Match Report Premier League

ကံဆိုးကံကောင်း၊ ပင်နယ်တီနဲ့ပဲ လမ်းပတ်ရဲ့ အဲဗာတန်ကို အနိုင်ယူခဲ့ရတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ အက်ဇ်ပီလီကွေတာ၊ ကူလီဘေလီတို့ကို နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ကွန်တေ၊ ရီးစ် ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ စတာလင်၊ မေဆန်မောင့်နဲ့ ဟာဗတ်ဇ်တို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ယယ်ရီ မီနာ၊ ဂေါ့ဖရီတို့ကို အသုံးပြုခဲ့ပြီး မစ်ကိုလန်ကိုနဲ့ ပက်တာဆန်တို့ကို Wing Back တွေအဖြစ် ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒူကူရေးနဲ့ အီဝိုဘီတို့ကို ထားခဲ့ပြီး တိုက်စစ်မှာတော့ မက်နီးလ်၊ ဂရေးနဲ့ ဂေါ်ဒန်တို့ကို ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လမ်းပတ် ဘာလို့ ချဲလ်ဆီးက ပြုတ်ခဲ့သလဲဆိုတာကို သေချာမြင်ခဲ့ရသလို ၃-၅-၂ ကစားကွက်ရဲ့ အဓိကအရာတွေကို နားမလည်ဘဲ အရေးပါလွန်းတဲ့ ကွင်းလယ် Pivot နှစ်ယောက်မှာ ပွဲကို ဖတ်ရှုနိုင်သလို ဘောလုံးဖျက်နိုင်၊ ဖြန့်နိုင်တဲ့သူတွေကို ထည့်ရမယ့်အစား အီဝိုဘီကို သုံးခဲ့တာက ဆိုးရွားခဲ့ပြီး Winger တွေက တိုက်စစ်ဆင်ချိန်မှာ အတွင်းဝင်ပြီး နေရာလွတ် ရှာပေးရမယ့်အစား Wing Back တွေနဲ့ တောင်ပံမှာ ထပ်နေခဲ့တာပါ။

ချဲလ်ဆီးတို့ကလည်း အဝေးဘောတွေ တည်ကန်ဘောတွေနဲ့ပဲ ဂိုးရဖို့ ကြိုးစားနေခဲ့တာကြောင့် ပွဲက ပျင်းစရာဖြစ်နေခဲ့ချိန်မှာ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဂိုးစည်းကျော်ပြီးမှ ပစ်ခ်ဖို့ဒ်က ရှင်းထုတ်တာကို လိုက်လံရယူတဲ့ ဟာဗတ်ဇ် ဂိုးသွင်းမှာကို အပိုင်သိမ်းရိုက်ပြီး ရည်ရွယ်ချက်ရှိရှိ ခပ်ကြမ်းကြမ်းဖျက်ဖို့ ကြိုးစားတဲ့ အဲဗာတန် နောက်ခံလူ ဂေါ့ဖရီကတော့ ပွဲချိန် ၁၀ မိနစ်မှာပဲ ကိုယ့်ခြေပေါ် ကိုယ်ပိပြီး ခြေထောက်ကျိုးသွားခဲ့လို့ ထမ်းစင်နဲ့ ထုတ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ ဘောလုံးစည်းကျော်တာ မသိဘဲ ဆက်ကစားခိုင်းတဲ့ စည်းကြပ်ဒိုင်မှာ တာဝန်ရှိခဲ့သလို သူတစ်ပါးကို ညစ်ပတ်ယုတ်မာနေကျ ဂေါ့ဖရီကတော့ မကောင်းကံရဲ့ အကျိုးကို ခံစားသွားခဲ့ရတာဖြစ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ကြိုးစားပြီး ဘာမှ မသိလိုက်တဲ့ ချဲလ်ဆီးတိုက်စစ်မှူး ဟာဗတ်ဇ်ကတော့ နဘယံ၊ ဘေးမရှိဘဲ စိတ်ထားသန့်ရှင်းတဲ့ အကျိုးကြောင့် အန္တရာယ်ကနေ လွတ်မြောက်ခဲ့ရတာပါ။

အောက်ဆီဂျင်ပေးပြီး ထမ်းစင်နဲ့ ထုတ်ခဲ့ရတဲ့ ဂေါ့ဖရီနေရာမှာတော့ ဟိုလ်ဂိတ် ဝင်ရောက်ကစားခဲ့ပြီး ချဲလ်ဆီးတို့ကတော့ အဲဗာတန်ခံစစ်ကို အဝေးကနေ ကန်သွင်းဖို့ ကြိုးစားနေခဲ့သလို စတာလင်ကလည်း ပလာတာများနေခဲ့လို့ အလုပ်မဖြစ်ခဲ့ဘဲ အိမ်ရှင်တို့ဘက်က ဒူကူရေးရဲ့ ခေါင်းတိုက်ချက်ကတောင် မန်ဒီကို ပိုပြီး ရင်ခုန်စေခဲ့ရတာဖြစ်ပါတယ်။

လမ်းပတ်ရဲ့ တောင်ပံတိုက်စစ်တွေနဲ့ တွဲလုံးတွေကတော့ ပရီးမီးယားလိဂ်တန်း မမီဘူးလို့ပဲ ဆိုရမှာဖြစ်ပြီး ကောင်တာကစားချိန်တွေမှာ အစွန်လူတွေ ပျောက်နေခဲ့တာက ပရိသတ်တွေကို ဆွံ့အစေသလို ပွဲချိန် ၄၂ မိနစ်မှာ စတာလင်က တစ်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကလည်း တူဟယ်လ်ရဲ့ အပြုံးတွေကို ပျက်ပြားစေခဲ့တာပါ။

ဂေါ့ဖရီကြောင့် နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ရာမှာ ပွဲချိန် ၅၂ မိနစ်မှာတော့ ဧရိယာထဲ ဆွဲဝင်လာတဲ့ ချေးလ်ဝဲလ်ကို ဒူကူရေးက နောက်နေ ဖက်ပြီး ဖျက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ပင်နယ်တီ ရခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဂျော်ဂျင်ညိုက ပစ်ခ်ဖို့ဒ်ကို လှည့်စားပြီး ဘယ်ဘက်တိုင်ခြေကို ကန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ ဝင်တိုးကစားခဲ့ပေမယ့် ချဲလ်ဆီးတို့ အမှားအယွင်းမရှိ ခုခံကာကွယ်ခဲ့ကြသလို အထောင်တိုက်စစ်မှူးကောင်း မရှိဘဲ ရစ်ချာလစ်ဆန်ကို ရောင်းချထားချိန်မှာ ၁၂ ရာသီ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ကဲလ်ဗတ်-လူဝင်ကလည်း မပါဝင်နိုင်တာကြောင့် ကူလီဘေလီနဲ့ အက်ဇ်ပီလီကွေတာတို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ကြတာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ညာနောက်ခံလူ ပက်တာဆန် တစ်ကိုယ်တော် ဆွဲပြေးပြီး ချိုးပေးတာကို လူစားဝင်လာတဲ့ အယ်လီက အခွင့်အရေးကောင်းကောင်းရခဲ့ပေမယ့် တန်းကန်ရမယ့်အစား ထိန်းနေတာကြောင့် အဖျက်ခံခဲ့ရပြီး အဲဗာတန်တို့ အပိုင်တစ်ဂိုး လွဲချော်ခဲ့သလို လက်ကျန် ပွဲချိန်တွေမှာတော့ Clear Cut Chance တွေ မဖန်တီးနိုင်တော့တာလည်းဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံးဘက်က ဒဏ်ရာတွေကို ကုသခဲ့ရမှုတွေကြောင့် နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့ပေမယ့် အဲဗာတန်တို့ ချေပဂိုးရအောင် မလုပ်နိုင်သလို ချဲလ်ဆီးတိုက်စစ်ကလည်း ဂိုးထပ်မရှာနိုင်ခဲ့တော့တာကြောင့် ပထမပိုင်းက ရလဒ်အတိုင်းပဲ ပွဲပြီးခဲ့ပြီး ပရိသတ်တွေအတွက်တော့ ပျင်းစရာ တစ်ဂိုး-ဂိုးမရှိပွဲမျိုးပဲ ဖြစ်ခဲ့ရတာပါ။

ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးနိုင်ခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ညိုကတော့ နောက်ဆုံး ၅ ရာသီမှာ အသင်းအတွက် အဖွင့်ပွဲတွေမှာ ၃ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပြီး သူ့ရဲ့ ဂိုးနဲ့ပဲ အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ မှာ ရပ်တည်စေနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ အက္ဇ္ပီလီေကြတာ၊ ကူလီေဘလီတို႔ကို ေနရာခ်ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ကြန္ေတ၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ စတာလင္၊ ေမဆန္ေမာင့္နဲ႔ ဟာဗတ္ဇ္တို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ယယ္ရီ မီနာ၊ ေဂါ့ဖရီတို႔ကို အသုံးျပဳခဲ့ၿပီး မစ္ကိုလန္ကိုနဲ႔ ပက္တာဆန္တို႔ကို Wing Back ေတြအျဖစ္ ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဒူကူေရးနဲ႔ အီဝိုဘီတို႔ကို ထားခဲ့ၿပီး တိုက္စစ္မွာေတာ့ မက္နီးလ္၊ ဂေရးနဲ႔ ေဂၚဒန္တို႔ကို ပြဲထြက္ေစခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ လမ္းပတ္ ဘာလို႔ ခ်ဲလ္ဆီးက ျပဳတ္ခဲ့သလဲဆိုတာကို ေသခ်ာျမင္ခဲ့ရသလို ၃-၅-၂ ကစားကြက္ရဲ႕ အဓိကအရာေတြကို နားမလည္ဘဲ အေရးပါလြန္းတဲ့ ကြင္းလယ္ Pivot ႏွစ္ေယာက္မွာ ပြဲကို ဖတ္ရႈႏိုင္သလို ေဘာလုံးဖ်က္ႏိုင္၊ ျဖန႔္ႏိုင္တဲ့သူေတြကို ထည့္ရမယ့္အစား အီဝိုဘီကို သုံးခဲ့တာက ဆိုး႐ြားခဲ့ၿပီး Winger ေတြက တိုက္စစ္ဆင္ခ်ိန္မွာ အတြင္းဝင္ၿပီး ေနရာလြတ္ ရွာေပးရမယ့္အစား Wing Back ေတြနဲ႔ ေတာင္ပံမွာ ထပ္ေနခဲ့တာပါ။

ခ်ဲလ္ဆီးတို႔ကလည္း အေဝးေဘာေတြ တည္ကန္ေဘာေတြနဲ႔ပဲ ဂိုးရဖို႔ ႀကိဳးစားေနခဲ့တာေၾကာင့္ ပြဲက ပ်င္းစရာျဖစ္ေနခဲ့ခ်ိန္မွာ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ဂိုးစည္းေက်ာ္ၿပီးမွ ပစ္ခ္ဖို႔ဒ္က ရွင္းထုတ္တာကို လိုက္လံရယူတဲ့ ဟာဗတ္ဇ္ ဂိုးသြင္းမွာကို အပိုင္သိမ္း႐ိုက္ၿပီး ရည္႐ြယ္ခ်က္ရွိရွိ ခပ္ၾကမ္းၾကမ္းဖ်က္ဖို႔ ႀကိဳးစားတဲ့ အဲဗာတန္ ေနာက္ခံလူ ေဂါ့ဖရီကေတာ့ ပြဲခ်ိန္ ၁၀ မိနစ္မွာပဲ ကိုယ့္ေျခေပၚ ကိုယ္ပိၿပီး ေျခေထာက္က်ိဳးသြားခဲ့လို႔ ထမ္းစင္နဲ႔ ထုတ္ခဲ့ရပါတယ္။

ဒီျဖစ္ရပ္မွာ ေဘာလုံးစည္းေက်ာ္တာ မသိဘဲ ဆက္ကစားခိုင္းတဲ့ စည္းၾကပ္ဒိုင္မွာ တာဝန္ရွိခဲ့သလို သူတစ္ပါးကို ညစ္ပတ္ယုတ္မာေနက် ေဂါ့ဖရီကေတာ့ မေကာင္းကံရဲ႕ အက်ိဳးကို ခံစားသြားခဲ့ရတာျဖစ္ၿပီး ကိုယ့္အလုပ္ကိုယ္လုပ္ဖို႔ ႀကိဳးစားၿပီး ဘာမွ မသိလိုက္တဲ့ ခ်ဲလ္ဆီးတိုက္စစ္မႉး ဟာဗတ္ဇ္ကေတာ့ နဘယံ၊ ေဘးမရွိဘဲ စိတ္ထားသန႔္ရွင္းတဲ့ အက်ိဳးေၾကာင့္ အႏၲရာယ္ကေန လြတ္ေျမာက္ခဲ့ရတာပါ။

ေအာက္ဆီဂ်င္ေပးၿပီး ထမ္းစင္နဲ႔ ထုတ္ခဲ့ရတဲ့ ေဂါ့ဖရီေနရာမွာေတာ့ ဟိုလ္ဂိတ္ ဝင္ေရာက္ကစားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ အဲဗာတန္ခံစစ္ကို အေဝးကေန ကန္သြင္းဖို႔ ႀကိဳးစားေနခဲ့သလို စတာလင္ကလည္း ပလာတာမ်ားေနခဲ့လို႔ အလုပ္မျဖစ္ခဲ့ဘဲ အိမ္ရွင္တို႔ဘက္က ဒူကူေရးရဲ႕ ေခါင္းတိုက္ခ်က္ကေတာင္ မန္ဒီကို ပိုၿပီး ရင္ခုန္ေစခဲ့ရတာျဖစ္ပါတယ္။

လမ္းပတ္ရဲ႕ ေတာင္ပံတိုက္စစ္ေတြနဲ႔ တြဲလုံးေတြကေတာ့ ပရီးမီးယားလိဂ္တန္း မမီဘူးလို႔ပဲ ဆိုရမွာျဖစ္ၿပီး ေကာင္တာကစားခ်ိန္ေတြမွာ အစြန္လူေတြ ေပ်ာက္ေနခဲ့တာက ပရိသတ္ေတြကို ဆြံ႕အေစသလို ပြဲခ်ိန္ ၄၂ မိနစ္မွာ စတာလင္က တစ္ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနတာကလည္း တူဟယ္လ္ရဲ႕ အၿပဳံးေတြကို ပ်က္ျပားေစခဲ့တာပါ။

ေဂါ့ဖရီေၾကာင့္ နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့ရာမွာ ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ ဧရိယာထဲ ဆြဲဝင္လာတဲ့ ေခ်းလ္ဝဲလ္ကို ဒူကူေရးက ေနာက္ေန ဖက္ၿပီး ဖ်က္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ပင္နယ္တီ ရခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ေဂ်ာ္ဂ်င္ညိဳက ပစ္ခ္ဖို႔ဒ္ကို လွည့္စားၿပီး ဘယ္ဘက္တိုင္ေျခကို ကန္သြင္းႏိုင္ခဲ့လို႔ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အဲဗာတန္တို႔ ဝင္တိုးကစားခဲ့ေပမယ့္ ခ်ဲလ္ဆီးတို႔ အမွားအယြင္းမရွိ ခုခံကာကြယ္ခဲ့ၾကသလို အေထာင္တိုက္စစ္မႉးေကာင္း မရွိဘဲ ရစ္ခ်ာလစ္ဆန္ကို ေရာင္းခ်ထားခ်ိန္မွာ ၁၂ ရာသီ ႀကံ့ခိုင္မႈ မျပည့္ဝတဲ့ ကဲလ္ဗတ္-လူဝင္ကလည္း မပါဝင္ႏိုင္တာေၾကာင့္ ကူလီေဘလီနဲ႔ အက္ဇ္ပီလီေကြတာတို႔ရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ညာေနာက္ခံလူ ပက္တာဆန္ တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး ခ်ိဳးေပးတာကို လူစားဝင္လာတဲ့ အယ္လီက အခြင့္အေရးေကာင္းေကာင္းရခဲ့ေပမယ့္ တန္းကန္ရမယ့္အစား ထိန္းေနတာေၾကာင့္ အဖ်က္ခံခဲ့ရၿပီး အဲဗာတန္တို႔ အပိုင္တစ္ဂိုး လြဲေခ်ာ္ခဲ့သလို လက္က်န္ ပြဲခ်ိန္ေတြမွာေတာ့ Clear Cut Chance ေတြ မဖန္တီးႏိုင္ေတာ့တာလည္းျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ႏွစ္သင္းစလုံးဘက္က ဒဏ္ရာေတြကို ကုသခဲ့ရမႈေတြေၾကာင့္ နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ ေပးခဲ့ေပမယ့္ အဲဗာတန္တို႔ ေခ်ပဂိုးရေအာင္ မလုပ္ႏိုင္သလို ခ်ဲလ္ဆီးတိုက္စစ္ကလည္း ဂိုးထပ္မရွာႏိုင္ခဲ့ေတာ့တာေၾကာင့္ ပထမပိုင္းက ရလဒ္အတိုင္းပဲ ပြဲၿပီးခဲ့ၿပီး ပရိသတ္ေတြအတြက္ေတာ့ ပ်င္းစရာ တစ္ဂိုး-ဂိုးမရွိပြဲမ်ိဳးပဲ ျဖစ္ခဲ့ရတာပါ။

ဒီေန႔ပြဲရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ပင္နယ္တီကေန သြင္းယူေပးႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးကြင္းလယ္လူ ေဂ်ာ္ဂ်င္ညိဳကေတာ့ ေနာက္ဆုံး ၅ ရာသီမွာ အသင္းအတြက္ အဖြင့္ပြဲေတြမွာ ၃ ဂိုးေျမာက္ သြင္းယူႏိုင္ခဲ့တာလည္းျဖစ္ၿပီး သူ႔ရဲ႕ ဂိုးနဲ႔ပဲ အသင္းကို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ မွာ ရပ္တည္ေစႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.