Premier League

အာဆင်နယ်က ပဲလေ့စ်ထက် ပိုကောင်းရုံလောက်ပဲလို့ ပြောလိုက်တဲ့ လီဗာပူးလ်ဂန္တဝင်

လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်က အာဆင်နယ်ဟာ ထိပ်ဆုံး ၄ သင်းထဲက တစ်သင်းလို့ ထင်မြင်ခြင်းမရှိဘဲ ခရစ္စတယ် ပဲလေ့စ်အသင်းထက်သာ ပိုမိုကောင်းမွန်တဲ့အသင်းလို့ သတ်မှတ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သောကြာနေ့ညက ဆဲလ်ဟတ်စ် ပါ့ခ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၂-၀ နဲ့ အနိုင်ယူပြီး ယခုရာသီကို အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်းက မာတီနယ်လီရဲ့ ခေါင်းတိုက်ဂိုးနဲ့ ၈၅ မိနစ်က မာ့စ် ဂေးဟီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့် အနိုင် ၃ မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြောက်လန်ဒန်သားတွေဟာ ပြီးခဲ့တဲ့ရာသီက အဆင့် ၅ နေရာထက် ပိုမိုသာလွန်တဲ့ ရပ်တည်မှုမျိုး ရရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒီလို လုပ်နိုင်ဖို့အတွက်အတွက် ယခုနွေရာသီမှာ အဓိက ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လီဗာပူးလ်ဂန္တဝင် စတိဗ် နီကိုးလ်က အာဆင်နယ်အသင်းရဲ့ ထိပ်ဆုံး ၄ နေရာ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး အယုံအကြည်မရှိနေဆဲဖြစ်ပြီး မြောက်လန်ဒန်အသင်းက ခရစ္စတယ် ပဲလေ့စ်ထက် ပိုကောင်းခဲ့ရုံလောက်ပဲလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ရာသီကို သူတို့တွေ ဘယ်လောက်ဆိုးဆိုး စတင်ခဲ့လဲဆိုတာကို ပြန်တွေးကြည့်ရင်တော့ ခင်ဗျား ဘယ်လိုပုံစံပဲ ကစားပါစေ အနိုင်ရတာက အရေးကြီးတဲ့အရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူတို့တွေက ပဲလေ့စ်နဲ့ပွဲမှာ အကောင်းဆုံးအသင်းဖြစ်ခဲ့တယ်လို့ပဲ ထင်မိခဲ့ပါတယ်”

“အဲဒီလောက်ကြီးတော့လည်း မဟုတ်သေးပါဘူး။ အဲဒီပွဲက ကျွန်တော့်ကို ပြောတာကတော့ သူတို့တွေဟာ ထိပ်ဆုံး ၄ သင်းထဲက အသင်းမဟုတ်ဘူးဆိုတာပါပဲ။ ဟုတ်ပါတယ်။ သူတို့တွေက အမှတ်ပေးဇယားအလယ်လောက်က ခရစ္စတယ် ပဲလေ့စ်ထက်တော့ ပိုကောင်းပါတယ်။ သူတို့တွေက ပဲလေ့စ်ထက် ပိုကောင်းခဲ့ရုံလောက်ပါပဲ”

“ဒီလို ပွဲစဉ်မျိုးကနေ အဆုံးအဖြတ်ပေးနိုင်သလိုမျိုး ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တုန်းကလည်း အာဆင်နယ်က ဒီအတိုင်းပဲ လုပ်နိုင်ခဲ့တာပဲ။ အချိန်တော်တော်များများမှာ ကောင်းကောင်း လုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ထိပ်ဆုံး ၄ နေရာမဝင်နိုင်ပါဘူး။ ကျွန်တော် ဒီလိုပြောတာ ပဲလေ့စ်နဲ့ပွဲက စွမ်းဆောင်ရည်အပေါ် ကြည့်ပြီး ပြောတာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္ဂႏၲဝင္ စတိဗ္ နီကိုးလ္က အာဆင္နယ္ဟာ ထိပ္ဆုံး ၄ သင္းထဲက တစ္သင္းလို႔ ထင္ျမင္ျခင္းမရွိဘဲ ခရစၥတယ္ ပဲေလ့စ္အသင္းထက္သာ ပိုမိုေကာင္းမြန္တဲ့အသင္းလို႔ သတ္မွတ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ေသာၾကာေန႔ညက ဆဲလ္ဟတ္စ္ ပါ့ခ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၂-၀ နဲ႔ အႏိုင္ယူၿပီး ယခုရာသီကို အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ၿပီး ပထမပိုင္းက မာတီနယ္လီရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ ၈၅ မိနစ္က မာ့စ္ ေဂးဟီရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးေၾကာင့္ အႏိုင္ ၃ မွတ္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေျမာက္လန္ဒန္သားေတြဟာ ၿပီးခဲ့တဲ့ရာသီက အဆင့္ ၅ ေနရာထက္ ပိုမိုသာလြန္တဲ့ ရပ္တည္မႈမ်ိဳး ရရွိဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး အဲဒီလို လုပ္ႏိုင္ဖို႔အတြက္အတြက္ ယခုေႏြရာသီမွာ အဓိက ကစားသမားေခၚယူမႈေတြ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ စတိဗ္ နီကိုးလ္က အာဆင္နယ္အသင္းရဲ႕ ထိပ္ဆုံး ၄ ေနရာ ေမွ်ာ္လင့္ခ်က္နဲ႔ပတ္သက္ၿပီး အယုံအၾကည္မရွိေနဆဲျဖစ္ၿပီး ေျမာက္လန္ဒန္အသင္းက ခရစၥတယ္ ပဲေလ့စ္ထက္ ပိုေကာင္းခဲ့႐ုံေလာက္ပဲလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ၿပီးခဲ့တဲ့ရာသီကို သူတို႔ေတြ ဘယ္ေလာက္ဆိုးဆိုး စတင္ခဲ့လဲဆိုတာကို ျပန္ေတြးၾကည့္ရင္ေတာ့ ခင္ဗ်ား ဘယ္လိုပုံစံပဲ ကစားပါေစ အႏိုင္ရတာက အေရးႀကီးတဲ့အရာျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူတို႔ေတြက ပဲေလ့စ္နဲ႔ပြဲမွာ အေကာင္းဆုံးအသင္းျဖစ္ခဲ့တယ္လို႔ပဲ ထင္မိခဲ့ပါတယ္”

“အဲဒီေလာက္ႀကီးေတာ့လည္း မဟုတ္ေသးပါဘူး။ အဲဒီပြဲက ကြၽန္ေတာ့္ကို ေျပာတာကေတာ့ သူတို႔ေတြဟာ ထိပ္ဆုံး ၄ သင္းထဲက အသင္းမဟုတ္ဘူးဆိုတာပါပဲ။ ဟုတ္ပါတယ္။ သူတို႔ေတြက အမွတ္ေပးဇယားအလယ္ေလာက္က ခရစၥတယ္ ပဲေလ့စ္ထက္ေတာ့ ပိုေကာင္းပါတယ္။ သူတို႔ေတြက ပဲေလ့စ္ထက္ ပိုေကာင္းခဲ့႐ုံေလာက္ပါပဲ”

“ဒီလို ပြဲစဥ္မ်ိဳးကေန အဆုံးအျဖတ္ေပးႏိုင္သလိုမ်ိဳး ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အာဆင္နယ္က ဒီအတိုင္းပဲ လုပ္ႏိုင္ခဲ့တာပဲ။ အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ထိပ္ဆုံး ၄ ေနရာမဝင္ႏိုင္ပါဘူး။ ကြၽန္ေတာ္ ဒီလိုေျပာတာ ပဲေလ့စ္နဲ႔ပြဲက စြမ္းေဆာင္ရည္အေပၚ ၾကည့္ၿပီး ေျပာတာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.