Analysis Premier League

ဘရိုက်တန်ကိုတောင် မနိုင်ရတဲ့အထိ တန်ဟက်ဂ် ဘာတွေမှားသွားခဲ့တာလဲ

မန်ချက်စတာယူနိုက်တက်က တန်ဟက်ဂ်ရဲ့ ခေတ်သစ်အစဟာ အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုးရွားဆုံးစတင်မှု ဖြစ်ခဲ့ပါတယ်။

ပါစကယ် ဂရို့စ်ရဲ့ ပထမပိုင်းက ၁၀ မိနစ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ နောက်ကနေ လိုက်ကစားခဲ့ရပြီး ဒုတိယပိုင်းမှာ မက်အယ်လစ္စတာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့်သာ သိက္ခာဆယ် ချေပဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ကစားကွက်ပိုင်းအရလည်း ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ဘရိုက်တန်အသင်းဟာ အင်အားကြီးအသင်းတစ်သင်းလိုမျိုး ကစားသွားခဲ့တာဖြစ်ပြီး အဲဒီလောက်အထိ အခြေအနေဆိုးရွားခဲ့တာဟာ တန်ဟက်ဂ် ဘယ်နေရာတွေမှာ မှားသွားလို့လဲ…

၁။ ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းထဲက ချန်လှပ်ခဲ့ခြင်း

ရော်နယ်လ်ဒိုကို ဘရိုက်တန်နဲ့ပွဲမှာ အရန်ခုံထိုင်ခိုင်းခဲ့တာက မန်ချက်စတာယူနိုက်တက်အတွက် ပေးဆပ်ရစရာ ဖြစ်ခဲ့တာဖြစ်ပြီး မကြာသေးမီက အပြုအမူတွေအရ ပေါ်တူဂီကြယ်ပွင့်ဟာ ပွဲထွက်ခွင့်နဲ့ မထိုက်တန်တာတော့ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်ရဲ့ အသင်းမှာ ဂိုးပေါက်ရှေ့ အဆုံးအဖြတ်အပေးနိုင်ဆုံးကစားသမားမရှိဘူးဆိုတာ ရက်ရှ်ဖို့ဒ်ရဲ့ အပိုင်အခွင့်အရေးကို(လူကျွံသည်ဖြစ်စေ) အသုံးမချနိုင်တဲ့အဖြစ်အပျက်က သက်သေပြသနေတာဖြစ်ပါတယ်။ တန်ဟက်ဂ်အနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကို ဂိုးရရှိဖို့ လောက်လောက်လားလား အားမကိုးရခင်အထိတော့ ရော်နယ်လ်ဒိုကို သွင်းဂိုးတွေအတွက် အားကိုးနေရဦးမှာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့် ဝင်ကစားပြီး ၇ မိနစ်အတွင်းမှာ ဘရိုက်တန်ဟာ တိုက်စစ်မဖွင့်ရဲတော့ဘဲ မန်ယူနိုက်တက် အခွင့်အရေးတွေ ပိုရရှိလာတာကတော့ ငြင်းလို့မရတဲ့သက်သေပဲဖြစ်ပါတယ်။

၂။ ဗာရွမ်းကို ပွဲထွက်ကစားခွင့်မပေးခြင်း

မန်ချက်စတာယူနိုက်တက်ဟာ ဘရိုက်တန်ရဲ့ ပထမဂိုး ခွင့်ပြုလိုက်ရပြီးနောက် ခံစစ်ပိုင်းမှာ ပိုလို့တောင် ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး တန်ဟက်ဂ်က မာတီနက်ဇ်နဲ့ မက်ဂွိုင်းယားအတွဲကို ပွဲထုတ်ခဲ့တာက အမှားဖြစ်ပါတယ်။ မာတီနက်ဇ်ရဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံမရှိမှု၊ မက်ဂွိုင်းယားရဲ့ ဆိုးရွားတဲ့ ခြေစွမ်းက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့တာဖြစ်ပြီး ဗာရွမ်းကိုသာ မာတီနက်ဇ် သို့ မက်ဂွိုင်းယားနဲ့ တွဲသုံးခဲ့မယ်ဆိုရင် ပြင်သစ်နောက်ခံလူရဲ့ တည်ငြိမ်မှုက ဘရိုက်တန်ကို ရှိန်နေစေခဲ့မှာဖြစ်ပါတယ်။

၃။ ကွင်းလယ်မှာ လွတ်လွတ်လပ်လပ် ကစားခွင့်ပေးခဲ့ခြင်း

ပွဲမတိုင်ခင်ကတည်းက အကြီးမားဆုံး အံ့အားသင့်စရာတွေထဲက တစ်ခုကို ပြောပါဆိုရင် အဲရစ်ဆင်ကို False Nine နေရာမှာ ပွဲထွက်စေခဲ့ခြင်းဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာတော့ အဲရစ်ဆင်ဟာ False Nine ဆိုတာထက် ကွင်းလယ်မှာ နေရာစုံကစားခဲ့ပြီး တိုက်စစ် စတင်နိုင်ဖို့အတွက် ခံစစ်အထိပါ ဆင်းကစားခဲ့ရတာကြောင့် False Nine နေရာမှာ ဆော့တာ ဘယ်သူလဲဆိုတာ မသဲကွဲတော့တဲ့ အနေအထားဖြစ်ခဲ့ပါတယ်။

စာရွက်ထဲမှာတော့ ကျောနံပါတ် ၁၀ နေရာယူထားတဲ့ ဖာနန်ဒက်စ်ကလည်း နောက်ဆင်းလိုက်၊ ရှေ့တက်လိုက်နဲ့ ဖြစ်နေခဲ့သလို ဖရက်ဒ်နဲ့ မက်တော်မီနေးတို့အတွဲကလည်း ဘောလုံးတောင် ကိုင်မထားနိုင်အောင် ညံ့ဖျင်းခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ တန်ဟက်ဂ်ဘောက အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် လက်ရှိမှာတော့ ယူနိုက်တက်ဟာ အခြေခံကျတဲ့အရာတွေကနေ စလုပ်ရတော့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အနေနဲ့ ကျစ်လစ်မှု၊ အမှားများတဲ့ ခံစစ်ကို ကာကွယ်နိုင်မယ့် အခြေခိုင်တဲ့ ကွင်းလယ်တို့ ရှိရမှာဖြစ်ပြီး ကွင်းလယ်မှာ ဆော့ချင်တဲ့နေရာ ပေးဆော့ထားရမှာ မဟုတ်ပါဘူး။

၄။ ကွင်းလယ်ခံစစ်ကစားသမား မခေါ်ယူထားခြင်း

တန်ဟက်ဂ်ဟာ ယခုနွေရာသီတလျှောက်လုံးကို ဘာစီလိုနာက ဒီ ယုံးကို လိုက်ရင်းနဲ့သာ အချိန်ကုန်နေပြီး ဒတ်ချ်ကွင်းလယ်ကစားသမားက ယူနိုက်တက်ကွင်းလယ်ကို တိုးတက်စေမှာ မှန်ပေမယ့် တကယ်တမ်းလိုအပ်နေတဲ့အရာက အနည်းငယ်ပိုမိုမာကျောတဲ့ ကွင်းလယ်ခံစစ်ပဲ ဖြစ်ပါတယ်။ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ဟာ အားထားရတဲ့ ကွင်းလယ်ခံစစ်ကစားသမားကောင်းတွေမဟုတ်ဘူးဆိုတာကို ပထမပိုင်းမှာ ဘရိုက်တန်အသင်း သွင်းဂိုးတွေ ရရှိသွားစေမယ့် အမှားတွေ ပြုလုပ်ခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။

တန်ဟက်ဂ်ရဲ့အသင်းဟာ ထုံးတမ်းအစဉ်အလာအရကို ကွင်းလယ်အဖျက်သမားကောင်း မရှိဘဲ ပရီးမီးယားလိဂ်ရဲ့ ရုပ်ပိုင်းဆိုင်ရာတောင်းဆိုမှုအရ တန်ဟက်ဂ်အနေနဲ့ ကွင်းလယ်ခံစစ်နေရာမှာ နောက်ကပြေးခုလိုက်တိုင်း ရှေ့ကိုကိုင်းသွားပြီး ဘောလုံးပါသွားတဲ့ကစားသမားမျိုးတွေကို အားကိုးလို့မရဘူးဆိုတာကို လက်ခံပြီး ဒီကလန် ရိုက်စ်လိုမျိုး ကွင်းလယ်ခံစစ်သမားကောင်းကို ပေါင်သန်း ၁၀၀ ပေးရလည်း ပေးပြီး ဝယ်ယူဖို့ စဉ်းစားသင့်ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:မန္ခ်က္စတာယူႏိုက္တက္က တန္ဟက္ဂ္ရဲ႕ ေခတ္သစ္အစဟာ အိုးထရက္ဖို႔ဒ္မွာ ဘ႐ိုက္တန္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဆိုး႐ြားဆုံးစတင္မႈ ျဖစ္ခဲ့ပါတယ္။

ပါစကယ္ ဂ႐ို႕စ္ရဲ႕ ပထမပိုင္းက ၁၀ မိနစ္အတြင္း သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ ေနာက္ကေန လိုက္ကစားခဲ့ရၿပီး ဒုတိယပိုင္းမွာ မက္အယ္လစၥတာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးေၾကာင့္သာ သိကၡာဆယ္ ေခ်ပဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ကစားကြက္ပိုင္းအရလည္း ဘယ္လိုမွ မယွဥ္ႏိုင္ခဲ့ဘဲ ဘ႐ိုက္တန္အသင္းဟာ အင္အားႀကီးအသင္းတစ္သင္းလိုမ်ိဳး ကစားသြားခဲ့တာျဖစ္ၿပီး အဲဒီေလာက္အထိ အေျခအေနဆိုး႐ြားခဲ့တာဟာ တန္ဟက္ဂ္ ဘယ္ေနရာေတြမွာ မွားသြားလို႔လဲ…

၁။ ေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းထဲက ခ်န္လွပ္ခဲ့ျခင္း

ေရာ္နယ္လ္ဒိုကို ဘ႐ိုက္တန္နဲ႔ပြဲမွာ အရန္ခုံထိုင္ခိုင္းခဲ့တာက မန္ခ်က္စတာယူႏိုက္တက္အတြက္ ေပးဆပ္ရစရာ ျဖစ္ခဲ့တာျဖစ္ၿပီး မၾကာေသးမီက အျပဳအမူေတြအရ ေပၚတူဂီၾကယ္ပြင့္ဟာ ပြဲထြက္ခြင့္နဲ႔ မထိုက္တန္တာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဒါေပမယ့္ တန္ဟက္ဂ္ရဲ႕ အသင္းမွာ ဂိုးေပါက္ေရွ႕ အဆုံးအျဖတ္အေပးႏိုင္ဆုံးကစားသမားမရွိဘူးဆိုတာ ရက္ရွ္ဖို႔ဒ္ရဲ႕ အပိုင္အခြင့္အေရးကို(လူကြၽံသည္ျဖစ္ေစ) အသုံးမခ်ႏိုင္တဲ့အျဖစ္အပ်က္က သက္ေသျပသေနတာျဖစ္ပါတယ္။ တန္ဟက္ဂ္အေနနဲ႔ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ကို ဂိုးရရွိဖို႔ ေလာက္ေလာက္လားလား အားမကိုးရခင္အထိေတာ့ ေရာ္နယ္လ္ဒိုကို သြင္းဂိုးေတြအတြက္ အားကိုးေနရဦးမွာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ ဝင္ကစားၿပီး ၇ မိနစ္အတြင္းမွာ ဘ႐ိုက္တန္ဟာ တိုက္စစ္မဖြင့္ရဲေတာ့ဘဲ မန္ယူႏိုက္တက္ အခြင့္အေရးေတြ ပိုရရွိလာတာကေတာ့ ျငင္းလို႔မရတဲ့သက္ေသပဲျဖစ္ပါတယ္။

၂။ ဗာ႐ြမ္းကို ပြဲထြက္ကစားခြင့္မေပးျခင္း

မန္ခ်က္စတာယူႏိုက္တက္ဟာ ဘ႐ိုက္တန္ရဲ႕ ပထမဂိုး ခြင့္ျပဳလိုက္ရၿပီးေနာက္ ခံစစ္ပိုင္းမွာ ပိုလို႔ေတာင္ ဖ႐ိုဖရဲ ျဖစ္သြားခဲ့ၿပီး တန္ဟက္ဂ္က မာတီနက္ဇ္နဲ႔ မက္ဂြိဳင္းယားအတြဲကို ပြဲထုတ္ခဲ့တာက အမွားျဖစ္ပါတယ္။ မာတီနက္ဇ္ရဲ႕ ပရီးမီးယားလိဂ္အေတြ႕အႀကဳံမရွိမႈ၊ မက္ဂြိဳင္းယားရဲ႕ ဆိုး႐ြားတဲ့ ေျခစြမ္းက အေျခအေနကို ပိုမိုဆိုး႐ြားေစခဲ့တာျဖစ္ၿပီး ဗာ႐ြမ္းကိုသာ မာတီနက္ဇ္ သို႔ မက္ဂြိဳင္းယားနဲ႔ တြဲသုံးခဲ့မယ္ဆိုရင္ ျပင္သစ္ေနာက္ခံလူရဲ႕ တည္ၿငိမ္မႈက ဘ႐ိုက္တန္ကို ရွိန္ေနေစခဲ့မွာျဖစ္ပါတယ္။

၃။ ကြင္းလယ္မွာ လြတ္လြတ္လပ္လပ္ ကစားခြင့္ေပးခဲ့ျခင္း

ပြဲမတိုင္ခင္ကတည္းက အႀကီးမားဆုံး အံ့အားသင့္စရာေတြထဲက တစ္ခုကို ေျပာပါဆိုရင္ အဲရစ္ဆင္ကို False Nine ေနရာမွာ ပြဲထြက္ေစခဲ့ျခင္းျဖစ္ပါတယ္။ တကယ့္လက္ေတြ႕မွာေတာ့ အဲရစ္ဆင္ဟာ False Nine ဆိုတာထက္ ကြင္းလယ္မွာ ေနရာစုံကစားခဲ့ၿပီး တိုက္စစ္ စတင္ႏိုင္ဖို႔အတြက္ ခံစစ္အထိပါ ဆင္းကစားခဲ့ရတာေၾကာင့္ False Nine ေနရာမွာ ေဆာ့တာ ဘယ္သူလဲဆိုတာ မသဲကြဲေတာ့တဲ့ အေနအထားျဖစ္ခဲ့ပါတယ္။

စာ႐ြက္ထဲမွာေတာ့ ေက်ာနံပါတ္ ၁၀ ေနရာယူထားတဲ့ ဖာနန္ဒက္စ္ကလည္း ေနာက္ဆင္းလိုက္၊ ေရွ႕တက္လိုက္နဲ႔ ျဖစ္ေနခဲ့သလို ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔အတြဲကလည္း ေဘာလုံးေတာင္ ကိုင္မထားႏိုင္ေအာင္ ညံ့ဖ်င္းခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးမွာေတာ့ တန္ဟက္ဂ္ေဘာက အလုပ္ျဖစ္ေကာင္း ျဖစ္ႏိုင္ေပမယ့္ လက္ရွိမွာေတာ့ ယူႏိုက္တက္ဟာ အေျခခံက်တဲ့အရာေတြကေန စလုပ္ရေတာ့မွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ က်စ္လစ္မႈ၊ အမွားမ်ားတဲ့ ခံစစ္ကို ကာကြယ္ႏိုင္မယ့္ အေျခခိုင္တဲ့ ကြင္းလယ္တို႔ ရွိရမွာျဖစ္ၿပီး ကြင္းလယ္မွာ ေဆာ့ခ်င္တဲ့ေနရာ ေပးေဆာ့ထားရမွာ မဟုတ္ပါဘူး။

၄။ ကြင္းလယ္ခံစစ္ကစားသမား မေခၚယူထားျခင္း

တန္ဟက္ဂ္ဟာ ယခုေႏြရာသီတေလွ်ာက္လုံးကို ဘာစီလိုနာက ဒီ ယုံးကို လိုက္ရင္းနဲ႔သာ အခ်ိန္ကုန္ေနၿပီး ဒတ္ခ်္ကြင္းလယ္ကစားသမားက ယူႏိုက္တက္ကြင္းလယ္ကို တိုးတက္ေစမွာ မွန္ေပမယ့္ တကယ္တမ္းလိုအပ္ေနတဲ့အရာက အနည္းငယ္ပိုမိုမာေက်ာတဲ့ ကြင္းလယ္ခံစစ္ပဲ ျဖစ္ပါတယ္။ ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ဟာ အားထားရတဲ့ ကြင္းလယ္ခံစစ္ကစားသမားေကာင္းေတြမဟုတ္ဘူးဆိုတာကို ပထမပိုင္းမွာ ဘ႐ိုက္တန္အသင္း သြင္းဂိုးေတြ ရရွိသြားေစမယ့္ အမွားေတြ ျပဳလုပ္ခဲ့တာကို ၾကည့္ရင္ သိႏိုင္ပါတယ္။

တန္ဟက္ဂ္ရဲ႕အသင္းဟာ ထုံးတမ္းအစဥ္အလာအရကို ကြင္းလယ္အဖ်က္သမားေကာင္း မရွိဘဲ ပရီးမီးယားလိဂ္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာေတာင္းဆိုမႈအရ တန္ဟက္ဂ္အေနနဲ႔ ကြင္းလယ္ခံစစ္ေနရာမွာ ေနာက္ကေျပးခုလိုက္တိုင္း ေရွ႕ကိုကိုင္းသြားၿပီး ေဘာလုံးပါသြားတဲ့ကစားသမားမ်ိဳးေတြကို အားကိုးလို႔မရဘူးဆိုတာကို လက္ခံၿပီး ဒီကလန္ ႐ိုက္စ္လိုမ်ိဳး ကြင္းလယ္ခံစစ္သမားေကာင္းကို ေပါင္သန္း ၁၀၀ ေပးရလည္း ေပးၿပီး ဝယ္ယူဖို႔ စဥ္းစားသင့္ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.