La Liga Premier League Transfer News

ငွေကြပ်နေတဲ့ စပိန်တွေဆီကနေ အာဆင်နယ်တို့ လိုချင်တာ ရရှိသွားနိုင်မလား

ပရီးမီးယားလိဂ်မှာ အခြေနေကောင်းနိုင်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ ဒီရာသီမှာ ဖြည့်ဆည်းသွားမယ့် နေရာနှစ်ခုဖြစ်တဲ့ တောင်ပံနဲ့ ကွင်းလယ်တွေအတွက် ငွေကြပ်နေတဲ့ စပိန် လာလီဂါကလပ်အသင်းတွေဆီကနေ အလုပ်ဖြစ်သွားနိုင်တယ်လို့ အပြောင်းအရွှေ့ စောင့်ကြည့်သူတွေက ခန့်မှန်းနေကြပါတယ်။

ညာတောင်ပံ ဒါမှမဟုတ် တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်မယ့်သူ တစ်ယောက်နဲ့ ကွင်းလယ်ကို ဦးဆောင်နိုင်မယ့် မာမာချာချာ ကစားသမား တစ်ယောက်ကို အလိုရှိနေတဲ့ နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ဂက်စ်ပါတို့အနေနဲ့ လက်ရှိ ဈေးနှုန်းကြီးမြင့်ပြီး ပေါင်သန်း ၉၀ ဝန်းကျင် သုံးရမယ့် ပစ်မှတ်တွေအစား ပေါင်သန်း ၄၀ လောက်နဲ့ ဆန္ဒပြည့်ဝနိုင်ဖို့ ရှိနေတာပါ။

အာဆင်နယ်အသင်းရဲ့ ဝင်စီးရမယ့် ပစ်မှတ်တွေကတော့ ဘာစီလိုနာနဲ့ ဗီလာရီးရဲလ်အသင်းတွေဖြစ်ပြီး နူးကမ့်ကတော့ အားလုံးသိကြတဲ့အတိုင်း ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေခဲ့သလို အဝါရောင် ရေငုပ်သင်္ဘောတွေကတော့ ရငွေသုံးငွေနဲ့ အောင်မြင်မှုတွေ မကိုက်လို့ ငွေကြေးရှာဖွေဖို့ ခေါင်းကိုက်နေကြရတာဖြစ်ပါတယ်။

ဂန်းနားတွေအနေနဲ့ လက်စတာစီးတီးအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်း သတ်မှတ်ထားတဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ကို သူ့ရဲ့ တစ်နှစ်တောင် မကျန်တော့တဲ့ စာချုပ်သက်တမ်းအရ မတန်ဘူးလို့ ယူဆနေပြီး ပေါင် ၂၅ သန်းအောက်မှာ ရရှိနိုင်ဖို့ အပြောင်းအရွှေ့ပိတ်ခါနီးအထိ စောင့်ဆိုင်းနေခဲ့သလို ဘယ်လ်ဂျီယမ်သားရဲ့ အေးအေးဆေးဆေးဆိုတဲ့ ဆန္ဒအရလည်း အချိန်က ဆွဲဆန့်ထားမိခဲ့တာပါ။

တကယ်လို့ အပြောင်းအရွှေ့ ပိတ်ချိန်အမီ တီးလီးမန်းစ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ အာဆင်နယ်တို့အနေနဲ့ ဘာစီလိုနာအသင်းနဲ့ လက်ရှိအချိန်အထိ အင်္ကျီတွေ လျှောက်ဝတ်ပြီး မှတ်ပုံမတင်ရသေးတဲ့ အေစီမီလန်ကွင်းလယ်လူဟောင်း ဖရန့်ခ် ကက်ဆီယေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆွဲစားသွားနိုင်ဖို့ အခြေအနေတွေကို ထောက်လှမ်းနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် တောင်ပံပစ်မှတ်ကိုတော့ အာဆင်နယ်တို့ရဲ့ ဦးစားပေးပစ်မှတ်အဖြစ် လေဗာကူဆင်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် မူဆာ ဒီယာဘီကို အလိုရှိနေပေမယ့် ဂျာမန်ကလပ်ဘက်က ပေါင်သန်း ၆၀ တောင်းဆိုထားတာကနေ အများကြီး ဈေးလျှော့ပြီး မရရှိနိုင်တာနဲ့ သူ့ရဲ့ ပွဲထွက်ကစားခွင့် တောင်းဆိုမှု အနေအထားအရ ဘူကာယို ဆာကာနောက်မှာချည်းထားလို့ မရနိုင်တာတွေကို ထည့်တွက်နေရတာပါ။

ဒါကြောင့် ငွေကြပ်နေတဲ့ ဗီလာရီးရဲလ်က မြောက်လန်ဒန်ကလပ်ရဲ့ အသုံးတော်ခံဖြစ်လာနိုင်ပြီး သူတို့ရဲ့ တောက်မယ့် မီးခဲလေး ယယ်ရမီ ပီနိုကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေသလို စာချုပ်လျော်ကြေး ပေါင် ၇၅ သန်း ထည့်သွင်းထားပေမယ့် လက်ရှိမှာတော့ ရေငုပ်သင်္ဘောတွေအနေနဲ့ ပေါင် ၃၃ ကနေ ၄၂ သန်းကြား ရရှိရင် လက်ခံဖို့ ရှိနေတာကြောင့် သန်း ၉၀ လောက် ကုန်မယ့်နေရာမှာ ၄၀ လောက်နဲ့ ကိစ္စပြီးနိုင်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ အေျခေနေကာင္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ဒီရာသီမွာ ျဖည့္ဆည္းသြားမယ့္ ေနရာႏွစ္ခုျဖစ္တဲ့ ေတာင္ပံနဲ႔ ကြင္းလယ္ေတြအတြက္ ေငြၾကပ္ေနတဲ့ စပိန္ လာလီဂါကလပ္အသင္းေတြဆီကေန အလုပ္ျဖစ္သြားႏိုင္တယ္လို႔ အေျပာင္းအေ႐ႊ႕ ေစာင့္ၾကည့္သူေတြက ခန႔္မွန္းေနၾကပါတယ္။

ညာေတာင္ပံ ဒါမွမဟုတ္ ေတာင္ပံႏွစ္ဖက္စလုံးမွာ ကစားႏိုင္မယ့္သူ တစ္ေယာက္နဲ႔ ကြင္းလယ္ကို ဦးေဆာင္ႏိုင္မယ့္ မာမာခ်ာခ်ာ ကစားသမား တစ္ေယာက္ကို အလိုရွိေနတဲ့ နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါတို႔အေနနဲ႔ လက္ရွိ ေဈးႏႈန္းႀကီးျမင့္ၿပီး ေပါင္သန္း ၉၀ ဝန္းက်င္ သုံးရမယ့္ ပစ္မွတ္ေတြအစား ေပါင္သန္း ၄၀ ေလာက္နဲ႔ ဆႏၵျပည့္ဝႏိုင္ဖို႔ ရွိေနတာပါ။

အာဆင္နယ္အသင္းရဲ႕ ဝင္စီးရမယ့္ ပစ္မွတ္ေတြကေတာ့ ဘာစီလိုနာနဲ႔ ဗီလာရီးရဲလ္အသင္းေတြျဖစ္ၿပီး ႏူးကမ့္ကေတာ့ အားလုံးသိၾကတဲ့အတိုင္း ေ႐ႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ျဖစ္ေနခဲ့သလို အဝါေရာင္ ေရငုပ္သေဘၤာေတြကေတာ့ ရေငြသုံးေငြနဲ႔ ေအာင္ျမင္မႈေတြ မကိုက္လို႔ ေငြေၾကးရွာေဖြဖို႔ ေခါင္းကိုက္ေနၾကရတာျဖစ္ပါတယ္။

ဂန္းနားေတြအေနနဲ႔ လက္စတာစီးတီးအသင္းကေန ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၂ သန္း သတ္မွတ္ထားတဲ့ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ကို သူ႔ရဲ႕ တစ္ႏွစ္ေတာင္ မက်န္ေတာ့တဲ့ စာခ်ဳပ္သက္တမ္းအရ မတန္ဘူးလို႔ ယူဆေနၿပီး ေပါင္ ၂၅ သန္းေအာက္မွာ ရရွိႏိုင္ဖို႔ အေျပာင္းအေ႐ႊ႕ပိတ္ခါနီးအထိ ေစာင့္ဆိုင္းေနခဲ့သလို ဘယ္လ္ဂ်ီယမ္သားရဲ႕ ေအးေအးေဆးေဆးဆိုတဲ့ ဆႏၵအရလည္း အခ်ိန္က ဆြဲဆန႔္ထားမိခဲ့တာပါ။

တကယ္လို႔ အေျပာင္းအေ႐ႊ႕ ပိတ္ခ်ိန္အမီ တီးလီးမန္းစ္ကို မေခၚယူႏိုင္ခဲ့ဘူးဆိုရင္ေတာ့ အာဆင္နယ္တို႔အေနနဲ႔ ဘာစီလိုနာအသင္းနဲ႔ လက္ရွိအခ်ိန္အထိ အက်ႌေတြ ေလွ်ာက္ဝတ္ၿပီး မွတ္ပုံမတင္ရေသးတဲ့ ေအစီမီလန္ကြင္းလယ္လူေဟာင္း ဖရန႔္ခ္ ကက္ဆီေယးကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဆြဲစားသြားႏိုင္ဖို႔ အေျခအေနေတြကို ေထာက္လွမ္းေနတယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္ ေတာင္ပံပစ္မွတ္ကိုေတာ့ အာဆင္နယ္တို႔ရဲ႕ ဦးစားေပးပစ္မွတ္အျဖစ္ ေလဗာကူဆင္အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ မူဆာ ဒီယာဘီကို အလိုရွိေနေပမယ့္ ဂ်ာမန္ကလပ္ဘက္က ေပါင္သန္း ၆၀ ေတာင္းဆိုထားတာကေန အမ်ားႀကီး ေဈးေလွ်ာ့ၿပီး မရရွိႏိုင္တာနဲ႔ သူ႔ရဲ႕ ပြဲထြက္ကစားခြင့္ ေတာင္းဆိုမႈ အေနအထားအရ ဘူကာယို ဆာကာေနာက္မွာခ်ည္းထားလို႔ မရႏိုင္တာေတြကို ထည့္တြက္ေနရတာပါ။

ဒါေၾကာင့္ ေငြၾကပ္ေနတဲ့ ဗီလာရီးရဲလ္က ေျမာက္လန္ဒန္ကလပ္ရဲ႕ အသုံးေတာ္ခံျဖစ္လာႏိုင္ၿပီး သူတို႔ရဲ႕ ေတာက္မယ့္ မီးခဲေလး ယယ္ရမီ ပီႏိုကို ေခၚယူႏိုင္ဖို႔ ျပင္ဆင္ေနသလို စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၇၅ သန္း ထည့္သြင္းထားေပမယ့္ လက္ရွိမွာေတာ့ ေရငုပ္သေဘၤာေတြအေနနဲ႔ ေပါင္ ၃၃ ကေန ၄၂ သန္းၾကား ရရွိရင္ လက္ခံဖို႔ ရွိေနတာေၾကာင့္ သန္း ၉၀ ေလာက္ ကုန္မယ့္ေနရာမွာ ၄၀ ေလာက္နဲ႔ ကိစၥၿပီးႏိုင္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.