Premier League Transfer News

နှစ်ယောက်ထပ်ထွက်မှာမို့ တီးလီးမန်းစ်နဲ့ လူသစ်တွေ ခေါ်ဖို့ နီးလာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီ အဝယ်စာရင်းမှာ ထည့်သွင်းထားတဲ့ ပစ်မှတ်တွေနဲ့ ကစားတဲ့ နေရာအလိုက် လိုအပ်ချက်တွေကို ပြည့်မီအောင် မဖြည့်ဆည်းရသေးဘူးလို့ နည်းပြ မီခယ်လ် အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့က ထုတ်ဖော်ပြောကြားခဲ့ချိန်မှာ လက်ရှိမှာတော့ သူတို့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝလာနိုင်ဖို့ ရောင်ခြည်သန်းလာခဲ့ပြီဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ အရောင်းဌာနမှာတော့ ကစားသမားနှစ်ယောက်လောက်ကို ရှင်းထုတ်နိုင်ဖို့ နီးစပ်နေခဲ့ပြီး တခြားကစားသမားသုံးလေးဦးကိုလည်း အသင်းက ထွက်ခွာဖို့ ဖိအားပေးသွားမှာဖြစ်သလို မလိုအပ်ဘဲ ပိုလျှံများပြားနေတဲ့ ခြေစွမ်းခပ်ညံ့ညံ့ ပုဂ္ဂိုလ်တွေကို အမြန်ဆုံး ရောင်းထုတ်သွားနိုင်ဖို့လည်း ကြိုးစားနေတာပါ။

လက်ရှိမှာတော့ တူရကီမြေကို ရောက်သွားခဲ့ပြီး ဂါလာတာစာရေးနဲ့ စာချုပ်တော့မယ့် လူးကပ်စ် တော်ရဲရားအတွက် စိတ်အေးရပြီဖြစ်သလို သူ့အတွက် လုပ်ခလစာ တစ်ပတ် ပေါင် ၇၅၀၀၀ သက်သာနိုင်တော့မှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ရရှိနေတဲ့ ဂိုးသမား ဘန်းဒ် လီနိုကိုလည်း ဖူလ်ဟမ်ကို ရောင်းချလိုက်တဲ့အတွက် အနည်းငယ် လူးသာလွန့်သာရှိလာခဲ့ပါတယ်။

နောက်ထပ်အစီအစဉ်အနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၈၅၀၀၀ ရနေတဲ့ နောက်ခံလူ ပါဘလို မာရီကို ရှင်းထုတ်ဖို့ဖြစ်ပြီး ဘယ်ခြေသန်တာ တစ်ခုပဲ အားသာချက်ဖြစ်သလို ကျန်တဲ့ ခံစစ်အမြင်၊ နေရာယူမှုနဲ့ အမြန်နှုန်းတွေမှာ ပရီးမီးယားလိဂ် အဆင့်အတန်းမမီတဲ့ စပိန်သားကို အီတလီ စီးရီးအေ အသင်းတွေဖြစ်ကြတဲ့ မွန်ဇာနဲ့ ဗီရိုနာတို့က ကမ်းလှမ်းထားကြပြီး မကြာခင်မှာ အပြီးသတ် ထွက်ခွာစေနိုင်ဖို့ ယူဆရတာပါ။

ဒီကစားသမားနှစ်ယောက် ရှင်းသွားခဲ့ရင်တော့ တောင်ပံသမား နီကိုလာ ပေပေအတွက် ဖြစ်တဲ့ နည်းနဲ့ ရှင်းထုတ်ဖို့ ကြိုးစားမှာဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီက ရာဖင်ညာကို ကမ်းလှမ်းခဲ့တာဟာ အီဒူးအတွက် ညာတောင်ပံတစ်ယောက် မဖြစ်မနေ ထပ်ခေါ်မယ်လို့ သန္နိဋ္ဌာန်ချထားမှန်း သိသာလွန်းနေလို့ အသင်းရဲ့ လူချောင်မှုအပေါ်မှာ မူတည်ပြီး လုပ်ဆောင်သွားနိုင်ပါတယ်။

တော်ရဲရားကို ရှင်းထုတ်နိုင်ခဲ့တာကတော့ လက်စတာကွင်းလယ်လူ ယူရီ တီးလီးမန်းစ်အတွက် နေရာရှိပြီဆိုတဲ့ အဖြေပဲဖြစ်ပြီး မကြာခင်မှာ သူ့ကို ကမ်းလှမ်းသွားတာကို မြင်ရနိုင်သလို တောင်ပံပိုင်းအတွက်တော့ ဘယ်သန်ညာတောင်ပံသမားကို ရယူမှာဖြစ်လို့ ပီအက်စ်ဗီရဲ့ ကိုဒီ ဂက်ခ်ပိုကတော့ ရောက်လာနိုင်ခြေ နည်းနေခဲ့ပါတယ်။

ညာတောင်ပံအတွက် အာဆင်နယ်အသင်းရဲ့ ဦးစားပေးပစ်မှတ်နှစ်ခုကတော့ လေဗာကူဆင်အသင်းရဲ့ မူဆာ ဒီယာဘီနဲ့ လီယွန်အသင်းရဲ့ လူးကပ်စ် ပါကေးတာတို့ဖြစ်ကြပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့တော့ ပြောရဆိုရ ညှိရနှိုင်းရ မလွယ်တဲ့ ပြင်သစ်ကလပ်ကို ဖြစ်နိုင်ရင် လက်ရှောင်ပြီး ဂျာမန်ကလပ်နဲ့ပဲ အလုပ်လုပ်သွားဖို့ များနေတာပါ။

ပြင်သစ်ကလပ် ပီအက်စ်ဂျီရဲ့ အကယ်ဒမီထွက်ဖြစ်တဲ့ ဒီယာဘီဟာ လေဗာကူဆင်မှာ သုံးရာသီ ကစားခဲ့ပြီးဖြစ်သလို တစ်ရာသီထက် တစ်ရာသီ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်က တိုးတက်လာပြီး ပြီးခဲ့တဲ့ ရာသီက ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းခဲ့သလို ၁၄ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် လက်ရွေးစင် အသင်းမှာလည်း ပုံမှန်ပါဝင်ခွင့်ရနေပြီး ၂၃ နှစ်သားဟာ ဘယ်ညာတောင်ပံနှစ်ဖက်စလုံးမှာ ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်သူဖြစ်ပါတယ်။

ဘယ်သန်တောင်ပံကစားသမားဖြစ်တဲ့ ဒီယာဘီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘွန်ဒက်စ်လီဂါရာသီမှာ လေဗာကူဆင်အတွက် သွင်းဂိုး ၁၃ ဂိုးနဲ့ ၁၂ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိ ဈေးကွက်ပေါက်ဈေးအရ ပေါင် ၅၄ သန်းလို့ Transfermarkt က တွက်ချက်ထားသလို သူ့အတွက် ဂျာမန်ကလပ်ဘက် ပေါင်သန်း ၆၀ ဈေးခေါ်ထားပြီး အာဆင်နယ်ပိုင်ရှင်တွေကလည်း ခေါ်ယူဖို့အတွက် မီးစိမ်းပြထားတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီ အဝယ္စာရင္းမွာ ထည့္သြင္းထားတဲ့ ပစ္မွတ္ေတြနဲ႔ ကစားတဲ့ ေနရာအလိုက္ လိုအပ္ခ်က္ေတြကို ျပည့္မီေအာင္ မျဖည့္ဆည္းရေသးဘူးလို႔ နည္းျပ မီခယ္လ္ အာတီတာနဲ႔ နည္းစနစ္ဒါ႐ိုက္တာ အီဒူးတို႔က ထုတ္ေဖာ္ေျပာၾကားခဲ့ခ်ိန္မွာ လက္ရွိမွာေတာ့ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ဝလာႏိုင္ဖို႔ ေရာင္ျခည္သန္းလာခဲ့ၿပီျဖစ္ပါတယ္။

ဂန္းနားေတြရဲ႕ အေရာင္းဌာနမွာေတာ့ ကစားသမားႏွစ္ေယာက္ေလာက္ကို ရွင္းထုတ္ႏိုင္ဖို႔ နီးစပ္ေနခဲ့ၿပီး တျခားကစားသမားသုံးေလးဦးကိုလည္း အသင္းက ထြက္ခြာဖို႔ ဖိအားေပးသြားမွာျဖစ္သလို မလိုအပ္ဘဲ ပိုလွ်ံမ်ားျပားေနတဲ့ ေျခစြမ္းခပ္ညံ့ညံ့ ပုဂၢိဳလ္ေတြကို အျမန္ဆုံး ေရာင္းထုတ္သြားႏိုင္ဖို႔လည္း ႀကိဳးစားေနတာပါ။

လက္ရွိမွာေတာ့ တူရကီေျမကို ေရာက္သြားခဲ့ၿပီး ဂါလာတာစာေရးနဲ႔ စာခ်ဳပ္ေတာ့မယ့္ လူးကပ္စ္ ေတာ္ရဲရားအတြက္ စိတ္ေအးရၿပီျဖစ္သလို သူ႔အတြက္ လုပ္ခလစာ တစ္ပတ္ ေပါင္ ၇၅၀၀၀ သက္သာႏိုင္ေတာ့မွာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၁၁၀၀၀၀ ရရွိေနတဲ့ ဂိုးသမား ဘန္းဒ္ လီႏိုကိုလည္း ဖူလ္ဟမ္ကို ေရာင္းခ်လိုက္တဲ့အတြက္ အနည္းငယ္ လူးသာလြန႔္သာရွိလာခဲ့ပါတယ္။

ေနာက္ထပ္အစီအစဥ္အေနနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၈၅၀၀၀ ရေနတဲ့ ေနာက္ခံလူ ပါဘလို မာရီကို ရွင္းထုတ္ဖို႔ျဖစ္ၿပီး ဘယ္ေျခသန္တာ တစ္ခုပဲ အားသာခ်က္ျဖစ္သလို က်န္တဲ့ ခံစစ္အျမင္၊ ေနရာယူမႈနဲ႔ အျမန္ႏႈန္းေတြမွာ ပရီးမီးယားလိဂ္ အဆင့္အတန္းမမီတဲ့ စပိန္သားကို အီတလီ စီးရီးေအ အသင္းေတြျဖစ္ၾကတဲ့ မြန္ဇာနဲ႔ ဗီ႐ိုနာတို႔က ကမ္းလွမ္းထားၾကၿပီး မၾကာခင္မွာ အၿပီးသတ္ ထြက္ခြာေစႏိုင္ဖို႔ ယူဆရတာပါ။

ဒီကစားသမားႏွစ္ေယာက္ ရွင္းသြားခဲ့ရင္ေတာ့ ေတာင္ပံသမား နီကိုလာ ေပေပအတြက္ ျဖစ္တဲ့ နည္းနဲ႔ ရွင္းထုတ္ဖို႔ ႀကိဳးစားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေႏြရာသီက ရာဖင္ညာကို ကမ္းလွမ္းခဲ့တာဟာ အီဒူးအတြက္ ညာေတာင္ပံတစ္ေယာက္ မျဖစ္မေန ထပ္ေခၚမယ္လို႔ သႏၷိ႒ာန္ခ်ထားမွန္း သိသာလြန္းေနလို႔ အသင္းရဲ႕ လူေခ်ာင္မႈအေပၚမွာ မူတည္ၿပီး လုပ္ေဆာင္သြားႏိုင္ပါတယ္။

ေတာ္ရဲရားကို ရွင္းထုတ္ႏိုင္ခဲ့တာကေတာ့ လက္စတာကြင္းလယ္လူ ယူရီ တီးလီးမန္းစ္အတြက္ ေနရာရွိၿပီဆိုတဲ့ အေျဖပဲျဖစ္ၿပီး မၾကာခင္မွာ သူ႔ကို ကမ္းလွမ္းသြားတာကို ျမင္ရႏိုင္သလို ေတာင္ပံပိုင္းအတြက္ေတာ့ ဘယ္သန္ညာေတာင္ပံသမားကို ရယူမွာျဖစ္လို႔ ပီအက္စ္ဗီရဲ႕ ကိုဒီ ဂက္ခ္ပိုကေတာ့ ေရာက္လာႏိုင္ေျခ နည္းေနခဲ့ပါတယ္။

ညာေတာင္ပံအတြက္ အာဆင္နယ္အသင္းရဲ႕ ဦးစားေပးပစ္မွတ္ႏွစ္ခုကေတာ့ ေလဗာကူဆင္အသင္းရဲ႕ မူဆာ ဒီယာဘီနဲ႔ လီယြန္အသင္းရဲ႕ လူးကပ္စ္ ပါေကးတာတို႔ျဖစ္ၾကၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ေတာ့ ေျပာရဆိုရ ညႇိရႏႈိင္းရ မလြယ္တဲ့ ျပင္သစ္ကလပ္ကို ျဖစ္ႏိုင္ရင္ လက္ေရွာင္ၿပီး ဂ်ာမန္ကလပ္နဲ႔ပဲ အလုပ္လုပ္သြားဖို႔ မ်ားေနတာပါ။

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီရဲ႕ အကယ္ဒမီထြက္ျဖစ္တဲ့ ဒီယာဘီဟာ ေလဗာကူဆင္မွာ သုံးရာသီ ကစားခဲ့ၿပီးျဖစ္သလို တစ္ရာသီထက္ တစ္ရာသီ ေျခစြမ္းနဲ႔ စြမ္းေဆာင္ရည္က တိုးတက္လာၿပီး ၿပီးခဲ့တဲ့ ရာသီက ၿပိဳင္ပြဲစုံ ၁၇ ဂိုးသြင္းခဲ့သလို ၁၄ ဂိုး ဖန္တီးေပးႏိုင္ခဲ့တာေၾကာင့္ လက္ေ႐ြးစင္ အသင္းမွာလည္း ပုံမွန္ပါဝင္ခြင့္ရေနၿပီး ၂၃ ႏွစ္သားဟာ ဘယ္ညာေတာင္ပံႏွစ္ဖက္စလုံးမွာ ကြၽမ္းကြၽမ္းက်င္က်င္ ကစားႏိုင္သူျဖစ္ပါတယ္။

ဘယ္သန္ေတာင္ပံကစားသမားျဖစ္တဲ့ ဒီယာဘီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၂၁-၂၂ ဘြန္ဒက္စ္လီဂါရာသီမွာ ေလဗာကူဆင္အတြက္ သြင္းဂိုး ၁၃ ဂိုးနဲ႔ ၁၂ ႀကိမ္ ဖန္တီးေပးႏိုင္ခဲ့ၿပီး လက္ရွိ ေဈးကြက္ေပါက္ေဈးအရ ေပါင္ ၅၄ သန္းလို႔ Transfermarkt က တြက္ခ်က္ထားသလို သူ႔အတြက္ ဂ်ာမန္ကလပ္ဘက္ ေပါင္သန္း ၆၀ ေဈးေခၚထားၿပီး အာဆင္နယ္ပိုင္ရွင္ေတြကလည္း ေခၚယူဖို႔အတြက္ မီးစိမ္းျပထားတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.