက္သြားၿပီး ‘မန္ခ်က္စတာယူႏိုက္တက္က ကမာၻေပၚက အႀကီးမားဆုံးကလပ္အသင္းလားလို႔ ေမးရင္ သူတို႔ေတြက ဟုတ္တယ္လို႔ မေျပာၾကမွာ အမွန္ပဲ’လို႔ ေျပာၾကမွာပါ”လို႔ ေမးခြန္းထုတ္ခဲ့ၿပီး ဆိုင္မြန္ ေဂ်ာ္ဒန္က ဆက္လက္ၿပီး မန္ယူႏိုက္တက္နဲ႔ ဘာစီလိုနာတို႔ရဲ႕ လက္ရွိ ဘ႑ာေရးအေျခအေနေတြကို ႏႈိင္းယွဥ္ျပခဲ့ပါတယ္။

“ဘာစီလိုနာက အေႂကြး ေပါင္သန္း ၅၀၀၊ ၆၀၀ ေလာက္ရွိေနၿပီး သူတို႔ေတြက အရည္ေပ်ာ္က်ေနၿပီလို႔ ခင္ဗ်ား ေျပာခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္မွာလည္း အေႂကြးက ေပါင္သန္း၅၀၀၊ ၆၀၀ ေလာက္ ရွိပါတယ္။ အဲဒါက သူတို႔ ပိုင္ဆိုင္မႈရဲ႕ ၁၀ ရာခိုင္ႏႈန္းေလာက္ပဲရွိၿပီး သူတို႔အတြက္ ၿဖဳံေတာင္မၿဖဳံၾကပါဘူး”

“ခင္ဗ်ား မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အေနအထားကို ၾကည့္ပါ။ သူတို႔ ကစားေနတဲ့ လိဂ္ကို ၾကည့္ပါ။ သူတို႔လုပ္ေနတဲ့ စီးပြားေရးသေဘာတူညီမႈေတြကို ၾကည္ပါ။ သူတို႔ ရရွိထားတဲ့အားေပးေထာက္ခံမႈကို ၾကည့္ပါ။ သူတို႔ေတြ ရွာေဖြေနတဲ့ ဝင္ေငြကို ၾကည့္ပါ။ သူတို႔ေတြ ေခၚယူခဲ့တဲ့ ကစာသးမားေတြကို ၾကည္ပါ။ ၿပီးေတာ့ ခင္ဗ်ား ဘာစီလိုနာကို ၾကည့္ၿပီး ‘အင္း၊ ေကာင္းၿပီ။ ဒီခရီးရဲ႕ အဆုံးမွာ မင္းဘယ္ေရာက္ေနမွာလဲ’လို႔ ေျပာမွာပါ”

ဂ်င္မ္ ဝႈိက္က မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး ဒီေန႔သာ ေျပာင္းေ႐ႊ႕လာခဲ့ရင္ ေလသံေျပာင္းသြားၾကလိမ့္မယ္လို႔ ျငင္းခုံခဲ့ေပမယ့္ ေဂ်ာ္ဒန္က အဲဒီ ေျပာဆိုမႈကို ပယ္ခ်ခဲ့ပါတယ္။

“မဟုတ္ဘူး။ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြက သူတို႔ေတြ လီယြန္နယ္ မက္ဆီ၊ အမ္ဘာေပ၊ လီဗန္ေဒါ့ဗ္စကီးကို ေခၚယူႏိုင္ခဲ့ရင္ေတာင္မွ သူတို႔ေလသံေျပာင္းမွာမဟုတ္ပါဘူး။ သူတို႔ေတြ ေနမာနဲ႔ သူတို႔လိုခ်င္တဲ့ ဘယ္သူကိုမဆို ေခၚယူႏိုင္ခဲ့ရင္ေတာင္မွ ဂေလဇာတို႔ဘက္လွည့္ၿပီး ‘မင္းတို႔က အသင္းကို ဂုတ္ေသြးစုပ္ေနတဲ့ ေသြးစုပ္ဖုတ္ေကာင္ေတြပဲ။ ငါတို႔ေတြ မင္းတို႔ကို အသင္းအနီးအနားေလးမွာေတာင္မွ မရွိေစခ်င္ဘူး’လို႔ ေျပာၾကဦးမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.