Match Report Premier League

ခြေစွမ်းထက်ခဲ့တဲ့ ဟားလန်းရဲ့ ပွဲထွက်မှာ စီးမျောခဲ့ကြသူတွေရဲ့ ချီးကျူးစကားများ

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲထွက်ဖြစ်ပြီး ခြေစွမ်းပြသင့်တယ်လို့ ယူဆထားတဲ့ ဝက်စ်ဟမ်းယူနိုက်တက်လို ပြိုင်ဘက်နဲ့ ပွဲမှာ သူ့အပေါ် မျှော်လင့်ထားခဲ့ကြသူတွေကို စိတ်မပျက်စေခဲ့ဘဲ အကောင်းဆုံးခြေစွမ်းနဲ့ နှစ်ဂိုး သွင်းယူပြခဲ့တဲ့အပြင် ဟက်ထရစ် မရခဲ့တဲ့အတွက် သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဟားလန်းရဲ့ ပထမဆုံး ဂိုးပိုက်ထဲ ထည့်နိုင်ခဲ့မှုက ဂွန်ဒိုးဝမ်ကြောင့် လူကျွံနေခဲ့ပြီး ဒုတိယပိုင်းမှာ အနီးကပ်ခေါင်းတိုက်ချက်ကတော့ ဘားကျော်သွားခဲ့ပေမယ့် ကိုယ်တိုင် ရှာဖွေခဲ့တဲ့ ပင်နယ်တီ၊ အကောင်းဆုံးနေရာယူ အဆုံးသတ်နိုင်ခဲ့တဲ့ ဒုတိယဂိုးတွေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲက မိုးပြာရောင်တွေရဲ့ ဂန္ထဝင် ဆာဂျီယို အဂွေရိုလိုပဲ တူညီတဲ့ မှတ်တမ်းကို ရေးထိုးနိုင်ခဲ့တာပါ။

နည်းပြ ဂွါဒီယိုလာကတော့ သူ့ရဲ့ တပည့်ဟောင်း မက်ဆီနဲ့ နှိုင်းယှဉ်ချီးကျူးသွားခဲ့ပြီး “မက်ဆီဆိုရင်လည်း ဒီလိုပဲ နှစ်ဂိုးသွင်းနိုင်ခဲ့တာတောင် ဟက်ထရစ်မရတာကို မကျေနပ်ခဲ့ဘူး။ သုံးဂိုးရရင် လေးဂိုး၊ လေးဂိုးရရင် ငါးဂိုး လိုချင်ပြီး အမြဲကို ဂိုးဆာလောင်နေတာ။ ဒီလို ကစားသမားတွေကို ပိုင်ဆိုင်ထားရတဲ့ ကျွန်တော်က ကံကောင်းတာပေါ့”လို့ အနာဂတ် GOAT လို့ မြင်ထားကြတဲ့ ဟားလန်းကို လက်ရှိ GOAT နဲ့ ထပ်တူ ပြုသွားခဲ့ပါတယ်။

ပင်နယ်တီကို ရယူနိုင်ခဲ့တဲ့နောက် ချက်ချင်းပဲ ဘောလုံးကို ရယူပြီး သူကိုယ်တိုင်ပဲ ကန်ခဲ့တာအတွက်လည်း “တစ်ယောက်ယောက်များ ကန်မယ်ဆိုပြီး ဘောလုံးကို လာယူရဲခဲ့ရင် သူထိုးတာ ခံရလောက်တယ်လို့ ကျွန်တော် သေချာနေတယ်။ ဒါက ကျွန်တော့်အတွက်တော့ ကောင်းပါတယ်”လို့ စပိန်သားနည်းပြက ရယ်ပွဲဖွဲ့ရင်း ဟားလန်းကို မြှောက်ပင့်သွားခဲ့တာပါ။

ဟားလန်းဟာ ဒီလိုမျိုး ပြိုင်ပွဲတစ်ခုရဲ့ ပထမဆုံး ပွဲဦးထွက်မှာ ဂိုးသွင်းတဲ့ မှတ်တမ်းကောင်းကို ပရီးမီးယားလိဂ်မှာ တင်မဟုတ်ဘဲ အတိတ်က အသင်းတွေနဲ့အတူ ဒေါ့မွန်နဲ့ ဘွန်ဒက်စ်လီဂါမှာ တစ်ကြိမ်၊ ဂျာမန်ပိုကယ်ဖလားမှာ တစ်ကြိမ်၊ ဂျာမန်ဆူပါဖလားမှာ တစ်ကြိမ်၊ ချန်ပီယံလိဂ်မှာ တစ်ကြိမ်၊ နော်ဝေဖလားမှာ တစ်ကြိမ် ရယူခဲ့ဖူးပြီး သူဟာ ဘယ်ထိပ်တန်းတိုက်စစ်မှူးတွေနဲ့မဆို ယှဉ်ပြိုင်နိုင်ကြောင်း ပြသသွားခဲ့တာဖြစ်ပါတယ်။

ဒီအချိန်မှာ သူ့အဖေရဲ့ ရန်ဘက် မြို့ခံပြိုင်ဘက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကီးန်ကလည်း မှတ်မှတ်ရရ ချီးကျူးသွားခဲ့ပြီး လူတွေက သူ့ကို ဂိုး ၂၀ လောက်ရမယ်လို့ ခန့်မှန်းနေပေမယ့် ပင်နယ်တီတွေ အပါအဝင်ဆို တစ်ရာသီကို ဂိုး ၄၀ လောက် သွင်းယူနိုင်မယ်လို့ ထောက်ခံသွားခဲ့သလို သူနဲ့ ရင်ဆိုင်တဲ့ ခံစစ်မှူးတွေ ကံကောင်းကြပါစေလို့လည်း ဆုတောင်းသွားခဲ့တာပါ။

ဟားလန်းဟာ ချန်ပီယံလိဂ်ရဲ့ သွင်းဂိုး ၂၀ စံချိန်ကို ၁၄ ပွဲတည်းနဲ့ ရယူခဲ့သလို ဘွန်ဒက်စ်လီဂါမှာလည်း ၂၅ ဂိုးကို ၂၅ ပွဲတည်းနဲ့ ရယူခဲ့တဲ့အတွက် ရွိုင်းကီးန်ကတော့ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုး ၅၀ ကို ၆၅ ပွဲနဲ့ အမြန်ဆုံး ပြည့်မြောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း အန်ဒီ ကိုးလ်ရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးသွားခဲ့ပါတယ်။

BBC Match of the Day ရဲ့ အစီအစဉ် တင်ဆက်သူ တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကလည်း ဟားလန်းဟာ ရပ်တန့်မရနိုင်တဲ့သူမျိုးလို့ ချီးကျူးသွားခဲ့သလို အလန် ရှီးရားကတော့ သူ့ကို လိုက်မီဖို့ ၂၅၈ ဂိုး လိုသေးတယ်လို့ သတိပေးသွားခဲ့တာပါ။ မိုက်ကယ် အိုဝင်ကတော့ လက်ရှိအခြေမှာ ပရီးမီးယားလိဂ် ခံစစ်မှူးတွေကတော့ စိုးရိမ်ထိတ်လန့်နေပြီလို့ပဲ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးအနေနဲ့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်စံချိန်ကို ချိုးဖျက်နိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ၄၂ ပွဲခေတ်က ၃၄ ဂိုးစီ သွင်းယူခဲ့တဲ့ အန်ဒီ ကိုးလ်၊ အလန် ရှီးရားတို့ရဲ့ စံချိန်ဟောင်းနဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားရဲ့ ၃၂ ဂိုးစံချိန်တွေကို ကျော်ဖြတ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းရဲ႕ တိုက္စစ္မႉး အာလင္း ဟားလန္းကေတာ့ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲထြက္ျဖစ္ၿပီး ေျခစြမ္းျပသင့္တယ္လို႔ ယူဆထားတဲ့ ဝက္စ္ဟမ္းယူႏိုက္တက္လို ၿပိဳင္ဘက္နဲ႔ ပြဲမွာ သူ႔အေပၚ ေမွ်ာ္လင့္ထားခဲ့ၾကသူေတြကို စိတ္မပ်က္ေစခဲ့ဘဲ အေကာင္းဆုံးေျခစြမ္းနဲ႔ ႏွစ္ဂိုး သြင္းယူျပခဲ့တဲ့အျပင္ ဟက္ထရစ္ မရခဲ့တဲ့အတြက္ သူ႔ကိုယ္သူ အားမလိုအားမရျဖစ္ေနခဲ့တာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ဟားလန္းရဲ႕ ပထမဆုံး ဂိုးပိုက္ထဲ ထည့္ႏိုင္ခဲ့မႈက ဂြန္ဒိုးဝမ္ေၾကာင့္ လူကြၽံေနခဲ့ၿပီး ဒုတိယပိုင္းမွာ အနီးကပ္ေခါင္းတိုက္ခ်က္ကေတာ့ ဘားေက်ာ္သြားခဲ့ေပမယ့္ ကိုယ္တိုင္ ရွာေဖြခဲ့တဲ့ ပင္နယ္တီ၊ အေကာင္းဆုံးေနရာယူ အဆုံးသတ္ႏိုင္ခဲ့တဲ့ ဒုတိယဂိုးေတြနဲ႔ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပထမဆုံးပြဲက မိုးျပာေရာင္ေတြရဲ႕ ဂႏၴဝင္ ဆာဂ်ီယို အေဂြ႐ိုလိုပဲ တူညီတဲ့ မွတ္တမ္းကို ေရးထိုးႏိုင္ခဲ့တာပါ။

နည္းျပ ဂြါဒီယိုလာကေတာ့ သူ႔ရဲ႕ တပည့္ေဟာင္း မက္ဆီနဲ႔ ႏႈိင္းယွဥ္ခ်ီးက်ဴးသြားခဲ့ၿပီး “မက္ဆီဆိုရင္လည္း ဒီလိုပဲ ႏွစ္ဂိုးသြင္းႏိုင္ခဲ့တာေတာင္ ဟက္ထရစ္မရတာကို မေက်နပ္ခဲ့ဘူး။ သုံးဂိုးရရင္ ေလးဂိုး၊ ေလးဂိုးရရင္ ငါးဂိုး လိုခ်င္ၿပီး အၿမဲကို ဂိုးဆာေလာင္ေနတာ။ ဒီလို ကစားသမားေတြကို ပိုင္ဆိုင္ထားရတဲ့ ကြၽန္ေတာ္က ကံေကာင္းတာေပါ့”လို႔ အနာဂတ္ GOAT လို႔ ျမင္ထားၾကတဲ့ ဟားလန္းကို လက္ရွိ GOAT နဲ႔ ထပ္တူ ျပဳသြားခဲ့ပါတယ္။

ပင္နယ္တီကို ရယူႏိုင္ခဲ့တဲ့ေနာက္ ခ်က္ခ်င္းပဲ ေဘာလုံးကို ရယူၿပီး သူကိုယ္တိုင္ပဲ ကန္ခဲ့တာအတြက္လည္း “တစ္ေယာက္ေယာက္မ်ား ကန္မယ္ဆိုၿပီး ေဘာလုံးကို လာယူရဲခဲ့ရင္ သူထိုးတာ ခံရေလာက္တယ္လို႔ ကြၽန္ေတာ္ ေသခ်ာေနတယ္။ ဒါက ကြၽန္ေတာ့္အတြက္ေတာ့ ေကာင္းပါတယ္”လို႔ စပိန္သားနည္းျပက ရယ္ပြဲဖြဲ႕ရင္း ဟားလန္းကို ေျမႇာက္ပင့္သြားခဲ့တာပါ။

ဟားလန္းဟာ ဒီလိုမ်ိဳး ၿပိဳင္ပြဲတစ္ခုရဲ႕ ပထမဆုံး ပြဲဦးထြက္မွာ ဂိုးသြင္းတဲ့ မွတ္တမ္းေကာင္းကို ပရီးမီးယားလိဂ္မွာ တင္မဟုတ္ဘဲ အတိတ္က အသင္းေတြနဲ႔အတူ ေဒါ့မြန္နဲ႔ ဘြန္ဒက္စ္လီဂါမွာ တစ္ႀကိမ္၊ ဂ်ာမန္ပိုကယ္ဖလားမွာ တစ္ႀကိမ္၊ ဂ်ာမန္ဆူပါဖလားမွာ တစ္ႀကိမ္၊ ခ်န္ပီယံလိဂ္မွာ တစ္ႀကိမ္၊ ေနာ္ေဝဖလားမွာ တစ္ႀကိမ္ ရယူခဲ့ဖူးၿပီး သူဟာ ဘယ္ထိပ္တန္းတိုက္စစ္မႉးေတြနဲ႔မဆို ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း ျပသသြားခဲ့တာျဖစ္ပါတယ္။

ဒီအခ်ိန္မွာ သူ႔အေဖရဲ႕ ရန္ဘက္ ၿမိဳ႕ခံၿပိဳင္ဘက္အသင္းေခါင္းေဆာင္ေဟာင္း ႐ြိဳင္းကီးန္ကလည္း မွတ္မွတ္ရရ ခ်ီးက်ဴးသြားခဲ့ၿပီး လူေတြက သူ႔ကို ဂိုး ၂၀ ေလာက္ရမယ္လို႔ ခန႔္မွန္းေနေပမယ့္ ပင္နယ္တီေတြ အပါအဝင္ဆို တစ္ရာသီကို ဂိုး ၄၀ ေလာက္ သြင္းယူႏိုင္မယ္လို႔ ေထာက္ခံသြားခဲ့သလို သူနဲ႔ ရင္ဆိုင္တဲ့ ခံစစ္မႉးေတြ ကံေကာင္းၾကပါေစလို႔လည္း ဆုေတာင္းသြားခဲ့တာပါ။

ဟားလန္းဟာ ခ်န္ပီယံလိဂ္ရဲ႕ သြင္းဂိုး ၂၀ စံခ်ိန္ကို ၁၄ ပြဲတည္းနဲ႔ ရယူခဲ့သလို ဘြန္ဒက္စ္လီဂါမွာလည္း ၂၅ ဂိုးကို ၂၅ ပြဲတည္းနဲ႔ ရယူခဲ့တဲ့အတြက္ ႐ြိဳင္းကီးန္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုး ၅၀ ကို ၆၅ ပြဲနဲ႔ အျမန္ဆုံး ျပည့္ေျမာက္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္း အန္ဒီ ကိုးလ္ရဲ႕ စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ႏိုင္လိမ့္မယ္လို႔ ထင္ေၾကးေပးသြားခဲ့ပါတယ္။

BBC Match of the Day ရဲ႕ အစီအစဥ္ တင္ဆက္သူ တိုက္စစ္မႉးေဟာင္း ဂယ္ရီ လိုင္နီကာကလည္း ဟားလန္းဟာ ရပ္တန႔္မရႏိုင္တဲ့သူမ်ိဳးလို႔ ခ်ီးက်ဴးသြားခဲ့သလို အလန္ ရွီးရားကေတာ့ သူ႔ကို လိုက္မီဖို႔ ၂၅၈ ဂိုး လိုေသးတယ္လို႔ သတိေပးသြားခဲ့တာပါ။ မိုက္ကယ္ အိုဝင္ကေတာ့ လက္ရွိအေျခမွာ ပရီးမီးယားလိဂ္ ခံစစ္မႉးေတြကေတာ့ စိုးရိမ္ထိတ္လန႔္ေနၿပီလို႔ပဲ သုံးသပ္သြားခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းဘုရင္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ၄၂ ပြဲေခတ္က ၃၄ ဂိုးစီ သြင္းယူခဲ့တဲ့ အန္ဒီ ကိုးလ္၊ အလန္ ရွီးရားတို႔ရဲ႕ စံခ်ိန္ေဟာင္းနဲ႔ လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားရဲ႕ ၃၂ ဂိုးစံခ်ိန္ေတြကို ေက်ာ္ျဖတ္ႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.