Premier League

ဂိုးသွင်းကောင်းပေမယ့် အင်တာဗျူးမှာ တလွဲတွေထဖြစ်လို့ ငိုရခက် ရယ်ရခက်ဖြစ်ခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ပရီးမီးယားလိဂ်ကို ကျွဲကူး ရေပါဆိုသလို အရည်အသွေးကောင်းတွေ ယူဆောင်လာခဲ့တာဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ၎င်းရဲ့ အင်တာဗျူးဖြေတဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ အင်္ဂလိပ်ဘောလုံးလောကနဲ့ ဂွါဒီယိုလာရဲ့ ကစားဟန်ကို ဘယ်လို အံဝင်အောင် လုပ်မှာလဲဆိုတဲ့ မေးခွန်းကို ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ စကားနဲ့မပြောဘဲ အလုပ်နဲ့ သက်သေပြသွားခဲ့တာဖြစ်ပါတယ်။

ဟာလန်းဟာ ပထမပိုင်းမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဝက်စ်ဟမ်းနောက်ခံလူတွေကြားကနေ ဖြတ်ပြေပြီး ဂိုးသမား အာရီအိုလာ ပင်နယ်တီပြစ်ဒဏ်ကျူးလွန်မိစေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရရှိခဲ့တဲ့ ပင်နယ်တီကို ဟာလန်းပဲ ကိုယ်တိုင်ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာလည်း အလွန်ကောင်းမွန်တဲ့ ပြေးထွက်မှုနဲ့အတူ ဂိုးသမားနဲ့ တစ်ဦးချင်း လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ၂ ဂိုးသွင်းနိုင်ခဲ့တာကြောင့် အလွန်စိတ်အားတက်ကြွနေတာကို နားလည်ပေးနိုင်ပြီး Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ ပွဲပြီးအင်တာဗျူးမှာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့တာကြောင့် ဆင်ဆာထိတဲ့စကားကို ၂ ကြိမ်အထိတောင် ပြောမိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူးအနေနဲ့ ဟက်ထရစ် ရခဲ့သင့်တယ်လို့ ခံစားခဲ့ရလားလို့ မေးမြန်းခဲ့ရာမှာ ဟာလန်းက “ဟုတ်တယ်။ ကျွန်တော် ခံစားရတယ်။ ခင်ဗျား ကျွန်တော် ပြေးမထွက်မီ ဂန်ဒိုရဲ့ အခွင့်အရေးကို မြင်ခဲ့မယ်ဆိုရင် ကျွန်တော် အဲဒီနေရာမှာ ရှိနေခဲ့သင့်တာ။ ကျွန်တော် သောက်တလွဲတွေ လုပ်မိသွားပေမယ့် ဘယ်တတ်နိုင်မလဲ”လို့ ဖြောကြားခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး မေးမြန်းသူ ဂျက်ဖ် ရှရိဗ်စ်က ဟာလန်းရဲ့ စကားလုံး အသုံးအနှုန်းကို ဆင်ခြင်ဖို့ သတိပေးခဲ့ရာမှာ မန်စီးတီးတိုက်စစ်မှူးက မတော်တဆ နောက်ထပ်တစ်ကြိမ် “ဟာ ဆောရီးဗျာ။ ချီးပဲ။ ဟာ သွားပြန်ပြီ ဆောရီးဗျာ။ ဒီနိုင်ငံမှာ စကားကောင်းကောင်း မပြောတတ်သေးဘူး”လို့ ပြန်လည်ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းဟာ ပရီးမီးယားလိဂ္ကို ကြၽဲကူး ေရပါဆိုသလို အရည္အေသြးေကာင္းေတြ ယူေဆာင္လာခဲ့တာျဖစ္ေကာင္း ျဖစ္ႏိုင္ေပမယ့္ ၎ရဲ႕ အင္တာဗ်ဴးေျဖတဲ့ စြမ္းရည္ကိုလည္း ျမႇင့္တင္ဖို႔ လိုအပ္ေနေသးတာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ အဂၤလိပ္ေဘာလုံးေလာကနဲ႔ ဂြါဒီယိုလာရဲ႕ ကစားဟန္ကို ဘယ္လို အံဝင္ေအာင္ လုပ္မွာလဲဆိုတဲ့ ေမးခြန္းကို ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ စကားနဲ႔မေျပာဘဲ အလုပ္နဲ႔ သက္ေသျပသြားခဲ့တာျဖစ္ပါတယ္။

ဟာလန္းဟာ ပထမပိုင္းမွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဝက္စ္ဟမ္းေနာက္ခံလူေတြၾကားကေန ျဖတ္ေျပၿပီး ဂိုးသမား အာရီအိုလာ ပင္နယ္တီျပစ္ဒဏ္က်ဴးလြန္မိေစခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရရွိခဲ့တဲ့ ပင္နယ္တီကို ဟာလန္းပဲ ကိုယ္တိုင္ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာလည္း အလြန္ေကာင္းမြန္တဲ့ ေျပးထြက္မႈနဲ႔အတူ ဂိုးသမားနဲ႔ တစ္ဦးခ်င္း လွလွပပ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ၂ ဂိုးသြင္းႏိုင္ခဲ့တာေၾကာင့္ အလြန္စိတ္အားတက္ႂကြေနတာကို နားလည္ေပးႏိုင္ၿပီး Sky Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ ပြဲၿပီးအင္တာဗ်ဴးမွာ အနည္းငယ္ စိတ္လႈပ္ရွားေနခဲ့တာေၾကာင့္ ဆင္ဆာထိတဲ့စကားကို ၂ ႀကိမ္အထိေတာင္ ေျပာမိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတိုက္စစ္မႉးအေနနဲ႔ ဟက္ထရစ္ ရခဲ့သင့္တယ္လို႔ ခံစားခဲ့ရလားလို႔ ေမးျမန္းခဲ့ရာမွာ ဟာလန္းက “ဟုတ္တယ္။ ကြၽန္ေတာ္ ခံစားရတယ္။ ခင္ဗ်ား ကြၽန္ေတာ္ ေျပးမထြက္မီ ဂန္ဒိုရဲ႕ အခြင့္အေရးကို ျမင္ခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ အဲဒီေနရာမွာ ရွိေနခဲ့သင့္တာ။ ကြၽန္ေတာ္ ေသာက္တလြဲေတြ လုပ္မိသြားေပမယ့္ ဘယ္တတ္ႏိုင္မလဲ”လို႔ ေျဖာၾကားခဲ့တာျဖစ္ပါတယ္။

အင္တာဗ်ဴး ေမးျမန္းသူ ဂ်က္ဖ္ ရွရိဗ္စ္က ဟာလန္းရဲ႕ စကားလုံး အသုံးအႏႈန္းကို ဆင္ျခင္ဖို႔ သတိေပးခဲ့ရာမွာ မန္စီးတီးတိုက္စစ္မႉးက မေတာ္တဆ ေနာက္ထပ္တစ္ႀကိမ္ “ဟာ ေဆာရီးဗ်ာ။ ခ်ီးပဲ။ ဟာ သြားျပန္ၿပီ ေဆာရီးဗ်ာ။ ဒီႏိုင္ငံမွာ စကားေကာင္းေကာင္း မေျပာတတ္ေသးဘူး”လို႔ ျပန္လည္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.