Match Report Premier League

အိမ်ကွင်းမှာ ဂိုးသွင်းအားပြပြီး ဆောက်သမ်တန်ကို အနိုင်နဲ့ ဇယားထိပ်တက်တဲ့ စပါးစ်

စပါးစ်အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူထားပေမယ့် ပုံမှန်ကစားနေကျ လူစာရင်းကိုပဲ ပွဲထုတ်ခဲ့ပြီး ဂိုးသမား လိုရစ်၊ ခံစစ်မှာ ရိုမဲရိုး၊ ဘင်ဒေးဗီးစ်၊ ဒိုင်ယာတို့ကိုပဲ သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဆက်ဆီညွန်၊ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

ဧည့်သည် ဆောက်သမ်တန်တို့ကတော့ လူသစ်များစွာကို သုံးစွဲထားခဲ့ပြီး ဂိုးသမားသစ် ဘာဇူးနူး၊ ခံစစ်မှာ ဆာလီဆူး၊ ဘက်ဒ်နာရက်ခ်နဲ့ ဗယ်လာရီတို့ကို သုံးစွဲခဲ့သလို ကွင်းလယ်မှာတော့ ဝေါ်လ်ကာ-ပီတာစ်၊ ဂျီနီပို၊ လာဗီယာ၊ ရိုမီယူးနဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ အဒမ် အမ်းစ်ထရောင်းနဲ့ အရီဘိုတို့ ပွဲထွက်လာခဲ့ကြတာပါ။

ပွဲချိန် ၁၂ မိနစ်မှာ ဧည့်သည် ဆောက်သမ်တန်တို့ ဂိုးစရသွားခဲ့ပြီး ဖြတ်တင်ဘောကနေ ရသွားတဲ့ ဂျီနီပိုက ဘယ်ခြမ်းကနေ နောက်ကို ပြန်မ,ပေးတာကို အသင်းခေါင်းဆောင် ဝါ့ဒ်-ပရောက်စ်က မြေထောက် Volley ကန်သွင်းပြီး ဂိုးသမား ဖမ်းမရအောင် အဆုံးသတ်ခဲ့ရာမှာ စပါးကပ္ပတိန် လိုရစ် ဘာမှမတတ်နိုင်ဘဲ ဂိုးခွင့်ပြုခဲ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက လွတ်နေတဲ့ ကူလူရှက်ဗ်စကီးက အတွင်းကို ပြန်ချိုးပြီးမှ ဖြတ်တင်ပေးခဲ့ရာမှာ ဆောက်သမ်တန်ခံစစ်ရဲ့ ဘယ်အစွန်မှာ နေရာယူထားတဲ့ နောက်ခံလူ ဆက်ဆီညွန်က ခေါင်းတိုက်ပြီး အဆုံးသတ်နိုင်ခဲ့လို့ တစ်ဂိုးစီ သရေဖြစ်နေခဲ့တာပါ။

ပွဲချိန် ၂၄ မိနစ်မှာ စပါးစ်ကစားသမားဟောင်း ဝေါ်လ်ကာ-ပီတာစ်ကို ဖျက်ထုတ်ပုံ နောက်ကျခဲ့တဲ့ ဆက်ဆီညွန်တစ်ယောက် အနီကတ်ထိဖို့ နီးခဲ့ပေမယ့် ဒိုင်လူကြီးက သက်ညှာခဲ့လို့ အဝါနဲ့ အိမ်ရှင်တွေ တစ်ယောက်မလျော့ဘဲဖြစ်ခဲ့ပြီး ပွဲချိန် မိနစ် ၃၀ မှာ ဆွန်ဟောင်မင်ရဲ့ ထောင့်ကျဉ်းကန်ချက်ကို စိန့်ဂိုးသမား ဘာဇူးနူး ကာကွယ်ခဲ့ရပါတယ်။

ဒီကနေရတဲ့ ထောင့်ကန်ဘောကနေ စပါးစ်တို့ တိုက်စစ်ဆင်လာခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာတော့ ဆောက်သမ်တန်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ပြန်လည်ဖြတ်တင်ပေးခဲ့ရာမှာ တစ်ဖက်ခံစစ်တန်းရှေ့ကနေ နောက်ခံလူ အဲရစ် ဒိုင်ယာက ဒိုက်ဗင်ထိုးခေါင်းတိုက်ခဲ့ပြီး အိမ်ရှင်တွေကို ပြန်လည်ဦးဆောင်စေခဲ့တာပါ။

ပထမပိုင်း လက်ကျန်ပွဲချိန်တွေမှာတော့ ဆောက်သမ်တန်တို့ အမှားများခဲ့ပေမယ့် စပါးစ်တို့ အခွင့်အရေး မယူနိုင်ဘဲ လွဲချော်နေခဲ့သလို ဆွန်ရဲ့ ကူလူရှက်ဗ်စကီးကို လူမပေးဘဲ တစ်ကိုယ်ကောင်းဆန်မှုကြောင့် တစ်ဂိုးဆုံးရှုံးခဲ့ရပြီး နာကျင်အချိန်ပိုမှာ ဟာရီကိန်းရဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးကိုလည်း တစ်ဖက်ဂိုးသမား ဘာဇူးနူး တားဆီးသွားခဲ့တာကြောင့် ပွဲတစ်ဝက်ကျိုးချိန်မှာ အိမ်ရှင်တွေ နှစ်ဂိုး-တစ်ဂိုးနဲ့သာ ဦးဆောင်နေနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဆောက်သမ်တန်ဘက်က ခံစစ်ကို ပိုမိုအားပြုဖို့ စတီဖင်စ်နဲ့ စတူးဝပ် အမ်းစ်ထရောင်းတို့ကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဆက်ဆီညွန်က ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဘောလုံးထုတ်ပေးချိန်မှာ အနည်းငယ် လူကျွံနေခဲ့တာကြောင့် အိမ်ရှင်တွေ တတိယဂိုး ထပ်ရဖို့ စောင့်ဆိုင်းခဲ့ရတာပါ။

ကူလူရှက်ဗ်စကီးကတော့ ဒီနေ့မှာ တော်တော်လေး ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဆွန်နဲ့ ကိန်းတို့ လွဲချော်မှုတွေ များနေခဲ့လို့ စပါးစ်တို့ တိုက်စစ်က ဂိုးရဖို့ ခက်နေခဲ့ပြီး ပွဲချိန် မိနစ် ၆၀ မှာမှ စပါးစ်တောင်ပံလူ ရိုယဲလ်ရဲ့ ခပ်ပျော့ပျော့ အနိမ့်ဘော ချိုးပေးမှုကို ဂိုးသမား ဘာဇူးနူး ဖမ်းဖို့ လွဲချော်သွားခဲ့ချိန်မှာ အလောတကြီးနဲ့ ကြောက်အားလန့်အား ဖျက်မိတဲ့ စိန့်နောက်ခံလူ ဆာလီဆူးက ကိုယ့်ဂိုးကိုယ်သွင်းမိပြီး သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာတော့ သူများတွေကိုချည်း ဖန်တီးပေးနေခဲ့တဲ့ ကူလူရှက်ဗ်စကီးက စပါးစ်တို့အတွက် စတုတ္ထဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာတောင်ပံကနေ ဘောလုံးရယူလာတဲ့ ရိုယဲလ်က နောက်ကို Cut Back လုပ်ပေးတာကို ဆွီဒင်တောင်ပံသမားက မြင်ကွင်းပိတ်နေတဲ့ ဂိုးသမား ဘာဇူးနူးရဲ့ အဝေးတိုင်ခြေကို လှမ်းကန်ပြီး အနိုင်ယူသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ စပါးစ်တို့ဘက်က လူသစ်တွေဖြစ်တဲ့ ပါရီရှစ်ချ်၊ ဘီဆူးမားနဲ့ လွန်ဂလေတို့ကို ဆက်ဆီညွန်၊ ဘင်တန်ကာနဲ့ ဘင်ဒေးဗီးစ်တို့အစား လဲကစားခဲ့သလို လူစား ၅ ယောက်အထိ လဲခွင့်ရှိချိန်မှာ ကူလူရှက်ဗ်စကီးနဲ့ ရိုယဲလ်တို့ကိုတော့ အနားပေးခဲ့ပြီး လူးကပ်စ် မော်ရာနဲ့ ဒိုဟာတီတို့ကို နည်းပြ ကွန်တီက အသုံးပြုသွားခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်က လိုက်ကစားခဲ့ရတဲ့ စပါးစ်တို့ ဆောက်သမ်တန်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူပြီး အိမ်ကွင်းနိုင်ပွဲကောင်း တစ်ခုကို ဖော်ဆောင်သွားနိုင်ခဲ့သလို စနေနေ့မှာ သွင်းဂိုးကွာခြားချက် သုံးဂိုးနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးဆီ တက်ရောက်နေရာယူနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

စပါးစ္အသင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူထားေပမယ့္ ပုံမွန္ကစားေနက် လူစာရင္းကိုပဲ ပြဲထုတ္ခဲ့ၿပီး ဂိုးသမား လိုရစ္၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဘင္ေဒးဗီးစ္၊ ဒိုင္ယာတို႔ကိုပဲ သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ အီမာဆန္ ႐ိုယဲလ္၊ ဆက္ဆီၫြန္၊ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္တို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

ဧည့္သည္ ေဆာက္သမ္တန္တို႔ကေတာ့ လူသစ္မ်ားစြာကို သုံးစြဲထားခဲ့ၿပီး ဂိုးသမားသစ္ ဘာဇူးႏူး၊ ခံစစ္မွာ ဆာလီဆူး၊ ဘက္ဒ္နာရက္ခ္နဲ႔ ဗယ္လာရီတို႔ကို သုံးစြဲခဲ့သလို ကြင္းလယ္မွာေတာ့ ေဝၚလ္ကာ-ပီတာစ္၊ ဂ်ီနီပို၊ လာဗီယာ၊ ႐ိုမီယူးနဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ အဒမ္ အမ္းစ္ထေရာင္းနဲ႔ အရီဘိုတို႔ ပြဲထြက္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၁၂ မိနစ္မွာ ဧည့္သည္ ေဆာက္သမ္တန္တို႔ ဂိုးစရသြားခဲ့ၿပီး ျဖတ္တင္ေဘာကေန ရသြားတဲ့ ဂ်ီနီပိုက ဘယ္ျခမ္းကေန ေနာက္ကို ျပန္မ,ေပးတာကို အသင္းေခါင္းေဆာင္ ဝါ့ဒ္-ပေရာက္စ္က ေျမေထာက္ Volley ကန္သြင္းၿပီး ဂိုးသမား ဖမ္းမရေအာင္ အဆုံးသတ္ခဲ့ရာမွာ စပါးကပၸတိန္ လိုရစ္ ဘာမွမတတ္ႏိုင္ဘဲ ဂိုးခြင့္ျပဳခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက လြတ္ေနတဲ့ ကူလူရွက္ဗ္စကီးက အတြင္းကို ျပန္ခ်ိဳးၿပီးမွ ျဖတ္တင္ေပးခဲ့ရာမွာ ေဆာက္သမ္တန္ခံစစ္ရဲ႕ ဘယ္အစြန္မွာ ေနရာယူထားတဲ့ ေနာက္ခံလူ ဆက္ဆီၫြန္က ေခါင္းတိုက္ၿပီး အဆုံးသတ္ႏိုင္ခဲ့လို႔ တစ္ဂိုးစီ သေရျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၂၄ မိနစ္မွာ စပါးစ္ကစားသမားေဟာင္း ေဝၚလ္ကာ-ပီတာစ္ကို ဖ်က္ထုတ္ပုံ ေနာက္က်ခဲ့တဲ့ ဆက္ဆီၫြန္တစ္ေယာက္ အနီကတ္ထိဖို႔ နီးခဲ့ေပမယ့္ ဒိုင္လူႀကီးက သက္ညႇာခဲ့လို႔ အဝါနဲ႔ အိမ္ရွင္ေတြ တစ္ေယာက္မေလ်ာ့ဘဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၃၀ မွာ ဆြန္ေဟာင္မင္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို စိန႔္ဂိုးသမား ဘာဇူးႏူး ကာကြယ္ခဲ့ရပါတယ္။

ဒီကေနရတဲ့ ေထာင့္ကန္ေဘာကေန စပါးစ္တို႔ တိုက္စစ္ဆင္လာခဲ့ၿပီး ပြဲခ်ိန္ ၃၁ မိနစ္မွာေတာ့ ေဆာက္သမ္တန္ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ျပန္လည္ျဖတ္တင္ေပးခဲ့ရာမွာ တစ္ဖက္ခံစစ္တန္းေရွ႕ကေန ေနာက္ခံလူ အဲရစ္ ဒိုင္ယာက ဒိုက္ဗင္ထိုးေခါင္းတိုက္ခဲ့ၿပီး အိမ္ရွင္ေတြကို ျပန္လည္ဦးေဆာင္ေစခဲ့တာပါ။

ပထမပိုင္း လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ေဆာက္သမ္တန္တို႔ အမွားမ်ားခဲ့ေပမယ့္ စပါးစ္တို႔ အခြင့္အေရး မယူႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့သလို ဆြန္ရဲ႕ ကူလူရွက္ဗ္စကီးကို လူမေပးဘဲ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ တစ္ဂိုးဆုံးရႈံးခဲ့ရၿပီး နာက်င္အခ်ိန္ပိုမွာ ဟာရီကိန္းရဲ႕ ဂိုးရႏိုင္တဲ့ အခြင့္အေရးကိုလည္း တစ္ဖက္ဂိုးသမား ဘာဇူးႏူး တားဆီးသြားခဲ့တာေၾကာင့္ ပြဲတစ္ဝက္က်ိဳးခ်ိန္မွာ အိမ္ရွင္ေတြ ႏွစ္ဂိုး-တစ္ဂိုးနဲ႔သာ ဦးေဆာင္ေနႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ေဆာက္သမ္တန္ဘက္က ခံစစ္ကို ပိုမိုအားျပဳဖို႔ စတီဖင္စ္နဲ႔ စတူးဝပ္ အမ္းစ္ထေရာင္းတို႔ကို ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဆက္ဆီၫြန္က ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ေဘာလုံးထုတ္ေပးခ်ိန္မွာ အနည္းငယ္ လူကြၽံေနခဲ့တာေၾကာင့္ အိမ္ရွင္ေတြ တတိယဂိုး ထပ္ရဖို႔ ေစာင့္ဆိုင္းခဲ့ရတာပါ။

ကူလူရွက္ဗ္စကီးကေတာ့ ဒီေန႔မွာ ေတာ္ေတာ္ေလး ဖန္တီးေပးႏိုင္ခဲ့ေပမယ့္ ဆြန္နဲ႔ ကိန္းတို႔ လြဲေခ်ာ္မႈေတြ မ်ားေနခဲ့လို႔ စပါးစ္တို႔ တိုက္စစ္က ဂိုးရဖို႔ ခက္ေနခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၆၀ မွာမွ စပါးစ္ေတာင္ပံလူ ႐ိုယဲလ္ရဲ႕ ခပ္ေပ်ာ့ေပ်ာ့ အနိမ့္ေဘာ ခ်ိဳးေပးမႈကို ဂိုးသမား ဘာဇူးႏူး ဖမ္းဖို႔ လြဲေခ်ာ္သြားခဲ့ခ်ိန္မွာ အေလာတႀကီးနဲ႔ ေၾကာက္အားလန႔္အား ဖ်က္မိတဲ့ စိန႔္ေနာက္ခံလူ ဆာလီဆူးက ကိုယ့္ဂိုးကိုယ္သြင္းမိၿပီး သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ သူမ်ားေတြကိုခ်ည္း ဖန္တီးေပးေနခဲ့တဲ့ ကူလူရွက္ဗ္စကီးက စပါးစ္တို႔အတြက္ စတုတၳဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံကေန ေဘာလုံးရယူလာတဲ့ ႐ိုယဲလ္က ေနာက္ကို Cut Back လုပ္ေပးတာကို ဆြီဒင္ေတာင္ပံသမားက ျမင္ကြင္းပိတ္ေနတဲ့ ဂိုးသမား ဘာဇူးႏူးရဲ႕ အေဝးတိုင္ေျခကို လွမ္းကန္ၿပီး အႏိုင္ယူသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ စပါးစ္တို႔ဘက္က လူသစ္ေတြျဖစ္တဲ့ ပါရီရွစ္ခ်္၊ ဘီဆူးမားနဲ႔ လြန္ဂေလတို႔ကို ဆက္ဆီၫြန္၊ ဘင္တန္ကာနဲ႔ ဘင္ေဒးဗီးစ္တို႔အစား လဲကစားခဲ့သလို လူစား ၅ ေယာက္အထိ လဲခြင့္ရွိခ်ိန္မွာ ကူလူရွက္ဗ္စကီးနဲ႔ ႐ိုယဲလ္တို႔ကိုေတာ့ အနားေပးခဲ့ၿပီး လူးကပ္စ္ ေမာ္ရာနဲ႔ ဒိုဟာတီတို႔ကို နည္းျပ ကြန္တီက အသုံးျပဳသြားခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေနာက္က လိုက္ကစားခဲ့ရတဲ့ စပါးစ္တို႔ ေဆာက္သမ္တန္ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူၿပီး အိမ္ကြင္းႏိုင္ပြဲေကာင္း တစ္ခုကို ေဖာ္ေဆာင္သြားႏိုင္ခဲ့သလို စေနေန႔မွာ သြင္းဂိုးကြာျခားခ်က္ သုံးဂိုးနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးဆီ တက္ေရာက္ေနရာယူႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.