Ligue1

အာဆင်နယ်ကြယ်ပွင့်တွေ တောက်ပခဲ့တဲ့ မာဆေးလ်နဲ့ ရိမ်းစ်တို့ပွဲစဉ်

မာဆေးလ်အသင်းဟာ တနင်္ဂနွေနေ့ညက ရိမ်းစ်အသင်းကို အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရရှိပြီး လိဂန်းရာသီကို အနိုင်နဲ့ စတင်နိုင်ခဲ့ပါတယ်။

ဝု ဖေးစ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးနဲ့ ပွဲဦးထွက်ဂိုးသွင်းယူခဲ့တဲ့ နူနို တာဗာရက်စ်၊ ကိုလံဘီယာ လူးဝစ္စ ဆွာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် နည်းပြသစ် အီဂေါ် တူဒေါ်အတွက် နိုင်ပွဲ သေချာခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၁၃ မိနစ်မှာ ဝု ဖေးစ်ဟာ ဘောလုံးကို ကိုယ့်ဂိုးထဲ ကိုယ် ကန်သွင်းမိခဲ့တာဖြစ်ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို အာဆင်နယ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာတဲ့ နူနို တာဗာရက်စ်က ကွင်းဝက်လောက်ကနေ ဆွဲပြေးလာပြီး အတွင်းကို ချိုးဝင်ပြီးနောက် ညာခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူစားဝင်ကစားခဲ့တဲ့ ကိုလံဘီယာ ဆွာရက်ဇ်က ပွဲပြီးဆုံးခါနီး ၁၅ မိနစ်အတွင်း နောက်ထပ် ၂ ဂိုး ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပြီး ဧည့်သည် ရိမ်းစ်အတွက် အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ ဘာလိုဂန်က နှစ်သိမ့်ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညပွဲစဉ်ဖြစ်တဲ့ မာဆေးလ်နဲ့ ရိမ်းစ်တို့ရဲ့ ပွဲစဉ်ဟာ အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲ့ကြပြီး ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာလည်း ကွာခြားချက်သိပ်မရှိခဲ့တာဖြစ်ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာတော့ မာဆေးလ်က ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အထူးချီးကျူးရမယ့်ကစားသမားကတော့ နူနို တာဗာရက်စ်ဖြစ်ပြီး အငှားနဲ့ လာရောက်ကစားနေတဲ့ အာဆင်နယ်နောက်ခံလူဟာ ခံစစ်ပိုင်းကိုလည်း ကောင်းကောင်း ကာဗာလုပ်နိုင်ခဲ့သလို တိုက်စစ်အထိလည်း လိုက်ပါ ဂိုးသွင်းယူနိုင်စွမ်း ရှိခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် နူနို တာဗာရက်စ်ဟာ ရိမ်းစ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွက် ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး မာဆေးလ်အသင်းဟာ ရာသီအဖွင့်ပွဲစဉ်မှာ အနိုင် ၃ မှတ်အပြည့် ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား တတိယနေရာမှာ ပီအက်စ်ဂျီ၊ လီလ်တို့ရဲ့နောက် ဂိုးကွာခြားချက်နဲ့ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မာေဆးလ္အသင္းဟာ တနဂၤေႏြေန႔ညက ရိမ္းစ္အသင္းကို အိမ္ကြင္းမွာ ၄-၁ နဲ႔ အႏိုင္ရရွိၿပီး လိဂန္းရာသီကို အႏိုင္နဲ႔ စတင္ႏိုင္ခဲ့ပါတယ္။

ဝု ေဖးစ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးနဲ႔ ပြဲဦးထြက္ဂိုးသြင္းယူခဲ့တဲ့ ႏူႏို တာဗာရက္စ္၊ ကိုလံဘီယာ လူးဝစၥ ဆြာရက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ နည္းျပသစ္ အီေဂၚ တူေဒၚအတြက္ ႏိုင္ပြဲ ေသခ်ာခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၁၃ မိနစ္မွာ ဝု ေဖးစ္ဟာ ေဘာလုံးကို ကိုယ့္ဂိုးထဲ ကိုယ္ ကန္သြင္းမိခဲ့တာျဖစ္ၿပီး ဒုတိယေျမာက္ဦးေဆာင္ဂိုးကို အာဆင္နယ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ ႏူႏို တာဗာရက္စ္က ကြင္းဝက္ေလာက္ကေန ဆြဲေျပးလာၿပီး အတြင္းကို ခ်ိဳးဝင္ၿပီးေနာက္ ညာေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လူစားဝင္ကစားခဲ့တဲ့ ကိုလံဘီယာ ဆြာရက္ဇ္က ပြဲၿပီးဆုံးခါနီး ၁၅ မိနစ္အတြင္း ေနာက္ထပ္ ၂ ဂိုး ထပ္မံသြင္းယူသြားခဲ့တာျဖစ္ၿပီး ဧည့္သည္ ရိမ္းစ္အတြက္ အာဆင္နယ္ကေန အငွားနဲ႔ လာကစားေနတဲ့ ဘာလိုဂန္က ႏွစ္သိမ့္ေခ်ပဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔ညပြဲစဥ္ျဖစ္တဲ့ မာေဆးလ္နဲ႔ ရိမ္းစ္တို႔ရဲ႕ ပြဲစဥ္ဟာ အျပန္အလွန္ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြနဲ႔ အႀကိတ္အနယ္ရွိခဲ့ၾကၿပီး ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာလည္း ကြာျခားခ်က္သိပ္မရွိခဲ့တာျဖစ္ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာေတာ့ မာေဆးလ္က ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲစဥ္မွာ အထူးခ်ီးက်ဴးရမယ့္ကစားသမားကေတာ့ ႏူႏို တာဗာရက္စ္ျဖစ္ၿပီး အငွားနဲ႔ လာေရာက္ကစားေနတဲ့ အာဆင္နယ္ေနာက္ခံလူဟာ ခံစစ္ပိုင္းကိုလည္း ေကာင္းေကာင္း ကာဗာလုပ္ႏိုင္ခဲ့သလို တိုက္စစ္အထိလည္း လိုက္ပါ ဂိုးသြင္းယူႏိုင္စြမ္း ရွိခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ ႏူႏို တာဗာရက္စ္ဟာ ရိမ္းစ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္အတြက္ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ျခင္း ခံခဲ့ရၿပီး မာေဆးလ္အသင္းဟာ ရာသီအဖြင့္ပြဲစဥ္မွာ အႏိုင္ ၃ မွတ္အျပည့္ ရယူႏိုင္ခဲ့တာေၾကာင့္ အမွတ္ေပးဇယား တတိယေနရာမွာ ပီအက္စ္ဂ်ီ၊ လီလ္တို႔ရဲ႕ေနာက္ ဂိုးကြာျခားခ်က္နဲ႔ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.