La Liga

အသင်းပွဲတွေကို ပွဲကြည့်စင်ကပဲ ထိုင်ကြည့်ရဖွယ်ရှိနေတဲ့ ဘာစီလိုနာရဲ့ကစားသမားသစ်များ

ဘာစီလိုနာအသင်းဟာ ဗယ်လက်ကာနိုနဲ့ ကစားရမယ့် လာလီဂါအဖွင့်ပွဲစဉ်မှာ ၎င်းတို့ရဲ့ ကစားသမားသစ်တွေကို ပါဝင်ကစားခွင့်ရရှိအောင် လုပ်ဆောင်နေပါတယ်။

ဘာစီလိုနာဟာ သြဂုတ်လ ၁၃ ရက်နေ့မှာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဗယ်လက်ကာနိုအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပေမယ့် လက်ရှိအချိန်အထိ နွေရာသီကစားသမားသစ်ခေါ်ယူမှုတွေကို တစ်ဦးမှ စာရင်းသွင်းနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ၂၀၂၁ ခုနှစ်မှာ ကြွေးမှီ ယူရို ၁.၃၅ သန်း ရှိနေတယ်လို့ ကြေညာခဲ့ပေမယ့်လည်း ရာသီသစ်မတိုင်ခင် ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ အသင်းရဲ့ ရုပ်သံမူပိုင်ခွင့်ထဲက ရာခိုင်နှုန်းအချို့ကို ရောင်းထုတ်ပြီး အပြောင်းအရွှေ့အတွက် ဘတ်ဂျက်ရှာဖွေနေခဲ့တာဖြစ်ပြီး ဘာဆာစတူဒီယိုရဲ့ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ရောင်းထုတ်ခဲ့ပေမယ့် လာလီဂါရဲ့ financial fair play စံနှုန်းနဲ့ ကိုက်ညီမှသာလျှင် ကစားသမားသစ်တွေကို မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ယူရို သန်း ၅၀ အထိ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ပြုလုပ်ပြီး ခေါ်ယူခဲ့တာဖြစ်သလို လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ညာကိုလည်း ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၉ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဆီဗီလာနောက်ခံကစားသမား ဂျူးစ် ကွန်ဒေးကလည်း ယူရိုသန်း ၆၀ နဲ့ ဘာစီလိုနာအသင်းရဲ့ နောက်ဆုံး ကစားသမားခေါ်ယူမှု ဖြစ်လာခဲ့တာဖြစ်ပြီး ကတ်တလန်အသင်းကြီးဟာ ယခုနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ခရစ္စတင်ဆန်နဲ့ ဖရန့်ခ် ကက်ဆီတို့ကိုလည်း စာရင်းသွင်းဖို့ စောင့်ဆိုင်းနေရတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ယခုနွေရာသီ ငွေသုံးကြမ်းလို့ရဖို့အတွက် ငွေကြေး ရှာဖွေဖို့ စီးပွားရေးလှည့်ကွက်တွေကို အသုံးပြုခဲ့တာဖြစ်ပြီး ၎င်းတို့ရဲ့ လာလီဂါရုပ်သံမူပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို global investment firm Sixth Street Partners ကို ရောင်းချခဲ့သလို နောက်ထပ် ၁၅ ရာခိုင်နှုန်းကိုလည်း ထပ်မံရောင်းချပြီး ယူရို ၃၁၅ သန်းအထိ ရှာဖွေခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဘာဆာ စတူဒီယိုရဲ့ မူပိုင်ခွင့် ၂၅ ရာခိုင်နှုန်းကို ယူရိုသန်း ၁၀၀ နဲ့ ရောင်းချခဲ့ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပေမယ့် ၎င်းတို့ရဲ့ ကစားသမားသစ်တွေအားလုံးကို မှတ်ပုံတင်ဖို့အတွက် စတုတ္ထမြောက် လှည့်ကွက်ကို အသက်သွင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ နောက်ထပ် ယူရိုသန်း ၁၀၀ ရရှိဖို့အတွက် ဘာဆာစတူဒီယိုရဲ့ ကျန်ရှိနေသေးတဲ့ အစုရှယ်ယာ ၂၄.၅ ရာခိုင်နှုန်းကိုလည်း ရောင်းချနိုင်သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာအသင္းဟာ ဗယ္လက္ကာႏိုနဲ႔ ကစားရမယ့္ လာလီဂါအဖြင့္ပြဲစဥ္မွာ ၎တို႔ရဲ႕ ကစားသမားသစ္ေတြကို ပါဝင္ကစားခြင့္ရရွိေအာင္ လုပ္ေဆာင္ေနပါတယ္။

ဘာစီလိုနာဟာ ၾသဂုတ္လ ၁၃ ရက္ေန႔မွာ လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ဗယ္လက္ကာႏိုအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္အထိ ေႏြရာသီကစားသမားသစ္ေခၚယူမႈေတြကို တစ္ဦးမွ စာရင္းသြင္းႏိုင္ျခင္းမရွိေသးတာျဖစ္ပါတယ္။ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ၂၀၂၁ ခုႏွစ္မွာ ေႂကြးမွီ ယူ႐ို ၁.၃၅ သန္း ရွိေနတယ္လို႔ ေၾကညာခဲ့ေပမယ့္လည္း ရာသီသစ္မတိုင္ခင္ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ၿပီး ကစားသမားသစ္ေတြကို ေခၚယူခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ အသင္းရဲ႕ ႐ုပ္သံမူပိုင္ခြင့္ထဲက ရာခိုင္ႏႈန္းအခ်ိဳ႕ကို ေရာင္းထုတ္ၿပီး အေျပာင္းအေ႐ႊ႕အတြက္ ဘတ္ဂ်က္ရွာေဖြေနခဲ့တာျဖစ္ၿပီး ဘာဆာစတူဒီယိုရဲ႕ အစုရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ေရာင္းထုတ္ခဲ့ေပမယ့္ လာလီဂါရဲ႕ financial fair play စံႏႈန္းနဲ႔ ကိုက္ညီမွသာလွ်င္ ကစားသမားသစ္ေတြကို မွတ္ပုံတင္ႏိုင္မွာ ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ယူ႐ို သန္း ၅၀ အထိ ႀကီးမားတဲ့ ေငြေၾကးသုံးစြဲမႈ ျပဳလုပ္ၿပီး ေခၚယူခဲ့တာျဖစ္သလို လိဒ္စ္ယူႏိုက္တက္ ေတာင္ပံကစားသမား ရာဖင္ညာကိုလည္း ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၉ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဆီဗီလာေနာက္ခံကစားသမား ဂ်ဴးစ္ ကြန္ေဒးကလည္း ယူ႐ိုသန္း ၆၀ နဲ႔ ဘာစီလိုနာအသင္းရဲ႕ ေနာက္ဆုံး ကစားသမားေခၚယူမႈ ျဖစ္လာခဲ့တာျဖစ္ၿပီး ကတ္တလန္အသင္းႀကီးဟာ ယခုေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ ခရစၥတင္ဆန္နဲ႔ ဖရန႔္ခ္ ကက္ဆီတို႔ကိုလည္း စာရင္းသြင္းဖို႔ ေစာင့္ဆိုင္းေနရတာလည္း ျဖစ္ပါတယ္။

ဘာစီလိုနာဟာ ယခုေႏြရာသီ ေငြသုံးၾကမ္းလို႔ရဖို႔အတြက္ ေငြေၾကး ရွာေဖြဖို႔ စီးပြားေရးလွည့္ကြက္ေတြကို အသုံးျပဳခဲ့တာျဖစ္ၿပီး ၎တို႔ရဲ႕ လာလီဂါ႐ုပ္သံမူပိုင္ခြင့္ ၁၀ ရာခိုင္ႏႈန္းကို global investment firm Sixth Street Partners ကို ေရာင္းခ်ခဲ့သလို ေနာက္ထပ္ ၁၅ ရာခိုင္ႏႈန္းကိုလည္း ထပ္မံေရာင္းခ်ၿပီး ယူ႐ို ၃၁၅ သန္းအထိ ရွာေဖြခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဘာဆာ စတူဒီယိုရဲ႕ မူပိုင္ခြင့္ ၂၅ ရာခိုင္ႏႈန္းကို ယူ႐ိုသန္း ၁၀၀ နဲ႔ ေရာင္းခ်ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့တာျဖစ္ေပမယ့္ ၎တို႔ရဲ႕ ကစားသမားသစ္ေတြအားလုံးကို မွတ္ပုံတင္ဖို႔အတြက္ စတုတၳေျမာက္ လွည့္ကြက္ကို အသက္သြင္းဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။ ဘာစီလိုနာဟာ ေနာက္ထပ္ ယူ႐ိုသန္း ၁၀၀ ရရွိဖို႔အတြက္ ဘာဆာစတူဒီယိုရဲ႕ က်န္ရွိေနေသးတဲ့ အစုရွယ္ယာ ၂၄.၅ ရာခိုင္ႏႈန္းကိုလည္း ေရာင္းခ်ႏိုင္ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.