La Liga Premier League Serie A

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုရဲ႕ အထူးအခြင့္အေရးတစ္ရပ္ကို ေရာ္နယ္လ္ဒို ရရွိ

အမ်ားအားျဖင့္ ႏိုင္ငံရဲ႕ အစဥ္အလာအရ သိပၸံပညာရွင္နဲ႔ စြန္႔ဦးတီထြင္သူေတြကိုသာ ေပးအပ္ေလ့ရွိတဲ့ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (UAE) ရဲ႕ အထူးအခြင့္အေရးတစ္ရပ္ကို ေပၚတူဂီေဘာလုံးၾကယ္ပြင့္ တိုက္စစ္မွဴး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ရရွိသြားခဲ့ပါတယ္။

ယူေအအီးအာဏာပိုင္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဒူဘိုင္းအပါအ၀င္ ႏိုင္ငံအတြင္း သူ႔ရဲ႕စိတ္ႀကိဳက္ၿမိဳ႕ေတြမွာ ၁၀ ႏွစ္ၾကာ ေနထိုင္ခြင့္ရမယ့္ Gold Card ဗီဇာကို ထုတ္ေပးလိုက္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တ့ဲ ဒီဇင္ဘာလတုန္းက ဒူဘိုင္းၿမိဳ႕မွာ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ အေကာင္းဆံုး ကစားသမားဆုေပးပြဲကို ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီး အေကာင္းဆံုးဆုကို လက္ခံရယူခဲ့ပါတယ္။ Dubai Globe Soccer ရဲ႕ ႏွစ္အလိုက္ အေကာင္းဆံုးကစားသမားဆုကို ေရာ္နယ္လ္ဒို ရခဲ့တာ (၆)ႀကိမ္ရွိခဲ့ၿပီလည္း ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ဒူဘိုင္းကို ပံုမွန္လာေရာက္လည္ပတ္ေလ့ရွိသူျဖစ္ၿပီး ဒူဘိုင္းေစာ္ဘြားေတြနဲ႔လည္း ရင္းႏွီးသူပါ။ သိပၸံညာရွင္ေတြ၊ စြန္႔ဦးတီထြင္သူေတြအပါအ၀င္ လူမႈအက်ိဳးျပဳလုပ္ငန္းလုပ္မႈနဲ႔ လူ႔အသိုင္းအ၀ိုင္းအေပၚ လြမ္းမိုးႏိုင္မႈႏႈန္းတို႔ကိုထည့္တြက္ၿပီး ထူးခၽြန္ထက္ျမက္သူေတြကို ယူေအအီး Gold Card ဗီဇာထုတ္ေပးဖို႔ ယူေအအီးအစိုးရအဖြဲ႔က ညႊန္ၾကားထားခဲ့ရာမွာ ေဖေဖာ္၀ါရီလဆန္းပိုင္းက အတည္ျပဳလိုက္တဲ့ ေနထိုင္ခြင့္အစီအစဥ္သစ္အရ ထူးခၽြန္တဲ့ အားကစားသမားေတြကိုပါ ဒီအခြင့္အေရးေပးဖို႔ အစိုးရအဖြဲ႔က ဆံုးျဖတ္ခဲ့ပါတယ္။

ေဖေဖာ္၀ါရီလ ၅ ရက္ေန႔က အသက္ ၃၅ ႏွစ္ျပည့္ခဲ့တဲ့ ေရာ္နယ္လ္ဒိုဟာ ၂၀၁၆နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ေဖာ့ဘ္စ္မဂၢဇင္းရဲ႕ ကမၻာ႔၀င္ေငြအေကာင္းဆံုး အားကစားသမားအျဖစ္ ရပ္တည္ခဲ့တဲ့အျပင္ ၂၀၁၆ ခုႏွစ္ ကေန ၂၀၁၉ ခုႏွစ္ အထိ ESPN ရဲ႕အေက်ာ္ၾကားဆံုးအားကစားသမားအျဖစ္လည္း သတ္မွတ္ခံထားခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: GULF NEWS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: အများအားဖြင့် နိုင်ငံရဲ့ အစဉ်အလာအရ သိပ္ပံပညာရှင်နဲ့ စွန့်ဦးတီထွင်သူတွေကိုသာ ပေးအပ်လေ့ရှိတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ အထူးအခွင့်အရေးတစ်ရပ်ကို ပေါ်တူဂီဘောလုံးကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုက ရရှိသွားခဲ့ပါတယ်။

ယူအေအီးအာဏာပိုင်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဒူဘိုင်းအပါအဝင် နိုင်ငံအတွင်း သူ့ရဲ့စိတ်ကြိုက်မြို့တွေမှာ ၁၀ နှစ်ကြာ နေထိုင်ခွင့်ရမယ့် Gold Card ဗီဇာကို ထုတ်ပေးလိုက်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဒူဘိုင်းမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အကောင်းဆုံး ကစားသမားဆုပေးပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့ပြီး အကောင်းဆုံးဆုကို လက်ခံရယူခဲ့ပါတယ်။ Dubai Globe Soccer ရဲ့ နှစ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရော်နယ်လ်ဒို ရခဲ့တာ (၆)ကြိမ်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒူဘိုင်းကို ပုံမှန်လာရောက်လည်ပတ်လေ့ရှိသူဖြစ်ပြီး ဒူဘိုင်းစော်ဘွားတွေနဲ့လည်း ရင်းနှီးသူပါ။ သိပ္ပံညာရှင်တွေ၊ စွန့်ဦးတီထွင်သူတွေအပါအဝင် လူမှုအကျိုးပြုလုပ်ငန်းလုပ်မှုနဲ့ လူ့အသိုင်းအဝိုင်းအပေါ် လွမ်းမိုးနိုင်မှုနှုန်းတို့ကိုထည့်တွက်ပြီး ထူးချွန်ထက်မြက်သူတွေကို ယူအေအီး Gold Card ဗီဇာထုတ်ပေးဖို့ ယူအေအီးအစိုးရအဖွဲ့က ညွှန်ကြားထားခဲ့ရာမှာ ဖေဖော်ဝါရီလဆန်းပိုင်းက အတည်ပြုလိုက်တဲ့ နေထိုင်ခွင့်အစီအစဉ်သစ်အရ ထူးချွန်တဲ့ အားကစားသမားတွေကိုပါ ဒီအခွင့်အရေးပေးဖို့ အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က အသက် ၃၅ နှစ်ပြည့်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်ခဲ့တဲ့အပြင် ၂၀၁၆ ခုနှစ် ကနေ ၂၀၁၉ ခုနှစ် အထိ ESPN ရဲ့အကျော်ကြားဆုံးအားကစားသမားအဖြစ်လည်း သတ်မှတ်ခံထားခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: GULF NEWS
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.