La Liga

လီဗန်ဒေါ့ဗ်စကီးကို ထုတ်ဖော်မိတ်ဆက်ချိန်မှာ မထင်မှတ်တဲ့အပြုအမူကို ပြုလုပ်ခဲ့တဲ့ ပရိသတ်များ

ဘာစီလိုနာပရိသတ်တွေဟာ နူးကမ့်ကွင်းအတွင်းမှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီးကို ဘာစီလိုနာအသင်းက ထုတ်ဖော်မိတ်ဆက်နေချိန်အတွင်း ကွင်းအပြင်ဘက်ကနေ လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြပါတယ်။

ဘာစီလိုနာပရိသတ်တွေဟာ နူးကမ့်မှာ ၁၇ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်ရဲ့ ထွက်ခွာမှုကို သြဂုတ်လ ၅ ရက်နေ့မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ အသင်းမှာ ဆက်နေချင်ပေမယ့် ကတ်တလန်အသင်းကြီးက ကြယ်ပွင့်ကစားသမားကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ဘဏ္ဍာရေးအခြေအနေ ရှိမနေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့နှစ် နွေရာသီမှာ နူးကမ့်ကို စွန့်ခွာခဲ့ရပြီး ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုခဲ့ရတာဖြစ်ပြီး စာချုပ်ထဲမှာ တစ်နှစ်သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ယခုရာသီကုန်မှာ လီယွန်နယ် မက်ဆီကို စာချုပ်သက်တမ်းတိုးမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပြီး ဘာစီလိုနာပရိသတ်တွေကတော့ အသင်းရဲ့ ဂန္တဝင် ကစားသမားကို လျင်လျင်မြန်မြန် မေ့ပျောက်နိုင်ခြင်းမရှိသေးဘူးဆိုတာကို ဘိုင်ယန်မြူးနစ်ကနေ ပြောင်းရွှေ့လာတဲ့ လီဗန်ဒေါ့ဗ်စကီးရဲ့ မိတ်ဆက်ပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးကို ဘိုင်ယန်မြူးနစ်အသင်းကနေ ယခုနွေရာသီအစောပိုင်းမှာ ခေါ်ယူခဲ့တာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဗန်ဒေါ့ဗ်စကီးဟာ ဘာစီလိုနာအသင်းကို ယူရို ၄၅ သန်းအထိ ကုန်ကျစေခဲ့တာဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးဟာ မန်းဖစ် ဒီပိုင်းရဲ့ ကျောနံပါတ် ၉ ကို လွှဲပြောင်း လက်ခံခဲ့ပြီးနောက် ယခုရာသီမှာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်သွားမယ်လို့ မျှော်မှန်းခြင်းခံနေရတာဖြစ်ပြီး ပိုလန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ဘိုင်ယန်မြူးနစ်အသင်းမှာ ပြိုင်ပွဲစုံ ၄၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၀ အထိ သွင်းယူပေးခဲ့တဲ့ ကစာသမားဖြစ်ပါတယ်။

တစ်ဖက်မှာတော့ လီယွန်နယ် မက်ဆီဟာ လိဂန်းမှာ အထင်ကြီးဖွယ် ပွဲဦးထွက်ရာသီကို မပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၇ ဆုရှင်ဟာ လိဂ်ပွဲ ၂၆ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ၁၆ နှစ်အတွင်း အဆိုးရွားဆုံး သွင်းဂိုးစံချိန်ကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ မကြာသေးမီက လီယွန်နယ် မက်ဆီကို နူးကမ့်မှာ ပြန်မြင်ချင်လားလို့ မေးမြန်းခံခဲ့ရပြီး အံ့အားသင့်စရာမကောင်းစွာနဲ့ပဲ ၎င်းရဲ့ အဖြေက အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ စပိန်လူမျိုးနည်းပြဟာ လက်ရှိအချိန်မှာ အာဂျင်တီးနားကြယ်ပွင့်ကို ပြန်လည်ခေါ်ယူဖို့က မဖြစ်နိုင်ဘူးဆိုတာကို လက်ခံထားတဲ့အကြောင်း ဝန်ခံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ပြန်မြင်ချင်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လီယိုက တခြားအသင်းနဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။ အဲဒီတော့ မဖြစ်နိုင်ပါဘူး။ မက်ဆီအကြောင်းကို အခု ပြောနေတာကိုက အဓိပ္ပာယ်မရှိပါဘူး။ သူက ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးသမားနဲ့ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဘောလုံးသမားပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ဘာစီလိုနာပရိသတ္ေတြဟာ ႏူးကမ့္ကြင္းအတြင္းမွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးကို ဘာစီလိုနာအသင္းက ထုတ္ေဖာ္မိတ္ဆက္ေနခ်ိန္အတြင္း ကြင္းအျပင္ဘက္ကေန လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကပါတယ္။

ဘာစီလိုနာပရိသတ္ေတြဟာ ႏူးကမ့္မွာ ၁၇ ႏွစ္ၾကာ ကစားေပးခဲ့ၿပီးေနာက္ အာဂ်င္တီးနားၾကယ္ပြင့္ရဲ႕ ထြက္ခြာမႈကို ၾသဂုတ္လ ၅ ရက္ေန႔မွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး လီယြန္နယ္ မက္ဆီဟာ အသင္းမွာ ဆက္ေနခ်င္ေပမယ့္ ကတ္တလန္အသင္းႀကီးက ၾကယ္ပြင့္ကစားသမားကို ဆက္လက္ထိန္းသိမ္းထားႏိုင္တဲ့ ဘ႑ာေရးအေျခအေန ရွိမေနခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ႏူးကမ့္ကို စြန႔္ခြာခဲ့ရၿပီး ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၃ ခုႏွစ္အထိ ရွိေနမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ရတာျဖစ္ၿပီး စာခ်ဳပ္ထဲမွာ တစ္ႏွစ္သက္တမ္းတိုးခြင့္လည္း ထည့္သြင္းခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းဟာ ယခုရာသီကုန္မွာ လီယြန္နယ္ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးမလားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ၿပီး ဘာစီလိုနာပရိသတ္ေတြကေတာ့ အသင္းရဲ႕ ဂႏၲဝင္ ကစားသမားကို လ်င္လ်င္ျမန္ျမန္ ေမ့ေပ်ာက္ႏိုင္ျခင္းမရွိေသးဘူးဆိုတာကို ဘိုင္ယန္ျမဴးနစ္ကေန ေျပာင္းေ႐ႊ႕လာတဲ့ လီဗန္ေဒါ့ဗ္စကီးရဲ႕ မိတ္ဆက္ပြဲမွာ ျပသခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးကို ဘိုင္ယန္ျမဴးနစ္အသင္းကေန ယခုေႏြရာသီအေစာပိုင္းမွာ ေခၚယူခဲ့တာျဖစ္ၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လီဗန္ေဒါ့ဗ္စကီးဟာ ဘာစီလိုနာအသင္းကို ယူ႐ို ၄၅ သန္းအထိ ကုန္က်ေစခဲ့တာျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးဟာ မန္းဖစ္ ဒီပိုင္းရဲ႕ ေက်ာနံပါတ္ ၉ ကို လႊဲေျပာင္း လက္ခံခဲ့ၿပီးေနာက္ ယခုရာသီမွာ အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္သြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံေနရတာျဖစ္ၿပီး ပိုလန္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ၿပိဳင္ပြဲစုံ ၄၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅၀ အထိ သြင္းယူေပးခဲ့တဲ့ ကစာသမားျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ လီယြန္နယ္ မက္ဆီဟာ လိဂန္းမွာ အထင္ႀကီးဖြယ္ ပြဲဦးထြက္ရာသီကို မပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ဘလြန္ေဒါ ၇ ဆုရွင္ဟာ လိဂ္ပြဲ ၂၆ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၆ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ၁၆ ႏွစ္အတြင္း အဆိုး႐ြားဆုံး သြင္းဂိုးစံခ်ိန္ကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပ ဇာဗီဟာ မၾကာေသးမီက လီယြန္နယ္ မက္ဆီကို ႏူးကမ့္မွာ ျပန္ျမင္ခ်င္လားလို႔ ေမးျမန္းခံခဲ့ရၿပီး အံ့အားသင့္စရာမေကာင္းစြာနဲ႔ပဲ ၎ရဲ႕ အေျဖက အားလုံး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ႕အသင္းေဖာ္ေဟာင္းျဖစ္တဲ့ စပိန္လူမ်ိဳးနည္းျပဟာ လက္ရွိအခ်ိန္မွာ အာဂ်င္တီးနားၾကယ္ပြင့္ကို ျပန္လည္ေခၚယူဖို႔က မျဖစ္ႏိုင္ဘူးဆိုတာကို လက္ခံထားတဲ့အေၾကာင္း ဝန္ခံ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ျပန္ျမင္ခ်င္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ လီယိုက တျခားအသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ အဲဒီေတာ့ မျဖစ္ႏိုင္ပါဘူး။ မက္ဆီအေၾကာင္းကို အခု ေျပာေနတာကိုက အဓိပၸာယ္မရွိပါဘူး။ သူက ကမာၻေပၚက အေကာင္းဆုံး ေဘာလုံးသမားနဲ႔ ေဘာလုံးသမိုင္းမွာ အေကာင္းဆုံး ေဘာလုံးသမားပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.