Analysis Premier League

စကတည်းက လီဗာပူးလ်ကို ခေါင်းတစ်လုံးသာတဲ့ စီးတီးရဲ့ ဝက်စ်ဟမ်းနိုင်ပွဲက ခံစားစရာများ

အဖွင့်လှခဲ့တဲ့ ဟားလန်း
လီဗာပူးလ်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကို သူ့ရဲ့ ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဟားလန်းအနေနဲ့ ဒေါ့မွန်နဲ့ ဘွန်ဒက်စ်လီဂါမှာလိုပဲ အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ဒီနေ့မှာတော့ စီးတီးဂန္ထဝင် ဆာဂျီယို အဂွေရိုနဲ့ တူညီတဲ့ ပွဲဦးထွက် စံချိန်ကိုလည်း ရရှိသွားခဲ့တာပါ။ ပထမဂိုးကို ပင်နယ်တီက ရခဲ့တယ်ဆိုပေမယ့် ကိုယ်တိုင်ရှာဖွေနိုင်ခဲ့တာဖြစ်လို့ ဂုဏ်ယူနိုင်ခဲ့ပြီး ဒုတိယဂိုးကလည်း ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ သူ့ရဲ့ တိကျသေချာတဲ့ အဆုံးသတ်မှုကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမနေ့ကတည်းက ပြိုင်ဘက်ကို ဖြတ်ချတဲ့ စီးတီး
မန်ချက်စတာစီးတီးတို့အနေနဲ့ အဝေးကွင်းမှာ တန်းတက် ဖူလ်ဟမ်ကို နောက်က လိုက်ကစားပြီး သရေသာ ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်တို့လို မဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ သူတို့ဟာ ဘယ်တော့မှ အမှားမခံဘူးဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ကစားရခက်တယ်ဆိုတဲ့ ဝက်စ်ဟမ်းရဲ့ ကောင်တာတွေမှာ စီးတီးတို့ အငိုက်မိမယ်လို့ ပွဲကြိုက ထင်ခဲ့ကြသူတွေ အရူးဖြစ်ခဲ့ပြီး တစ်ခါဖမ်း တစ်ခါမိတဲ့ လူကျွံထောင်ချောက်တွေကလည်း ဟမ်းမားတွေကို ကိုယ့်တူ ကိုယ်မ,မနိုင်အောင် ဖြစ်စေခဲ့တာပါ။ ရာသီအဖွင့်မှာ အဓိက ပြိုင်ဘက် လီဗာပူးလ်နဲ့ နှစ်မှတ် စ,ကွာခဲ့တာလည်းဖြစ်ပါတယ်။

ဂရီဒယ်လစ်တို့ ဒစ်လည်နေဆဲ
ပြီးခဲ့တဲ့ ရာသီက ဘေးစည်းမှာပဲ ရှိနေခဲ့တာကြောင့် လိုင်းစ်မန်းလို့ ခေါ်ခဲ့ရတဲ့ စီးတီးရဲ့ စံချိန်တင် ခေါ်ယူမှုဟာ တစ်ရာသီ အကြာမှာတော့ အလယ်ကြောကို ဝင်ကစားတတ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဆုံးသတ်တွေနဲ့ ဧရိယာထဲက Final Touch တွေကတော့ ဂွါဒီယိုလာရဲ့ အဆင့်အတန်းကို မမီသေးဘူးလို့ပဲ ပြောရဦးမှာဖြစ်ပြီး ပေါင်သန်း ၁၀၀ တန် ကစားသမားဟာ ဝက်စ်ဟမ်းရဲ့ ညာနောက်ခံလူ ဆိုဖာလ်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့တာပါ။ စကိုင်းစပို့စ်ရဲ့ ဂယ်ရီ နဗီးလ်ကတော့ ဂရီးလစ်ရှ်ကို ဒုတိယပိုင်းစရင် ပြန်ခေါ်မလာဖို့တောင် ထိုးနှက်သွားခဲ့ပြီး ဗီလာကပ္ပတိန်ဟောင်းအနေနဲ့ ပိုကြိုးစားပြဖို့ လိုနေခဲ့ပြီဖြစ်ပါတယ်။

ခံစစ်ပိုင်း စွမ်းဆောင်ရည် မြင့်မားခဲ့တဲ့ စီးတီး
ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ တစ်ကြိမ်မှ ဂိုးပေါက်မတည့်အောင် စီးတီးတို့ ကွင်းလယ်မှာ စိုးမိုးပြီး ထိန်းသိမ်းထားနိုင်ခဲ့သလို အန်တိုနီယိုဆီကို ပို့မယ့် ဘိုဝင်ရဲ့ ဖြတ်တင်ဘောတွေကိုလည်း ဒီယက်စ်တို့အဖွဲ့က ပိတ်ဆို့ထားနိုင်ခဲ့တာပါ။ ဒီယက်စ်နဲ့ တွဲဖို့ အာကေက စတုန်းစ်ထက် အံဝင်အောင် ပိုပြီး ကစားပြနိုင်ခဲ့တာကြောင့် ဂွါဒီယိုလာရဲ့ ပွဲထွက်ရွေးချယ်မှုဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းရဲ့ ဒုတိယပိုင်းမှာ ပြင်ဆင်လာတဲ့ စကာမက်ကာနဲ့ ဘင်ရာမာတို့ရဲ့ ထိုးဖောက် ကန်သွင်းမှုတွေကိုလည်း ပိတ်ဆို့ထားနိုင်ခဲ့သလို အီဒါဆန်အတွက်တော့ ခြင်ကိုက်ခံခဲ့ရတဲ့ နေ့တစ်နေ့လည်းဖြစ်ခဲ့ပါတယ်။

မကြိုက်သေးဘူးဆိုတဲ့ ဂွါဒီယိုလာ
မန်စီးတီးတို့ရဲ့ ဒီနေ့ပွဲမှာ စိုးမိုးထားခဲ့တဲ့ ပုံစံလောက်နဲ့တော့ ဂွါဒီယိုလာကို ရင်ခုန်အောင် မလုပ်နိုင်သေးတာပါ။ အသင်းရဲ့ Final Third မှာ ပိတ်ဆို့မှုတွေကို မကျော်ဖြတ်တတ်ခဲ့တာတွေက စပိန်သားကြီးကို စိတ်ပျက်စေခဲ့ပါတယ်။ ဘယ်ခြမ်းက သူတို့ရဲ့ အဓိက ပြဿနာအဖြစ် ရှိဆဲဖြစ်ပြီး စတာလင် ထွက်ခွာသွားချိန်မှာ ဦးစားပေးဖြစ်လာတဲ့ ဂရီးလစ်ရှ်က ကြံရည်ဖန်ရည် နိမ့်ပါးနေခဲ့သလို မာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗားတို့ကလည်း သာမန် စွမ်းဆောင်ရည်အောက်ကို ရောက်နေခဲ့တာကြောင့် ဟားလန်းသာ မကယ်ရင် ဒီနေ့ပွဲ ဘယ်လိုဖြစ်ခဲ့မလဲလို့ ဂွါဒီယိုလာ တွေးနေမိမှာပါ။

ဆိုးရွားတဲ့ ပုံစံနဲ့ ဝက်စ်ဟမ်း
ဝက်စ်ဟမ်းတို့အနေနဲ့ ဒီနေ့မှာ ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်ခဲ့ပြီး တစ်ပွဲလုံးမှာ ပေးပို့မှု ၂၅၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဒါက စီးတီးတို့ရဲ့ သုံးပုံတစ်ပုံတောင် မရှိခဲ့ချိန်မှာ ပထမပိုင်းမှာတော့ ၁၀၆ ကြိမ်သာ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့လို့ ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ လုပ်တော့မှ တစ်ကြိမ်သာ တည့်ခဲ့ပြီး ဟမ်းမားတွေဟာ မနှစ်က သူတို့ရဲ့ စွမ်းဆောင်ရည်ကို တစ်ဝက်တောင် မမီသေးတာလည်းဖြစ်ပါတယ်။ ဒီကြားထဲမှာ လူမရှိတဲ့ ဗဟိုခံစစ်မှာ ဘင်ဂျွန်ဆန်ကို သုံးခဲ့ရတာက ပြဿနာရှိခဲ့ပြီး စီးတီးတို့ ဂိုးသွင်းမသေချာခဲ့လို့သာ နှစ်ဂိုးနဲ့ ကျေနပ်ခဲ့ရတာပါ။

ဂျင်းလား အဲလားလား ယုံရမှာလား ဆကာမက်ကာ
ဝက်စ်ဟမ်းအသင်းရဲ့ ယူရိုသန်း ၄၀ တန် တိုက်စစ်မှူး ဆကာမက်ကာကတော့ ဒီနေ့ပွဲမှာ လူစားဝင်ကစားခွင့် ရရှိခဲ့ပြီး ဒုတိယပိုင်း ၅၇ မိနစ်ကနေ ပွဲပြီးတဲ့အထိ ၃၃ မိနစ် ပါဝင်ခွင့်ရခဲ့ပေမယ့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီး လူကျွံတဲ့ တစ်လုံးသာ ခေါင်းတိုက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ဆာဆူအိုလိုတို့ ဈေးတောင်းကြမ်းချိန်မှာ ပီအက်စ်ဂျီ၊ အာဆင်နယ်နဲ့ အင်တာ၊ အေစီတို့က နောက်ဆုတ်သွားခဲ့ပြီး ဝက်စ်ဟမ်းတို့သာ ဒီအထိ လိုက်မိုက်ခဲ့တာဖြစ်လို့ တကယ်လို့များ သူတို့ ဖရန့်ဖတ်က ခေါ်ခဲ့ဖူးပြီး ခြေပျောက်သွားတဲ့ တိုက်စစ်မှူးဟောင်း ဆီဘက်စတီယန် အဲလားလိုသာဆိုရင် ဒုက္ခပဲလို့ ပူနေကြရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဖြင့္လွခဲ့တဲ့ ဟားလန္း
လီဗာပူးလ္နဲ႔ပြဲမွာ ဂိုးမသြင္းႏိုင္ခဲ့တာကို သူ႔ရဲ႕ ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ အေကာင္းဆုံး တုံ႔ျပန္ႏိုင္ခဲ့ပါတယ္။ ဟားလန္းအေနနဲ႔ ေဒါ့မြန္နဲ႔ ဘြန္ဒက္စ္လီဂါမွာလိုပဲ အဖြင့္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး ဒီေန႔မွာေတာ့ စီးတီးဂႏၴဝင္ ဆာဂ်ီယို အေဂြ႐ိုနဲ႔ တူညီတဲ့ ပြဲဦးထြက္ စံခ်ိန္ကိုလည္း ရရွိသြားခဲ့တာပါ။ ပထမဂိုးကို ပင္နယ္တီက ရခဲ့တယ္ဆိုေပမယ့္ ကိုယ္တိုင္ရွာေဖြႏိုင္ခဲ့တာျဖစ္လို႔ ဂုဏ္ယူႏိုင္ခဲ့ၿပီး ဒုတိယဂိုးကလည္း ဒီဘ႐ိုင္းနားရဲ႕ ေပးပို႔မႈကေန သူ႔ရဲ႕ တိက်ေသခ်ာတဲ့ အဆုံးသတ္မႈကို ျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမေန႔ကတည္းက ၿပိဳင္ဘက္ကို ျဖတ္ခ်တဲ့ စီးတီး
မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အေဝးကြင္းမွာ တန္းတက္ ဖူလ္ဟမ္ကို ေနာက္က လိုက္ကစားၿပီး သေရသာ ရယူႏိုင္ခဲ့တဲ့ လီဗာပူးလ္တို႔လို မဟုတ္ဘဲ ပရီးမီးယားလိဂ္မွာ သူတို႔ဟာ ဘယ္ေတာ့မွ အမွားမခံဘူးဆိုတာ ျပသႏိုင္ခဲ့ပါတယ္။ ကစားရခက္တယ္ဆိုတဲ့ ဝက္စ္ဟမ္းရဲ႕ ေကာင္တာေတြမွာ စီးတီးတို႔ အငိုက္မိမယ္လို႔ ပြဲႀကိဳက ထင္ခဲ့ၾကသူေတြ အ႐ူးျဖစ္ခဲ့ၿပီး တစ္ခါဖမ္း တစ္ခါမိတဲ့ လူကြၽံေထာင္ေခ်ာက္ေတြကလည္း ဟမ္းမားေတြကို ကိုယ့္တူ ကိုယ္မ,မႏိုင္ေအာင္ ျဖစ္ေစခဲ့တာပါ။ ရာသီအဖြင့္မွာ အဓိက ၿပိဳင္ဘက္ လီဗာပူးလ္နဲ႔ ႏွစ္မွတ္ စ,ကြာခဲ့တာလည္းျဖစ္ပါတယ္။

ဂရီဒယ္လစ္တို႔ ဒစ္လည္ေနဆဲ
ၿပီးခဲ့တဲ့ ရာသီက ေဘးစည္းမွာပဲ ရွိေနခဲ့တာေၾကာင့္ လိုင္းစ္မန္းလို႔ ေခၚခဲ့ရတဲ့ စီးတီးရဲ႕ စံခ်ိန္တင္ ေခၚယူမႈဟာ တစ္ရာသီ အၾကာမွာေတာ့ အလယ္ေၾကာကို ဝင္ကစားတတ္လာခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အဆုံးသတ္ေတြနဲ႔ ဧရိယာထဲက Final Touch ေတြကေတာ့ ဂြါဒီယိုလာရဲ႕ အဆင့္အတန္းကို မမီေသးဘူးလို႔ပဲ ေျပာရဦးမွာျဖစ္ၿပီး ေပါင္သန္း ၁၀၀ တန္ ကစားသမားဟာ ဝက္စ္ဟမ္းရဲ႕ ညာေနာက္ခံလူ ဆိုဖာလ္ကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲေနခဲ့တာပါ။ စကိုင္းစပို႔စ္ရဲ႕ ဂယ္ရီ နဗီးလ္ကေတာ့ ဂရီးလစ္ရွ္ကို ဒုတိယပိုင္းစရင္ ျပန္ေခၚမလာဖို႔ေတာင္ ထိုးႏွက္သြားခဲ့ၿပီး ဗီလာကပၸတိန္ေဟာင္းအေနနဲ႔ ပိုႀကိဳးစားျပဖို႔ လိုေနခဲ့ၿပီျဖစ္ပါတယ္။

ခံစစ္ပိုင္း စြမ္းေဆာင္ရည္ ျမင့္မားခဲ့တဲ့ စီးတီး
ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ တစ္ႀကိမ္မွ ဂိုးေပါက္မတည့္ေအာင္ စီးတီးတို႔ ကြင္းလယ္မွာ စိုးမိုးၿပီး ထိန္းသိမ္းထားႏိုင္ခဲ့သလို အန္တိုနီယိုဆီကို ပို႔မယ့္ ဘိုဝင္ရဲ႕ ျဖတ္တင္ေဘာေတြကိုလည္း ဒီယက္စ္တို႔အဖြဲ႕က ပိတ္ဆို႔ထားႏိုင္ခဲ့တာပါ။ ဒီယက္စ္နဲ႔ တြဲဖို႔ အာေကက စတုန္းစ္ထက္ အံဝင္ေအာင္ ပိုၿပီး ကစားျပႏိုင္ခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕ ပြဲထြက္ေ႐ြးခ်ယ္မႈျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္းရဲ႕ ဒုတိယပိုင္းမွာ ျပင္ဆင္လာတဲ့ စကာမက္ကာနဲ႔ ဘင္ရာမာတို႔ရဲ႕ ထိုးေဖာက္ ကန္သြင္းမႈေတြကိုလည္း ပိတ္ဆို႔ထားႏိုင္ခဲ့သလို အီဒါဆန္အတြက္ေတာ့ ျခင္ကိုက္ခံခဲ့ရတဲ့ ေန႔တစ္ေန႔လည္းျဖစ္ခဲ့ပါတယ္။

မႀကိဳက္ေသးဘူးဆိုတဲ့ ဂြါဒီယိုလာ
မန္စီးတီးတို႔ရဲ႕ ဒီေန႔ပြဲမွာ စိုးမိုးထားခဲ့တဲ့ ပုံစံေလာက္နဲ႔ေတာ့ ဂြါဒီယိုလာကို ရင္ခုန္ေအာင္ မလုပ္ႏိုင္ေသးတာပါ။ အသင္းရဲ႕ Final Third မွာ ပိတ္ဆို႔မႈေတြကို မေက်ာ္ျဖတ္တတ္ခဲ့တာေတြက စပိန္သားႀကီးကို စိတ္ပ်က္ေစခဲ့ပါတယ္။ ဘယ္ျခမ္းက သူတို႔ရဲ႕ အဓိက ျပႆနာအျဖစ္ ရွိဆဲျဖစ္ၿပီး စတာလင္ ထြက္ခြာသြားခ်ိန္မွာ ဦးစားေပးျဖစ္လာတဲ့ ဂရီးလစ္ရွ္က ႀကံရည္ဖန္ရည္ နိမ့္ပါးေနခဲ့သလို မာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗားတို႔ကလည္း သာမန္ စြမ္းေဆာင္ရည္ေအာက္ကို ေရာက္ေနခဲ့တာေၾကာင့္ ဟားလန္းသာ မကယ္ရင္ ဒီေန႔ပြဲ ဘယ္လိုျဖစ္ခဲ့မလဲလို႔ ဂြါဒီယိုလာ ေတြးေနမိမွာပါ။

ဆိုး႐ြားတဲ့ ပုံစံနဲ႔ ဝက္စ္ဟမ္း
ဝက္စ္ဟမ္းတို႔အေနနဲ႔ ဒီေန႔မွာ ေဘာလုံးပိုင္ဆိုင္မႈ ၂၄ ရာခိုင္ႏႈန္းသာ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး တစ္ပြဲလုံးမွာ ေပးပို႔မႈ ၂၅၇ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့သလို ဒါက စီးတီးတို႔ရဲ႕ သုံးပုံတစ္ပုံေတာင္ မရွိခဲ့ခ်ိန္မွာ ပထမပိုင္းမွာေတာ့ ၁၀၆ ႀကိမ္သာ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ခဲ့လို႔ ဒုတိယပိုင္းမွာ အေျပာင္းအလဲေတြ လုပ္ေတာ့မွ တစ္ႀကိမ္သာ တည့္ခဲ့ၿပီး ဟမ္းမားေတြဟာ မႏွစ္က သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို တစ္ဝက္ေတာင္ မမီေသးတာလည္းျဖစ္ပါတယ္။ ဒီၾကားထဲမွာ လူမရွိတဲ့ ဗဟိုခံစစ္မွာ ဘင္ဂြၽန္ဆန္ကို သုံးခဲ့ရတာက ျပႆနာရွိခဲ့ၿပီး စီးတီးတို႔ ဂိုးသြင္းမေသခ်ာခဲ့လို႔သာ ႏွစ္ဂိုးနဲ႔ ေက်နပ္ခဲ့ရတာပါ။

ဂ်င္းလား အဲလားလား ယုံရမွာလား ဆကာမက္ကာ
ဝက္စ္ဟမ္းအသင္းရဲ႕ ယူ႐ိုသန္း ၄၀ တန္ တိုက္စစ္မႉး ဆကာမက္ကာကေတာ့ ဒီေန႔ပြဲမွာ လူစားဝင္ကစားခြင့္ ရရွိခဲ့ၿပီး ဒုတိယပိုင္း ၅၇ မိနစ္ကေန ပြဲၿပီးတဲ့အထိ ၃၃ မိနစ္ ပါဝင္ခြင့္ရခဲ့ေပမယ့္ တိတ္ဆိတ္ၿငိမ္သက္ေနခဲ့ၿပီး လူကြၽံတဲ့ တစ္လုံးသာ ေခါင္းတိုက္ခြင့္ရခဲ့တာလည္းျဖစ္ပါတယ္။ ဆာဆူအိုလိုတို႔ ေဈးေတာင္းၾကမ္းခ်ိန္မွာ ပီအက္စ္ဂ်ီ၊ အာဆင္နယ္နဲ႔ အင္တာ၊ ေအစီတို႔က ေနာက္ဆုတ္သြားခဲ့ၿပီး ဝက္စ္ဟမ္းတို႔သာ ဒီအထိ လိုက္မိုက္ခဲ့တာျဖစ္လို႔ တကယ္လို႔မ်ား သူတို႔ ဖရန႔္ဖတ္က ေခၚခဲ့ဖူးၿပီး ေျခေပ်ာက္သြားတဲ့ တိုက္စစ္မႉးေဟာင္း ဆီဘက္စတီယန္ အဲလားလိုသာဆိုရင္ ဒုကၡပဲလို႔ ပူေနၾကရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.