Premier League Transfer News

အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပစ်မှတ်

ရက်ဘူးလ် ဆဲလ်ဘတ်တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုဟာ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရချိန်မှာ အနာဂတ်ကို ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဆဲလ်ဘတ်အသင်းဟာ အသက် ၁၉ နှစ်အရွယ် ဆလိုဗေးနီးယားတိုက်စစ်မှူးအတွက် ပေါင်သန်း ၅၀ နဲ့အထက် တောင်းဆိုနေတာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက ဆက်စ်ကို ကို ပေါင် ၂.၅ သန်းလောက်နဲ့ ခေါ်ယူခွင့် ရှိခဲ့တာဖြစ်ပါတယ်။

ဆက်စ်ကိုရဲ့ ကိုယ်စားလှယ်တွေဟာ ချဲလ်ဆီးနဲ့ရော မန်ချက်စတာယူနိုက်တက်နဲ့ပါ တွေ့ဆုံခဲ့ပြီး နယူးကာဆယ်လ်အသင်းလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆက်စ်ကိုဟာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ နယူးကာဆယ်လ်တို့ဆီကနေ စိတ်ဝင်စားခြင်းခံနေရပေမယ့် ၂၀၂၂-၂၀၂၃ ရာသီကုန်တဲ့အထိ ဆဲလ်ဘတ်မှာ ဆက်ရှိနေဖို့ ဆုံးဖြတ်လိုက်ပြီလို့ Sky Sports Australia က ဖော်ပြခဲ့ပါတယ်။

“ဘင်ဂျမင် ဆက်စ်ကိုက နောက်ထပ်တစ်နှစ်လောက် ဆဲလ်ဘတ်မှာ ဆက်နေချင်သေးတယ်။ အဲဒါမှ သူ အာလင်း ဟာလန်းလို ခြေလှမ်းကြဲကြဲ လှမ်းနိုင်မှာပါ”

“ဒါက ဆက်စ်ကိုရဲ့ အစီအစဉ်ပဲ။ နောက်နှစ်ကျရင် ကျွန်တော်တို့ တကယ်ကောင်းတဲ့ အပြောင်းအရွှေ့အကြောင်း ပြောကြရမှာပါ”လို့ Sky Sport Austria သတင်းထောက် မာကို စတန်ကိုဗစ်က ပြောကြားခဲ့ပါတယ်။

ဆက်စ်ကိုဟာ တိုက်စစ်အတွက် တန်ဟက်ဂ်ရဲ့ အဓိကပစ်မှတ်ဖြစ်ပြီး ဒတ်ချ်လူမျိုးနည်းပြဟာ ၎င်းရဲ့ တိုက်စစ်ကို နောက်ထပ် အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ယခုနွေရာသီမှာ လူကာကူးကို အင်တာမီလန်အသင်းဆီ အငှားပြန်ချခဲ့ပြီး အဓိကတိုက်စစ်မှူး မရှိဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ ၁၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဆဲလ်ဘတ်တိုက်စစ်မှူးကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရက္ဘူးလ္ ဆဲလ္ဘတ္တိုက္စစ္မႉး ဘင္ဂ်မင္ ဆက္စ္ကိုဟာ ခ်ဲလ္ဆီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ဆီကေန စိတ္ဝင္စားျခင္းခံေနရခ်ိန္မွာ အနာဂတ္ကို ဆုံးျဖတ္လိုက္ၿပီျဖစ္တယ္လို႔ သတင္းေတြအရ သိရပါတယ္။

ဆဲလ္ဘတ္အသင္းဟာ အသက္ ၁၉ ႏွစ္အ႐ြယ္ ဆလိုေဗးနီးယားတိုက္စစ္မႉးအတြက္ ေပါင္သန္း ၅၀ နဲ႔အထက္ ေတာင္းဆိုေနတာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက ဆက္စ္ကို ကို ေပါင္ ၂.၅ သန္းေလာက္နဲ႔ ေခၚယူခြင့္ ရွိခဲ့တာျဖစ္ပါတယ္။

ဆက္စ္ကိုရဲ႕ ကိုယ္စားလွယ္ေတြဟာ ခ်ဲလ္ဆီးနဲ႔ေရာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပါ ေတြ႕ဆုံခဲ့ၿပီး နယူးကာဆယ္လ္အသင္းလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ဆက္စ္ကိုဟာ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္၊ နယူးကာဆယ္လ္တို႔ဆီကေန စိတ္ဝင္စားျခင္းခံေနရေပမယ့္ ၂၀၂၂-၂၀၂၃ ရာသီကုန္တဲ့အထိ ဆဲလ္ဘတ္မွာ ဆက္ရွိေနဖို႔ ဆုံးျဖတ္လိုက္ၿပီလို႔ Sky Sports Australia က ေဖာ္ျပခဲ့ပါတယ္။

“ဘင္ဂ်မင္ ဆက္စ္ကိုက ေနာက္ထပ္တစ္ႏွစ္ေလာက္ ဆဲလ္ဘတ္မွာ ဆက္ေနခ်င္ေသးတယ္။ အဲဒါမွ သူ အာလင္း ဟာလန္းလို ေျခလွမ္းႀကဲႀကဲ လွမ္းႏိုင္မွာပါ”

“ဒါက ဆက္စ္ကိုရဲ႕ အစီအစဥ္ပဲ။ ေနာက္ႏွစ္က်ရင္ ကြၽန္ေတာ္တို႔ တကယ္ေကာင္းတဲ့ အေျပာင္းအေ႐ႊ႕အေၾကာင္း ေျပာၾကရမွာပါ”လို႔ Sky Sport Austria သတင္းေထာက္ မာကို စတန္ကိုဗစ္က ေျပာၾကားခဲ့ပါတယ္။

ဆက္စ္ကိုဟာ တိုက္စစ္အတြက္ တန္ဟက္ဂ္ရဲ႕ အဓိကပစ္မွတ္ျဖစ္ၿပီး ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ၎ရဲ႕ တိုက္စစ္ကို ေနာက္ထပ္ အင္အားျဖည့္တင္းခ်င္ေနတာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကလည္း ယခုေႏြရာသီမွာ လူကာကူးကို အင္တာမီလန္အသင္းဆီ အငွားျပန္ခ်ခဲ့ၿပီး အဓိကတိုက္စစ္မႉး မရွိျဖစ္ေနတာေၾကာင့္ ၿပီးခဲ့တဲ့ရာသီၿပိဳင္ပြဲစုံမွာ ၁၁ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ဆဲလ္ဘတ္တိုက္စစ္မႉးကို ေခၚယူခ်င္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.