Ligue1 Match Report Other Leagues UCL&UEL

အချိန်ပိုမှာ ဒီယုံးရဲ့ ဂိုးနဲ့ မိုနာကို,ကို အနိုင်ရပြီး Play-off တက်တဲ့ ပီအက်စ်ဗီ

ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာ တစ်ပွဲတည်းသော အသင်းကြီးချင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်တဲ့ ပီအက်စ်ဗီနဲ့ မိုနာကိုတို့ပွဲမှာ ပထမ အကျော့ ပြင်သစ်မြေမှာ တစ်ဂိုးစီ သရေကျထားခဲ့ချိန်မှာ ဒုတိယအကျော့အဖြစ် နယ်သာလန်မြေမှာ ကစားမယ့် ဒီနေ့ပွဲစဉ်က အရေးပါခဲ့တဲ့ ပရိသတ်တွေ စိတ်ဝင်စားမှုလည်း မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဗီအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဂိုးသမား ဘင်နီတက်ဇ်၊ ခံစစ်မှာ တီဇီ၊ အိုဘီစပို၊ အမ်ဝီနီနဲ့ ဖိလစ်မက်စ်တို့ ပွဲထွက်ခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆန်ဂါရေး၊ ဂူးစ်တေးလ်နဲ့ ဗီးယားမန်းတို့ကို နည်းပြ ရုဒ် ဗန်နစ္စတယ်လ်ရွိုင်းက ခင်းကျင်းခဲ့သလို တိုက်စစ်မှာတော့ ဒီယုံး၊ ဂက်ခ်ပိုနဲ့ ဆာအီဘာရီတို့ကို အသုံးပြုလာခဲ့တာပါ။

အဝေးကွင်းလာကစားရတဲ့ ဧည့်သည် မိုနာကိုတို့ကတော့ ဂိုးသမား နူးဘဲလ်၊ ခံစစ်မှာ ဒီဆာဆီ၊ မာရီပန်၊ ဂျက်ကော့ဘ်စ်နဲ့ ဗန်ဒါဆန်တို့ကို ပွဲထွက်စေခဲ့ပြီး ကွင်းလယ်မှာတော့ မာတာဇို၊ ဖိုဖာနာ၊ မီနာမီနိုနဲ့ ဂိုလိုဗင်တို့ကို သုံးစွဲခဲ့သလို တိုက်စစ်မှာတော့ ကီဗင် ဖော်လန်းနဲ့ ဘင်ယက်ဒါတို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ပီအက်စ်ဗီတို့ ပွဲချိန် ၂၁ မိနစ်မှာ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက တိုက်စစ်ဆင်လာတဲ့ နောက်ခံလူ အမ်ဝီနီရဲ့ အနိမ့်ဘော ပြန်ချိုးပေးတာကို ကွင်းလယ်လူ ဗီးယားမန်းက ဧရိယာအတွင်းကနေ အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းပြီး အိမ်ရှင်တွေကို နှစ်ကျော့ပေါင်း နှစ်ဂိုး-တစ်ဂိုးနဲ့ စတင်ဦးဆောင်စေခဲ့တာပါ။

ပထမပိုင်းမှာ ပီအက်စ်ဗီတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး ဒုတိယပိုင်းမှာတော့ မိုနာကိုတို့ဘက်က အလုပ်မဖြစ်တဲ့ ဖော်လန်း၊ ဂျက်ကော့ဘ်စ်နဲ့ ဂိုလိုဗင်တို့အစား အမ်ဘိုလို၊ ကိုင်ယို ဟင်းနရစ်နဲ့ ဒီယက်တာတို့ကို ထည့်သွင်းခဲ့လို့ တိုက်စစ်ပိုင်း ပိုမိုကောင်းမွန်လာခဲ့ပြီး ဖိကစားလာနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ မိုနာကိုတို့ သရေကျစေမယ့် ချေပဂိုးကို ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ တိုက်စစ်ဆင်ရင်း ပီအက်စ်ဗီ ဧရိယာထဲ ရှုပ်ယှက်ခတ်နေချိန်မှာ နောက်ခံလူ မာရီပန်က အနီးကပ် ကန်သွင်းယူခဲ့ရာမှာ ဂိုးသမား ဘင်နီတက်ဇ် မကာကွယ်နိုင်ခဲ့လို့ နှစ်ဂိုးစီသရေ ဖြစ်နေခဲ့တာပါ။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဧည့်သည် မိုနာကိုတို့ အဝေးကွင်းမှာ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ မီနာမီနိုအစား ဝင်လာခဲ့တဲ့ ဂဲလ်ဆန် မာတင်စ်က ဘယ်ခြမ်းကနေ ဖြတ်တင်ပေးခဲ့ရာမှာ တိုက်စစ်မှူး ဘင်ယက်ဒါက ညာခြမ်းကနေ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့လို့ အိမ်ရှင်တွေ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တိုက်စစ်ဖွင့်ကစားဖို့ ခံစစ်အစား ရှေ့တန်းထည့်ခဲ့တဲ့ ပီအက်စ်ဗီနဲ့ ပိတ်ကစားဖို့ ဘင်ယက်ဒါကို ထုတ်ပြီး အလယ်တန်းက ဒီယော့ပ်ကို ထည့်တဲ့ မိုနာကိုတို့ ဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာတော့ အနိုင်ရဖို့ ပိတ်ကစားနေတဲ့ ဧည့်သည်တွေကို အိမ်ရှင်တိုက်စစ်မှူး ဒီယုံးရဲ့ ဖန်တီးမှုကနေ လူစားဝင်ကွင်းလယ်လူ အဲရစ် ဂူတီယာရက်ဇ်က ချေပခဲ့တာကြောင့် သုံးဂိုးစီသရေနဲ့ အချိန်ပို ဆက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာတော့ တစ်ကွက်မှားပြီး ကစားသမားကောင်းတွေ လဲစရာကုန်သွားတဲ့ မိုနာကိုတို့ အလုပ်မဖြစ်တော့သလို အင်အားချွေတာ ကစားနေတဲ့ ပီအက်စ်ဗီတို့ကြောင့် ပထမပိုင်းမှာ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း အိမ်ရှင်တွေ ပင်နယ်တီအထိပဲ ထိန်းကစားဖို့ ကြံခဲ့ပုံပေါ်သလို ကွင်းလယ်လူ ဗီးယားမန်းအစား နောက်ခံလူ ဘရန့်သ်ဝိတ်ကို ထည့်ကစားသွားခဲ့တာပါ။

ဒါပေမယ့် ကံကြမ္မာက ပီအက်စ်ဗီတို့ဘက်မှာ ရှိခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၁၀၉ မိနစ်မှာတော့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက နောက်ခံလူ တီဇီရဲ့ ဖြတ်တင်ဘောကနေ အဝေးတိုင်ဘက်မှာ လွတ်နေခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဒီယုံးကို အနီးကပ် မြေထောက်တိုက်သွင်းနိုင်ခဲ့လို့ မိုနာကို ဂိုးသမား မကာကွယ်လိုက်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ပီအက်စ်ဗီတို့ ပွဲကို ထိန်းကစားခဲ့ပြီး မိုနာကိုတို့ရဲ့ ဖွင့်တိုက်တဲ့ တိုက်စစ်တွေကို ကြံ့ကြံ့ခံ ကာကွယ်သွားခဲ့သလို ပွဲပြီးဆုံးချိန်မှာတော့ အိမ်ကွင်း ဖိလစ်စတေဒီယန်မှာ လေးဂိုး-သုံးဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ချန်ပီယံလိဂ်နောက်ဆုံး Play-off အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ချိန်မှာ လာမယ့်ပွဲကို စကော့တလန်ကလပ် ရိန်းဂျားစ်နဲ့ ထိပ်တိုက်ယှဉ်ပြိုင်ကစားကြရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်န္ပီယံလိဂ္ တတိယအဆင့္ ေျခစစ္ပြဲမွာ တစ္ပြဲတည္းေသာ အသင္းႀကီးခ်င္း ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္တဲ့ ပီအက္စ္ဗီနဲ႔ မိုနာကိုတို႔ပြဲမွာ ပထမ အေက်ာ့ ျပင္သစ္ေျမမွာ တစ္ဂိုးစီ သေရက်ထားခဲ့ခ်ိန္မွာ ဒုတိယအေက်ာ့အျဖစ္ နယ္သာလန္ေျမမွာ ကစားမယ့္ ဒီေန႔ပြဲစဥ္က အေရးပါခဲ့တဲ့ ပရိသတ္ေတြ စိတ္ဝင္စားမႈလည္း ျမင့္တက္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဗီအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဂိုးသမား ဘင္နီတက္ဇ္၊ ခံစစ္မွာ တီဇီ၊ အိုဘီစပို၊ အမ္ဝီနီနဲ႔ ဖိလစ္မက္စ္တို႔ ပြဲထြက္ခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဆန္ဂါေရး၊ ဂူးစ္ေတးလ္နဲ႔ ဗီးယားမန္းတို႔ကို နည္းျပ ႐ုဒ္ ဗန္နစၥတယ္လ္႐ြိဳင္းက ခင္းက်င္းခဲ့သလို တိုက္စစ္မွာေတာ့ ဒီယုံး၊ ဂက္ခ္ပိုနဲ႔ ဆာအီဘာရီတို႔ကို အသုံးျပဳလာခဲ့တာပါ။

အေဝးကြင္းလာကစားရတဲ့ ဧည့္သည္ မိုနာကိုတို႔ကေတာ့ ဂိုးသမား ႏူးဘဲလ္၊ ခံစစ္မွာ ဒီဆာဆီ၊ မာရီပန္၊ ဂ်က္ေကာ့ဘ္စ္နဲ႔ ဗန္ဒါဆန္တို႔ကို ပြဲထြက္ေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မာတာဇို၊ ဖိုဖာနာ၊ မီနာမီႏိုနဲ႔ ဂိုလိုဗင္တို႔ကို သုံးစြဲခဲ့သလို တိုက္စစ္မွာေတာ့ ကီဗင္ ေဖာ္လန္းနဲ႔ ဘင္ယက္ဒါတို႔ကို ကစားေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ပီအက္စ္ဗီတို႔ ပြဲခ်ိန္ ၂၁ မိနစ္မွာ အဖြင့္ဂိုး စတင္ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက တိုက္စစ္ဆင္လာတဲ့ ေနာက္ခံလူ အမ္ဝီနီရဲ႕ အနိမ့္ေဘာ ျပန္ခ်ိဳးေပးတာကို ကြင္းလယ္လူ ဗီးယားမန္းက ဧရိယာအတြင္းကေန အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းၿပီး အိမ္ရွင္ေတြကို ႏွစ္ေက်ာ့ေပါင္း ႏွစ္ဂိုး-တစ္ဂိုးနဲ႔ စတင္ဦးေဆာင္ေစခဲ့တာပါ။

ပထမပိုင္းမွာ ပီအက္စ္ဗီတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ မိုနာကိုတို႔ဘက္က အလုပ္မျဖစ္တဲ့ ေဖာ္လန္း၊ ဂ်က္ေကာ့ဘ္စ္နဲ႔ ဂိုလိုဗင္တို႔အစား အမ္ဘိုလို၊ ကိုင္ယို ဟင္းနရစ္နဲ႔ ဒီယက္တာတို႔ကို ထည့္သြင္းခဲ့လို႔ တိုက္စစ္ပိုင္း ပိုမိုေကာင္းမြန္လာခဲ့ၿပီး ဖိကစားလာႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ မိုနာကိုတို႔ သေရက်ေစမယ့္ ေခ်ပဂိုးကို ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန တိုက္စစ္ဆင္ရင္း ပီအက္စ္ဗီ ဧရိယာထဲ ရႈပ္ယွက္ခတ္ေနခ်ိန္မွာ ေနာက္ခံလူ မာရီပန္က အနီးကပ္ ကန္သြင္းယူခဲ့ရာမွာ ဂိုးသမား ဘင္နီတက္ဇ္ မကာကြယ္ႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဧည့္သည္ မိုနာကိုတို႔ အေဝးကြင္းမွာ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန မီနာမီႏိုအစား ဝင္လာခဲ့တဲ့ ဂဲလ္ဆန္ မာတင္စ္က ဘယ္ျခမ္းကေန ျဖတ္တင္ေပးခဲ့ရာမွာ တိုက္စစ္မႉး ဘင္ယက္ဒါက ညာျခမ္းကေန ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ တိုက္စစ္ဖြင့္ကစားဖို႔ ခံစစ္အစား ေရွ႕တန္းထည့္ခဲ့တဲ့ ပီအက္စ္ဗီနဲ႔ ပိတ္ကစားဖို႔ ဘင္ယက္ဒါကို ထုတ္ၿပီး အလယ္တန္းက ဒီေယာ့ပ္ကို ထည့္တဲ့ မိုနာကိုတို႔ ဆန႔္က်င္ဘက္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ အႏိုင္ရဖို႔ ပိတ္ကစားေနတဲ့ ဧည့္သည္ေတြကို အိမ္ရွင္တိုက္စစ္မႉး ဒီယုံးရဲ႕ ဖန္တီးမႈကေန လူစားဝင္ကြင္းလယ္လူ အဲရစ္ ဂူတီယာရက္ဇ္က ေခ်ပခဲ့တာေၾကာင့္ သုံးဂိုးစီသေရနဲ႔ အခ်ိန္ပို ဆက္ကစားခဲ့ရပါတယ္။

အခ်ိန္ပိုမွာေတာ့ တစ္ကြက္မွားၿပီး ကစားသမားေကာင္းေတြ လဲစရာကုန္သြားတဲ့ မိုနာကိုတို႔ အလုပ္မျဖစ္ေတာ့သလို အင္အားေခြၽတာ ကစားေနတဲ့ ပီအက္စ္ဗီတို႔ေၾကာင့္ ပထမပိုင္းမွာ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း အိမ္ရွင္ေတြ ပင္နယ္တီအထိပဲ ထိန္းကစားဖို႔ ႀကံခဲ့ပုံေပၚသလို ကြင္းလယ္လူ ဗီးယားမန္းအစား ေနာက္ခံလူ ဘရန႔္သ္ဝိတ္ကို ထည့္ကစားသြားခဲ့တာပါ။

ဒါေပမယ့္ ကံၾကမၼာက ပီအက္စ္ဗီတို႔ဘက္မွာ ရွိခဲ့ၿပီး ဒုတိယပိုင္း ပြဲခ်ိန္ ၁၀၉ မိနစ္မွာေတာ့ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းက ေနာက္ခံလူ တီဇီရဲ႕ ျဖတ္တင္ေဘာကေန အေဝးတိုင္ဘက္မွာ လြတ္ေနခဲ့တဲ့ ဝါရင့္တိုက္စစ္မႉး ဒီယုံးကို အနီးကပ္ ေျမေထာက္တိုက္သြင္းႏိုင္ခဲ့လို႔ မိုနာကို ဂိုးသမား မကာကြယ္လိုက္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ပီအက္စ္ဗီတို႔ ပြဲကို ထိန္းကစားခဲ့ၿပီး မိုနာကိုတို႔ရဲ႕ ဖြင့္တိုက္တဲ့ တိုက္စစ္ေတြကို ႀကံ့ႀကံ့ခံ ကာကြယ္သြားခဲ့သလို ပြဲၿပီးဆုံးခ်ိန္မွာေတာ့ အိမ္ကြင္း ဖိလစ္စေတဒီယန္မွာ ေလးဂိုး-သုံးဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ခ်န္ပီယံလိဂ္ေနာက္ဆုံး Play-off အဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ခ်ိန္မွာ လာမယ့္ပြဲကို စေကာ့တလန္ကလပ္ ရိန္းဂ်ားစ္နဲ႔ ထိပ္တိုက္ယွဥ္ၿပိဳင္ကစားၾကရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.