Premier League

ဒီကောင်တွေထဲက တစ်ယောက်ပါရင်တောင် ယူနိုက်တက်တော်တော်ဒုက္ခများနေပြီလို့ ပြစ်တင်သွားတဲ့ ပေါလ် စခိုး

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

အဲရစ် တန်ဟက်ဟာ အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ၎င်းရဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဘဝ ပထမဆုံး အဓိကပြိုင်ပွဲက ပွဲစဉ်အဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ဆိုးရွားတဲ့ ရလဒ်နဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ပါစကယ် ဂရို့စ်က ပထမပိုင်းပွဲကစားချိန် ၉ မိနစ်အတွင်းမှာ ၂ ဂိုးအထိ သွင်းယူသွားခဲ့တာကြောင့် ဧည့်သည် ဘရိုက်တန်အသင်းက ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီးမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းအပြီးမှာ ကစားပုံ တိုးတက်လာခဲ့ပြီး မက် အယ်လစ္စတာရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ သွင်းဂိုးကြောင့် ချေပဂိုးရခဲ့ပေမယ့်လည်း ပြန်မလာနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းအတွက်တော့ ဒီပွဲစဉ်ဟာ အိုးထရက်ဖို့ဒ်မှာ ပထမဆုံး နိုင်ပွဲ ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်က တန်ဟက်ရဲ့ ခေတ်သစ်အစဟာ ဆိုးရွားတဲ့စတင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပေါလ် စခိုးက မန်ချက်စတာယူနိုက်တက်ရဲ့ ပထမပိုင်း စွမ်းဆောင်ရည်ဟာ အရှက်ရစရာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဝေဖန်ပြစ်တင်ခံနေရတဲ့ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ ၂ ဦးစလုံးကို ပြစ်တင်ကြိမ်းမောင်းသွားခဲ့ပါတယ်။

“မန်ယူနိုက်တက်အတွက် အံ့အားသင့်တုန်လှုပ်စရာ စတင်မှုဖြစ်ခဲ့ပြီး ပထမပိုင်းက တကယ်ကို အရှက်ရစရာဖြစ်ခဲ့ပါတယ်။ ပထမပိုင်း အစ မိနစ်အနည်းငယ်က ပြသနေခဲ့တဲ့ လက္ခဏာတွေက ဒီပွဲက တော်တော်လေး ဆိုးရွားတော့မယ်ဆိုတာပါပဲ။ မက်တော်မီနေးက အမြဲတမ်း ဘောလုံးနဲ့အတူ ပြေးဖို့ ကြိုးပမ်းခဲ့တာက အဓိပ္ပာယ်လုံးဝမရှိပါဘူး”

“ကွင်းလယ်က အရည်အသွေးပိုင်းက တကယ်ကို ညံ့ဖျင်းခဲ့ပြီး မက်တော်မီနေးရဲ့ နောက်ကျ ရှင်းထုတ်မှုကြောင့် အနီကတ်ပြ ထုတ်ပယ်မခံခဲ့ရလို့ ကျွန်တော် ဝမ်းသာမိခဲ့တယ်။ ဒါပေမယ့် သူက နည်းနည်းကံကောင်းသွားတာလို့ ကျွန်တော် ထင်ပါတယ်။ နောက်ထပ်တစ်ကြိမ် သူက ဘောလုံးပေးပို့ရမယ့်အစား ဘောလုံးဆွဲပြေးဖို့ လုပ်ခဲ့တာက လုံးဝကို အဓိပ္ပာယ်မရှိတာပါ။ သူ့ရဲ့ ဖျက်ထုတ်မှုက လွယ်လွယ်ကူကူနဲ့ အနီကတ် ဖြစ်ခဲ့နိုင်ပါတယ်။ ကွင်းလယ်က အရည်အသွေးက ကောင်းတယ်ဆိုရုံလေးနားကို မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီကစားသမား ၂ ယောက်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အဲဒါကို မြင်တွေ့ခဲ့တာပါ”

“ဖရက်ဒ်၊ မက်တော်မီနေးတို့နဲ့ဆိုရင် တန်ဟက်အနေနဲ့ သူတို့ထဲက တစ်ယောက်ကိုပဲ ကစားခိုင်းရမှာဖြစ်ပေမယ့် သူတို့ထဲက တစ်ယောက်ကစားမယ်ဆိုရင်တောင် တော်တော်လေးများနေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဖရက်ဒ်က တချိန်လုံး ဘောလုံး ပေးပစ်ခဲ့ပြီး မက်တော်မီနေးက ဘောလုံးနဲ့ ဆွဲပြေးဖို့ အချိန်တိုင်း ကြိုးပမ်းခဲ့တယ်။ ပြီးတော့ သူတို့တွေ ဘောလုံးကို သူများ ပေးပစ်ခဲ့တယ်။ မင်းတို့ရဲ့ အကောင်းဆုံးကစားသမားတွေကို ဘောလုံးပေးစမ်းပါ။ အဲဒါက ဘာမှ ခက်တာမဟုတ်ဘူး။ အဲဒါက ဒီနေ့လို နေ့မျိုးမှာတော့ ပြစ်မှုမြောက်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ေပါလ္ စခိုးက ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္မွာ ဘ႐ိုက္တန္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

အဲရစ္ တန္ဟက္ဟာ အိုးထရက္ဖို႔ဒ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ကို ၎ရဲ႕ မန္ခ်က္စတာယူႏိုက္တက္နည္းျပဘဝ ပထမဆုံး အဓိကၿပိဳင္ပြဲက ပြဲစဥ္အျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ၿပီး ဆိုး႐ြားတဲ့ ရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

ပါစကယ္ ဂ႐ို႕စ္က ပထမပိုင္းပြဲကစားခ်ိန္ ၉ မိနစ္အတြင္းမွာ ၂ ဂိုးအထိ သြင္းယူသြားခဲ့တာေၾကာင့္ ဧည့္သည္ ဘ႐ိုက္တန္အသင္းက ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပထမပိုင္းအၿပီးမွာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၆ ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပထမပိုင္းအၿပီးမွာ ကစားပုံ တိုးတက္လာခဲ့ၿပီး မက္ အယ္လစၥတာရဲ႕ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိတဲ့ သြင္းဂိုးေၾကာင့္ ေခ်ပဂိုးရခဲ့ေပမယ့္လည္း ျပန္မလာႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းအတြက္ေတာ့ ဒီပြဲစဥ္ဟာ အိုးထရက္ဖို႔ဒ္မွာ ပထမဆုံး ႏိုင္ပြဲ ရရွိခဲ့တဲ့ပြဲစဥ္ျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္က တန္ဟက္ရဲ႕ ေခတ္သစ္အစဟာ ဆိုး႐ြားတဲ့စတင္မႈအျဖစ္ မွတ္တမ္းဝင္သြားခဲ့တာ ျဖစ္ပါတယ္။

ေပါလ္ စခိုးက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပထမပိုင္း စြမ္းေဆာင္ရည္ဟာ အရွက္ရစရာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ေဝဖန္ျပစ္တင္ခံေနရတဲ့ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ ၂ ဦးစလုံးကို ျပစ္တင္ႀကိမ္းေမာင္းသြားခဲ့ပါတယ္။

“မန္ယူႏိုက္တက္အတြက္ အံ့အားသင့္တုန္လႈပ္စရာ စတင္မႈျဖစ္ခဲ့ၿပီး ပထမပိုင္းက တကယ္ကို အရွက္ရစရာျဖစ္ခဲ့ပါတယ္။ ပထမပိုင္း အစ မိနစ္အနည္းငယ္က ျပသေနခဲ့တဲ့ လကၡဏာေတြက ဒီပြဲက ေတာ္ေတာ္ေလး ဆိုး႐ြားေတာ့မယ္ဆိုတာပါပဲ။ မက္ေတာ္မီေနးက အၿမဲတမ္း ေဘာလုံးနဲ႔အတူ ေျပးဖို႔ ႀကိဳးပမ္းခဲ့တာက အဓိပၸာယ္လုံးဝမရွိပါဘူး”

“ကြင္းလယ္က အရည္အေသြးပိုင္းက တကယ္ကို ညံ့ဖ်င္းခဲ့ၿပီး မက္ေတာ္မီေနးရဲ႕ ေနာက္က် ရွင္းထုတ္မႈေၾကာင့္ အနီကတ္ျပ ထုတ္ပယ္မခံခဲ့ရလို႔ ကြၽန္ေတာ္ ဝမ္းသာမိခဲ့တယ္။ ဒါေပမယ့္ သူက နည္းနည္းကံေကာင္းသြားတာလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ သူက ေဘာလုံးေပးပို႔ရမယ့္အစား ေဘာလုံးဆြဲေျပးဖို႔ လုပ္ခဲ့တာက လုံးဝကို အဓိပၸာယ္မရွိတာပါ။ သူ႔ရဲ႕ ဖ်က္ထုတ္မႈက လြယ္လြယ္ကူကူနဲ႔ အနီကတ္ ျဖစ္ခဲ့ႏိုင္ပါတယ္။ ကြင္းလယ္က အရည္အေသြးက ေကာင္းတယ္ဆို႐ုံေလးနားကို မရွိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီကစားသမား ၂ ေယာက္နဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ကတည္းက အဲဒါကို ျမင္ေတြ႕ခဲ့တာပါ”

“ဖရက္ဒ္၊ မက္ေတာ္မီေနးတို႔နဲ႔ဆိုရင္ တန္ဟက္အေနနဲ႔ သူတို႔ထဲက တစ္ေယာက္ကိုပဲ ကစားခိုင္းရမွာျဖစ္ေပမယ့္ သူတို႔ထဲက တစ္ေယာက္ကစားမယ္ဆိုရင္ေတာင္ ေတာ္ေတာ္ေလးမ်ားေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဖရက္ဒ္က တခ်ိန္လုံး ေဘာလုံး ေပးပစ္ခဲ့ၿပီး မက္ေတာ္မီေနးက ေဘာလုံးနဲ႔ ဆြဲေျပးဖို႔ အခ်ိန္တိုင္း ႀကိဳးပမ္းခဲ့တယ္။ ၿပီးေတာ့ သူတို႔ေတြ ေဘာလုံးကို သူမ်ား ေပးပစ္ခဲ့တယ္။ မင္းတို႔ရဲ႕ အေကာင္းဆုံးကစားသမားေတြကို ေဘာလုံးေပးစမ္းပါ။ အဲဒါက ဘာမွ ခက္တာမဟုတ္ဘူး။ အဲဒါက ဒီေန႔လို ေန႔မ်ိဳးမွာေတာ့ ျပစ္မႈေျမာက္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.