Match Report Premier League

ကြိုးစားမှုကောင်းတဲ့ ဘရန့်ဖို့ဒ်ကို အထင်သေးပြီး သရေပြန်ပေးလိုက်ရတဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒန်နီ ဝါ့ဒ်၊ ခံစစ်မှာ ဖိုဖာနာ၊ အီဗန်စ်၊ အမာတေ၊ ကက်စတာညာ၊ ဂျပ်စတင်တို့နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ တီးလီးမန်းစ်နဲ့ ဂျူးစ်ဘာရီ-ဟောလ်တို့ ကစားခဲ့ကြသလို သူတို့ရှေ့ကတော့ မက်ဒီဆန်နဲ့ ဗာဒီတို့က တိုက်စစ်မှာ ၃-၅-၁-၁ ပုံစံ ခင်းကျင်းလာခဲ့ကြတာဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ ကစားနေကျ ၃-၅-၂ ကို စွန့်လွှတ်ခဲ့ပြီး ၄-၃-၃ ပြန်ကစားခဲ့သလို ဂိုးသမား ရာယာ၊ ခံစစ်မှာ ယန်ဆွန်၊ ဘန်မီး၊ ရီကို ဟင်နရီနဲ့ ဟစ်ကီတို့ ကစားခဲ့ကြချိန်မှာ ကွင်းလယ်မှာတော့ ဂျန်ဆန်၊ နော်ဂါ့ဒ်နဲ့ ယန်နဲ့လ်တို့ကို တွဲပေးခဲ့ပြီး ဖန်တီးရှင် မရှိတဲ့ ကွင်းလယ်ရှေ့မှာတော့ ဝစ်ဆာ၊ တိုနီနဲ့ အမ်ဘူးမိုတို့ ပွဲထွက်ခဲ့ကြတာပါ။

ပထမပိုင်းမှာ လက်စတာတို့ ပိုကောင်းခဲ့ပေမယ့် ဂိုးသမား ကက်စပါ ရှမိုက်ကယ် ထွက်သွားခဲ့တာနဲ့ သူ့နောက်ကို ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်နဲ့ တိုက်စစ်မှူး ဂျေမီ ဗာဒီတို့ လိုက်သွားနိုင်တဲ့ အနေအထားမှာ နည်းပြ ဘရန်ဒန် ရော့ဂျားစ်တစ်ယောက် အသင်းကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ကတော့ ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ လက်စတာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဘယ်ထောင့်ကန်ဘောကို ကွင်းလယ်လူ မက်ဒီဆန် ကန်ပို့ပေးရာမှာ အနီးတိုင်ဘက်မှာ နေရာယူထားတဲ့ နောက်ခံလူ ကက်စတာညာက သူ့ကို ကပ်ထားတဲ့ ဘရန့်ဖို့ဒ်ကစားသမားတွေထက် ပိုမြင့်အောင်ခုန်ပြီး ခေါင်းတိုက် သွင်းယူနိုင်ခဲ့လို့ ဂိုးသမား ရာယာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာပါ။

ပထမပိုင်းမှာ လက်စတာတို့ဘက်က မက်ဒီဆန်ရဲ့ ကန်ချက်ကို ရာယာ ကာကွယ်သွားခဲ့သလို တီးလီးမန်းစ်ရဲ့ ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့တာကြောင့် အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဘရန့်ဖို့ဒ်တို့ကတော့ အဲရစ်ဆန် ထွက်သွားပြီးတဲ့နောက် ဖန်တီးသူ မရှိချိန်မှာ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း စပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ အထနှေးတဲ့ ဘရန့်ဖို့ဒ်တို့ကို လက်စတာတို့ နောက်တစ်ဂိုး ထပ်သွင်းလိုက်နိုင်ပြီး ဒီဂိုးကိုတော့ ဘန်လေကနေ ပြောင်းလာတဲ့ ဧည့်သည်နောက်ခံလူ ဘန်မီး ရှင်းထုတ်ပုံ မသေသပ်တာကနေ ဗာဒီ ရရှိသွားပြီး ခင်းပေးတာကို ကွင်းလယ်လူ ဂျူးစ်ဘာရီ-ဟောလ်က ညာဘက်တိုင်ခြေကို တိကျတဲ့ အဝေးကန်ချက်နဲ့ အနိမ့်ဘော ကန်သွင်းသွားခဲ့တာပါ။

ဘရန့်ဖို့ဒ်တို့အနေနဲ့ နှစ်ဂိုးရှုံးနိမ့်သွားတာကြောင့် အသင်းကို ပြောင်းလဲမှု စတင်ခဲ့ပြီး ဘန်မီးနဲ့ ဂျန်ဆန်တို့နေရာမှာ လူးဝစ္စ-ပေါ့တာနဲ့ ဒါဆေးလ်ဗားတို့ ဝင်ကစားခဲ့ကြပြီး လက်စတာတို့ကတော့ ဒီနေ့ပွဲမှာ တစ်ဖက်အသင်းရဲ့ ဗျူဟာနဲ့ ကစားအားကို လိုက်ပြီး ပြောင်းလဲမှုကို မလုပ်နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ လက်စတာခံစစ်အမှားကနေ ဘောလုံးပြန်ရသွားတဲ့ နောက်ခံလူ ဟင်နရီက ဖြတ်ပို့ပေးတာကို ပထမပိုင်းတစ်ပိုင်းလုံး ငြိမ်သက်နေခဲ့တဲ့ တိုနီက အမာတေရဲ့ ဝင်ဖျက်မှုကို ကြံ့ကြံ့ခံပြီး ကန်သွင်းရယူသွားခဲ့တာပါ။

တစ်ဂိုးပြန်ရအပြီးမှာတော့ ဘရန့်ဖို့ဒ်တို့ အားတက်လာပြီး ဖိကစားခဲ့ပေမယ့် အိမ်ရှင်ခံစစ်ကို မကျော်ခဲ့ချိန်မှာ အိမ်ရှင်လက်စတာတို့ဘက်က ဖိုဖာနာရဲ့ ခေါင်းတိုက်ချက်ကတော့ တိုင်ထိခဲ့ပြန်ပြီး ပွဲချိန် ၇၃ မိနစ်မှာတော့ ဂိုးသွင်းရှင် ဂျူးစ်ဘာရီ-ဟောလ်အစား တိုက်စစ်မှူး ဒါကာကို ထည့်ခဲ့သလို ၃-၅-၂ ပုံစံ ပြန်ပြောင်းသွားခဲ့ပါတယ်။

ဘရန့်ဖို့ဒ်တို့ကတော့ လက်ကျန်တစ်ဂိုးကို ပြန်ချေပနိုင်ဖို့နဲ့ အမှတ်ရှာဖွေနိုင်ဖို့အတွက် အပြောင်းအလဲထပ်လုပ်ခဲ့ရာမှာ နော်ဂါ့ဒ်အစား ဘက်ပ်တစ္စတေ၊ ဟစ်ကီအစား ဆိုရန်ဆန်၊ ဝစ်ဆာအစား ဒါဗီရှိုးလူးတို့ကို လဲကစားခဲ့အပြီးမှာတော့ လက်စတာတို့ဘက်က ကွင်းလယ်နဲ့ ခံစစ်ကို မပြင်ဆင်ဘဲ ဆက်ကစားနေခဲ့တာက အံ့ဩစရာတောင်ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၈၆ မိနစ်မှာတော့ ပြိုင်ဘက်ကို အထင်သေးပြီး အပြောင်းအလဲမလုပ်တဲ့ လက်စတာကို ခံလိုက်ရပြီး သရေဂိုး ပေးလိုက်ရသလို ဒီဂိုးကိုတော့ မြေခွေးတွေရဲ့ ခံစစ်က ပိုင်ပိုင်နိုင်နိုင် ရှင်းမထုတ်နိုင်ခဲ့တာကို လူစားဝင်ကွင်းလယ်လူ ဒါဆေးလ်ဗားက ရယူပြီး ညာခြမ်းကနေ ဆွဲဝင်ပြီးမှ ဘယ်ဘက် အဝေးတိုင်ထောင့်ကို အေးအေးဆေးဆေး အပိုင်ကန်သွင်းယူခဲ့ရာမှာ ရှမိုက်ကယ် မဟုတ်တဲ့ ဝါ့ဒ် ဘာမှ မတတ်နိုင်ဘဲ ဘရန့်ဖို့ဒ်တို့ ပြန်လာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိမ်ကွင်းမှာ နှစ်ဂိုးနဲ့ ဦးဆောင်ပြီးမှ ပေါ့လျော့တဲ့ လက်စတာတို့ ဘရန့်ဖို့ဒ်ကို နှစ်ဂိုးပြန်ပေးခဲ့ပြီး နှစ်ဂိုးစီသရေနဲ့ တစ်မှတ် ခွဲပေးလိုက်ရသလို အသင်းက ထွက်ခွာလိုသူတွေ များနေပြီး ကစားသမားတွေရဲ့ အနာဂတ် မတည်ငြိမ်တဲ့ ပြဿနာကို ဘရန်ဒန် ရော့ဂျားစ် ဖြေရှင်းနိုင်မှသာ မြေခွေးတွေ ရလဒ်ပြန်ကောင်းနိုင်မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒန္နီ ဝါ့ဒ္၊ ခံစစ္မွာ ဖိုဖာနာ၊ အီဗန္စ္၊ အမာေတ၊ ကက္စတာညာ၊ ဂ်ပ္စတင္တို႔နဲ႔ ပြဲထြက္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ တီးလီးမန္းစ္နဲ႔ ဂ်ဴးစ္ဘာရီ-ေဟာလ္တို႔ ကစားခဲ့ၾကသလို သူတို႔ေရွ႕ကေတာ့ မက္ဒီဆန္နဲ႔ ဗာဒီတို႔က တိုက္စစ္မွာ ၃-၅-၁-၁ ပုံစံ ခင္းက်င္းလာခဲ့ၾကတာျဖစ္ပါတယ္။

ဘရန႔္ဖို႔ဒ္ကေတာ့ ကစားေနက် ၃-၅-၂ ကို စြန႔္လႊတ္ခဲ့ၿပီး ၄-၃-၃ ျပန္ကစားခဲ့သလို ဂိုးသမား ရာယာ၊ ခံစစ္မွာ ယန္ဆြန္၊ ဘန္မီး၊ ရီကို ဟင္နရီနဲ႔ ဟစ္ကီတို႔ ကစားခဲ့ၾကခ်ိန္မွာ ကြင္းလယ္မွာေတာ့ ဂ်န္ဆန္၊ ေနာ္ဂါ့ဒ္နဲ႔ ယန္နဲ႔လ္တို႔ကို တြဲေပးခဲ့ၿပီး ဖန္တီးရွင္ မရွိတဲ့ ကြင္းလယ္ေရွ႕မွာေတာ့ ဝစ္ဆာ၊ တိုနီနဲ႔ အမ္ဘူးမိုတို႔ ပြဲထြက္ခဲ့ၾကတာပါ။

ပထမပိုင္းမွာ လက္စတာတို႔ ပိုေကာင္းခဲ့ေပမယ့္ ဂိုးသမား ကက္စပါ ရွမိုက္ကယ္ ထြက္သြားခဲ့တာနဲ႔ သူ႔ေနာက္ကို ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္နဲ႔ တိုက္စစ္မႉး ေဂ်မီ ဗာဒီတို႔ လိုက္သြားႏိုင္တဲ့ အေနအထားမွာ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္တစ္ေယာက္ အသင္းကို တည္ၿငိမ္ေအာင္ ထိန္းသိမ္းဖို႔ကေတာ့ ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ လက္စတာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဘယ္ေထာင့္ကန္ေဘာကို ကြင္းလယ္လူ မက္ဒီဆန္ ကန္ပို႔ေပးရာမွာ အနီးတိုင္ဘက္မွာ ေနရာယူထားတဲ့ ေနာက္ခံလူ ကက္စတာညာက သူ႔ကို ကပ္ထားတဲ့ ဘရန႔္ဖို႔ဒ္ကစားသမားေတြထက္ ပိုျမင့္ေအာင္ခုန္ၿပီး ေခါင္းတိုက္ သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား ရာယာ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာပါ။

ပထမပိုင္းမွာ လက္စတာတို႔ဘက္က မက္ဒီဆန္ရဲ႕ ကန္ခ်က္ကို ရာယာ ကာကြယ္သြားခဲ့သလို တီးလီးမန္းစ္ရဲ႕ ကန္ခ်က္ကလည္း တိုင္ထိထြက္ခဲ့တာေၾကာင့္ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အဲရစ္ဆန္ ထြက္သြားၿပီးတဲ့ေနာက္ ဖန္တီးသူ မရွိခ်ိန္မွာ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

ဒုတိယပိုင္း စၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ အထေႏွးတဲ့ ဘရန႔္ဖို႔ဒ္တို႔ကို လက္စတာတို႔ ေနာက္တစ္ဂိုး ထပ္သြင္းလိုက္ႏိုင္ၿပီး ဒီဂိုးကိုေတာ့ ဘန္ေလကေန ေျပာင္းလာတဲ့ ဧည့္သည္ေနာက္ခံလူ ဘန္မီး ရွင္းထုတ္ပုံ မေသသပ္တာကေန ဗာဒီ ရရွိသြားၿပီး ခင္းေပးတာကို ကြင္းလယ္လူ ဂ်ဴးစ္ဘာရီ-ေဟာလ္က ညာဘက္တိုင္ေျခကို တိက်တဲ့ အေဝးကန္ခ်က္နဲ႔ အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာပါ။

ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ႏွစ္ဂိုးရႈံးနိမ့္သြားတာေၾကာင့္ အသင္းကို ေျပာင္းလဲမႈ စတင္ခဲ့ၿပီး ဘန္မီးနဲ႔ ဂ်န္ဆန္တို႔ေနရာမွာ လူးဝစၥ-ေပါ့တာနဲ႔ ဒါေဆးလ္ဗားတို႔ ဝင္ကစားခဲ့ၾကၿပီး လက္စတာတို႔ကေတာ့ ဒီေန႔ပြဲမွာ တစ္ဖက္အသင္းရဲ႕ ဗ်ဴဟာနဲ႔ ကစားအားကို လိုက္ၿပီး ေျပာင္းလဲမႈကို မလုပ္ႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ လက္စတာခံစစ္အမွားကေန ေဘာလုံးျပန္ရသြားတဲ့ ေနာက္ခံလူ ဟင္နရီက ျဖတ္ပို႔ေပးတာကို ပထမပိုင္းတစ္ပိုင္းလုံး ၿငိမ္သက္ေနခဲ့တဲ့ တိုနီက အမာေတရဲ႕ ဝင္ဖ်က္မႈကို ႀကံ့ႀကံ့ခံၿပီး ကန္သြင္းရယူသြားခဲ့တာပါ။

တစ္ဂိုးျပန္ရအၿပီးမွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ အားတက္လာၿပီး ဖိကစားခဲ့ေပမယ့္ အိမ္ရွင္ခံစစ္ကို မေက်ာ္ခဲ့ခ်ိန္မွာ အိမ္ရွင္လက္စတာတို႔ဘက္က ဖိုဖာနာရဲ႕ ေခါင္းတိုက္ခ်က္ကေတာ့ တိုင္ထိခဲ့ျပန္ၿပီး ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဂိုးသြင္းရွင္ ဂ်ဴးစ္ဘာရီ-ေဟာလ္အစား တိုက္စစ္မႉး ဒါကာကို ထည့္ခဲ့သလို ၃-၅-၂ ပုံစံ ျပန္ေျပာင္းသြားခဲ့ပါတယ္။

ဘရန႔္ဖို႔ဒ္တို႔ကေတာ့ လက္က်န္တစ္ဂိုးကို ျပန္ေခ်ပႏိုင္ဖို႔နဲ႔ အမွတ္ရွာေဖြႏိုင္ဖို႔အတြက္ အေျပာင္းအလဲထပ္လုပ္ခဲ့ရာမွာ ေနာ္ဂါ့ဒ္အစား ဘက္ပ္တစၥေတ၊ ဟစ္ကီအစား ဆိုရန္ဆန္၊ ဝစ္ဆာအစား ဒါဗီရႈိးလူးတို႔ကို လဲကစားခဲ့အၿပီးမွာေတာ့ လက္စတာတို႔ဘက္က ကြင္းလယ္နဲ႔ ခံစစ္ကို မျပင္ဆင္ဘဲ ဆက္ကစားေနခဲ့တာက အံ့ဩစရာေတာင္ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ၿပိဳင္ဘက္ကို အထင္ေသးၿပီး အေျပာင္းအလဲမလုပ္တဲ့ လက္စတာကို ခံလိုက္ရၿပီး သေရဂိုး ေပးလိုက္ရသလို ဒီဂိုးကိုေတာ့ ေျမေခြးေတြရဲ႕ ခံစစ္က ပိုင္ပိုင္ႏိုင္ႏိုင္ ရွင္းမထုတ္ႏိုင္ခဲ့တာကို လူစားဝင္ကြင္းလယ္လူ ဒါေဆးလ္ဗားက ရယူၿပီး ညာျခမ္းကေန ဆြဲဝင္ၿပီးမွ ဘယ္ဘက္ အေဝးတိုင္ေထာင့္ကို ေအးေအးေဆးေဆး အပိုင္ကန္သြင္းယူခဲ့ရာမွာ ရွမိုက္ကယ္ မဟုတ္တဲ့ ဝါ့ဒ္ ဘာမွ မတတ္ႏိုင္ဘဲ ဘရန႔္ဖို႔ဒ္တို႔ ျပန္လာႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ကြင္းမွာ ႏွစ္ဂိုးနဲ႔ ဦးေဆာင္ၿပီးမွ ေပါ့ေလ်ာ့တဲ့ လက္စတာတို႔ ဘရန႔္ဖို႔ဒ္ကို ႏွစ္ဂိုးျပန္ေပးခဲ့ၿပီး ႏွစ္ဂိုးစီသေရနဲ႔ တစ္မွတ္ ခြဲေပးလိုက္ရသလို အသင္းက ထြက္ခြာလိုသူေတြ မ်ားေနၿပီး ကစားသမားေတြရဲ႕ အနာဂတ္ မတည္ၿငိမ္တဲ့ ျပႆနာကို ဘရန္ဒန္ ေရာ့ဂ်ားစ္ ေျဖရွင္းႏိုင္မွသာ ေျမေခြးေတြ ရလဒ္ျပန္ေကာင္းႏိုင္မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.