Match Report Premier League

စိန့် ဂျိမ်းစ်ပါ့ခ်မှာ မာယာများတဲ့ သစ်ပင်တွေကို အမြစ်က ဆွဲလှန်တဲ့ နယူးကာဆယ်လ်

ယနေ့ည ၈ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်လ်နဲ့ နော်တင်ဟမ် ဖောရက်စ်တို့ပွဲစဉ်မှာ အိမ်ရှင်နယူးကာဆယ်လ် ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း စတင်ချိန်ကတည်းက အိမ်ရှင် နယူးကာဆယ်လ် ယူနိုက်တက်က ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး စိန့် မက်ဆီမင်ရဲ့ တိုက်စစ်ဆင်မှုကို ဧည့်သည်အသင်းက ကြိုးကြိုးစားစား ကာကွယ်ရှင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျိုလင်တန်ရဲ့ မိနစ် ၂၀ မှာ ကန်သွင်းခဲ့တဲ့ ဂိုးကန်သွင်းချက်ကို နော်တင်ဟမ် ဖောရက်စ်ဂိုးသမား ဒင်း ဟန်ဒါဆန်က လက်စွမ်းပြ ကာကွယ်ပုတ်ထုတ်သွားခဲ့တာကြောင့် အိမ်ရှင်တို့ အဖွင့်ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

နော်တင်ဟမ် ဖောရက်စ်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်တလျှောက်လုံး နယူးကာဆယ်လ် ယူနိုက်တက်ကို တန်ပြန်တိုက်စစ်နဲ့သာ အငိုက်ဖမ်း ကစားနေခဲ့တာဖြစ်ပြီး ၃၉ မိနစ်မှာ ဂျက်ဆီ လင်ဂတ်ရဲ့ ကန်သွင်းချက်ကို ဖေဘီယံ ရှား ပိတ်ဆို့ခဲ့တဲ့တစ်ကြိမ်လောက်သာ အပိုင်အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ နော်တင်ဟမ် ဖောရက်စ်က ပြန်လည် ဖိအားပေးလာခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်းမှာ ညံ့ဖျင်းနေခဲ့ပြီး ၅၈ မိနစ်မှာ ဖေဘီယံ ရှားက ထောင့်ကန်ဘောကို ရှင်းထုတ်ရာကနေ ကျလာတဲ့ဘောလုံးကို အပြင်းကန်သွင်းပြီး နယူးကာဆယ်လ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

နယူးကာဆယ်လ်အသင်းဟာ ဦးဆောင်ဂိုး ရရှိပြီးနောက်မှာ နော်တင်ဟမ် ဖောရက်စ်ကို တရစပ် တိုက်စစ်ဆင်ခဲ့ပြီး ဧည့်သည်အသင်းဟာ ပြိုင်ဘက်အသင်းဂိုးပေါက်ကို လောက်လောက်လားလား ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

၇၇ မိနစ်မှာ အယ်လ်မီရွန်ရဲ့ ဂိုးကန်သွင်းချက်ကို ဒင်း ဟန်ဒါဆန် သတိရှိရှိနဲ့ ကာကွယ်နိုင်ခဲ့လို့ နော်တင်ဟမ် ဖောရက်စ်တို့ နောက်ထပ်ဦးဆောင်ဂိုး မပေးခဲ့ရတာဖြစ်ပေမယ့် နောက်ထပ် ၁မိနစ်အကြာမှာတော့ ကယ်လမ် ဝီလ်ဆင်က ဂျိုလင်တန်ရဲ့ ပေးပို့မှုကနေတဆင့် ဟန်ဒါဆန် ဘယ်လိုမှ မကာကွယ်နိုင်အောင် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

တန်းတက် နော်တင်ဟမ် ဖောရက်စ်အသင်းဟာ အိမ်ရှင် နယူးကာဆယ်လ်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ ၂-၀ နဲ့သာ ပွဲပြီးဆုံးသွားခဲ့ပြီး နယူးကာဆယ်လ်က အနိုင် ၃ မှတ်အပြည့် ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ယေန႔ည ၈ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ နယူးကာဆယ္လ္နဲ႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ပြဲစဥ္မွာ အိမ္ရွင္နယူးကာဆယ္လ္ ယူႏိုက္တက္က ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ပထမပိုင္း စတင္ခ်ိန္ကတည္းက အိမ္ရွင္ နယူးကာဆယ္လ္ ယူႏိုက္တက္က ဖိအားေပးတိုက္စစ္ဆင္ကစားခဲ့ၿပီး စိန႔္ မက္ဆီမင္ရဲ႕ တိုက္စစ္ဆင္မႈကို ဧည့္သည္အသင္းက ႀကိဳးႀကိဳးစားစား ကာကြယ္ရွင္းထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂ်ိဳလင္တန္ရဲ႕ မိနစ္ ၂၀ မွာ ကန္သြင္းခဲ့တဲ့ ဂိုးကန္သြင္းခ်က္ကို ေနာ္တင္ဟမ္ ေဖာရက္စ္ဂိုးသမား ဒင္း ဟန္ဒါဆန္က လက္စြမ္းျပ ကာကြယ္ပုတ္ထုတ္သြားခဲ့တာေၾကာင့္ အိမ္ရွင္တို႔ အဖြင့္ဂိုးရမယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းဟာ ပထမပိုင္း ပြဲကစားခ်ိန္တေလွ်ာက္လုံး နယူးကာဆယ္လ္ ယူႏိုက္တက္ကို တန္ျပန္တိုက္စစ္နဲ႔သာ အငိုက္ဖမ္း ကစားေနခဲ့တာျဖစ္ၿပီး ၃၉ မိနစ္မွာ ဂ်က္ဆီ လင္ဂတ္ရဲ႕ ကန္သြင္းခ်က္ကို ေဖဘီယံ ရွား ပိတ္ဆို႔ခဲ့တဲ့တစ္ႀကိမ္ေလာက္သာ အပိုင္အခြင့္အေရး ရရွိခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ ေနာ္တင္ဟမ္ ေဖာရက္စ္က ျပန္လည္ ဖိအားေပးလာခဲ့ေပမယ့္လည္း အဆုံးသတ္ပိုင္းမွာ ညံ့ဖ်င္းေနခဲ့ၿပီး ၅၈ မိနစ္မွာ ေဖဘီယံ ရွားက ေထာင့္ကန္ေဘာကို ရွင္းထုတ္ရာကေန က်လာတဲ့ေဘာလုံးကို အျပင္းကန္သြင္းၿပီး နယူးကာဆယ္လ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

နယူးကာဆယ္လ္အသင္းဟာ ဦးေဆာင္ဂိုး ရရွိၿပီးေနာက္မွာ ေနာ္တင္ဟမ္ ေဖာရက္စ္ကို တရစပ္ တိုက္စစ္ဆင္ခဲ့ၿပီး ဧည့္သည္အသင္းဟာ ၿပိဳင္ဘက္အသင္းဂိုးေပါက္ကို ေလာက္ေလာက္လားလား ၿခိမ္းေျခာက္ႏိုင္ျခင္းမရွိခဲ့တာ ျဖစ္ပါတယ္။

၇၇ မိနစ္မွာ အယ္လ္မီ႐ြန္ရဲ႕ ဂိုးကန္သြင္းခ်က္ကို ဒင္း ဟန္ဒါဆန္ သတိရွိရွိနဲ႔ ကာကြယ္ႏိုင္ခဲ့လို႔ ေနာ္တင္ဟမ္ ေဖာရက္စ္တို႔ ေနာက္ထပ္ဦးေဆာင္ဂိုး မေပးခဲ့ရတာျဖစ္ေပမယ့္ ေနာက္ထပ္ ၁မိနစ္အၾကာမွာေတာ့ ကယ္လမ္ ဝီလ္ဆင္က ဂ်ိဳလင္တန္ရဲ႕ ေပးပို႔မႈကေနတဆင့္ ဟန္ဒါဆန္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

တန္းတက္ ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းဟာ အိမ္ရွင္ နယူးကာဆယ္လ္ကို ဘယ္လိုမွ ယွဥ္မကစားႏိုင္ခဲ့ဘဲ ၂-၀ နဲ႔သာ ပြဲၿပီးဆုံးသြားခဲ့ၿပီး နယူးကာဆယ္လ္က အႏိုင္ ၃ မွတ္အျပည့္ ရရွိသြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.