Match Report Premier League

နဖူးတောက်ကြေးဆိုနိုင်ပြီး သေရေးရှင်ရေးဆို ရှုံးလို့ကောင်းနေတဲ့ မန်ချက်စတာယူနိုက်တက်

ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ ဧည့်သည်ဘရိုက်တန်အသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက ဘရိုက်တန်အသင်းက ဂိုးပေါက်ကန်သွင်းခွင့် စတင်ရရှိခဲ့ပြီး ထရော့ဆက်ရဲ့ ကန်ချက်က မကောင်းခဲ့တာဖြစ်ပြီး ၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် အပိုင်ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက မန်ချက်စတာယူနိုက်တက် ကွင်းဘက်ခြမ်းအထိ ဖိအားမြင့်မြင့်ပေးပြီး တစ်ချက်ထိ ကစားကွက်ကို အသုံးပြုနေခဲ့ပြီး ထရော့ဆက်ရဲ့ ထိုးဖောက်မှုကို ဒါလော့တ် ထိန်းချုပ်ဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရိုက်တန်ရဲ့ High Press နဲ့ တန်ပြန်တိုက်စစ်ဆင်မှုကြောင့် ကစားကွက် တည်မရဘဲ ဖရိုဖရဲဖြစ်နေခဲ့ပြီး ကွင်းလယ်က ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ အတွဲက အလုပ်မဖြစ်ခဲ့တာ ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်း မိနစ် ၃၀ မှာ မက်တော်မီနေးရဲ့ ညံ့ဖျင်းမှုကနေတဆင့် ဘရိုက်တန်အသင်းက တန်ပြန်တိုက်စစ်ဆင်ခဲ့ပြီး ထရော့ဆက်က ဂိုးဧရိယာထဲ ပြေးဝင်ဖို့ စောင့်ဆိုင်းနေတဲ့ ဝဲလ်ဘတ်ရဲ့ ပြေးလမ်းကြောင်းထဲ ခင်းပေးခဲ့ရာမှာ ဂရို့စ်က ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဖြတ်တင်လိုက်တဲ့ဘောလုံးကို အမှားအယွင်းမရှိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရပြီးနောက်မှာ တန်ပြန်တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပြီး အဲရစ်ဆင် အပိုင်ကန်သွင်းခွင့်ကို အသုံးမချနိုင်ခဲ့ဘဲ ၃၉ မိနစ်မှာ မာ့ချ်ရဲ့ ကန်ချက်ကို ဒဟေးယား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပေမယ့် လူကပ်ခံထားရခြင်းမရှိတဲ့ ဂရို့စ်ကပဲ အသာအယာ ပိတ်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းက ကစားအား မြှင့်တင်လာခဲ့ပြီး ၅၂ မိနစ်မှာ အဲရစ် တန်ဟက်ဂ်က ဖရက်ဒ်ကို ထုတ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားဝင်ကစားစေခဲ့ပါတယ်။

ပထမပိုင်းထက် ကစားပုံ ကောင်းမွန်လာခဲ့ပေမယ့်လည်း ဘရိုက်တန်ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ၅၉ မိနစ်မှာ ညာတောင်ပံကနေ ဆွဲပြေးလာတဲ့ ရော်နယ်လ်ဒိုက ဂိုးရှေ့မှာ စောင့်ဆိုင်းနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ဆီကို ဖြတ်တင်ပေးပို့ခဲ့ပေမယ့် အင်္ဂလန်တိုက်စစ်မှူးဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်ကို တည့်တည့် ကန်မိခဲ့ပြီး စည်းကြပ်ဒိုင်ကလည်း လူကျွံအလံထောင်ပြခဲ့ပါတယ်။

၆၇ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ထောင့်ကန်ဘောကန်ခွင့် ရရှိခဲ့ပြီး ဂိုးသမားကို ကျော်လာတဲ့ ဘောလုံးက ဒါလော့တ်ကို ထိမှန်ခဲ့ရာကနေ ဘရိုက်တန်နောက်တန်းနဲ့ ဂိုးသမားတို့ နားလည်မှု လွဲရာကနေ ကိုယ့်ဂိုးကိုယ်သွင်းမိသွားခဲ့ပါတယ်။

ဘရိုက်တန်ကစားသမားတွေဟာ မန်ချက်စတာယူနိုက်တက်ရဲ့ သွင်းဂိုးကို စောဒကတက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် ဂိုးအဖြစ် ခွင့်မပြုစရာ အမှားမရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းက ချေပဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ရရှိသွားပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းက တရစပ်တိုက်စစ်ဆင်ထိုးဖောက်လာခဲ့တာကြောင့် ပွဲက ပိုမို မြိုင်ဆိုင်လာခဲ့ပြီး ၇၇ မိနစ်မှာ ခြေစွမ်း မပြသနိုင်တဲ့ စကော့ မက်တော်မီနေးရဲ့ နေရာမှာ ဗန်ဒီဘိခ် လူစားဝင်ကစားခဲ့ပါတယ်။

၈၆ မိနစ်မှာ ထောင့်ကန်ဘောကနေတဆင့် လီဆန်ဒရို မာတီနက်ဇ် ခေါင်းတိုက်ရာကနေ ဘရိုက်တန်နောက်ခံကစားသမားနဲ့ ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို နောက်ထပ်တစ်ကြိမ် ကန်သွင်းခဲ့ပေမယ့် လူးဝစ္စ ဒန့်ခ်က သတိရှိရှိ လျှောထိုး ကာကွယ်နိုင်ခဲ့လို့ မန်ချက်တာယူနိုက်တက်အသင်း အပိုင်အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒုတိယပိုင်း ပွဲပြီးဆုံးခါနီးမှာ လူငယ်ကစားသမားတွေကို ထည့်သွင်းကစားစေခဲ့ပေမယ့်လည်း ရလဒ်ကို ပြောင်းလဲနိုင်ဖို့ လုံလောက်တဲ့အချိန်မရှိတော့တာကြောင့် ၂-၁ နဲ့ပဲ ပွဲပြီးဆုံးသွားခဲ့ပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယေန႔ည ၇ နာရီ ၃၀ မိနစ္အခ်ိန္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္အသင္းတို႔ရဲ႕ပြဲစဥ္မွာ ဧည့္သည္ဘ႐ိုက္တန္အသင္းက ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက ဘ႐ိုက္တန္အသင္းက ဂိုးေပါက္ကန္သြင္းခြင့္ စတင္ရရွိခဲ့ၿပီး ထေရာ့ဆက္ရဲ႕ ကန္ခ်က္က မေကာင္းခဲ့တာျဖစ္ၿပီး ၆ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ အပိုင္ကန္သြင္းခြင့္ ရရွိခဲ့ေပမယ့္လည္း အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ လြဲေခ်ာ္သြားခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္အသင္းက မန္ခ်က္စတာယူႏိုက္တက္ ကြင္းဘက္ျခမ္းအထိ ဖိအားျမင့္ျမင့္ေပးၿပီး တစ္ခ်က္ထိ ကစားကြက္ကို အသုံးျပဳေနခဲ့ၿပီး ထေရာ့ဆက္ရဲ႕ ထိုးေဖာက္မႈကို ဒါေလာ့တ္ ထိန္းခ်ဳပ္ဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘ႐ိုက္တန္ရဲ႕ High Press နဲ႔ တန္ျပန္တိုက္စစ္ဆင္မႈေၾကာင့္ ကစားကြက္ တည္မရဘဲ ဖ႐ိုဖရဲျဖစ္ေနခဲ့ၿပီး ကြင္းလယ္က ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ အတြဲက အလုပ္မျဖစ္ခဲ့တာ ထင္ထင္ရွားရွား ျမင္ေတြ႕ခဲ့ရပါတယ္။ ပထမပိုင္း မိနစ္ ၃၀ မွာ မက္ေတာ္မီေနးရဲ႕ ညံ့ဖ်င္းမႈကေနတဆင့္ ဘ႐ိုက္တန္အသင္းက တန္ျပန္တိုက္စစ္ဆင္ခဲ့ၿပီး ထေရာ့ဆက္က ဂိုးဧရိယာထဲ ေျပးဝင္ဖို႔ ေစာင့္ဆိုင္းေနတဲ့ ဝဲလ္ဘတ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ခင္းေပးခဲ့ရာမွာ ဂ႐ို႕စ္က ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ျဖတ္တင္လိုက္တဲ့ေဘာလုံးကို အမွားအယြင္းမရွိ ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရၿပီးေနာက္မွာ တန္ျပန္တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး အဲရစ္ဆင္ အပိုင္ကန္သြင္းခြင့္ကို အသုံးမခ်ႏိုင္ခဲ့ဘဲ ၃၉ မိနစ္မွာ မာ့ခ်္ရဲ႕ ကန္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ေပမယ့္ လူကပ္ခံထားရျခင္းမရွိတဲ့ ဂ႐ို႕စ္ကပဲ အသာအယာ ပိတ္သြင္းယူၿပီး ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ကစားအား ျမႇင့္တင္လာခဲ့ၿပီး ၅၂ မိနစ္မွာ အဲရစ္ တန္ဟက္ဂ္က ဖရက္ဒ္ကို ထုတ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို လူစားဝင္ကစားေစခဲ့ပါတယ္။

ပထမပိုင္းထက္ ကစားပုံ ေကာင္းမြန္လာခဲ့ေပမယ့္လည္း ဘ႐ိုက္တန္ဂိုးေပါက္ကို ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ဖို႔ ႐ုန္းကန္ေနခဲ့ရတာ ျဖစ္ပါတယ္။ ၅၉ မိနစ္မွာ ညာေတာင္ပံကေန ဆြဲေျပးလာတဲ့ ေရာ္နယ္လ္ဒိုက ဂိုးေရွ႕မွာ ေစာင့္ဆိုင္းေနတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဆီကို ျဖတ္တင္ေပးပို႔ခဲ့ေပမယ့္ အဂၤလန္တိုက္စစ္မႉးဟာ အံ့အားသင့္ဖြယ္ ေကာင္းေလာက္ေအာင္ ဘ႐ိုက္တန္ဂိုးသမား ဆန္းခ်က္ဇ္ကို တည့္တည့္ ကန္မိခဲ့ၿပီး စည္းၾကပ္ဒိုင္ကလည္း လူကြၽံအလံေထာင္ျပခဲ့ပါတယ္။

၆၇ မိနစ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေထာင့္ကန္ေဘာကန္ခြင့္ ရရွိခဲ့ၿပီး ဂိုးသမားကို ေက်ာ္လာတဲ့ ေဘာလုံးက ဒါေလာ့တ္ကို ထိမွန္ခဲ့ရာကေန ဘ႐ိုက္တန္ေနာက္တန္းနဲ႔ ဂိုးသမားတို႔ နားလည္မႈ လြဲရာကေန ကိုယ့္ဂိုးကိုယ္သြင္းမိသြားခဲ့ပါတယ္။

ဘ႐ိုက္တန္ကစားသမားေတြဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သြင္းဂိုးကို ေစာဒကတက္ခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ ဂိုးအျဖစ္ ခြင့္မျပဳစရာ အမွားမရွိခဲ့တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခ်ပဂိုး ရရွိသြားခဲ့တာ ျဖစ္ပါတယ္။ ေခ်ပဂိုး ရရွိသြားၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက တရစပ္တိုက္စစ္ဆင္ထိုးေဖာက္လာခဲ့တာေၾကာင့္ ပြဲက ပိုမို ၿမိဳင္ဆိုင္လာခဲ့ၿပီး ၇၇ မိနစ္မွာ ေျခစြမ္း မျပသႏိုင္တဲ့ စေကာ့ မက္ေတာ္မီေနးရဲ႕ ေနရာမွာ ဗန္ဒီဘိခ္ လူစားဝင္ကစားခဲ့ပါတယ္။

၈၆ မိနစ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ လီဆန္ဒ႐ို မာတီနက္ဇ္ ေခါင္းတိုက္ရာကေန ဘ႐ိုက္တန္ေနာက္ခံကစားသမားနဲ႔ ထိၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကို ေနာက္ထပ္တစ္ႀကိမ္ ကန္သြင္းခဲ့ေပမယ့္ လူးဝစၥ ဒန႔္ခ္က သတိရွိရွိ ေလွ်ာထိုး ကာကြယ္ႏိုင္ခဲ့လို႔ မန္ခ်က္တာယူႏိုက္တက္အသင္း အပိုင္အခြင့္အေရးတစ္ခု ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒုတိယပိုင္း ပြဲၿပီးဆုံးခါနီးမွာ လူငယ္ကစားသမားေတြကို ထည့္သြင္းကစားေစခဲ့ေပမယ့္လည္း ရလဒ္ကို ေျပာင္းလဲႏိုင္ဖို႔ လုံေလာက္တဲ့အခ်ိန္မရွိေတာ့တာေၾကာင့္ ၂-၁ နဲ႔ပဲ ပြဲၿပီးဆုံးသြားခဲ့ၿပီး ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲစဥ္ကို အရႈံးနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.