Ligue1 Match Report

ရင်သပ်ရှုမောဖွယ် နောက်ပြန်ကန်ချက်နဲ့ GOAT အနက်အဓိပ္ပာယ်ဖွင့်ပြခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ စနေနေ့ညနေက ကလေမွန်ဖုကို ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရင်သပ်ရှုမောဖွယ် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့ပါတယ်။

နေမာ၊ ဟာကီမီ၊ မာကင်ညို့စ်တို့ရဲ့ သွင်းဂိုး၊ လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့အပတ်က နွန့်စ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲစဉ်အပြီး နောက်ထပ် လွယ်ကူတဲ့နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ဖို့ ၉ မိနစ်သာ အချိန်ယူခဲ့ရပြီး မက်ဆီရဲ့ အလွန်ကောင်းမွန်တဲ့ ခုတ်တင်ပေးပို့မှုကနေတဆင့် နေမာက ပါးပါးနပ်နပ် ရွေ့လျားပြီး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

ဟာကီမီက ပထမပိုင်းပွဲကစားချိန် အလယ်လောက်မှာ လျင်မြန်လှတဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် ဂိုးသွင်းယူသွားခဲ့တာဖြစ်ပြီး တတိယမြောက် ဦးဆောင်ဂိုးကို မာကင်ညို့စ်က နေမာရဲ့ ကန်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

နေမာဟာ ပြီးတဲ့နောက်မှာ လီယွန်နယ် မက်ဆီအတွက် စတုတ္ထမြောက်ဂိုးကိုလည်း ဖန်တီးပေးပို့နိုင်ခဲ့ပြီး အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ပဉ္စမမြောက် ဦးဆောင်ဂိုးကို လီအန်ဒရို ပါရီဒက်စ်ရဲ့ ပေးပို့မှုကို ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ကလေမွန်ဖုနဲ့ပွဲစဉ်မှာ တိုက်စစ် ၃ ဦးအတွဲထဲက ခီလီယန် အမ်ဘာပေ ဒဏ်ရာရရှိနေတာကြောင့် အနားပေးခဲ့ရပြီး နည်းပြသစ် ဂဲလ်တီးယားဟာ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဗီတင်ညာ၊ ဟူဂို အက်ခီတိုက်ခ်၊ နော်ဒီ မူခေလေတို့ကို လိဂန်းပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လိဂန်းရာသီအဖွင့်ပွဲစဉ်မှာ ကလေမွန်ဖုကို ၅-၀ နဲ့ သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့ပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းဖို့ စတင်ကြိုးပမ်းမှုမှာ အောင်မြင်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်မှာ အထူးချီးကျူးရမှာတော့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီပဲ ဖြစ်ပါတယ်။

မက်ဆီဟာ ပထမပိုင်း ၉ မိနစ်မှာ နေမာ သွင်းယူသွားတဲ့ သွင်းဂိုးအတွက် လှပတဲ့ ဖန်တီးပေးပို့မှု ပြုလုပ်နိုင်ခဲ့တာဖြစ်သလို မိနစ် ၈၀ နဲ့ ၈၆ မိနစ်တို့မှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှု ၃ ဂိုးအထိ ရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ စေနေန႔ညေနက ကေလမြန္ဖုကို ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ရင္သပ္ရႈေမာဖြယ္ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးသြင္းယူေပးခဲ့ပါတယ္။

ေနမာ၊ ဟာကီမီ၊ မာကင္ညိဳ႕စ္တို႔ရဲ႕ သြင္းဂိုး၊ လီယြန္နယ္ မက္ဆီရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္ ပီအက္စ္ဂ်ီအသင္းဟာ ၿပီးခဲ့တဲ့အပတ္က ႏြန႔္စ္ကို ၄-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ျပင္သစ္စူပါဖလားပြဲစဥ္အၿပီး ေနာက္ထပ္ လြယ္ကူတဲ့ႏိုင္ပြဲကို ရရွိခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းအတြက္ အဖြင့္ဂိုး သြင္းယူႏိုင္ဖို႔ ၉ မိနစ္သာ အခ်ိန္ယူခဲ့ရၿပီး မက္ဆီရဲ႕ အလြန္ေကာင္းမြန္တဲ့ ခုတ္တင္ေပးပို႔မႈကေနတဆင့္ ေနမာက ပါးပါးနပ္နပ္ ေ႐ြ႕လ်ားၿပီး အဆုံးသတ္သြားခဲ့တာျဖစ္ပါတယ္။

ဟာကီမီက ပထမပိုင္းပြဲကစားခ်ိန္ အလယ္ေလာက္မွာ လ်င္ျမန္လွတဲ့ တန္ျပန္တိုက္စစ္ကေနတဆင့္ ဂိုးသြင္းယူသြားခဲ့တာျဖစ္ၿပီး တတိယေျမာက္ ဦးေဆာင္ဂိုးကို မာကင္ညိဳ႕စ္က ေနမာရဲ႕ ကန္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ၿပီးတဲ့ေနာက္မွာ လီယြန္နယ္ မက္ဆီအတြက္ စတုတၳေျမာက္ဂိုးကိုလည္း ဖန္တီးေပးပို႔ႏိုင္ခဲ့ၿပီး အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ပၪၥမေျမာက္ ဦးေဆာင္ဂိုးကို လီအန္ဒ႐ို ပါရီဒက္စ္ရဲ႕ ေပးပို႔မႈကို ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းၿပီး ေနာက္ျပန္ကန္ခ်က္နဲ႔ လွလွပပ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ကေလမြန္ဖုနဲ႔ပြဲစဥ္မွာ တိုက္စစ္ ၃ ဦးအတြဲထဲက ခီလီယန္ အမ္ဘာေပ ဒဏ္ရာရရွိေနတာေၾကာင့္ အနားေပးခဲ့ရၿပီး နည္းျပသစ္ ဂဲလ္တီးယားဟာ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဗီတင္ညာ၊ ဟူဂို အက္ခီတိုက္ခ္၊ ေနာ္ဒီ မူေခေလတို႔ကို လိဂန္းပြဲဦးထြက္အျဖစ္ ပါဝင္ကစားခြင့္ေပးခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ လိဂန္းရာသီအဖြင့္ပြဲစဥ္မွာ ကေလမြန္ဖုကို ၅-၀ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူႏိုင္ခဲ့ၿပီး ခ်န္ပီယံဘြဲ႕ကို ထိန္းသိမ္းဖို႔ စတင္ႀကိဳးပမ္းမႈမွာ ေအာင္ျမင္ခဲ့တာျဖစ္ၿပီး ဒီပြဲစဥ္မွာ အထူးခ်ီးက်ဴးရမွာေတာ့ အာဂ်င္တီးနားတိုက္စစ္မႉး မက္ဆီပဲ ျဖစ္ပါတယ္။

မက္ဆီဟာ ပထမပိုင္း ၉ မိနစ္မွာ ေနမာ သြင္းယူသြားတဲ့ သြင္းဂိုးအတြက္ လွပတဲ့ ဖန္တီးေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္သလို မိနစ္ ၈၀ နဲ႔ ၈၆ မိနစ္တို႔မွာ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဂိုးတိုက္႐ိုက္ပါဝင္ပတ္သက္မႈ ၃ ဂိုးအထိ ရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.